International Transfer News

ယူကရိန်းနဲ့ ရုရှားက ကစားသမားတွေအတွက် တွေးပြီး လမ်းဖွင့်ပေးလိုက်တဲ့ FIFA နဲ့ UEFA

ယူကရိန်းမြေကို ရုရှားနိုင်ငံရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့အတူ စစ်ပွဲကြီးဖြစ်ပွားနေခဲ့ချိန်မှာ နှစ်နိုင်ငံလုံးမှာ ရှိနေပြီး ဘောလုံးကစားနေကြတဲ့ နိုင်ငံခြားသား ကစားသမားတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေကြပြီး သူတို့ရဲ့ ဒီနိုင်ငံတွေက အလုပ်အကိုင်ကို ဆက်လက်ရှေ့တိုးဖို့အတွက် ချီတုံချတုံဖြစ်နေကြချိန်မှာ FIFA နဲ့ UEFA တို့ဘက်က သူတို့တွေအတွက် စီစဉ်ပေးခဲ့ပြီဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းက ဘောလုံးပွဲတွေအားလုံး မကစားနိုင်တော့ဘဲ ရပ်တန့်ခဲ့ရချိန်မှာ ရှက်ခ်တာ ဒိုးနက်ခ်စ်နဲ့ ဒီနာမိုကိဗ်တို့လို အသင်းကြီးတွေမှာ အထူးသဖြင့် ဘရာဇီးလ်သား ဘောလုံးသမားတွေ ပိတ်မိခဲ့ကြပြီး လက်ရှိအချိန်အထိ ကစားသမား ဒါဇင်ပေါင်းများစွာကလည်း နိုင်ငံတွင်းက ထွက်ပြေးခဲ့ကြရတာပါ။

ရှက်ခ်တာနဲ့ ဒီနာမိုအပြင် ကျန်တဲ့ အသင်းလတ်တွေထဲမှာတော့ ဒနီပရို၊ မက်တယ်လစ် ခါခိဗ်နဲ့ ဇော်ယာ လူဟန့်စ်ခ်တို့မှာလည်း ဘရာဇီးလ်နဲ့ တခြားနိုင်ငံသားများစွာ ပါဝင်နေကြပြီး ဖီဖာနဲ့ ယူအေးဖားတို့ဘက်ကတော့ ယူကရိန်းနိုင်ငံသား မဟုတ်သူတွေအားလုံးအနေနဲ့ သူတို့ရဲ့ စာချုပ်တွေကို မေ့ပစ်ပြီး အသင်းသစ် ရှာဖွေနိုင်ဖို့ ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

စစ်ပွဲဆင်နွှဲနေမယ့် နိုင်ငံတွင်းမှာတော့ ငြိမ်းချမ်းနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေကမှ သူတို့ရဲ့ ပရီးမီးယားလိဂ်ကို ယှဉ်ပြိုင်ကစားခဲ့တဲ့ ရုရှားပြည်တွင်းကလပ်တွေကိုတော့ တမင် ပြစ်ဒဏ်ချတဲ့အနေနဲ့ ဖီဖာဘက်က ယူကရိန်းကလပ်ကစားသမားတွေကို ခွင့်ပေးသလိုမျိုးပဲ တူညီတဲ့ အသင်းသစ်ရှာဖွေခွင့်နဲ့ စာချုပ်ဖျက်သိမ်းခွင့်ကို ပေးခဲ့ပြန်သလို ကြေငြာချက်လည်း တရားဝင် ထုတ်ပြန်ပေးခဲ့ပါတယ်။

ဖီဖာ Website က ကြေငြာချက်မှာတော့ “ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအပြီးမှာ လူသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရပြီးနောက်ပိုင်းမှာတော့ ယူအေးဖားနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ကစားသမားအပြောင်းအရွှေ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ချက် စတင်ခဲ့ပါတယ်”လို့ အစချီပြီး ပါရှိခဲ့သလို ကစားသမားတွေနဲ့ နည်းပြတွေကို ထွက်ခွာခွင့် ပေးထားတယ်လို့ ဆိုခဲ့ပါတယ်။

ဖီဖာ၊ ယူအေးဖားတို့အနေနဲ့ လက်ရှိအချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရုရှားကလပ်တွေနဲ့ ကစားသမား၊ နည်းပြတွေရဲ့ စာချုပ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘဲ Free Agent တွေအဖြစ် ယူဆသွားမှာဖြစ်တယ်လို့ ဆိုထားပြီး မတ်လ ၁၀ ရက်နေ့ကနေ အဲ့ဒီအချိန်အထိ အခွင့်ပေးသွားမယ့် အပြောင်းအရွှေ့ကာလသစ်မှာ သူတို့တွေအနေနဲ့ အသင်းသစ်တွေ ရှာဖွေနိုင်တယ်လို့ ထုတ်ပြန်သွားခဲ့တာပါ။

လက်ရှိအချိန်အထိ ရုရှားနိုင်ငံကနေလည်း ယူကရိန်းနောက်ခံလူတစ်ဦးဖြစ်တဲ့ ယာရိုဆလပ်ဗ် ရာကစ်စကီး အပါအဝင် ကစားသမားတချို့ ထွက်ခွာသွားခဲ့ကြပြီဖြစ်ပြီး ဖီဖာရဲ့ ဒီကြေငြာချက်မှာ အကျုံးဝင်နေတဲ့ ကစားသမားပေါင်းလည်း ၁၂၀ လောက် ရှိနေတာကြောင့် သူတို့တွေအနေနဲ့ ဒီကာလတိုအတွင်းမှာ အသင်းသစ်တွေကို ရှာဖွေခွင့် ရှိမှာဖြစ်ပြီး အပြောင်းအရွှေ့ ပိတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ ဥရောပနိုင်ငံတွေနဲ့တော့ ဘယ်လိုမျိုး ထပ်မံ ညှိနှိုင်းခွင့်ရှိဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူကရိန္းေျမကို ႐ုရွားႏိုင္ငံရဲ႕ က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔အတူ စစ္ပြဲႀကီးျဖစ္ပြားေနခဲ့ခ်ိန္မွာ ႏွစ္ႏိုင္ငံလုံးမွာ ရွိေနၿပီး ေဘာလုံးကစားေနၾကတဲ့ ႏိုင္ငံျခားသား ကစားသမားေတြအေနနဲ႔ စိုးရိမ္မႈေတြ ျမင့္တက္ေနၾကၿပီး သူတို႔ရဲ႕ ဒီႏိုင္ငံေတြက အလုပ္အကိုင္ကို ဆက္လက္ေရွ႕တိုးဖို႔အတြက္ ခ်ီတုံခ်တုံျဖစ္ေနၾကခ်ိန္မွာ FIFA နဲ႔ UEFA တို႔ဘက္က သူတို႔ေတြအတြက္ စီစဥ္ေပးခဲ့ၿပီျဖစ္ပါတယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ေၾကာင့္ ယူကရိန္းက ေဘာလုံးပြဲေတြအားလုံး မကစားႏိုင္ေတာ့ဘဲ ရပ္တန႔္ခဲ့ရခ်ိန္မွာ ရွက္ခ္တာ ဒိုးနက္ခ္စ္နဲ႔ ဒီနာမိုကိဗ္တို႔လို အသင္းႀကီးေတြမွာ အထူးသျဖင့္ ဘရာဇီးလ္သား ေဘာလုံးသမားေတြ ပိတ္မိခဲ့ၾကၿပီး လက္ရွိအခ်ိန္အထိ ကစားသမား ဒါဇင္ေပါင္းမ်ားစြာကလည္း ႏိုင္ငံတြင္းက ထြက္ေျပးခဲ့ၾကရတာပါ။

ရွက္ခ္တာနဲ႔ ဒီနာမိုအျပင္ က်န္တဲ့ အသင္းလတ္ေတြထဲမွာေတာ့ ဒနီပ႐ို၊ မက္တယ္လစ္ ခါခိဗ္နဲ႔ ေဇာ္ယာ လူဟန႔္စ္ခ္တို႔မွာလည္း ဘရာဇီးလ္နဲ႔ တျခားႏိုင္ငံသားမ်ားစြာ ပါဝင္ေနၾကၿပီး ဖီဖာနဲ႔ ယူေအးဖားတို႔ဘက္ကေတာ့ ယူကရိန္းႏိုင္ငံသား မဟုတ္သူေတြအားလုံးအေနနဲ႔ သူတို႔ရဲ႕ စာခ်ဳပ္ေတြကို ေမ့ပစ္ၿပီး အသင္းသစ္ ရွာေဖြႏိုင္ဖို႔ ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

စစ္ပြဲဆင္ႏႊဲေနမယ့္ ႏိုင္ငံတြင္းမွာေတာ့ ၿငိမ္းခ်မ္းေနၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြကမွ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ကို ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႐ုရွားျပည္တြင္းကလပ္ေတြကိုေတာ့ တမင္ ျပစ္ဒဏ္ခ်တဲ့အေနနဲ႔ ဖီဖာဘက္က ယူကရိန္းကလပ္ကစားသမားေတြကို ခြင့္ေပးသလိုမ်ိဳးပဲ တူညီတဲ့ အသင္းသစ္ရွာေဖြခြင့္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခြင့္ကို ေပးခဲ့ျပန္သလို ေၾကျငာခ်က္လည္း တရားဝင္ ထုတ္ျပန္ေပးခဲ့ပါတယ္။

ဖီဖာ Website က ေၾကျငာခ်က္မွာေတာ့ “႐ုရွားရဲ႕ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈအၿပီးမွာ လူသားေတြအတြက္ ႀကီးမားတဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနခဲ့ရၿပီးေနာက္ပိုင္းမွာေတာ့ ယူေအးဖားနဲ႔ ေဆြးေႏြးညႇိႏႈိင္းခဲ့ၿပီး ကစားသမားအေျပာင္းအေ႐ႊ႕ လုပ္ထုံးလုပ္နည္းေတြကို ျပင္ဆင္ေပးဖို႔ ဆုံးျဖတ္ခ်က္ စတင္ခဲ့ပါတယ္”လို႔ အစခ်ီၿပီး ပါရွိခဲ့သလို ကစားသမားေတြနဲ႔ နည္းျပေတြကို ထြက္ခြာခြင့္ ေပးထားတယ္လို႔ ဆိုခဲ့ပါတယ္။

ဖီဖာ၊ ယူေအးဖားတို႔အေနနဲ႔ လက္ရွိအခ်ိန္ကေန ၂၀၂၂ ခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔အထိ ႐ုရွားကလပ္ေတြနဲ႔ ကစားသမား၊ နည္းျပေတြရဲ႕ စာခ်ဳပ္ကို အသိအမွတ္ျပဳမွာ မဟုတ္ဘဲ Free Agent ေတြအျဖစ္ ယူဆသြားမွာျဖစ္တယ္လို႔ ဆိုထားၿပီး မတ္လ ၁၀ ရက္ေန႔ကေန အဲ့ဒီအခ်ိန္အထိ အခြင့္ေပးသြားမယ့္ အေျပာင္းအေ႐ႊ႕ကာလသစ္မွာ သူတို႔ေတြအေနနဲ႔ အသင္းသစ္ေတြ ရွာေဖြႏိုင္တယ္လို႔ ထုတ္ျပန္သြားခဲ့တာပါ။

လက္ရွိအခ်ိန္အထိ ႐ုရွားႏိုင္ငံကေနလည္း ယူကရိန္းေနာက္ခံလူတစ္ဦးျဖစ္တဲ့ ယာ႐ိုဆလပ္ဗ္ ရာကစ္စကီး အပါအဝင္ ကစားသမားတခ်ိဳ႕ ထြက္ခြာသြားခဲ့ၾကၿပီျဖစ္ၿပီး ဖီဖာရဲ႕ ဒီေၾကျငာခ်က္မွာ အက်ဳံးဝင္ေနတဲ့ ကစားသမားေပါင္းလည္း ၁၂၀ ေလာက္ ရွိေနတာေၾကာင့္ သူတို႔ေတြအေနနဲ႔ ဒီကာလတိုအတြင္းမွာ အသင္းသစ္ေတြကို ရွာေဖြခြင့္ ရွိမွာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ ပိတ္သိမ္းသြားခဲ့ၿပီျဖစ္တဲ့ ဥေရာပႏိုင္ငံေတြနဲ႔ေတာ့ ဘယ္လိုမ်ိဳး ထပ္မံ ညႇိႏႈိင္းခြင့္ရွိဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.