Match Report Premier League

တန္းဆင္းဇုန္ကေန လက္က်န္အင္အားကို ျပသခဲ့တဲ့ ဘုန္းေမာက္ေၾကာင့္ လက္စတာရွဳံးပြဲႀကဳံ

ဒီတစ္ပတ္မွာေတာ့ ေနာ့ဝစ္ခ်္အသင္း တန္းဆင္းသြားရတာကလြဲလို႔ က်န္တဲ့ တန္းဆင္းဇုန္မလြတ္ေသးတဲ့ အသင္းေတြရဲ႕ ႐ုန္းအားက ျပင္းထန္ခဲ့ၾကၿပီး ဗုိက္တယ္လတီကြင္းမွာေတာ့ ဘုန္းေမာက္က လက္စတာကို အံ့ၾသစရာရလဒ္ျဖစ္တဲ့ ေလးဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရရွိသြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အီဟန္နာခ်ဳိ ကြင္းထဲရွိေနတုန္း ဗာဒီက ရွားရွားပါးပါး ဂိုးသြင္းယူႏုိင္ခဲ့တာလည္းျဖစ္ၿပီး အေထာင္တုိက္စစ္မွဴးတစ္ဦးတည္းအျဖစ္ မကစားရင္ ဂိုးမသြင္းႏုိင္တဲ့ အစဥ္အလာကို အသက္ ၃၃ ႏွစ္အရြယ္ အဂၤလန္တုိက္စစ္မွဴးက ပြဲခ်ိန္ ၂၃ မိနစ္မွာ ခ်ဳိးဖ်က္ခဲ့ေပမယ့္ အသင္းကေတာ့ ရွဳံးပြဲနဲ႔ ႀကဳံခဲ့ရပါတယ္။

ပထမပုိင္းတစ္ပုိင္းလုံး လက္စတာတုိ႔ပဲ ဖိကစားခဲ့ၿပီး တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ ဒုတိယပုိင္းမွာေတာ့ အမွားလုပ္တဲ့ လက္စတာတုိ႔ ေပးဆပ္မွဳက ႀကီးမားခဲ့ၿပီး ကက္စပါ ရွမိုက္ကယ္ရဲ႕ ကန္တင္မွဳ မွားတာကေန ေဘာလုံးရသြားတဲ့ ကယ္လမ္ ဝီလ္ဆန္ကို အန္ဒီဒီဆြဲလွဲတာကေန အဝါကတ္ ထိခဲ့ၿပီး ပင္နယ္တီလည္း ေပးခဲ့ရပါတယ္။

ဒီအခြင့္အေရးကေန ပြဲခ်ိန္ ၆၆ မိနစ္မွာ လူစားဝင္ကစားသမား စတန္နီစလတ္စ္က ဂိုးသမားနဲ႔ ဆန္႔က်င္ဘက္ အေနအထားကို ကန္သြင္းေခ်ပခဲ့ၿပီး အမွားကေန ဂိုးေပးလုိက္ရတဲ့ ရွမိုက္ကယ္ကေတာ့ ဂိုးဝင္သြားတဲ့ ေဘာလုံးကို ကန္ထုတ္ၿပီး ေပါက္ကြဲခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

တစ္မိနစ္အၾကာမွာေတာ့ တန္ျပန္တုိက္စစ္ကေန ဆိုလန္ကီက ဆြဲေျပးသြားခဲ့ၿပီး ဂိုးဧရိယာအတြင္းကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ရွမိုက္ကယ္နဲ႔ ထိခဲ့ေပမယ့္ ဂိုးဝင္သြားခဲ့လုိ႔ ဘုန္းေမာက္အတြက္ သူ႕ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို ဒီေဘာလုံးကို ဂိုးပိုက္ထဲက ေကာက္ခဲ့တဲ့ ဝီလ္ဆန္ကို ရန္မူတဲ့ တူရကီသား ဆုိယြန္က်ဴကေတာ့ အနီကတ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ညာျခမ္းက စတန္နီစလတ္စ္ ေဘာလုံးရသြားခဲ့ၿပီး ဂိုးဧရိယာထဲကို ေျခေယာင္ျပဆြဲဝင္ၿပီး ကန္သြင္းခဲ့ရာမွာ လက္စတာေနာက္ခံလူ ဂၽြန္နီ အီဗန္စ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာမို႔ ဘုန္းေမာက္ဘက္ကို တတိယဂိုး ခြင့္ျပဳခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ စတုတၳေျမာက္ဂိုးနဲ႔ ပြဲသိမ္းဂိုးကို ဘုန္းေမာက္တုိ႔ သြင္းယူႏုိင္ခဲ့ၿပီး လက္စတာတုိ႔ လက္ပစ္ေဘာကေန လူေပးမွားရာကေန လူငယ္တုိက္စစ္မွဴး ဆုိလန္ကီ ျဖတ္ယူသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေပါင္ၾကားကေန သြင္းယူသြားခဲ့လို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လို႔ ဘုန္းေမာက္တုိ႔အေနနဲ႔ တန္းဆင္းဇုန္တုိက္ပြဲကို ဆက္လက္႐ုန္းကန္ႏုိင္ဖို႔ အသက္ဆက္ႏုိင္ခဲ့ၿပီး အဆင့္ ၁၇ က ဝတ္ဖို႔ဒ္တုိ႔ အမွားလုပ္ရင္ လုိက္မီႏုိင္တဲ့ အခြင့္အေရးကို ရရွိသြားခဲ့သလို လက္စတာတုိ႔ကေတာ့ အဓိကေနာက္ခံလူ သုံးပြဲပယ္ခံရႏုိင္မွဳနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႐ုန္းကန္ရမယ့္ အေနအထားကို ေရာက္ရွိသြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီတစ်ပတ်မှာတော့ နော့ဝစ်ချ်အသင်း တန်းဆင်းသွားရတာကလွဲလို့ ကျန်တဲ့ တန်းဆင်းဇုန်မလွတ်သေးတဲ့ အသင်းတွေရဲ့ ရုန်းအားက ပြင်းထန်ခဲ့ကြပြီး ဗိုက်တယ်လတီကွင်းမှာတော့ ဘုန်းမောက်က လက်စတာကို အံ့သြစရာရလဒ်ဖြစ်တဲ့ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အီဟန်နာချို ကွင်းထဲရှိနေတုန်း ဗာဒီက ရှားရှားပါးပါး ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး အထောင်တိုက်စစ်မှူးတစ်ဦးတည်းအဖြစ် မကစားရင် ဂိုးမသွင်းနိုင်တဲ့ အစဉ်အလာကို အသက် ၃၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးက ပွဲချိန် ၂၃ မိနစ်မှာ ချိုးဖျက်ခဲ့ပေမယ့် အသင်းကတော့ ရှုံးပွဲနဲ့ ကြုံခဲ့ရပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံး လက်စတာတို့ပဲ ဖိကစားခဲ့ပြီး တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အမှားလုပ်တဲ့ လက်စတာတို့ ပေးဆပ်မှုက ကြီးမားခဲ့ပြီး ကက်စပါ ရှမိုက်ကယ်ရဲ့ ကန်တင်မှု မှားတာကနေ ဘောလုံးရသွားတဲ့ ကယ်လမ် ဝီလ်ဆန်ကို အန်ဒီဒီဆွဲလှဲတာကနေ အဝါကတ် ထိခဲ့ပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။

ဒီအခွင့်အရေးကနေ ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင်ကစားသမား စတန်နီစလတ်စ်က ဂိုးသမားနဲ့ ဆန့်ကျင်ဘက် အနေအထားကို ကန်သွင်းချေပခဲ့ပြီး အမှားကနေ ဂိုးပေးလိုက်ရတဲ့ ရှမိုက်ကယ်ကတော့ ဂိုးဝင်သွားတဲ့ ဘောလုံးကို ကန်ထုတ်ပြီး ပေါက်ကွဲခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

တစ်မိနစ်အကြာမှာတော့ တန်ပြန်တိုက်စစ်ကနေ ဆိုလန်ကီက ဆွဲပြေးသွားခဲ့ပြီး ဂိုးဧရိယာအတွင်းကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ရှမိုက်ကယ်နဲ့ ထိခဲ့ပေမယ့် ဂိုးဝင်သွားခဲ့လို့ ဘုန်းမောက်အတွက် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒီဘောလုံးကို ဂိုးပိုက်ထဲက ကောက်ခဲ့တဲ့ ဝီလ်ဆန်ကို ရန်မူတဲ့ တူရကီသား ဆိုယွန်ကျူကတော့ အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက စတန်နီစလတ်စ် ဘောလုံးရသွားခဲ့ပြီး ဂိုးဧရိယာထဲကို ခြေယောင်ပြဆွဲဝင်ပြီး ကန်သွင်းခဲ့ရာမှာ လက်စတာနောက်ခံလူ ဂျွန်နီ အီဗန်စ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာမို့ ဘုန်းမောက်ဘက်ကို တတိယဂိုး ခွင့်ပြုခဲ့ရပြန်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ စတုတ္ထမြောက်ဂိုးနဲ့ ပွဲသိမ်းဂိုးကို ဘုန်းမောက်တို့ သွင်းယူနိုင်ခဲ့ပြီး လက်စတာတို့ လက်ပစ်ဘောကနေ လူပေးမှားရာကနေ လူငယ်တိုက်စစ်မှူး ဆိုလန်ကီ ဖြတ်ယူသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ပေါင်ကြားကနေ သွင်းယူသွားခဲ့လို့ လေးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ ဘုန်းမောက်တို့အနေနဲ့ တန်းဆင်းဇုန်တိုက်ပွဲကို ဆက်လက်ရုန်းကန်နိုင်ဖို့ အသက်ဆက်နိုင်ခဲ့ပြီး အဆင့် ၁၇ က ဝတ်ဖို့ဒ်တို့ အမှားလုပ်ရင် လိုက်မီနိုင်တဲ့ အခွင့်အရေးကို ရရှိသွားခဲ့သလို လက်စတာတို့ကတော့ အဓိကနောက်ခံလူ သုံးပွဲပယ်ခံရနိုင်မှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.