Premier League

အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး ဟာလန်းရဲ့အကြံပေးချက်ကို ချောင်ထိုးခဲ့တဲ့ အာတီတာ

အာလင်း ဟာလန်းဟာ ၎င်းရဲ့ လက်ရွေးစင်အသင်းဖော် မာတင် အော်ဒီဂွါဒ်ရဲ့ နော်ဝေလက်ရွေးစင်အသင်းက အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာက နော်ဝေကွင်းလယ်ကြယ်ပွင့်ကို မတူညီတဲ့ပုံစံနဲ့ အသုံးပြုခဲ့ပြီး အဲဒါက ဂန်းနားတွေအတွက် အမြတ်ထွက်စေခဲ့တာဖြစ်ပါတယ်။


မာတင် အော်ဒီဂွါဒ်ရဲ့ တောက်ပတဲ့ ခြေစွမ်းဟာ ဝက်ဖို့ဒ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ထပ် သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပါဝင်ပတ်သက်ခဲ့ပြီးနောက် ဆက်လက် တောက်ပနေခဲ့တာဖြစ်ပါတယ်။ နော်ဝေကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလည်း အလွန်ကောင်းမွန်နေခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အာတီတာရဲ့အသင်း အဆင့် ၄ နေရာတက်လှမ်းနိုင်ဖို့ အရေးကြီးတဲ့ ၄ ပွဲဆက်နိုင်ပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ကွင်းလယ် ညာဘက်ခြမ်းမှာ ကျောနံပါတ် ၈ အဖြစ် ပိုမို ကစားခဲ့တာက ၎င်းရဲ့ တိုးတက်လာခဲ့တဲ့ စွမ်းဆောင်ရည်အတွက် အဓိက ဓာတ်ကူပစ္စည်းဖြစ်ခဲ့တာဖြစ်ပြီး နော်ဝေကြယ်ပွင့်ဟာ ညာတောင်ပံတကြောက ဆာကာနဲ့အတူ အလွန်ကောင်းမွန်တဲ့ ကိန်းဂဏန်းတွေကို ထုတ်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာက အော်ဒီဂွါဒ်ကို သမားရိုးကျ ကျောနံပါတ် ၁၀ နေရာကနေ ကျောနံပါတ် ၈ အဖြစ် ပြောင်းလဲ ကစားစေခဲ့တာက အာလင်း ဟာလန်းရဲ့ အကြံပေးချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းက ၎င်းရဲ့ လက်ရွေးစင်အသင်းဖော် အာဆင်နယ်ကြယ်ပွင့်ဟာ လူအများသိတဲ့ ကစားကွက်ဖန်တီးရှင်နေရာမှာ ကစားတာ အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဟာလန်းနဲ့ အော်ဒီဂွါဒ်တို့ဟာ နော်ဝေ လက်ရွေးစင်အသင်းအတွက် အတူတူ ကစားပေးခဲ့ကြသူတွေ ဖြစ်ပြီး ၎င်းတို့ဟာ နော်ဝေအသင်းအတွက် အထူးချွန်ဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဟာလန်းက မကြာသေးမီက ၎င်းရဲ့အသင်းဖော်အနေနဲ့ ကျောနံပါတ် ၁၀ နေရာမှာ အထူးသီးသန့် အသုံးပြုခြင်း ခံရသင့်တယ်လို့ အကြံပြုခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ကစားကွက် အပြောင်းအလဲက အော်ဒီဂွါဒ်ကို ကျောနံပါတ် ၁၀ နေရာကနေ ဝေးရာကို ပြောင်းလဲ ကစားစေခဲ့တာဖြစ်ပါတယ်။ နော်ဝေသတင်းဌာန VG နဲ့ ယခုရာသီအစောပိုင်းတုန်းက စကားပြောဆိုရာမှာ ဟာလန်းက အော်ဒီဂွါဒ်နဲ့ အာဆင်နယ်တို့အကြောင်းကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“အဲဒါက စိတ်ဝင်စားစရာဖြစ်ပါလိမ့်မယ်။ အာဆင်နယ်က အင်္ဂလန်မှာ အသင်းကြီးတစ်သင်းပါ။ အဲဒါက နည်းနည်း ကွာခြားတဲ့ ဘောလုံးကစားပုံဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ အာတီတာရဲ့ ကျောနံပါတ် ၁၀ နေရာမှာ အံဝင်မယ်လို့ ကျွန်တော် ထင်တယ်။ သူ အဲဒီမှာ ပျော်ရွှင်နိုင်မှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ နည်းပြ အာတီတာရဲ့ ယုံကြည်မှု ပြသခြင်းခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့လတွေမှာ ခြေစွမ်းတိုးတက်လာခဲ့ပြီး အာဆင်နယ်ရဲ့ကွင်းလယ်မှာ အဓိကမောင်းနှင်သူနဲ့ အခွင့်အရေးအများဆုံး ဖန်တီးပေးသူဖြစ်လာခဲ့တာဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီ အာဆင်နယ်ရဲ့ တိုက်စစ်တည်ကစားပုံ တိုးတက်လာရာမှာ အရေးကြီးခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဒီဇင်ဘာ ၁၇ နောက်ပိုင်းကတည်းက လိဂ်မှာ မျှော်မှန်းသွင်းဂိုး တတိယအမြင့်မားဆုံးအသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ကွင်းလယ်ကနေတဆင့် အခွင့်အရေး ၄၆.၃ ရာခိုင်နှုန်းကို ဖန်တီးနိုင်ခဲ့တယ်လို့ Opta ရဲ့ ဖော်ပြချက်အရ သိရပြီး အော်ဒီဂွါဒ်ရဲ့ နေရာလွတ်တစ်ဝက်တွေကို တိုးဝင်နိုင်စွမ်းက အာဆင်နယ်ရဲ့တိုက်စစ်ကို မြင့်တက်လာအောင် ကူညီပေးနေတာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ကို လွတ်လပ်စွာ လှည့်လည်သွားလာခွင့်ပေးလိုက်တာက ဆာကာနဲ့အတူ ခိုင်မာတဲ့ အချိတ်အဆက်ကို ပုံဖော်နိုင်စေခဲ့ပြီး ဝက်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲက ဒီကစားသမား ၂ ဦးကြား ဆက်နွယ်နေမှုက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို သက်သေပြခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်ဟာ အရင်တုန်းက ရီးရဲလ်ဆိုစီဒက်အတွက် ကစားပေးခဲ့တဲ့အချိန်မှာ ဒီလိုနေရာမှာ ကစားခဲ့ဖူးပြီး နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ မကြာခဏ အလွန်ကောင်းမွန်တဲ့အရာတွေ ပြုလုပ်နေကျဖြစ်တဲ့ ညာဘက်ကွင်းဘေးစည်းတလျှောက် သို့မဟုတ် ကွင်းလယ်ညာခြမ်းမှာ အခွင့်အရေးတွေ အဆက်အပြတ် ဖန်တီးပေးနေခဲ့တာဖြစ်ပါတယ်။

ဟာလန်းနဲ့ အော်ဒီဂွါဒ်တို့ရဲ့ အတွဲအစပ်ဟာ နိုင်ငံတကာအဆင့်မှာ စိတ်လှုပ်ရှားစရာ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေပြီး အာဆင်နယ်အသင်းက အဲဒီအတိုင်းပဲ ညာတောင်ပံမှာ အော်ဒီဂွါဒ်နဲ့ ဆာကာတို့ အတွဲကို တည်ဆောက်နေတာဖြစ်ပါတယ်။ နေရာ ပြောင်းကစားရတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အော်ဒီဂွါဒ်ရဲ့ အရည်အသွေးဟာ မပြောင်းလဲဘဲ အာဆင်နယ်ရဲ့ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ ကြိုးပမ်းမှုမှာ နောက်ကွယ်က မောင်းင်္နှင်အားအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာလင္း ဟာလန္းဟာ ၎ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေနာ္ေဝလက္ေ႐ြးစင္အသင္းက အခန္းက႑နဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ေပမယ့္လည္း အာဆင္နယ္နည္းျပ အာတီတာက ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ကို မတူညီတဲ့ပုံစံနဲ႔ အသုံးျပဳခဲ့ၿပီး အဲဒါက ဂန္းနားေတြအတြက္ အျမတ္ထြက္ေစခဲ့တာျဖစ္ပါတယ္။


မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေတာက္ပတဲ့ ေျခစြမ္းဟာ ဝက္ဖို႔ဒ္ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ေနာက္ထပ္ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ပါဝင္ပတ္သက္ခဲ့ၿပီးေနာက္ ဆက္လက္ ေတာက္ပေနခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာလည္း အလြန္ေကာင္းမြန္ေနခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ အာတီတာရဲ႕အသင္း အဆင့္ ၄ ေနရာတက္လွမ္းႏိုင္ဖို႔ အေရးႀကီးတဲ့ ၄ ပြဲဆက္ႏိုင္ပြဲမွာ အဓိကအခန္းက႑ကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ကြင္းလယ္ ညာဘက္ျခမ္းမွာ ေက်ာနံပါတ္ ၈ အျဖစ္ ပိုမို ကစားခဲ့တာက ၎ရဲ႕ တိုးတက္လာခဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ အဓိက ဓာတ္ကူပစၥည္းျဖစ္ခဲ့တာျဖစ္ၿပီး ေနာ္ေဝၾကယ္ပြင့္ဟာ ညာေတာင္ပံတေၾကာက ဆာကာနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ ကိန္းဂဏန္းေတြကို ထုတ္လုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာက ေအာ္ဒီဂြါဒ္ကို သမား႐ိုးက် ေက်ာနံပါတ္ ၁၀ ေနရာကေန ေက်ာနံပါတ္ ၈ အျဖစ္ ေျပာင္းလဲ ကစားေစခဲ့တာက အာလင္း ဟာလန္းရဲ႕ အႀကံေပးခ်က္နဲ႔ ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ေနခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉး အာလင္း ဟာလန္းက ၎ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ အာဆင္နယ္ၾကယ္ပြင့္ဟာ လူအမ်ားသိတဲ့ ကစားကြက္ဖန္တီးရွင္ေနရာမွာ ကစားတာ အေကာင္းဆုံးျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဟာလန္းနဲ႔ ေအာ္ဒီဂြါဒ္တို႔ဟာ ေနာ္ေဝ လက္ေ႐ြးစင္အသင္းအတြက္ အတူတူ ကစားေပးခဲ့ၾကသူေတြ ျဖစ္ၿပီး ၎တို႔ဟာ ေနာ္ေဝအသင္းအတြက္ အထူးခြၽန္ဆုံး ကစားသမားေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ဟာလန္းက မၾကာေသးမီက ၎ရဲ႕အသင္းေဖာ္အေနနဲ႔ ေက်ာနံပါတ္ ၁၀ ေနရာမွာ အထူးသီးသန႔္ အသုံးျပဳျခင္း ခံရသင့္တယ္လို႔ အႀကံျပဳခဲ့တာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ကစားကြက္ အေျပာင္းအလဲက ေအာ္ဒီဂြါဒ္ကို ေက်ာနံပါတ္ ၁၀ ေနရာကေန ေဝးရာကို ေျပာင္းလဲ ကစားေစခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝသတင္းဌာန VG နဲ႔ ယခုရာသီအေစာပိုင္းတုန္းက စကားေျပာဆိုရာမွာ ဟာလန္းက ေအာ္ဒီဂြါဒ္နဲ႔ အာဆင္နယ္တို႔အေၾကာင္းကို ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

“အဲဒါက စိတ္ဝင္စားစရာျဖစ္ပါလိမ့္မယ္။ အာဆင္နယ္က အဂၤလန္မွာ အသင္းႀကီးတစ္သင္းပါ။ အဲဒါက နည္းနည္း ကြာျခားတဲ့ ေဘာလုံးကစားပုံျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သူ အာတီတာရဲ႕ ေက်ာနံပါတ္ ၁၀ ေနရာမွာ အံဝင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ အဲဒီမွာ ေပ်ာ္႐ႊင္ႏိုင္မွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ဟာ နည္းျပ အာတီတာရဲ႕ ယုံၾကည္မႈ ျပသျခင္းခံခဲ့ရတာေၾကာင့္ ၿပီးခဲ့တဲ့လေတြမွာ ေျခစြမ္းတိုးတက္လာခဲ့ၿပီး အာဆင္နယ္ရဲ႕ကြင္းလယ္မွာ အဓိကေမာင္းႏွင္သူနဲ႔ အခြင့္အေရးအမ်ားဆုံး ဖန္တီးေပးသူျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ယခုရာသီ အာဆင္နယ္ရဲ႕ တိုက္စစ္တည္ကစားပုံ တိုးတက္လာရာမွာ အေရးႀကီးခဲ့သူျဖစ္ၿပီး အာဆင္နယ္အသင္းဟာ ဒီဇင္ဘာ ၁၇ ေနာက္ပိုင္းကတည္းက လိဂ္မွာ ေမွ်ာ္မွန္းသြင္းဂိုး တတိယအျမင့္မားဆုံးအသင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ယခုရာသီမွာ ကြင္းလယ္ကေနတဆင့္ အခြင့္အေရး ၄၆.၃ ရာခိုင္ႏႈန္းကို ဖန္တီးႏိုင္ခဲ့တယ္လို႔ Opta ရဲ႕ ေဖာ္ျပခ်က္အရ သိရၿပီး ေအာ္ဒီဂြါဒ္ရဲ႕ ေနရာလြတ္တစ္ဝက္ေတြကို တိုးဝင္ႏိုင္စြမ္းက အာဆင္နယ္ရဲ႕တိုက္စစ္ကို ျမင့္တက္လာေအာင္ ကူညီေပးေနတာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ကို လြတ္လပ္စြာ လွည့္လည္သြားလာခြင့္ေပးလိုက္တာက ဆာကာနဲ႔အတူ ခိုင္မာတဲ့ အခ်ိတ္အဆက္ကို ပုံေဖာ္ႏိုင္ေစခဲ့ၿပီး ဝက္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ပြဲက ဒီကစားသမား ၂ ဦးၾကား ဆက္ႏြယ္ေနမႈက ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလဲဆိုတာကို သက္ေသျပခဲ့တာျဖစ္ပါတယ္။ ေအာ္ဒီဂြါဒ္ဟာ အရင္တုန္းက ရီးရဲလ္ဆိုစီဒက္အတြက္ ကစားေပးခဲ့တဲ့အခ်ိန္မွာ ဒီလိုေနရာမွာ ကစားခဲ့ဖူးၿပီး ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္ဟာ မၾကာခဏ အလြန္ေကာင္းမြန္တဲ့အရာေတြ ျပဳလုပ္ေနက်ျဖစ္တဲ့ ညာဘက္ကြင္းေဘးစည္းတေလွ်ာက္ သို႔မဟုတ္ ကြင္းလယ္ညာျခမ္းမွာ အခြင့္အေရးေတြ အဆက္အျပတ္ ဖန္တီးေပးေနခဲ့တာျဖစ္ပါတယ္။

ဟာလန္းနဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕ အတြဲအစပ္ဟာ ႏိုင္ငံတကာအဆင့္မွာ စိတ္လႈပ္ရွားစရာ ပူးေပါင္းေဆာင္႐ြက္မႈကို ျဖစ္ေပၚေစၿပီး အာဆင္နယ္အသင္းက အဲဒီအတိုင္းပဲ ညာေတာင္ပံမွာ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ အတြဲကို တည္ေဆာက္ေနတာျဖစ္ပါတယ္။ ေနရာ ေျပာင္းကစားရတာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ေအာ္ဒီဂြါဒ္ရဲ႕ အရည္အေသြးဟာ မေျပာင္းလဲဘဲ အာဆင္နယ္ရဲ႕ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးဖို႔ ႀကိဳးပမ္းမႈမွာ ေနာက္ကြယ္က ေမာင္းၤႏွင္အားအျဖစ္ ဆက္လက္ရွိေနဆဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.