Match Report Premier League

ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ အိမ္ကြင္းမွာ ဂိုးျပတ္ႏုိင္ပြဲ ရွာေဖြခဲ့တဲ့ ဝုလ္ဗ္စ္

ပရီးမီးယားလိဂ္မွာ လူ႐ိုေသရွင္႐ိုေသ အသင္းတစ္သင္းအျဖစ္ ရပ္တည္ႏုိင္ခဲ့ၿပီျဖစ္ၿပီး ယူ႐ိုပါလိဂ္မွာလည္း ကြာတားဖိုင္နယ္ကို ေရာက္ဖို႔ အေျခအေနေကာင္းေနခဲ့တဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းအေနနဲ႔ ဒီေန႔မွာ လာမယ့္ရာသီဥေရာပဝင္ခြင့္အတြက္ အဲဗာတန္ကို သုံးဂိုး-ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသား အႏုိင္ယူႏုိင္ခဲ့ပါတယ္။

ပြဲစတာနဲ႔ ဝုလ္ဗ္စ္တုိ႔ ကစားကြက္ေကာင္းေကာင္းနဲ႔ ဖိကစားေနၿပီး တုိက္စစ္ဘယ္ေတာင္ပံမွာ ပါဝင္လာတဲ့ ပိုဒင့္စ္ရဲ႕ ထိုးေဖာက္မွဳေတြက အဲဗာတန္အတြက္ ကာကြယ္ရ ခက္ခဲခဲ့ၿပီး သူတုိ႔ေတြအေနနဲ႔ တန္ျပန္တုိက္စစ္ကိုသာ အဓိက အားကိုးကစားေနခဲ့ရပါတယ္။ ဟီမီနက္ဇ္ကို အလြတ္မေပးဘဲ ထိန္းခ်ဳပ္ေနခဲ့ၾကလို႔ ဝုလ္ဗ္စ္တုိ႔ ထုိးေဖာက္ရခက္ခဲခဲ့ၿပီး ပထမပုိင္းၿပီးခါနီးမွ ပင္နယ္တီကေန ဂိုးရခဲ့တာပါ။

ဒီပင္နယ္တီကေတာ့ ခံစစ္သမားေတြ အမုန္းဆုံးအေနအထားလုိ႔ ေျပာလို႔ရၿပီး ဒိုင္လူႀကီးေတြ မ်က္ႏွာသာေပးေစမယ့္ Roulette လုိ႔ေခၚတဲ့ ေဘာလုံးေပၚမွာ ကိုယ္တစ္ပတ္လွည့္ၿပီး ဆြဲယူမွဳနဲ႔ ဂိုးဧရိယာထဲ ဝင္လာခဲ့တဲ့ ပုိဒင့္စ္ကုိ ဒီညီ ဖ်က္ထုတ္ရာမွာ ေဘာလုံးမထိခဲ့လုိ႔ ေပးခဲ့ရတာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၇ မိနစ္မွာ ရရွိခဲ့တဲ့ ဒီအခြင့္အေရးကိုေတာ့ မကၠဆီကန္တုိက္စစ္မွဴး ဟီမီနက္ဇ္က ပစ္ခ္ဖို႔ဒ္ကို လွည့္စားသြားႏုိင္ခဲ့ၿပီး ဂိုးသမား ဒိုက္ပစ္တဲ့ဘက္နဲ႔ မတူညီတဲ့ ဘယ္ဘက္ေထာင့္ထဲကို အသာအယာကန္သြင္းယူၿပီး ပထမပုိင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဝုလ္ဗ္စ္တုိ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းစစခ်င္းမွာပဲ ဝုလ္ဗ္စ္တုိ႔ ေနာက္ထပ္ဂိုးထပ္ရခဲ့ၿပီး ညာျခမ္းက ျပစ္ဒဏ္ေဘာကို ပက္ဒ႐ို နီတုိ ကန္တင္ေပးတာကို ကြင္းလယ္လူ လီယန္ဒန္ ဒန္ဒြန္႔ကာက အဲဗာတန္ေနာက္ခံလူေတြေရွ႕ကေန ေျမေထာက္တုိက္ၿပီး ဂိုးသမား ပစ္ခ္ဖိုဒ္ကို ထပ္မံအႏုိင္ယူၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

အဒါမာ ထရာအုိေရးနဲ႔ မတူဘဲ ေသးငယ္ႀကံ့ခိုင္ၿပီး ဟာဇက္ဆန္တဲ့ ကစားပုံနဲ႔ ေပၚတူဂီေတာင္ပံသမား ပိုဒင့္စ္ဟာ ဝုလ္ဗ္စ္အတြက္ေတာ့ ယုံၾကည္သေလာက္ အက်ဳိးျဖစ္ထြန္းႏုိင္မယ့္သူလုိ႔လည္း ျမင္မိၿပီး ဗလႀကီးဝင္မလာခင္အထိ ေတာက္ေလွ်ာက္ကို သူပဲ ေမႊေႏွာက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အဲဗာတန္ဘယ္ေတာင္ပံကေန ေဘာလုံးကိုင္ကစားေပမယ့္ အပ်က္မ်ားေနခဲ့တဲ့ ဘားနတ္ဆီက ႐ူဘင္ နီဗက္စ္က လုယူၿပီး တင္ေပးလုိက္တဲ့ အေဝးေဘာကို ဂ်ဳိတာက အဲဗာတန္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေျပးထြက္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဝုလ္ဗ္စ္တုိ႔ တတိယဂိုး ထပ္ရခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ တန္ျပန္တုိက္စစ္ကေန ဂ်ဳိတာဆြဲေျပးၿပီး အနိမ့္ေဘာခ်ေပးတာကို လူစားဝင္လာခဲ့တဲ့ ထရာအိုေရး ပိတ္သြင္းတာမွာ ဘားတန္းထိထြက္ခဲ့လို႔ ဝုလ္ဗ္စ္တုိ႔ သုံးဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ ခိုင္မာလာခဲ့သလို အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီကေတာ့ အေျခအေနဆုိးရြားေနတဲ့အသင္းကို လမ္းေၾကာင္းေပၚ ျပန္တင္ေပးဖို႔ ဒီရာသီမွာေတာ့ မစြမ္းႏုိင္ေတာ့ဘူးလို႔ ထင္ျမင္မိေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်မှာ လူရိုသေရှင်ရိုသေ အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို ရောက်ဖို့ အခြေအနေကောင်းနေခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းအနေနဲ့ ဒီနေ့မှာ လာမယ့်ရာသီဥရောပဝင်ခွင့်အတွက် အဲဗာတန်ကို သုံးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ ဝုလ်ဗ်စ်တို့ ကစားကွက်ကောင်းကောင်းနဲ့ ဖိကစားနေပြီး တိုက်စစ်ဘယ်တောင်ပံမှာ ပါဝင်လာတဲ့ ပိုဒင့်စ်ရဲ့ ထိုးဖောက်မှုတွေက အဲဗာတန်အတွက် ကာကွယ်ရ ခက်ခဲခဲ့ပြီး သူတို့တွေအနေနဲ့ တန်ပြန်တိုက်စစ်ကိုသာ အဓိက အားကိုးကစားနေခဲ့ရပါတယ်။ ဟီမီနက်ဇ်ကို အလွတ်မပေးဘဲ ထိန်းချုပ်နေခဲ့ကြလို့ ဝုလ်ဗ်စ်တို့ ထိုးဖောက်ရခက်ခဲခဲ့ပြီး ပထမပိုင်းပြီးခါနီးမှ ပင်နယ်တီကနေ ဂိုးရခဲ့တာပါ။

ဒီပင်နယ်တီကတော့ ခံစစ်သမားတွေ အမုန်းဆုံးအနေအထားလို့ ပြောလို့ရပြီး ဒိုင်လူကြီးတွေ မျက်နှာသာပေးစေမယ့် Roulette လို့ခေါ်တဲ့ ဘောလုံးပေါ်မှာ ကိုယ်တစ်ပတ်လှည့်ပြီး ဆွဲယူမှုနဲ့ ဂိုးဧရိယာထဲ ဝင်လာခဲ့တဲ့ ပိုဒင့်စ်ကို ဒီညီ ဖျက်ထုတ်ရာမှာ ဘောလုံးမထိခဲ့လို့ ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ ရရှိခဲ့တဲ့ ဒီအခွင့်အရေးကိုတော့ မက္ကဆီကန်တိုက်စစ်မှူး ဟီမီနက်ဇ်က ပစ်ခ်ဖို့ဒ်ကို လှည့်စားသွားနိုင်ခဲ့ပြီး ဂိုးသမား ဒိုက်ပစ်တဲ့ဘက်နဲ့ မတူညီတဲ့ ဘယ်ဘက်ထောင့်ထဲကို အသာအယာကန်သွင်းယူပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဝုလ်ဗ်စ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာပဲ ဝုလ်ဗ်စ်တို့ နောက်ထပ်ဂိုးထပ်ရခဲ့ပြီး ညာခြမ်းက ပြစ်ဒဏ်ဘောကို ပက်ဒရို နီတို ကန်တင်ပေးတာကို ကွင်းလယ်လူ လီယန်ဒန် ဒန်ဒွန့်ကာက အဲဗာတန်နောက်ခံလူတွေရှေ့ကနေ မြေထောက်တိုက်ပြီး ဂိုးသမား ပစ်ခ်ဖိုဒ်ကို ထပ်မံအနိုင်ယူပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

အဒါမာ ထရာအိုရေးနဲ့ မတူဘဲ သေးငယ်ကြံ့ခိုင်ပြီး ဟာဇက်ဆန်တဲ့ ကစားပုံနဲ့ ပေါ်တူဂီတောင်ပံသမား ပိုဒင့်စ်ဟာ ဝုလ်ဗ်စ်အတွက်တော့ ယုံကြည်သလောက် အကျိုးဖြစ်ထွန်းနိုင်မယ့်သူလို့လည်း မြင်မိပြီး ဗလကြီးဝင်မလာခင်အထိ တောက်လျှောက်ကို သူပဲ မွှေနှောက်နေခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ အဲဗာတန်ဘယ်တောင်ပံကနေ ဘောလုံးကိုင်ကစားပေမယ့် အပျက်များနေခဲ့တဲ့ ဘားနတ်ဆီက ရူဘင် နီဗက်စ်က လုယူပြီး တင်ပေးလိုက်တဲ့ အဝေးဘောကို ဂျိုတာက အဲဗာတန်နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဝုလ်ဗ်စ်တို့ တတိယဂိုး ထပ်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တန်ပြန်တိုက်စစ်ကနေ ဂျိုတာဆွဲပြေးပြီး အနိမ့်ဘောချပေးတာကို လူစားဝင်လာခဲ့တဲ့ ထရာအိုရေး ပိတ်သွင်းတာမှာ ဘားတန်းထိထွက်ခဲ့လို့ ဝုလ်ဗ်စ်တို့ သုံးဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက် ခိုင်မာလာခဲ့သလို အဲဗာတန်နည်းပြ အန်ဆယ်လော့တီကတော့ အခြေအနေဆိုးရွားနေတဲ့အသင်းကို လမ်းကြောင်းပေါ် ပြန်တင်ပေးဖို့ ဒီရာသီမှာတော့ မစွမ်းနိုင်တော့ဘူးလို့ ထင်မြင်မိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.