Formula1 International

မာဇီပင်နဲ့ ရုရှားကုမ္ပဏီကို စာချုပ်ဖျက်ပြီး ကန်ထုတ်ခဲ့တဲ့ ဟာ့စ်ဖော်မြူလာဝမ်းအသင်း

အမေရိကန်ဖော်မြူလာဝမ်းအသင်း ဟာ့စ်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူတို့ရဲ့ ကားမောင်းသမား နီကီတာ မာဇီပင်ကို ဗြိတိန် စက်တပ် အားကစားအဖွဲ့ချုပ်ဘက်က ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့အပြီးမှာတော့ သူတို့အသင်းဘက်ကလည်း နောက်ဖြစ်လာနိုင်တဲ့ အငြင်းပွားဖွယ်ရာ အကျိုးဆက်တွေကို ကြိုတင်ရှောင်ရှားဖို့ ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။

ဟာ့စ်အသင်းအနေနဲ့ အသင်းကို စပွန်ဆာပေးထားတဲ့ ရုရှားကုမ္ပဏီ ယူရယ်လ်ကာလီကို ယူကရိန်းနိုင်ငံကို စစ်ပြုကျူးကျော်ခံရတဲ့နေ့ကစပြီး အမှတ်တံဆိပ်တွေကို မဖော်ပြတော့ဘဲ ရာသီကြို စမ်းသပ်မောင်းနှင်မှုတွေမှာ ကားရဲ့ မူလအရောင်အဖြူသက်သက်ကို သုံးစွဲသွားခဲ့သလို လက်ရှိမှာတော့ လက်တွဲဖြုတ်ဖို့ ရွေးချယ်လိုက်တာပါ။

အမေရိကန်နိုင်ငံအလံအောက်မှာ ယှဉ်ပြိုင်နေတဲ့ အသင်းအတွက်တော့ ရုရှားတွေကို ဒီလိုလုပ်လာနိုင်တယ်ဆိုတာ အားလုံးက ကြိုတင်ခန့်မှန်းထားခဲ့ကြတာဖြစ်ပြီး ဒီနေ့ မတ်လ ၅ ရက်နေ့မှာပဲ ဓာတ်မြေဩဇာကုမ္ပဏီ ယူရယ်လ်ကာလီနဲ့ လမ်းခွဲခဲ့ပြီဖြစ်သလို မာဇီပင်ရဲ့ စာချုပ်ကိုလည်း တစ်ပါတည်း ဖျက်သိမ်းသွားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာစက်တပ်ယာဉ်များအဖွဲ့ချုပ် FIA က ဘယ်လိုပဲ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံသားတွေအနေနဲ့ သူတို့အလံကို သုံးစွဲခြင်း မပြုဘဲ ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပေးထားခဲ့ပေမယ့် အားကစားလောကရဲ့ နေရာတကာမှာတော့ ဆန့်ကျင်မှုတွေ မြင့်တက်နေပြီး မာဇီပင်နဲ့ သူ့ဖခင် ဒီမီထရီ ပိုင်ဆိုင်တဲ့ ယူရယ်လ်ကာလီနဲ့ ဆက်ဆံရေးကို ချက်ချင်းပဲ အဆုံးသတ်လိုက်တာပါ။

ဟာ့စ်အသင်းအနေနဲ့ စစချင်းကတည်းက ရုရှားရဲ့ ကျူးကျော်စစ်ကို စပွန်ဆာဖြုတ်ချခြင်းနဲ့ ဆန့်ကျင်ခဲ့သလို လက်ရှိမှာတော့ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး သူတို့အသင်းအနေနဲ့ ဖော်မြူလာဝမ်းအဖွဲ့အစည်းနဲ့အတူ ယူကရိန်းနိုင်ငံအတွက် ဝမ်းနည်းကြေကွဲမှုကို ပြသလိုက်သလို အမြန်ဆုံး ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ကြောင်းလည်း တရားဝင် ထုတ်ပြသွားခဲ့ပါတယ်။

ရာသီကြို စမ်းသပ်မှုတွေမှာကတည်း ဟာ့စ်အသင်းအနေနဲ့ မာဇီပင်ကိုသာ အကြောင်းကြောင်းကြောင့် ထုတ်ပယ်ဖြစ်ခဲ့ရင် အစားထိုးဖို့ အရန်ကားမောင်းသမား ပီယက်ထရို ဖစ်တီပယ်လ်ဒီကို ဖော်ပြထားခဲ့သလို ရုရှားဒရိုက်ဘာသာ မမောင်းနှင်နိုင်ခဲ့ရင် ဖော်ပြပါ ဘရာဇီးလ်သားကို အဆင်သင့် အနေအထားမှာ ထားရှိခဲ့တယ်လို့ ဆိုခဲ့တာပါ။

ပီယက်ထရို ဖစ်တီပယ်လ်ဒီကတော့ ဖော်မြူလာဝမ်းမှာ ၁၉၇၀ နဲ့ ၈၀ ခုနှစ်တွေမှာ နာမည်ကြီးဖြစ်ခဲ့ပြီး လိုးတပ်စ်နဲ့ မာလ်ဘိုရိုအသင်းတွေနဲ့အတူ ၁၉၇၂ နဲ့ ၇၄ ခုနှစ်တွေမှာ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့တဲ့ ဂန္ထဝင် အီမာဆန် ဖစ်တီပယ်လ်ဒီရဲ့ မြေးဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ၂၀၂၀ ရာသီမှာ ပြင်သစ်ဒရိုက်ဘာ ရိုမန် ဂရော့စ်ယွန်းရဲ့ နေရာမှာ ပြိုင်ပွဲနှစ်ပွဲ ဝင်ရောက်မောင်းနှင်ထားဖူးသူဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အေမရိကန္ေဖာ္ျမဴလာဝမ္းအသင္း ဟာ့စ္အေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက သူတို႔ရဲ႕ ကားေမာင္းသမား နီကီတာ မာဇီပင္ကို ၿဗိတိန္ စက္တပ္ အားကစားအဖြဲ႕ခ်ဳပ္ဘက္က ၿပိဳင္ပြဲဝင္ခြင့္ ပိတ္ပင္ခဲ့အၿပီးမွာေတာ့ သူတို႔အသင္းဘက္ကလည္း ေနာက္ျဖစ္လာႏိုင္တဲ့ အျငင္းပြားဖြယ္ရာ အက်ိဳးဆက္ေတြကို ႀကိဳတင္ေရွာင္ရွားဖို႔ ဆုံးျဖတ္လိုက္ၿပီပဲျဖစ္ပါတယ္။

ဟာ့စ္အသင္းအေနနဲ႔ အသင္းကို စပြန္ဆာေပးထားတဲ့ ႐ုရွားကုမၸဏီ ယူရယ္လ္ကာလီကို ယူကရိန္းႏိုင္ငံကို စစ္ျပဳက်ဴးေက်ာ္ခံရတဲ့ေန႔ကစၿပီး အမွတ္တံဆိပ္ေတြကို မေဖာ္ျပေတာ့ဘဲ ရာသီႀကိဳ စမ္းသပ္ေမာင္းႏွင္မႈေတြမွာ ကားရဲ႕ မူလအေရာင္အျဖဴသက္သက္ကို သုံးစြဲသြားခဲ့သလို လက္ရွိမွာေတာ့ လက္တြဲျဖဳတ္ဖို႔ ေ႐ြးခ်ယ္လိုက္တာပါ။

အေမရိကန္ႏိုင္ငံအလံေအာက္မွာ ယွဥ္ၿပိဳင္ေနတဲ့ အသင္းအတြက္ေတာ့ ႐ုရွားေတြကို ဒီလိုလုပ္လာႏိုင္တယ္ဆိုတာ အားလုံးက ႀကိဳတင္ခန႔္မွန္းထားခဲ့ၾကတာျဖစ္ၿပီး ဒီေန႔ မတ္လ ၅ ရက္ေန႔မွာပဲ ဓာတ္ေျမဩဇာကုမၸဏီ ယူရယ္လ္ကာလီနဲ႔ လမ္းခြဲခဲ့ၿပီျဖစ္သလို မာဇီပင္ရဲ႕ စာခ်ဳပ္ကိုလည္း တစ္ပါတည္း ဖ်က္သိမ္းသြားခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံတကာစက္တပ္ယာဥ္မ်ားအဖြဲ႕ခ်ဳပ္ FIA က ဘယ္လိုပဲ ႐ုရွားနဲ႔ ဘယ္လာ႐ုစ္ႏိုင္ငံသားေတြအေနနဲ႔ သူတို႔အလံကို သုံးစြဲျခင္း မျပဳဘဲ ယွဥ္ၿပိဳင္ဖို႔ အခြင့္အေရး ေပးထားခဲ့ေပမယ့္ အားကစားေလာကရဲ႕ ေနရာတကာမွာေတာ့ ဆန႔္က်င္မႈေတြ ျမင့္တက္ေနၿပီး မာဇီပင္နဲ႔ သူ႔ဖခင္ ဒီမီထရီ ပိုင္ဆိုင္တဲ့ ယူရယ္လ္ကာလီနဲ႔ ဆက္ဆံေရးကို ခ်က္ခ်င္းပဲ အဆုံးသတ္လိုက္တာပါ။

ဟာ့စ္အသင္းအေနနဲ႔ စစခ်င္းကတည္းက ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ကို စပြန္ဆာျဖဳတ္ခ်ျခင္းနဲ႔ ဆန႔္က်င္ခဲ့သလို လက္ရွိမွာေတာ့ ျပတ္ျပတ္သားသား ရပ္တည္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ၿပီး သူတို႔အသင္းအေနနဲ႔ ေဖာ္ျမဴလာဝမ္းအဖြဲ႕အစည္းနဲ႔အတူ ယူကရိန္းႏိုင္ငံအတြက္ ဝမ္းနည္းေၾကကြဲမႈကို ျပသလိုက္သလို အျမန္ဆုံး ၿငိမ္းခ်မ္းေရးရဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း တရားဝင္ ထုတ္ျပသြားခဲ့ပါတယ္။

ရာသီႀကိဳ စမ္းသပ္မႈေတြမွာကတည္း ဟာ့စ္အသင္းအေနနဲ႔ မာဇီပင္ကိုသာ အေၾကာင္းေၾကာင္းေၾကာင့္ ထုတ္ပယ္ျဖစ္ခဲ့ရင္ အစားထိုးဖို႔ အရန္ကားေမာင္းသမား ပီယက္ထ႐ို ဖစ္တီပယ္လ္ဒီကို ေဖာ္ျပထားခဲ့သလို ႐ုရွားဒ႐ိုက္ဘာသာ မေမာင္းႏွင္ႏိုင္ခဲ့ရင္ ေဖာ္ျပပါ ဘရာဇီးလ္သားကို အဆင္သင့္ အေနအထားမွာ ထားရွိခဲ့တယ္လို႔ ဆိုခဲ့တာပါ။

ပီယက္ထ႐ို ဖစ္တီပယ္လ္ဒီကေတာ့ ေဖာ္ျမဴလာဝမ္းမွာ ၁၉၇၀ နဲ႔ ၈၀ ခုႏွစ္ေတြမွာ နာမည္ႀကီးျဖစ္ခဲ့ၿပီး လိုးတပ္စ္နဲ႔ မာလ္ဘို႐ိုအသင္းေတြနဲ႔အတူ ၁၉၇၂ နဲ႔ ၇၄ ခုႏွစ္ေတြမွာ ကမာၻ႔ခ်န္ပီယံႏွစ္ႀကိမ္ျဖစ္ခဲ့တဲ့ ဂႏၴဝင္ အီမာဆန္ ဖစ္တီပယ္လ္ဒီရဲ႕ ေျမးျဖစ္ၿပီး ဒီၿပိဳင္ပြဲရဲ႕ ၂၀၂၀ ရာသီမွာ ျပင္သစ္ဒ႐ိုက္ဘာ ႐ိုမန္ ဂေရာ့စ္ယြန္းရဲ႕ ေနရာမွာ ၿပိဳင္ပြဲႏွစ္ပြဲ ဝင္ေရာက္ေမာင္းႏွင္ထားဖူးသူျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.