Bundesliga Match Report UCL&UEL

ပထမအကျော့က သရေကို မကျေနပ်လို့ ဂိုးပြတ်သွင်းပြီး နောက်တစ်ဆင့်တက်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပထမအကျော့က သရေရလဒ်ကြောင့် အိမ်ကွင်းမှာ နောက်တစ်ဆင့်တက်နိုင်ဖို့ ပြင်ဆင်လာခဲ့သလို တိုက်စစ်အားသန်တဲ့ ၃-၄-၃ လူစာရင်းနဲ့ ကွင်းလယ်ကို ခင်းကျင်းလာခဲ့ပြီး ကိုမွန်၊ မူစီယာလာ၊ ဂနာဘရီနဲ့ ဘုရားစူးအဖျက်လို့ ဆိုရမယ့် ကင်းမစ်ချ်ကို ထည့်သွင်းခဲ့သလို တိုက်စစ်မှာ မူလာ၊ ဆာနေးနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ ကစားပြီး ပွဲကြမ်းဖို့ လုပ်လာခဲ့ကြပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ဧရိယာထဲမှာ ဘောလုံးရသွားတဲ့ လီဗန်ဒေါ့ဗ်စကီးကို ဘောလုံးမထိဘဲ ခြေထောက်ကိုသာ ချိတ်မိခဲ့တဲ့ ဆာ့လ်ဇ်ဘတ်နောက်ခံလူ ဗိုဘာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ပိုလန်သားကြီးကပဲ ဂိုးသမားရဲ့ ညာဘက်ကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ဘိုင်ယန်တို့ စတင်ဦးဆောင်ခဲ့တာပါ။

လုံးဝခြေကျသွားခြင်း မရှိသေးတဲ့ လီဗန်ဒေါ့ဗ်စကီးရဲ့ Body Feint နဲ့ Turn တွေကို နားလည်ခြင်းမရှိဘဲ စနစ်တကျ ပိတ်ဆို့ဖို့ မတတ်နိုင်ခဲ့တဲ့ ဆာ့လ်ဇ်ဘတ်ခံစစ်မှူး ဗိုဘာကြောင့် ပွဲချိန် ၂၁ မိနစ်မှာ နောက်ထပ် ပင်နယ်တီတစ်ကြိမ် ထပ်ပေးခဲ့ရပြီး ဒီတစ်ခါမှာလည်း ဘလွန်ဒေါတိုက်စစ်မှူးဆုရှင်က အလောတကြီးမကန်ဘဲ ဂိုးသမားကို လှည့်စားပြီး ကန်သွင်းခဲ့လို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ကိုယ့်အတိုင်းအထွာ ကိုယ်မသိဘဲ အလွန်အကျွံ တက်ဖိနေခဲ့တဲ့ ဆာ့လ်ဇ်ဘတ်တို့ကို ဘိုင်ယန်တို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး မူလာက ခံစစ်တန်းကြားက ထိုးပေးလိုက်တာကို လီဗန်ဒေါ့ဗ်စကီးက ဂိုးသမားနဲ့ အတွေ့မှာ ကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ပြန်ထွက်လာတာကို သူကိုယ်တိုင်ပဲ ပြေးလိုက်ပြီး ပိတ်သွင်းနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ ဘိုင်ယန်တို့ စတုတ္ထဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ဇုန်မှာ ရှင်းထုတ်ရမယ့်အစား နှေးကွေးနေတဲ့ ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ကာမာရာဆီကနေ ဖြတ်လုသွားခဲ့တဲ့ ကိုမွန်က ညာခြမ်းကို ချပေးခဲ့ရာမှာ ဂနာဘရီက ဂိုးသမားလက်အောက်ကို အမြန်ကန်ပြီး ရယူသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တွေ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ဘိုင်ယန်တို့ လက်တစ်ဖက်စာ ဂိုးပြည့်သွားခဲ့ပြီး ကွင်းလယ်ကနေ ကင်းမစ်ချ်ပေးတာကို ဧရိယာအစပ်မှာ ဘောလုံးရသွားခဲ့တဲ့ ဆာနေးက ဝမ်းတူးရိုက်မယ့် ပုံစံနဲ့ တွဲလာခဲ့တာကို မူလာက ပြန်မပေးတော့ပဲ တစ်ဖက်နောက်ခံလူကို တစ်ပတ်လှည့်ထွက်ပြီး ညာဘက်တိုင်ခြေကို ကန်သွင်းယူသွားနိုင်ခဲ့လို့ ပဉ္စမမြောက်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဆာ့လ်ဇ်ဘတ်တို့ သိက္ခာဆည်ဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ လက်ရှိမှာ ဟော့နေတဲ့သူတစ်ဦးဖြစ်တဲ့ အမေရိကန်သားလေး အာရွန်ဆန်ချပေးတာကို လူစားဝင်လာတဲ့ တိုက်စစ်မှူး ကေယာဂါ့ဒ်က ဂိုးသမား နွိုင်ယာရဲ့ ညာဘက်အပေါ်ထောင့်ထဲကို အပြင်းလှမ်းကန်ပြီး ချေပနိုင်ခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဘိုင်ယန်တို့ ဂိုးဒါဇင်ဝက် ပြည့်သွားခဲ့ပြန်ပြီး ညာခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ မူလာက အတွင်းကို ဆွဲဝင်လာခဲ့ပြီး ဘယ်ခြမ်းမှာ ရှိနေတဲ့ ဆာနေးနဲ့ ဝမ်းတူးရိုက်ပြီးမှ ပထမတစ်ဂိုးက ပုံစံအတိုင်းပဲ ဘယ်ခြေနဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်းနိုင်ခဲ့လို့ ခြောက်ဂိုး-တစ်ဂိုး ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဘိုင်ယန်တို့ကို ၁၆ သင်းအဆင့်မှာ အကြွားဆုံးဖြစ်နိုင်မယ့် သတ္တမဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ တခြားကစားသမားတွေ သွင်းတာကို တစ်ချိန်လုံး ကြည့်ရုံပဲ ကြည့်နေခဲ့ရတဲ့ ဆာနေးက လီဗန်ဒေါ့ဗ်စကီး နောက်ပေါက်နဲ့ ချပေးတာကို ရယူပြီး ထောင့်ကျဉ်းအနေအထားကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းနိုင်ခဲ့လို့ ခုနစ်ဂိုး-တစ်ဂိုးနဲ့ ပွဲသိမ်းခဲ့တာပါ။

ဒီရလဒ်ကြောင့် ဘိုင်ယန်မြူးနစ်တို့အတွက်တော့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဂိုးအပြတ်ဆုံးရလဒ်စံချိန်ဖြစ်တဲ့ ခုနစ်ဂိုး-တစ်ဂိုး မှတ်တမ်းကို သူတို့အတွက် ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၅ ခုနှစ်တွေအပြီးမှာ စတုတ္ထအကြိမ်အဖြစ် ရယူနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ရှစ်ဂိုး-နှစ်ဂိုးနဲ့ ဆာ့လ်ဇ်ဘတ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ပထမအေက်ာ့က သေရရလဒ္ေၾကာင့္ အိမ္ကြင္းမွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့သလို တိုက္စစ္အားသန္တဲ့ ၃-၄-၃ လူစာရင္းနဲ႔ ကြင္းလယ္ကို ခင္းက်င္းလာခဲ့ၿပီး ကိုမြန္၊ မူစီယာလာ၊ ဂနာဘရီနဲ႔ ဘုရားစူးအဖ်က္လို႔ ဆိုရမယ့္ ကင္းမစ္ခ်္ကို ထည့္သြင္းခဲ့သလို တိုက္စစ္မွာ မူလာ၊ ဆာေနးနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ ကစားၿပီး ပြဲၾကမ္းဖို႔ လုပ္လာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ဧရိယာထဲမွာ ေဘာလုံးရသြားတဲ့ လီဗန္ေဒါ့ဗ္စကီးကို ေဘာလုံးမထိဘဲ ေျခေထာက္ကိုသာ ခ်ိတ္မိခဲ့တဲ့ ဆာ့လ္ဇ္ဘတ္ေနာက္ခံလူ ဗိုဘာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ပိုလန္သားႀကီးကပဲ ဂိုးသမားရဲ႕ ညာဘက္ကို အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့လို႔ ဘိုင္ယန္တို႔ စတင္ဦးေဆာင္ခဲ့တာပါ။

လုံးဝေျခက်သြားျခင္း မရွိေသးတဲ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ Body Feint နဲ႔ Turn ေတြကို နားလည္ျခင္းမရွိဘဲ စနစ္တက် ပိတ္ဆို႔ဖို႔ မတတ္ႏိုင္ခဲ့တဲ့ ဆာ့လ္ဇ္ဘတ္ခံစစ္မႉး ဗိုဘာေၾကာင့္ ပြဲခ်ိန္ ၂၁ မိနစ္မွာ ေနာက္ထပ္ ပင္နယ္တီတစ္ႀကိမ္ ထပ္ေပးခဲ့ရၿပီး ဒီတစ္ခါမွာလည္း ဘလြန္ေဒါတိုက္စစ္မႉးဆုရွင္က အေလာတႀကီးမကန္ဘဲ ဂိုးသမားကို လွည့္စားၿပီး ကန္သြင္းခဲ့လို႔ ဒုတိယဂိုး ထပ္မံရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ကိုယ့္အတိုင္းအထြာ ကိုယ္မသိဘဲ အလြန္အကြၽံ တက္ဖိေနခဲ့တဲ့ ဆာ့လ္ဇ္ဘတ္တို႔ကို ဘိုင္ယန္တို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး မူလာက ခံစစ္တန္းၾကားက ထိုးေပးလိုက္တာကို လီဗန္ေဒါ့ဗ္စကီးက ဂိုးသမားနဲ႔ အေတြ႕မွာ ကန္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ျပန္ထြက္လာတာကို သူကိုယ္တိုင္ပဲ ေျပးလိုက္ၿပီး ပိတ္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ စတုတၳဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ဇုန္မွာ ရွင္းထုတ္ရမယ့္အစား ေႏွးေကြးေနတဲ့ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ကာမာရာဆီကေန ျဖတ္လုသြားခဲ့တဲ့ ကိုမြန္က ညာျခမ္းကို ခ်ေပးခဲ့ရာမွာ ဂနာဘရီက ဂိုးသမားလက္ေအာက္ကို အျမန္ကန္ၿပီး ရယူသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ေတြ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ လက္တစ္ဖက္စာ ဂိုးျပည့္သြားခဲ့ၿပီး ကြင္းလယ္ကေန ကင္းမစ္ခ်္ေပးတာကို ဧရိယာအစပ္မွာ ေဘာလုံးရသြားခဲ့တဲ့ ဆာေနးက ဝမ္းတူး႐ိုက္မယ့္ ပုံစံနဲ႔ တြဲလာခဲ့တာကို မူလာက ျပန္မေပးေတာ့ပဲ တစ္ဖက္ေနာက္ခံလူကို တစ္ပတ္လွည့္ထြက္ၿပီး ညာဘက္တိုင္ေျခကို ကန္သြင္းယူသြားႏိုင္ခဲ့လို႔ ပၪၥမေျမာက္ဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဆာ့လ္ဇ္ဘတ္တို႔ သိကၡာဆည္ဂိုးတစ္ဂိုး ျပန္သြင္းႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန လက္ရွိမွာ ေဟာ့ေနတဲ့သူတစ္ဦးျဖစ္တဲ့ အေမရိကန္သားေလး အာ႐ြန္ဆန္ခ်ေပးတာကို လူစားဝင္လာတဲ့ တိုက္စစ္မႉး ေကယာဂါ့ဒ္က ဂိုးသမား ႏြိဳင္ယာရဲ႕ ညာဘက္အေပၚေထာင့္ထဲကို အျပင္းလွမ္းကန္ၿပီး ေခ်ပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ ဂိုးဒါဇင္ဝက္ ျပည့္သြားခဲ့ျပန္ၿပီး ညာျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ မူလာက အတြင္းကို ဆြဲဝင္လာခဲ့ၿပီး ဘယ္ျခမ္းမွာ ရွိေနတဲ့ ဆာေနးနဲ႔ ဝမ္းတူး႐ိုက္ၿပီးမွ ပထမတစ္ဂိုးက ပုံစံအတိုင္းပဲ ဘယ္ေျခနဲ႔ ညာဘက္ေထာင့္ထဲကို ကန္သြင္းႏိုင္ခဲ့လို႔ ေျခာက္ဂိုး-တစ္ဂိုး ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ကို ၁၆ သင္းအဆင့္မွာ အႂကြားဆုံးျဖစ္ႏိုင္မယ့္ သတၱမဂိုးကို ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ တျခားကစားသမားေတြ သြင္းတာကို တစ္ခ်ိန္လုံး ၾကည့္႐ုံပဲ ၾကည့္ေနခဲ့ရတဲ့ ဆာေနးက လီဗန္ေဒါ့ဗ္စကီး ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ရယူၿပီး ေထာင့္က်ဥ္းအေနအထားကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ခုနစ္ဂိုး-တစ္ဂိုးနဲ႔ ပြဲသိမ္းခဲ့တာပါ။

ဒီရလဒ္ေၾကာင့္ ဘိုင္ယန္ျမဴးနစ္တို႔အတြက္ေတာ့ ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္မွာ ဂိုးအျပတ္ဆုံးရလဒ္စံခ်ိန္ျဖစ္တဲ့ ခုနစ္ဂိုး-တစ္ဂိုး မွတ္တမ္းကို သူတို႔အတြက္ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၅ ခုႏွစ္ေတြအၿပီးမွာ စတုတၳအႀကိမ္အျဖစ္ ရယူႏိုင္ခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ ရွစ္ဂိုး-ႏွစ္ဂိုးနဲ႔ ဆာ့လ္ဇ္ဘတ္ကို ေက်ာ္ျဖတ္ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.