Analysis Article Premier League

2022 ရမ်းစ်ဒေးလ် 2.0 နဲ့ အာဆင်နယ်ခံစစ်အတွက် စိုးရိမ်လာရပြီလား

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ မလိုအပ်တဲ့ ဂိုးတွေကို ခွင့်ပြုနေခဲ့ရပြီး အသင်းအတွက် Clean Sheet တွေလည်း ပျောက်ဆုံးခဲ့ရသလို တစ်ဖက်အသင်းရဲ့ ဖိအားတွေကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခြင်းမရှိဘဲ စွမ်းဆောင်ရည်လျော့ကျလာတာကို ပရိသတ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၆ ဂိုးအထိ ပေးထားခဲ့ရပြီး ဘန်လေကို ဂိုးမရှိ သရေကျခဲ့တဲ့ပွဲနဲ့ ဝုလ်ဗ်စ်ကို အဝေးကွင်းမှာ ဆယ်ယောက်တည်းကစားပြီး တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာသာ အာဆင်နယ်တို့ ဂိုးမပေးခဲ့ရတာဖြစ်ပြီး ကျန်တဲ့ ၄ ပွဲမှာ ၆ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ၂ ဂိုး၊ ဝုလ်ဗ်စ်နဲ့ ဘရန့်ဖို့ဒ်တို့ကို ၁ ဂိုးစီ ပေးခဲ့ရပြီး ဝတ်ဖို့ဒ်တို့ကိုတော့ အဝေးကွင်းမှာ ခပ်လွယ်လွယ် အနေအထားက အမှားတွေလုပ်ပြီး ၂ ဂိုးပေးခဲ့ရသလို အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ခရီးမှာ အသင်းစိတ်ဓာတ်နဲ့ တိုက်စစ်က အပေါင်းလက္ခဏာ ဆောင်နေခဲ့ချိန်မှာ ခံစစ်ကတော့ အနုတ်လက္ခဏာပြနေခဲ့တာပါ။

ခံစစ်မှာ ဂျပန်သား တာကဲဟီရို တိုမီယာစု ဒဏ်ရာရသွားပြီးကတည်းက ဒီနေရာကို ဝင်ကစားတဲ့ ဘန်ဝှိုက်က တိုက်စစ်မှာ ခြေစွမ်းမပြနိုင်တာမို့ ဗဟိုမှာပဲ ပြန်ထားခဲ့ရချိန်မှာ ဆီးဒရစ် ဆွာရက်စ်က ဒီနေရာကို ဝင်လာခဲ့ပြီး ရှေ့တက်လိုက်ရာမှာ မဆိုးပေမယ့် ခံစစ်မှာ အလုပ်မဖြစ်ခဲ့သလို ဂိုးတွေ ခွင့်ပြုဖို့ အကြောင်းရှာနေခဲ့ချိန်မှာ ဂိုးသမား အာရွန် ရမ်းစ်ဒေးစ်နဲ့ ဗဟိုခံစစ်အတွဲကပါ ကြောင်ပျောက်လာနေခဲ့ပါတယ်။

ဆီးဒရစ်ကို နောက်ပိုင်း ၄ ပွဲဆက်တိုက် သုံးထားချိန်မှာ သူ့အရပ်အမောင်းနဲ့ ခံစစ် ညံ့ဖျင်းမှုကြောင့် ဘန်ဝှိုက်နဲ့ ဂါဘရီယယ်လ်တို့ အာရုံများပြီး အမှားတွေ ကျူးလွန်နေခဲ့သလို အသင်းကို ရောက်ကတည်းက ၂၀၂၁ ခုနှစ် တစ်နှစ်လုံး စွမ်းစွမ်းတမံဖြစ်ခဲ့တဲ့ ရမ်းစ်ဒေးလ်ကလည်း ခပ်လွယ်လွယ်နဲ့ပဲ ခံစစ်မှာ အနိုင်ယူခံနေခဲ့ရတာပါ။

ဘရန့်ဖိုဒ်နဲ့ ဝုလ်ဗ်စ်ပွဲတွေမှာ ခံစစ်က အာရုံစိုက်မှုနည်းပြီး အမှားများခဲ့လို့ ဂိုးပေးခဲ့ရသလို ဝတ်ဖို့ဒ်နဲ့ပွဲမှာတော့ ပထမဂိုးက ဆီးဒရစ် ရှိရမယ့် နေရာမှာ မရှိလို့ ကူချို ဟာနန်ဒက်ဇ်က ပီလီကစ် ကန်ချသွားခဲ့ချိန်မှာ ဒုတိယဂိုးကတော့ ချာကာ ဘယ်လိုညံ့ညံ့၊ ဘန်ဝှိုက်ဖျက်တာ မပျက်ဘဲ ဘယ်လို ကံဆိုးဆိုး ရမ်းစ်ဒေးလ်ရဲ့ အာရုံစိုက်မှု၊ သတိတရားနဲ့ ကာကွယ်မှုတွေက နိမ့်ပါးနေခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ အာဆင်နယ်တို့ အမြင့်ဆုံးရမှတ် ၁၈ မှတ်ထဲက ၁၃ မှတ် ယူထားနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်နဲ့ အဆင့် ၄ အထိ ရောက်လာနိုင်ခဲ့ပေမယ့် အသင်းရဲ့ တတိယနောက်ခံလူလို ကစားတဲ့ Sweeper Keeper ရမ်းစ်ဒေးလ်ကတော့ Ramsdale 2.0 အဖြစ် ဗားရှင်းမြှင့် ကစားပုံပြောင်းသွားတယ်လို့ ခံစားမိကြသလို အမှားတွေနဲ့ Risk ယူတာတွေလည်း ပိုများလာခဲ့တာဖြစ်ပါတယ်။

ပေးပို့မှုပိုင်းမှာ တိုက်စစ်မှူးတွေဆီ မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ အီဒါဆန်နဲ့ အယ်လစ်ဆန်တို့လို ပေးဖို့ ကြိုးစားလာခဲ့သလို အောင်မြင်မှုတွေလည်း ရှိလာခဲ့ပေမယ့် ရှေ့တက်ရင်း လူပေးမှား၊ အဖျက်မှားခဲ့တာတွေလည်း ရှိနေခဲ့သလို ခံစစ်ကို စီမံညွှန်ကြားနိုင်ခဲ့ပေမယ့် ကိုယ်တိုင်တော့ အနည်းငယ် အားနည်းမှုတချို့ ပေါ်လာနေခဲ့ပြီး အတွေ့အကြုံအရ သင်ယူပြီး ပြင်ဆင်နိုင်ဖို့လည်း လိုအပ်နေခဲ့သေးတာပါ။

ဒီကြားထဲမှာ ဖိအားဒဏ် သိပ်မခံနိုင်တဲ့ ဂါဘရီယယ်လ်နဲ့ ဘန်ဝှိုက်တို့ကို တိုက်စစ်ပိုလိုက်တဲ့ သောမတ်စ် ပါတေးက ကူညီမှု နည်းလာခဲ့ချိန်မှာ အမှားတွေ ပိုလုပ်လာနေကြပြီး ဒီအတွက် ကံကောင်းမှုအဖြစ် နည်းပြ မီခယ်လ် အာတီတာဆီမှာ အရန်ခုံက ထပြီး မညည်းမညူ ပေးဆပ်တတ်တဲ့ ရော့ဘ် ဟိုးလ်ဒင်းတစ်ယောက် ကျန်နေသေးလို့သာ တော်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ပွဲတွေမှာ နည်းပြ အာတီတာအနေနဲ့ ရမ်းစ်ဒေးလ်နဲ့ ခံစစ်ဗဟိုနှစ်ဦးအဖွဲ့ကို ပိုမိုတည်ငြိမ်အောင်နဲ့ ဝတ်ဖို့ဒ်တိုက်စစ်ဆီ အလွယ်တကူ လက်ဆောင်ပေးတာမျိုး ထပ်မဖြစ်ရအောင် ပြောင်းလဲပြင်ဆင်သွားနိုင်မလားဆိုတာနဲ့ တစ်သင်းလုံး မဆုတ်မနစ်ကြိုးစားပြီး အဆင့် ၄ သိမ်းပိုက်အလံထူမှုမှာ နောက်ပြန်ဆွဲမှုတွေကို ရပ်တန့်နိုင်ဖို့ လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ မလိုအပ္တဲ့ ဂိုးေတြကို ခြင့္ျပဳေနခဲ့ရၿပီး အသင္းအတြက္ Clean Sheet ေတြလည္း ေပ်ာက္ဆုံးခဲ့ရသလို တစ္ဖက္အသင္းရဲ႕ ဖိအားေတြကို ပါးပါးနပ္နပ္ ကိုင္တြယ္ႏိုင္ျခင္းမရွိဘဲ စြမ္းေဆာင္ရည္ေလ်ာ့က်လာတာကို ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္ေလ့လာသူေတြက ေထာက္ျပခဲ့ၾကပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၆ ဂိုးအထိ ေပးထားခဲ့ရၿပီး ဘန္ေလကို ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲနဲ႔ ဝုလ္ဗ္စ္ကို အေဝးကြင္းမွာ ဆယ္ေယာက္တည္းကစားၿပီး တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ႏွစ္ပြဲမွာသာ အာဆင္နယ္တို႔ ဂိုးမေပးခဲ့ရတာျဖစ္ၿပီး က်န္တဲ့ ၄ ပြဲမွာ ၆ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကို အိမ္ကြင္းမွာ ၂ ဂိုး၊ ဝုလ္ဗ္စ္နဲ႔ ဘရန႔္ဖို႔ဒ္တို႔ကို ၁ ဂိုးစီ ေပးခဲ့ရၿပီး ဝတ္ဖို႔ဒ္တို႔ကိုေတာ့ အေဝးကြင္းမွာ ခပ္လြယ္လြယ္ အေနအထားက အမွားေတြလုပ္ၿပီး ၂ ဂိုးေပးခဲ့ရသလို အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ခရီးမွာ အသင္းစိတ္ဓာတ္နဲ႔ တိုက္စစ္က အေပါင္းလကၡဏာ ေဆာင္ေနခဲ့ခ်ိန္မွာ ခံစစ္ကေတာ့ အႏုတ္လကၡဏာျပေနခဲ့တာပါ။

ခံစစ္မွာ ဂ်ပန္သား တာကဲဟီ႐ို တိုမီယာစု ဒဏ္ရာရသြားၿပီးကတည္းက ဒီေနရာကို ဝင္ကစားတဲ့ ဘန္ဝႈိက္က တိုက္စစ္မွာ ေျခစြမ္းမျပႏိုင္တာမို႔ ဗဟိုမွာပဲ ျပန္ထားခဲ့ရခ်ိန္မွာ ဆီးဒရစ္ ဆြာရက္စ္က ဒီေနရာကို ဝင္လာခဲ့ၿပီး ေရွ႕တက္လိုက္ရာမွာ မဆိုးေပမယ့္ ခံစစ္မွာ အလုပ္မျဖစ္ခဲ့သလို ဂိုးေတြ ခြင့္ျပဳဖို႔ အေၾကာင္းရွာေနခဲ့ခ်ိန္မွာ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးစ္နဲ႔ ဗဟိုခံစစ္အတြဲကပါ ေၾကာင္ေပ်ာက္လာေနခဲ့ပါတယ္။

ဆီးဒရစ္ကို ေနာက္ပိုင္း ၄ ပြဲဆက္တိုက္ သုံးထားခ်ိန္မွာ သူ႔အရပ္အေမာင္းနဲ႔ ခံစစ္ ညံ့ဖ်င္းမႈေၾကာင့္ ဘန္ဝႈိက္နဲ႔ ဂါဘရီယယ္လ္တို႔ အာ႐ုံမ်ားၿပီး အမွားေတြ က်ဴးလြန္ေနခဲ့သလို အသင္းကို ေရာက္ကတည္းက ၂၀၂၁ ခုႏွစ္ တစ္ႏွစ္လုံး စြမ္းစြမ္းတမံျဖစ္ခဲ့တဲ့ ရမ္းစ္ေဒးလ္ကလည္း ခပ္လြယ္လြယ္နဲ႔ပဲ ခံစစ္မွာ အႏိုင္ယူခံေနခဲ့ရတာပါ။

ဘရန႔္ဖိုဒ္နဲ႔ ဝုလ္ဗ္စ္ပြဲေတြမွာ ခံစစ္က အာ႐ုံစိုက္မႈနည္းၿပီး အမွားမ်ားခဲ့လို႔ ဂိုးေပးခဲ့ရသလို ဝတ္ဖို႔ဒ္နဲ႔ပြဲမွာေတာ့ ပထမဂိုးက ဆီးဒရစ္ ရွိရမယ့္ ေနရာမွာ မရွိလို႔ ကူခ်ိဳ ဟာနန္ဒက္ဇ္က ပီလီကစ္ ကန္ခ်သြားခဲ့ခ်ိန္မွာ ဒုတိယဂိုးကေတာ့ ခ်ာကာ ဘယ္လိုညံ့ညံ့၊ ဘန္ဝႈိက္ဖ်က္တာ မပ်က္ဘဲ ဘယ္လို ကံဆိုးဆိုး ရမ္းစ္ေဒးလ္ရဲ႕ အာ႐ုံစိုက္မႈ၊ သတိတရားနဲ႔ ကာကြယ္မႈေတြက နိမ့္ပါးေနခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္မွာ အာဆင္နယ္တို႔ အျမင့္ဆုံးရမွတ္ ၁၈ မွတ္ထဲက ၁၃ မွတ္ ယူထားႏိုင္ခဲ့ၿပီး ေနာက္ဆုံး ၄ ပြဲဆက္တိုက္ အႏိုင္နဲ႔ အဆင့္ ၄ အထိ ေရာက္လာႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ တတိယေနာက္ခံလူလို ကစားတဲ့ Sweeper Keeper ရမ္းစ္ေဒးလ္ကေတာ့ Ramsdale 2.0 အျဖစ္ ဗားရွင္းျမႇင့္ ကစားပုံေျပာင္းသြားတယ္လို႔ ခံစားမိၾကသလို အမွားေတြနဲ႔ Risk ယူတာေတြလည္း ပိုမ်ားလာခဲ့တာျဖစ္ပါတယ္။

ေပးပို႔မႈပိုင္းမွာ တိုက္စစ္မႉးေတြဆီ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ အီဒါဆန္နဲ႔ အယ္လစ္ဆန္တို႔လို ေပးဖို႔ ႀကိဳးစားလာခဲ့သလို ေအာင္ျမင္မႈေတြလည္း ရွိလာခဲ့ေပမယ့္ ေရွ႕တက္ရင္း လူေပးမွား၊ အဖ်က္မွားခဲ့တာေတြလည္း ရွိေနခဲ့သလို ခံစစ္ကို စီမံၫႊန္ၾကားႏိုင္ခဲ့ေပမယ့္ ကိုယ္တိုင္ေတာ့ အနည္းငယ္ အားနည္းမႈတခ်ိဳ႕ ေပၚလာေနခဲ့ၿပီး အေတြ႕အႀကဳံအရ သင္ယူၿပီး ျပင္ဆင္ႏိုင္ဖို႔လည္း လိုအပ္ေနခဲ့ေသးတာပါ။

ဒီၾကားထဲမွာ ဖိအားဒဏ္ သိပ္မခံႏိုင္တဲ့ ဂါဘရီယယ္လ္နဲ႔ ဘန္ဝႈိက္တို႔ကို တိုက္စစ္ပိုလိုက္တဲ့ ေသာမတ္စ္ ပါေတးက ကူညီမႈ နည္းလာခဲ့ခ်ိန္မွာ အမွားေတြ ပိုလုပ္လာေနၾကၿပီး ဒီအတြက္ ကံေကာင္းမႈအျဖစ္ နည္းျပ မီခယ္လ္ အာတီတာဆီမွာ အရန္ခုံက ထၿပီး မညည္းမညဴ ေပးဆပ္တတ္တဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းတစ္ေယာက္ က်န္ေနေသးလို႔သာ ေတာ္ခဲ့တာျဖစ္ပါတယ္။

လာမယ့္ပြဲေတြမွာ နည္းျပ အာတီတာအေနနဲ႔ ရမ္းစ္ေဒးလ္နဲ႔ ခံစစ္ဗဟိုႏွစ္ဦးအဖြဲ႕ကို ပိုမိုတည္ၿငိမ္ေအာင္နဲ႔ ဝတ္ဖို႔ဒ္တိုက္စစ္ဆီ အလြယ္တကူ လက္ေဆာင္ေပးတာမ်ိဳး ထပ္မျဖစ္ရေအာင္ ေျပာင္းလဲျပင္ဆင္သြားႏိုင္မလားဆိုတာနဲ႔ တစ္သင္းလုံး မဆုတ္မနစ္ႀကိဳးစားၿပီး အဆင့္ ၄ သိမ္းပိုက္အလံထူမႈမွာ ေနာက္ျပန္ဆြဲမႈေတြကို ရပ္တန႔္ႏိုင္ဖို႔ လုပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.