Match Report Premier League

ေျခသာေပမယ့္လည္း နည္းျပရဲ႕လိုအပ္ခ်က္ေၾကာင့္ ရွဳံးျပန္တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ဒီတစ္ပတ္မွာေတာ့ ႏုိင္ပြဲေတြကေန သေရ၊ သေရကေန ရွဳံးပြဲဆီ တစ္ပတ္လည္သြားခဲ့ၿပီး နည္းျပ အာတီတာရဲ႕ မွားယြင္းတဲ့ နည္းစနစ္ပုိင္းနဲ႔ ဂိုးမရခ်ိန္မွာ ခံစစ္ကို တုိက္႐ိုက္တန္ျပန္တုိက္စစ္ေတြနဲ႔ ထိုးႏွက္ခဲ့တဲ့ ေမာ္ရင္ညဳိဆီမွာ လက္ေျမႇာက္အရွဳံးေပးခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ မတည္ၿငိမ္မွဳ၊ ကိုလာစီနက္ခ်္ရဲ႕ ဝတ္ေက်တမ္းေက် ကစားမွဳနဲ႔ အာတီတာရဲ႕ နည္းစနစ္ကို အူဘာမီယန္း မလုိက္နာမွဳေတြဟာ ဒီပြဲအတြက္ ရွဳံးဖို႔ လုံေလာက္တဲ့ အေျဖျဖစ္ၿပီး ဂိုးလိုခ်င္လို႔ အတြင္းထဲဝင္ၿပီး ေတာင္ပံမွာ ဆြဲမေျပးေတာ့တဲ့ ဂါဘြန္သားေၾကာင့္ အာဆင္နယ္ရဲ႕ ဘယ္ျခမ္းက လုံးဝအလုပ္မျဖစ္ဘဲ ပ်က္စီးခဲ့ရသလို ဒါကို မျပင္ႏုိင္ဘဲ ခြင့္ျပဳထားခဲ့တဲ့ အာတီတာရဲ႕ စည္းကမ္းမတင္းက်ပ္မွဳလို႔လည္း ျမင္မိပါတယ္။

ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေႏွးေကြးမွဳနဲ႔ မတည္ၿငိမ္မွဳေတြကို အရင္ကတည္းက ခံစစ္မကစားတတ္တဲ့ ကိုလာစီနက္ခ်္က မကူညီႏုိင္ခဲ့သလို ခံစစ္မွာ မူစတာဖီတစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရၿပီး ကြင္းလယ္အဖ်က္စစ္စစ္ မပါတဲ့ အသင္းရဲ႕ ခံစစ္လုိင္းေရွ႕က ကြက္လပ္ေတြကို ေမာ္ရင္ညဳိက အဓိက ထိုးႏွက္ေစခဲ့ရာမွာ အာဆင္နယ္တုိ႔ ဂိုးမရခင္မွာ ဂိုးအရင္ေပးရဖို႔ နီးစပ္ခဲ့ေသးတာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ အာဆင္နယ္တုိ႔ အဖြင့္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကစားပုံညံ့ဖ်င္းေနတဲ့ စပါးညာေနာက္ခံလူ ေအာ္ရီေယးရဲ႕ မေသမသပ္ ဖ်က္ထုတ္ပုံကတစ္ဆင့္ လာကာဇက္က ေဘာလုံးရသြားခဲ့ၿပီး ဂိုးဧရိယာအျပင္ကေန အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးအေပၚေထာင့္ထဲကို ဝင္သြားခဲ့လို႔ လိုရစ္ လုံးဝမဖမ္းႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ သစၥာေဖာက္ေတြမ်ားတဲ့ အာဆင္နယ္အသင္း ဒုကၡေရာက္ခဲ့ၿပီး အမွားမ်ားလြန္းတဲ့ ကိုလာစီနက္ခ်္နဲ႔ ေဒးဗစ္ လူးဝစ္ဇ္ တုိ႔ရဲ႕ ပူးေပါင္းေရာင္းခ်မွဳကေန ဆြန္ေဟာင္မင္ ျဖတ္ယူသြားခဲ့ၿပီး တစ္ေယာက္ခ်င္းဆုိ မဖ်က္တတ္တဲ့ ဘရာဇီးလ္သားေရွ႕ကေန ဂိုးသမား မာတီနက္ဇ္ကို ေက်ာ္သြင္းၿပီး ေခ်ပခဲ့တာျဖစ္ပါတယ္။

ဂိုးလိုခ်င္ေနတဲ့ အူဘာမီယန္းကေတာ့ ဒီေန႔ပြဲမွာ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၿပီး ဖန္တီးမွဳအား မေကာင္းတဲ့ အာဆင္နယ္ေတာင္ပံတုိက္စစ္ေတြက ထြက္လာတဲ့ ရွားရွားပါးပါး ေဘာလုံးေတြကို အဆုံးသတ္မွဳေတြကလည္း တုိင္ထိတာနဲ႔ ဂိုးသမားကာကြယ္တာေလာက္ပဲ ေျပာစရာအျဖစ္ ရွိခဲ့တာပါ။

ဒီေန႔ပြဲမွာ ေတာင္ပံမကစားတဲ့ အူဘာမီယန္းေၾကာင့္ တီယာနီ ဘာမွလုပ္မရေအာင္ က်ပ္ေနခဲ့သလို ဘာမွမဟုတ္တဲ့ အဝါေတြကို ဝယ္ယူခဲ့တဲ့ လာကာဇက္၊ ေပေပတုိ႔ရဲ႕ တုိက္စစ္ေတြကလည္း ပိတ္ဆို႔ေနခဲ့ၿပီး စီဘာေယာ့စ္၊ ခ်ာကာတုိ႔လို ကြင္းလယ္လူေတြရဲ႕ ထိုးေဖာက္မွဳေတြကိုေတာ့ စပါးစ္တို႔ လြယ္လြယ္ကူကူပဲ ရွင္းထုတ္သြားႏုိင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္းပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာရရွိခဲ့ရာမွာ လူကပ္ပုံနဲ႔ Jumping အားနည္းတဲ့ အာဆင္နယ္ခံစစ္ရဲ႕ အမွားကေန စပါးစ္ေနာက္ခံလူ အယ္လ္ဒါဝီရယ္လ္က ခပ္ျမင့္ျမင့္ ေခါင္းခုန္တုိက္ၿပီး အႏုိင္ဂိုးကို သြင္းယူသြားခဲ့လို႔ ၿပဳိင္ဆုိင္မွဳ ျပင္းထန္တယ္ဆုိတာ ဘာလဲလို႔ ေမးယူရမယ့္ ေျမာက္လန္ဒန္ဒါဘီမွာ အိမ္ရွင္ေတြ ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။

ဒီပြဲကို ရွဳံးနိမ့္ခဲ့တဲ့ အာဆင္နယ္တုိ႔ကေတာ့ ဥေရာပဝင္ခြင့္အတြက္ မျဖစ္ႏုိင္ဖို႔က အေလးသာသြားခဲ့ၿပီျဖစ္ၿပီး စိတ္ကူးယဥ္ ကစားကြက္ထဲမွာ စိတ္ကူးယဥ္ထားသေလာက္ အရည္အေသြးမရွိတဲ့ ကစားသမားေတြကို အသုံးျပဳေနခဲ့ရတဲ့ အာတီတာအတြက္ေတာ့ လူေကာင္းေတြ ထပ္ေရာက္မလာခဲ့ရင္ အသင္းႀကီးနည္းျပဆိုတဲ့ ဘဝကပါ ေလွ်ာက်ရဖို႔ ရွိေနၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ်မှာတော့ နိုင်ပွဲတွေကနေ သရေ၊ သရေကနေ ရှုံးပွဲဆီ တစ်ပတ်လည်သွားခဲ့ပြီး နည်းပြ အာတီတာရဲ့ မှားယွင်းတဲ့ နည်းစနစ်ပိုင်းနဲ့ ဂိုးမရချိန်မှာ ခံစစ်ကို တိုက်ရိုက်တန်ပြန်တိုက်စစ်တွေနဲ့ ထိုးနှက်ခဲ့တဲ့ မော်ရင်ညိုဆီမှာ လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ဒေးဗစ် လူးဝစ်ဇ်ရဲ့ မတည်ငြိမ်မှု၊ ကိုလာစီနက်ချ်ရဲ့ ဝတ်ကျေတမ်းကျေ ကစားမှုနဲ့ အာတီတာရဲ့ နည်းစနစ်ကို အူဘာမီယန်း မလိုက်နာမှုတွေဟာ ဒီပွဲအတွက် ရှုံးဖို့ လုံလောက်တဲ့ အဖြေဖြစ်ပြီး ဂိုးလိုချင်လို့ အတွင်းထဲဝင်ပြီး တောင်ပံမှာ ဆွဲမပြေးတော့တဲ့ ဂါဘွန်သားကြောင့် အာဆင်နယ်ရဲ့ ဘယ်ခြမ်းက လုံးဝအလုပ်မဖြစ်ဘဲ ပျက်စီးခဲ့ရသလို ဒါကို မပြင်နိုင်ဘဲ ခွင့်ပြုထားခဲ့တဲ့ အာတီတာရဲ့ စည်းကမ်းမတင်းကျပ်မှုလို့လည်း မြင်မိပါတယ်။

ဒေးဗစ် လူးဝစ်ဇ်ရဲ့ နှေးကွေးမှုနဲ့ မတည်ငြိမ်မှုတွေကို အရင်ကတည်းက ခံစစ်မကစားတတ်တဲ့ ကိုလာစီနက်ချ်က မကူညီနိုင်ခဲ့သလို ခံစစ်မှာ မူစတာဖီတစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး ကွင်းလယ်အဖျက်စစ်စစ် မပါတဲ့ အသင်းရဲ့ ခံစစ်လိုင်းရှေ့က ကွက်လပ်တွေကို မော်ရင်ညိုက အဓိက ထိုးနှက်စေခဲ့ရာမှာ အာဆင်နယ်တို့ ဂိုးမရခင်မှာ ဂိုးအရင်ပေးရဖို့ နီးစပ်ခဲ့သေးတာပါ။

ပွဲချိန် ၁၆ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကစားပုံညံ့ဖျင်းနေတဲ့ စပါးညာနောက်ခံလူ အော်ရီယေးရဲ့ မသေမသပ် ဖျက်ထုတ်ပုံကတစ်ဆင့် လာကာဇက်က ဘောလုံးရသွားခဲ့ပြီး ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးအပေါ်ထောင့်ထဲကို ဝင်သွားခဲ့လို့ လိုရစ် လုံးဝမဖမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ သစ္စာဖောက်တွေများတဲ့ အာဆင်နယ်အသင်း ဒုက္ခရောက်ခဲ့ပြီး အမှားများလွန်းတဲ့ ကိုလာစီနက်ချ်နဲ့ ဒေးဗစ် လူးဝစ်ဇ် တို့ရဲ့ ပူးပေါင်းရောင်းချမှုကနေ ဆွန်ဟောင်မင် ဖြတ်ယူသွားခဲ့ပြီး တစ်ယောက်ချင်းဆို မဖျက်တတ်တဲ့ ဘရာဇီးလ်သားရှေ့ကနေ ဂိုးသမား မာတီနက်ဇ်ကို ကျော်သွင်းပြီး ချေပခဲ့တာဖြစ်ပါတယ်။

ဂိုးလိုချင်နေတဲ့ အူဘာမီယန်းကတော့ ဒီနေ့ပွဲမှာ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြီး ဖန်တီးမှုအား မကောင်းတဲ့ အာဆင်နယ်တောင်ပံတိုက်စစ်တွေက ထွက်လာတဲ့ ရှားရှားပါးပါး ဘောလုံးတွေကို အဆုံးသတ်မှုတွေကလည်း တိုင်ထိတာနဲ့ ဂိုးသမားကာကွယ်တာလောက်ပဲ ပြောစရာအဖြစ် ရှိခဲ့တာပါ။

ဒီနေ့ပွဲမှာ တောင်ပံမကစားတဲ့ အူဘာမီယန်းကြောင့် တီယာနီ ဘာမှလုပ်မရအောင် ကျပ်နေခဲ့သလို ဘာမှမဟုတ်တဲ့ အဝါတွေကို ဝယ်ယူခဲ့တဲ့ လာကာဇက်၊ ပေပေတို့ရဲ့ တိုက်စစ်တွေကလည်း ပိတ်ဆို့နေခဲ့ပြီး စီဘာယော့စ်၊ ချာကာတို့လို ကွင်းလယ်လူတွေရဲ့ ထိုးဖောက်မှုတွေကိုတော့ စပါးစ်တို့ လွယ်လွယ်ကူကူပဲ ရှင်းထုတ်သွားနိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းပွဲချိန် ၈၁ မိနစ်မှာတော့ ထောင့်ကန်ဘောရရှိခဲ့ရာမှာ လူကပ်ပုံနဲ့ Jumping အားနည်းတဲ့ အာဆင်နယ်ခံစစ်ရဲ့ အမှားကနေ စပါးစ်နောက်ခံလူ အယ်လ်ဒါဝီရယ်လ်က ခပ်မြင့်မြင့် ခေါင်းခုန်တိုက်ပြီး အနိုင်ဂိုးကို သွင်းယူသွားခဲ့လို့ ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတာ ဘာလဲလို့ မေးယူရမယ့် မြောက်လန်ဒန်ဒါဘီမှာ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီပွဲကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်တို့ကတော့ ဥရောပဝင်ခွင့်အတွက် မဖြစ်နိုင်ဖို့က အလေးသာသွားခဲ့ပြီဖြစ်ပြီး စိတ်ကူးယဉ် ကစားကွက်ထဲမှာ စိတ်ကူးယဉ်ထားသလောက် အရည်အသွေးမရှိတဲ့ ကစားသမားတွေကို အသုံးပြုနေခဲ့ရတဲ့ အာတီတာအတွက်တော့ လူကောင်းတွေ ထပ်ရောက်မလာခဲ့ရင် အသင်းကြီးနည်းပြဆိုတဲ့ ဘဝကပါ လျှောကျရဖို့ ရှိနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.