UCL&UEL

ဒီရာသီမှာ ဖလား ၃ လုံးကျိန်းသေပေါက် ယူပြမယ်လို့ ကြုံးဝါးလိုက်တဲ့ အီဒါဆင်

မန်ချက်စတာစီးတီးဂိုးသမား အီဒါဆင်က ၎င်းတို့အနေနဲ့ ယခုရာသီမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ကို ကျိန်းသေပေါက် ရယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ နောက်ထပ်တစ်ကြိမ် ဆုဖလားများစွာအတွက် ယှဉ်ပြိုင်နေတာဖြစ်ပြီး လက်ရှိ ပါဝင်ပတ်သက်နေသေးတဲ့ ပြိုင်ပွဲ ၃ ခုစလုံးမှာ အောင်မြင်မှု ရရှိနိုင်မယ့် အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ ရာသီမှာ ၃ ကြိမ်အထိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပီးဖြစ်တဲ့ မန်စီးတီးဟာ လက်ရှိမှာတော့ ဒုတိယနေရာက တစ်ပွဲလျော့နေတဲ့ လီဗာပူးလ်နဲ့ ၆ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ စပို့တင်း လစ္စဘွန်းကို ၅-၀ နဲ့ အနိုင်ရရှိထားတာကြောင့် ကွာတားဖိုင်နယ်ကို ထူးခြားဆန်းကြယ်တာတွေ မဖြစ်လာခဲ့ဘူးဆိုရင် ကျိန်းသေပေါက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံနေတာဖြစ်ပြီး ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အီဒါဆင်က အသင်းမှာ အောင်မြင်မှုတွေ ရရှိဖို့ ယုံကြည်ချက်တွေ မြင့်မားနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရည်မှန်းထားတဲ့အရာကို အပြည့်အဝ ရရှိအောင် လုပ်နိုင်စွမ်းရှိတာ ကျိန်းသေပါတယ်။ အဲဒါက ဘယ်လောက်ခက်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အင်္ဂလန်က ရာသီဟာ အရမ်းပြင်းထန်ပါတယ်။ အဲဒါက တသင်းလုံးဆီကနေ အရမ်းကို တောင်းဆိုမှုများပါတယ်”

“ကျွန်တော်တို့မှာ အဲဒါကို လုပ်နိုင်တဲ့ အရည်အသွေးရှိပါတယ်။ ကျွန်တော်တို့ အရင်တုန်းကလည်း အဲဒါကို ပြသခဲ့ပြီး အခုအချိန်မှာလည်း ပြသနေပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် နောက်တဆင့်တက်ဖို့ဆိုတာ တစ်လှမ်းချင်းစီ သွားရမှာပါ”

“ပြိုင်ပွဲတိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း တစ်လှမ်းချင်း သွားပြီး အနာဂတ်မှာ ကြီးမားတဲ့အရာတွေကို ရရှိဖို့အတွက် ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးဂိုးသမား အီဒါဆင္က ၎တို႔အေနနဲ႔ ယခုရာသီမွာ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားတို႔ကို က်ိန္းေသေပါက္ ရယူနိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာရဲ့အသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားမ်ားစြာအတြက္ ယွဥ္ၿပိဳင္ေနတာျဖစ္ၿပီး လက္ရွိ ပါဝင္ပတ္သက္ေနေသးတဲ့ ၿပိဳင္ပြဲ ၃ ခုစလုံးမွာ ေအာင္ျမင္မႈ ရရွိနိုင္မယ့္ အေနအထားမွာ ရွိေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၄ ရာသီမွာ ၃ ႀကိမ္အထိ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ပီးျဖစ္တဲ့ မန္စီးတီးဟာ လက္ရွိမွာေတာ့ ဒုတိယေနရာက တစ္ပြဲေလ်ာ့ေနတဲ့ လီဗာပူးလ္နဲ႔ ၆ မွတ္အကြာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ စပို႔တင္း လစၥဘြန္းကို ၅-၀ နဲ႔ အနိုင္ရရွိထားတာေၾကာင့္ ကြာတားဖိုင္နယ္ကို ထူးျခားဆန္းၾကယ္တာေတြ မျဖစ္လာခဲ့ဘူးဆိုရင္ က်ိန္းေသေပါက္ တက္ေရာက္နိုင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ မန္ခ်က္စတာစီးတီးအသင္းဟာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္မွာ ေဆာက္သမ္တန္နဲ႔ ေတြ႕ဆုံေနတာျဖစ္ၿပီး ယေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ အီဒါဆင္က အသင္းမွာ ေအာင္ျမင္မႈေတြ ရရွိဖို႔ ယုံၾကည္ခ်က္ေတြ ျမင့္မားေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ရည္မွန္းထားတဲ့အရာကို အျပည့္အဝ ရရွိေအာင္ လုပ္နိုင္စြမ္းရွိတာ က်ိန္းေသပါတယ္။ အဲဒါက ဘယ္ေလာက္ခက္လဲဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ အဂၤလန္က ရာသီဟာ အရမ္းျပင္းထန္ပါတယ္။ အဲဒါက တသင္းလုံးဆီကေန အရမ္းကို ေတာင္းဆိုမႈမ်ားပါတယ္”

“ကၽြန္ေတာ္တို႔မွာ အဲဒါကို လုပ္နိုင္တဲ့ အရည္အေသြးရွိပါတယ္။ ကၽြန္ေတာ္တို႔ အရင္တုန္းကလည္း အဲဒါကို ျပသခဲ့ၿပီး အခုအခ်ိန္မွာလည္း ျပသေနပါတယ္။ ကၽြန္ေတာ္တို႔ ၿပိဳင္ပြဲတိုင္းမွာ အနိုင္ရဖို႔ ႀကိဳးပမ္းေနပါတယ္။ ဒါေပမယ့္ ေနာက္တဆင့္တက္ဖို႔ဆိုတာ တစ္လွမ္းခ်င္းစီ သြားရမွာပါ”

“ၿပိဳင္ပြဲတိုင္းမွာ စိန္ေခၚမႈေတြ ရွိေနေပမယ့္လည္း တစ္လွမ္းခ်င္း သြားၿပီး အနာဂတ္မွာ ႀကီးမားတဲ့အရာေတြကို ရရွိဖို႔အတြက္ ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.