International Other

ရုရှားကို ကမ္ဘာ့ဖလားက ကန်ထုတ်ပြီး ပိုလန်ကို play-off ဗိုလ်လုပွဲ ပို့ပေးလိုက်တဲ့ ဖီဖာ

ဖီဖာဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်ကစားနေတဲ့ အဆင့်ကနေ ရုရှားကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ကျူးကျော်စစ်ပွဲဖြစ်နေချိန်အတွင်းမှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်ပြီး ပိုလန်အသင်းက မတ်လ ၂၉ ရက်နေ့မှာ လမ်းကြောင်း B play-off ဗိုလ်လုပွဲကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပိုလန်ဟာ play-off ဆီမီးဖိုင်နယ်အဆင့်မှာ ရုရှားနဲ့ ရင်ဆိုင်ဖို့ စီစဉ်ခြင်း ခံခဲ့ရတာဖြစ်ပမေယ့်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ပိုလန် အက်ဖ်အေနဲ့ ကစားသမားတွေဟာ ၎င်းတို့အနေနဲ့ ရုရှားနဲ့ မကစားချင်ကြောင်း ရှင်းရှင်းလင်းလင်း သိအောင် ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

ပိုလန်ဟာ လက်ရှိမှာတော့ playoff ဗိုလ်လုပွဲမှာ ဆွီဒင် သို့မဟုတ် ချက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ဖီဖာက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ”ဖေဖော်ဝါရီ ၂၈ ရက်နေ့က ယူအီးအက်ဖ်အေ အလုပ်အမှုဆောင်ကော်မတီနဲ့အတူ ပူးတွဲဆုံးဖြတ်ချက်အရ ရုရှားအသင်းအားလုံးကို ဖီဖာနဲ့ ယူအီးအက်ဖ်အေပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို နောက်ထပ် ထုတ်ပြန်ကြေညာမှုတွေ မရှိမချင်း ဆိုင်းငံ့လိုက်ပါတယ်။ ဖီဖာအဖွဲ့အစည်းကော်မတီဗျူရိုက ပိုလန်အနေနဲ့ မတ်လ ၂၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လမ်းကြောင်း B ဗိုလ်လုပွဲကို နုတ်ဆက်ရမှာဖြစ်ပြီး ဆွီဒင်နဲ့ ချက်တို့ပွဲစဉ်က အနိုင်ရသူနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

ဖီဖာဟာ ယူကရိန်းနဲ့ စကော့တလန်တို့ရဲ့ Play-off ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့လည်း အတည်ပြုပြောကြားခဲ့ပေမယ့်လည်း ဝေးလ်နဲ့ သြစတြီယားတို့ရဲ့ ပွဲစဉ်ကတော့ စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ “မတ်လ ၃ ရက်နေ့မှာ ယူကရိန်း ဘောလုံးအဖွဲ့ချုပ်က ဖီဖာကို စာရေးပြီး လက်ရှိ အခြေအနေတွေအောက်မှာ အသင်းကို လေ့ကျင့်ဖို့ရော ခရီးထွက်ဖို့ပါ စုဖွဲ့ဖို့ မဖြစ်နိုင်တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်ပွဲစဉ်တွေအတွက် အချိန်ပြန်လည် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ယူအီးအက်ဖ်အေနဲ့ တိုင်ပင်ပြီးနောက်ပိုင်းမှာ ဥရောပဝင်ခွင့် Play-off လမ်းကြောင်း A မှာ ပါဝင်တဲ့ အဖွဲ့ဝင် ၄ သင်းစလုံးဟာ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်ကို ပြသတဲ့အနေနဲ့ ဒီတောင်းဆိုမှုကို လက်ခံခဲ့ပါတယ်”

“ကနဦးတုန်းက ၂၄ ရက်နေ့ မတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စကော့တလန်နဲ့ ယူကရိန်းတို့ပွဲစဉ်ဟာ လက်ရှိမှာတော့ ဇွန်လအထိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပြီး တဆက်တည်းအနေနဲ့ စကော့တတလန်နဲ့ ယူကရိန်း၊ ဝေးလ်နဲ့ သြစတြီးယားတို့ထဲက အနိုင်ရရှိသူတွေ တွေ့ဆုံမယ့်ပွဲစဉ်ဟာလည်း တူညီတဲ့အချိန်(ဇွန်လ)အတိုင်း ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်”

“ဝေးလ်နဲ့ သြစတြီးယားတို့ပွဲစဉ်ကတော့ ဇွန်လအချိန်ကာလအတွက် စီစဉ်ထားပြီးသားဖြစ်တဲ့ ပြိုင်ပွဲ ပွဲစဉ်တွေကို အနှောက်အယှက်ဖြစ်လာနိုင်တာမျိုးကို ကန့်သတ်တဲ့အနေနဲ့ ၂၄ မတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ဆက်လက်ယှဉ်ပြိုင်ကစားစေမယ်လို့ နောက်ထပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ မတ်လအချိန်အတွင်း အကျိုးသက်ရောက်မှုခံခဲ့ရတဲ့အသင်းတွေအတွက် အစားထိုးပြိုင်ပွဲတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရှာဖွေသွားမှာဖြစ်ပါတယ်”

“အလားတူပဲ ပြန်လည်စီစဉ်ထားတဲ့ ပွဲစဉ်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို အချိန်နှင့်တပြေးညီ ကြေညာသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အပြီးသတ်တာနဲ့ သက်ဆိုင်ရာအသင်းတွေအတွက် လိုအပ်သလို ဇွန်လနိုင်ငံတကာပွဲစဉ်ပြက္ခဒိန်မှာ ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖီဖာဟာ ၂၀၂၂ ကာတာ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ဝင္ခြင့္ကစားေနတဲ့ အဆင့္ကေန ႐ုရွားကို ဖယ္ရွားလိုက္ၿပီျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းမွာ ျဖစ္ပြားေနတဲ့ က်ဴးေက်ာ္စစ္ပြဲျဖစ္ေနခ်ိန္အတြင္းမွာ ဒီဆုံးျဖတ္ခ်က္ကို ခ်မွတ္လိုက္တာျဖစ္ၿပီး ပိုလန္အသင္းက မတ္လ ၂၉ ရက္ေန႔မွာ လမ္းေၾကာင္း B playoff ဗိုလ္လုပြဲကို ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ပိုလန္ဟာ playoff ဆီမီးဖိုင္နယ္အဆင့္မွာ ႐ုရွားနဲ႔ ရင္ဆိုင္ဖို႔ စီစဥ္ျခင္း ခံခဲ့ရတာျဖစ္ပေမယ့္လည္း ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ပိုင္း ပိုလန္ အက္ဖ္ေအနဲ႔ ကစားသမားေတြဟာ ၎တို႔အေနနဲ႔ ႐ုရွားနဲ႔ မကစားခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္း သိေအာင္ ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ။္

ပိုလန္ဟာ လက္ရွိမွာေတာ့ playoff ဗိုလ္လုပြဲမွာ ဆြီဒင္ သို႔မဟုတ္ ခ်က္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး ဖီဖာက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ထဲမွာ”ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ယူအီးအက္ဖ္ေအ အလုပ္အမႈေဆာင္ေကာ္မတီနဲ႔အတူ ပူးတြဲဆုံးျဖတ္ခ်က္အရ ႐ုရွားအသင္းအားလုံးကို ဖီဖာနဲ႔ ယူအီးအက္ဖ္ေအၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကို ေနာက္ထပ္ ထုတ္ျပန္ေၾကညာမႈေတြ မရွိမခ်င္း ဆိုင္းငံ့လိုက္ပါတယ္။ ဖီဖာအဖြဲ႕အစည္းေကာ္မတီဗ်ဴရိုက ပိုလန္အေနနဲ႔ မတ္လ ၂၉ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ လမ္းေၾကာင္း B ဗိုလ္လုပြဲကို ႏုတ္ဆက္ရမွာျဖစ္ၿပီး ဆြီဒင္နဲ႔ ခ်က္တို႔ပြဲစဥ္က အနိုင္ရသူနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္”လို႔ ေရးသားထားပါတယ္။

ဖီဖာဟာ ယူကရိန္းနဲ႔ စေကာ့တလန္တို႔ရဲ့ Play-off ဆီမီးဖိုင္နယ္ပြဲစဥ္ကို ဆိုင္းငံ့လိုက္တယ္လို႔လည္း အတည္ျပဳေျပာၾကားခဲ့ေပမယ့္လည္း ေဝးလ္နဲ႔ ၾသစႀတီယားတို႔ရဲ့ ပြဲစဥ္ကေတာ့ စီစဥ္ထားတဲ့အတိုင္း က်င္းပသြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ “မတ္လ ၃ ရက္ေန႔မွာ ယူကရိန္း ေဘာလုံးအဖြဲ႕ခ်ဳပ္က ဖီဖာကို စာေရးၿပီး လက္ရွိ အေျခအေနေတြေအာက္မွာ အသင္းကို ေလ့က်င့္ဖို႔ေရာ ခရီးထြက္ဖို႔ပါ စုဖြဲ႕ဖို႔ မျဖစ္နိုင္တာေၾကာင့္ ကမၻာ့ဖလားဝင္ခြင့္ပြဲစဥ္ေတြအတြက္ အခ်ိန္ျပန္လည္ သတ္မွတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ယူအီးအက္ဖ္ေအနဲ႔ တိုင္ပင္ၿပီးေနာက္ပိုင္းမွာ ဥေရာပဝင္ခြင့္ Play-off လမ္းေၾကာင္း A မွာ ပါဝင္တဲ့ အဖြဲ႕ဝင္ ၄ သင္းစလုံးဟာ စည္းလုံးညီညြတ္တဲ့ စိတ္ဓာတ္ကို ျပသတဲ့အေနနဲ႔ ဒီေတာင္းဆိုမႈကို လက္ခံခဲ့ပါတယ္”

“ကနဦးတုန္းက ၂၄ ရက္ေန႔ မတ္လမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ စေကာ့တလန္နဲ႔ ယူကရိန္းတို႔ပြဲစဥ္ဟာ လက္ရွိမွာေတာ့ ဇြန္လအထိ ေရႊ႕ဆိုင္းလိုက္ၿပီျဖစ္ၿပီး တဆက္တည္းအေနနဲ႔ စေကာ့တတလန္နဲ႔ ယူကရိန္း၊ ေဝးလ္နဲ႔ ၾသစႀတီးယားတို႔ထဲက အနိုင္ရရွိသူေတြ ေတြ႕ဆုံမယ့္ပြဲစဥ္ဟာလည္း တူညီတဲ့အခ်ိန္(ဇြန္လ)အတိုင္း ေရႊ႕ဆိုင္းသြားမွာျဖစ္ပါတယ္”

“ေဝးလ္နဲ႔ ၾသစႀတီးယားတို႔ပြဲစဥ္ကေတာ့ ဇြန္လအခ်ိန္ကာလအတြက္ စီစဥ္ထားၿပီးသားျဖစ္တဲ့ ၿပိဳင္ပြဲ ပြဲစဥ္ေတြကို အေႏွာက္အယွက္ျဖစ္လာနိုင္တာမ်ိဳးကို ကန႔္သတ္တဲ့အေနနဲ႔ ၂၄ မတ္လမွာ က်င္းပဖို႔ စီစဥ္ထားတဲ့အတိုင္း ဆက္လက္ယွဥ္ၿပိဳင္ကစားေစမယ္လို႔ ေနာက္ထပ္ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ မတ္လအခ်ိန္အတြင္း အက်ိဳးသက္ေရာက္မႈခံခဲ့ရတဲ့အသင္းေတြအတြက္ အစားထိုးၿပိဳင္ပြဲေတြကို သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက ရွာေဖြသြားမွာျဖစ္ပါတယ္”

“အလားတူပဲ ျပန္လည္စီစဥ္ထားတဲ့ ပြဲစဥ္ေတြရဲ့ အေသးစိတ္အခ်က္အလက္ေတြကို အခ်ိန္ႏွင့္တေျပးညီ ေၾကညာသြားမွာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို အၿပီးသတ္တာနဲ႔ သက္ဆိုင္ရာအသင္းေတြအတြက္ လိုအပ္သလို ဇြန္လနိုင္ငံတကာပြဲစဥ္ျပကၡဒိန္မွာ ျပန္လည္ျပင္ဆင္သြားမွာျဖစ္ပါတယ္”လို႔ ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.