Premier League

ဇနီးနဲ့ကွာရှင်းဖို့လုပ်နေချိန်မှာ အာဆင်နယ်ကပါထွက်ခွာခဲ့ရလို့ ရူးမလိုဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့တဲ့ အွန်နရီ

သီယာရီ အွန်နရီဟာ ၂၀၀၇ ခုနှစ် နွေရာသီမှာ အာဆင်နယ်ကို စွန့်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားစရာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ပြင်သစ်ဂန္တဝင်တိုက်စစ်မှူးဟာ မြောက်လန်ဒန်မှာ သမိုင်းဝင် ၈ နှစ်တာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် အသင်းကို စွန့်ခွာတော့မယ်လို့ အတည်ပြု ပြောကြားခဲ့တဲ့အချိန်မှာ အာဆင်နယ် ပရိသတ်တွေဟာ ရင်ကွဲပက်လက် ဖြစ်ခဲ့ကြရတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ ပြုလုပ်ခဲ့ရတာဟာ အွန်နရီအတွက်လည်း မလွယ်ကူခဲ့ဘဲ အဲဒီအချိန်တုန်းက ကာလရှည် ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် လုပ်ဆောင်နေဆဲဖြစ်သလို ပထမဇနီးဖြစ်သူ ကလဲရာ မယ်ရီနဲ့ ကွာရှင်းပြတ်စဲဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အွန်နရီတို့ စုံတွဲဟာ ၂၀၀၅ ခုနှစ် မေလမှာ တီးလို့ အမည်ရတဲ့သမီး တစ်ဦး ထွန်းကားခဲ့ပြီး အွန်နရီဟာ ၄ နှစ်ကျော် လက်တွဲခဲ့တဲ့ ဇနီးဖြစ်သူကို ကွာရှင်းပြတ်စဲတဲ့ လျော်ကြေးအနေနဲ့ ပေါင် ၁၀ သန်းနီးပါး ပေးချေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အွန်နရီဟာ ပြင်သစ်သတင်းဌာန L’Equipe ကို အဲဒီအချိန်တုန်းက ၎င်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို ဖွင့်ဟပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဘာစီလိုနာအတွက် အာဆင်နယ်ကို စွန့်ခွာခဲ့တဲ့အချိန်မှာ ပြန်ကောင်းလာဖို့အတွက် ၁ နှစ်လောက် အချိန်ယူခဲ့ရတယ်။ ကျွန်တော် ဒဏ်ရာတန်းလန်းနဲ့ ရောက်ရှိသွားခဲ့တာပါ။ ကျွန်တော် ကွာရှင်းပြတ်စဲတဲ့ကိစ္စတွေ လုပ်နေရင်းလည်း ဖြစ်ပြီး ကျွန်တော် စနစ်အသစ်ကို လေ့လာခဲ့ရတယ်။ ခင်ဗျား အဲဒါတွေကို စိတ်ထဲမှာထားပြီး ဆက်ကစားနေခဲ့ရတယ်”

ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ အွန်နရီက အဲဒီအချိန်တုန်းက ၎င်းရဲ့ ရုန်းကန်နေရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆွေးနွေးဖို့ ပွင့်ပွင့်လင်းလင်း ချဉ်းကပ်မှုပြုလုပ်ဖို့ဟာ တားမြစ်ချက်တစ်ခုလိုမျိုး ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ အများကြီး ပိုပြီးခက်ခဲတယ်။ လုံးဝကို တားမြစ်ချက်တစ်ခုလိုပဲ။ အစုအဖွဲ့ထဲမှာ ရှိနေရင်တောင်မှ ခက်ခဲခဲံပါတယ်။ ခင်ဗျား အဝတ်လဲခန်းထဲကို လာပြီး ‘မင်း အဆင်ပြေရဲ့လားဆိုရင် ပြေတယ်ပဲ။ တကယ်လို့ အရာအားလုံးက အဆင်မပြေဖြစ်နေတယ်ဆိုရင်တောင်မှပဲ”

“မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လားဆိုရင်လည်း အိပ်မရလည်း အိပ်ပျော်တယ်ပဲ။ မင်း နာကျင်နေလားဆိုရင် နာကျင်နေရင်တောင်မှပဲ ဟင့်အင်း မနာကျင်ပါဘူးဆိုပြီး ဖြစ်နေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။ အွန်နရီဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် ၎င်းရဲ့ ဆုဖလားစာရင်းဟာ ပိုပြီးတော့ ကောင်းမွန်လာပေမယ့် တိုက်စစ်မှာ လီယွန်နယ် မက်ဆီ၊ ဆမ်မြူရယ် အီတူး၊ ရော်နယ်လ်ဒင်ညိုတို့နဲ့အတူ ပွဲထွက်ခွင့် မျှယူခဲ့ရတဲ့အတွက် မြောက်လန်ဒန်မှာ လုပ်ခဲ့တဲ့အတိုင်း နူးကမ့်မှာ တူညီတဲ့အကျိုးသက်ရောက်မှုမျိုး လုပ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ကိုပါဒယ်ရေးဖလားအပြင် လာလီဂါဖလား ၂ ကြိမ် ရရှိခဲ့ပြီး အာဆင်နယ်က ထွက်ခွာခဲ့တဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုလည်း ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ နယူးယောက် ရက်ဘူးလ်အသင်းအတွက် မေဂျာလိဂ်မှာ ၄ နှစ်ကြာ ကစားပြီးနောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီမှာ အာဆင်နယ်ကို အငှားနဲ့ ခေတ္တပြန်လည်ရောက်ရှိတာဖြစ်ပြီး ဒုတိယအကြိမ် အာဆင်နယ်အတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ပြီးနောက် ၁၂ မိနစ်အကြာမှာပဲ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အွန်နရီဟာ လက်ရှိမှာတော့ ဘယ်လ်ဂျီယံ လက်ထောက်နည်းပြအဖြစ် ရော်ဘတ်တို မာတီနက်ဇ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေသလို ယူကေနဲ့ ပြင်သစ်မှာ ဘောလုံးဝေဖန်သူအဖြစ် အချိန်ကုန်ဆုံးနေသူဖြစ်ပြီး ယခုအပတ် စကားပြောဆိုရာမှာ မကြာသေးမီက နေမာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဘရာဇီးလ်ကြယ်ပွင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စိုးရိမ်မိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား ကစားပုံကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာ သူ မှန်မှန်ကန်ကန် နေရာမယူထားဘူး။ ဟုတ်ပြီ၊ အဲဒါက ပြောစရာအချက်တစ်ဖြစ်ပြီး အဲဒါကို ပြောမှဖြစ်မယ်။ ဟုတ်ပါတယ်။ သူက အရင်တုန်းကဆိုးခဲ့ဖူးတာထက် နည်းနည်း ပိုဆိုးပါတယ်။ ဒါပေမယ့် အဲဒီမှာ အကြောင်းအရင်းတွေ ရှိပါတယ်။ နေမာက မကြာခဏ သူ့ရဲ့ မကြာသေးမီက အင်တာဗျူးတွေမှာ သူ့ရဲ့ ကျန်းမာရေး၊ ဖိအားတွေကြောင်းပြောလေ့ရှိတယ်။ အဲဒီတော့ ကျွန်တော့်ပထမဆုံးအတွေးက သူ အဆင်ပြေရဲ့လားဆိုတာပါ”

“အဲဒါက သူ ဘောလုံးကို ပြိုင်ဘက်ကစားသမား ပေါင်ကြားထဲ မထည့်နိုင်တော့တာ၊ sombreros လုပ်တာတွေ ဒါမှမဟုတ် သူ့ရဲ့ မြန်နှုန်းနဲ့ လူတွေကို အလဲမထိုးနိုင်တော့တာကို ပြောနေတာမဟုတ်ပါဘူး။ သူ စကားပြောတယ်။ ဒါပေမယ့် ခင်ဗျား သူပြောတာ ကြားနိုင်ရဲ့လား။ သူ အကူအညီတောင်းနေတာပါ။ ကျွန်တော့် ခေါင်းထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေ ရှိနေတယ်။ တခြား လူသားတွေဖြစ်သလိုမျိုးပါပဲဆိုပြီး သူ ပြောချင်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:သီယာရီ အြန္နရီဟာ ၂၀၀၇ ခုႏွစ္ ေႏြရာသီမွာ အာဆင္နယ္ကို စြန႔္ခြာၿပီး ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ စိတ္ပိုင္းဆိုင္ရာ တုန္လႈပ္ေျခာက္ျခားစရာေတြကို ရင္ဆိုင္ခဲ့ရတယ္လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉးဟာ ေျမာက္လန္ဒန္မွာ သမိုင္းဝင္ ၈ ႏွစ္တာ ကစားသမားဘဝကို ျဖတ္သန္းခဲ့ၿပီးေနာက္ အသင္းကို စြန႔္ခြာေတာ့မယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တဲ့အခ်ိန္မွာ အာဆင္နယ္ ပရိသတ္ေတြဟာ ရင္ကြဲပက္လက္ ျဖစ္ခဲ့ၾကရတာျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ ျပဳလုပ္ခဲ့ရတာဟာ အြန္နရီအတြက္လည္း မလြယ္ကူခဲ့ဘဲ အဲဒီအခ်ိန္တုန္းက ကာလရွည္ ဒဏ္ရာကေန ျပန္လည္သက္သာလာေအာင္ လုပ္ေဆာင္ေနဆဲျဖစ္သလို ပထမဇနီးျဖစ္သူ ကလဲရာ မယ္ရီနဲ႔ ကြာရွင္းျပတ္စဲဖို႔ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

အြန္နရီတို႔ စုံတြဲဟာ ၂၀၀၅ ခုႏွစ္ ေမလမွာ တီးလို႔ အမည္ရတဲ့သမီး တစ္ဦး ထြန္းကားခဲ့ၿပီး အြန္နရီဟာ ၄ ႏွစ္ေက်ာ္ လက္တြဲခဲ့တဲ့ ဇနီးျဖစ္သူကို ကြာရွင္းျပတ္စဲတဲ့ ေလ်ာ္ေၾကးအေနနဲ႔ ေပါင္ ၁၀ သန္းနီးပါး ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အြန္နရီဟာ ျပင္သစ္သတင္းဌာန L’Equipe ကို အဲဒီအခ်ိန္တုန္းက ၎ရဲ့ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအေျခအေနကို ဖြင့္ဟေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ဘာစီလိုနာအတြက္ အာဆင္နယ္ကို စြန႔္ခြာခဲ့တဲ့အခ်ိန္မွာ ျပန္ေကာင္းလာဖို႔အတြက္ ၁ ႏွစ္ေလာက္ အခ်ိန္ယူခဲ့ရတယ္။ ကၽြန္ေတာ္ ဒဏ္ရာတန္းလန္းနဲ႔ ေရာက္ရွိသြားခဲ့တာပါ။ ကၽြန္ေတာ္ ကြာရွင္းျပတ္စဲတဲ့ကိစၥေတြ လုပ္ေနရင္းလည္း ျဖစ္ၿပီး ကၽြန္ေတာ္ စနစ္အသစ္ကို ေလ့လာခဲ့ရတယ္။ ခင္ဗ်ား အဲဒါေတြကို စိတ္ထဲမွာထားၿပီး ဆက္ကစားေနခဲ့ရတယ္”

ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ ဆြတ္ခူးခဲ့တဲ့ အြန္နရီက အဲဒီအခ်ိန္တုန္းက ၎ရဲ့ ႐ုန္းကန္ေနရမႈေၾကာင့္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ေဆြးေႏြးဖို႔ ပြင့္ပြင့္လင္းလင္း ခ်ဥ္းကပ္မႈျပဳလုပ္ဖို႔ဟာ တားျမစ္ခ်က္တစ္ခုလိုမ်ိဳး ျဖစ္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္တစ္ေယာက္တည္းရွိတဲ့အခ်ိန္ေတြမွာ အမ်ားႀကီး ပိုၿပီးခက္ခဲတယ္။ လုံးဝကို တားျမစ္ခ်က္တစ္ခုလိုပဲ။ အစုအဖြဲ႕ထဲမွာ ရွိေနရင္ေတာင္မွ ခက္ခဲခဲံပါတယ္။ ခင္ဗ်ား အဝတ္လဲခန္းထဲကို လာၿပီး ‘မင္း အဆင္ေျပရဲ့လားဆိုရင္ ေျပတယ္ပဲ။ တကယ္လို႔ အရာအားလုံးက အဆင္မေျပျဖစ္ေနတယ္ဆိုရင္ေတာင္မွပဲ”

“မင္း ေကာင္းေကာင္း အိပ္ေပ်ာ္ရဲ့လားဆိုရင္လည္း အိပ္မရလည္း အိပ္ေပ်ာ္တယ္ပဲ။ မင္း နာက်င္ေနလားဆိုရင္ နာက်င္ေနရင္ေတာင္မွပဲ ဟင့္အင္း မနာက်င္ပါဘူးဆိုၿပီး ျဖစ္ေနခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ အြန္နရီဟာ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခဲ့တာေၾကာင့္ ၎ရဲ့ ဆုဖလားစာရင္းဟာ ပိုၿပီးေတာ့ ေကာင္းမြန္လာေပမယ့္ တိုက္စစ္မွာ လီယြန္နယ္ မက္ဆီ၊ ဆမ္ျမဴရယ္ အီတူး၊ ေရာ္နယ္လ္ဒင္ညိဳတို႔နဲ႔အတူ ပြဲထြက္ခြင့္ မၽွယူခဲ့ရတဲ့အတြက္ ေျမာက္လန္ဒန္မွာ လုပ္ခဲ့တဲ့အတိုင္း ႏူးကမ့္မွာ တူညီတဲ့အက်ိဳးသက္ေရာက္မႈမ်ိဳး လုပ္ျပနိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ကိုပါဒယ္ေရးဖလားအျပင္ လာလီဂါဖလား ၂ ႀကိမ္ ရရွိခဲ့ၿပီး အာဆင္နယ္က ထြက္ခြာခဲ့တဲ့ အဓိကရည္ရြယ္ခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကိုလည္း ၂၀၀၉ ခုႏွစ္မွာ ရရွိခဲ့ပါတယ္။ နယူးေယာက္ ရက္ဘူးလ္အသင္းအတြက္ ေမဂ်ာလိဂ္မွာ ၄ ႏွစ္ၾကာ ကစားၿပီးေနာက္ ၂၀၁၂ ခုႏွစ္ ဇန္နဝါရီမွာ အာဆင္နယ္ကို အငွားနဲ႔ ေခတၱျပန္လည္ေရာက္ရွိတာျဖစ္ၿပီး ဒုတိယအႀကိမ္ အာဆင္နယ္အတြက္ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္ၿပီးေနာက္ ၁၂ မိနစ္အၾကာမွာပဲ ဂိုးသြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

အြန္နရီဟာ လက္ရွိမွာေတာ့ ဘယ္လ္ဂ်ီယံ လက္ေထာက္နည္းျပအျဖစ္ ေရာ္ဘတ္တို မာတီနက္ဇ္လက္ေအာက္မွာ တာဝန္ထမ္းေဆာင္ေနသလို ယူေကနဲ႔ ျပင္သစ္မွာ ေဘာလုံးေဝဖန္သူအျဖစ္ အခ်ိန္ကုန္ဆုံးေနသူျဖစ္ၿပီး ယခုအပတ္ စကားေျပာဆိုရာမွာ မၾကာေသးမီက ေနမာရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ရဲ့ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို စိုးရိမ္မိတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား ကစားပုံကို ခြဲျခမ္းစိတ္ျဖာလိုက္တဲ့အခါမွာ သူ မွန္မွန္ကန္ကန္ ေနရာမယူထားဘူး။ ဟုတ္ၿပီ၊ အဲဒါက ေျပာစရာအခ်က္တစ္ျဖစ္ၿပီး အဲဒါကို ေျပာမွျဖစ္မယ္။ ဟုတ္ပါတယ္။ သူက အရင္တုန္းကဆိုးခဲ့ဖူးတာထက္ နည္းနည္း ပိုဆိုးပါတယ္။ ဒါေပမယ့္ အဲဒီမွာ အေၾကာင္းအရင္းေတြ ရွိပါတယ္။ ေနမာက မၾကာခဏ သူ႔ရဲ့ မၾကာေသးမီက အင္တာဗ်ဴးေတြမွာ သူ႔ရဲ့ က်န္းမာေရး၊ ဖိအားေတြေၾကာင္းေျပာေလ့ရွိတယ္။ အဲဒီေတာ့ ကၽြန္ေတာ့္ပထမဆုံးအေတြးက သူ အဆင္ေျပရဲ့လားဆိုတာပါ”

“အဲဒါက သူ ေဘာလုံးကို ၿပိဳင္ဘက္ကစားသမား ေပါင္ၾကားထဲ မထည့္နိုင္ေတာ့တာ၊ sombreros လုပ္တာေတြ ဒါမွမဟုတ္ သူ႔ရဲ့ ျမန္ႏႈန္းနဲ႔ လူေတြကို အလဲမထိုးနိုင္ေတာ့တာကို ေျပာေနတာမဟုတ္ပါဘူး။ သူ စကားေျပာတယ္။ ဒါေပမယ့္ ခင္ဗ်ား သူေျပာတာ ၾကားနိုင္ရဲ့လား။ သူ အကူအညီေတာင္းေနတာပါ။ ကၽြန္ေတာ့္ ေခါင္းထဲမွာ ျဖစ္ပ်က္ေနတဲ့အရာေတြ ရွိေနတယ္။ တျခား လူသားေတြျဖစ္သလိုမ်ိဳးပါပဲဆိုၿပီး သူ ေျပာခ်င္ေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.