Other

သူများမိသားစုတွေကို သေကွဲကွဲစေပေမယ့် တိတ်တိတ်ပုန်း ချစ်သူမိသားစုကို လုံခြုံတဲ့နေရာမှာ ပုန်းခိုင်းထားတဲ့ ပူတင်

အိုလံပစ် ရွှေတံဆိပ်ဆုရှင် အားကစားသမား အလီနာ ကာဘာအယ်ဗာဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ နောက်ကွယ်က အမျိုးသမီးဖြစ်နိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပြီး ပူတင်ဟာ အမျိုးသမီးနဲ့ ကလေး ၄ ယောက်ကို ဖွက်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဘာအယ်ဗာဟာ ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ ၂၀၀၀ အိုလံပစ်မှာ ကြေးတံဆိပ်၊ ၂၀၀၄ အေသင်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့သူဖြစ်ပြီး ပူတင်နဲ့ စုံတွဲစခုတ်တဲ့အချိန်ကတည်းက လူမြင်ကွင်းမှာ သိပ်မတွေ့ရတော့တာဖြစ်ပါတယ်။ ရဲအရာရှိ ဒေးဗစ် မူဆယ်လီအာနီနဲ့ စေ့စပ်ထားခဲ့ပေမယ့် ၂၀၀၅ ခုနှစ်မှာ လမ်းခွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်တွေမှာ အလီနာဟာ ပူတင်ရဲ့ ကာလရှည်လက်တွဲဖော်ဖြစ်ခဲ့ပြီး ကလေး ၄ ယောက်အထိ ရရှိခဲ့တယ်လို့ ကောလာဟလတွေအရ သိရပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေချိန်မှာ ပူတင်က ကာဘာအယ်ဗာနဲ့ ၎င်းတို့ရဲ့ ကလေးတွေကို စစ်ပွဲနဲ့ ဝေးတဲ့ လုံခြုံတဲ့နေရာမှာ ဖွက်ထားနိုင်ဖို့ ဆွစ်ဇာလန်ကို ပို့ထားတယ်လို့ သိရပါတယ်။ Page Six ရဲ့ သတင်းအရ ကာဘာအယ်ဗာဟာ ဆွစ်ဇာလန်မှာပဲ မွေးဖွားခဲ့ကြတဲ့ အမြွှာသမီး ၂ ဦးအပါအဝင် ကလေး ၄ ယောက်နဲ့အတူ ဆွစ်ဇာလန်နိုင်ငံမှာ ပုန်းအောင်းနေတယ်လို့ သိရပါတယ်။

ပူတင်ရဲ့ ကလေး ၄ ဦးနဲ့အတူ ကာဘာအယ်ဗာဟာ ဆွစ်ဇာလန် ပတ်စ်ပို့ ကိုင်ဆောင်ထားတယ်လို့လည်း ယင်းသတင်းက ထပ်လောင်း ဖော်ပြခဲ့ပြီး ပူတင်ဟာ ဇနီးဟောင်း လုဒ်မီလာ ပူတီနာနဲ့အတူ မာရီနာ၊ ကတ်တရီနာလို့ အမည်ရတဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီး ၂ ဦးလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ကာဘာအယ်ဗာကို လူမြင်ကွင်းမှာ နောက်ဆုံးမြင်တွေ့ခဲ့ရပြီးနောက် ၂ နှစ်အကြာ ၂၀၂၁ ခုနှစ်တုန်းက ထုတ်ပြန်ကြေညာချက်မှာ အိုလံပစ်အားကစားမယ်ဟောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပူတင်နဲ့ပတ်သက်တဲ့ သတင်းတွေကို “ကောလာဟလတွေအပေါ် ကျွန်မတို့ ဘာမှမှတ်ချက်မပေးပါဘူး”လို့ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကာဘာအယ်ဗာဟာ စုစုပေါင်း ကမ္ဘာ့ချန်ပီယံရှစ်ဆုတံဆိပ်ပေါင်း ၁၄ ခုနဲ့ ဥရောပချန်ပီယံရှစ်ဆုတံဆိပ် ၂၁ ခု ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ဆိုချီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်သူ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပူတင်က မကြာသေးခင်က “ကျွန်တော့်မှာ ဘယ်သူမှ နှောက်ယှက်ခွင့်မပြုထားတဲ့ ကိုယ်ပိုင်ဘဝရှိတယ်။ အဲဒါကို လေးစားရမယ်”လို့ ပြောကြားခဲ့ပါတယ်။ ကာဘာအယ်ဗာဟာ ကစားသမားဘဝ ကျော်ကြားမှု အမြင့်မားဆုံးရောက်နေတဲ့အချိန်မှာ ရုရှားမဂ္ဂဇင်း Maxim အတွက် ကိုယ်လုံးတီးပုံရိုက်ကူးခံခဲ့တာကြောင့် ပုရိသတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ကြပါသေးတယ်။

ကာဘာအယ်ဗာကို ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ဓာတ်ပုံဆရာ မီခေးလ် ကိုရိုလော့ဗ်က “ကျွန်တော် သူ့ကို ဘာမှ သင်ပေးဖို့တောင် မလိုအပ်ခဲ့ပါဘူး။ သူက အရမ်းကို သဘာဝကျကျ ပြုမူခဲ့ပါတယ်။ သူ့မှာ လိင်စိတ်အပြည့်အဝရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အိုလံပစ္ ေရႊတံဆိပ္ဆုရွင္ အားကစားသမား အလီနာ ကာဘာအယ္ဗာဟာ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ရဲ့ ေနာက္ကြယ္က အမ်ိဳးသမီးျဖစ္နိုင္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနခဲ့ၿပီး ပူတင္ဟာ အမ်ိဳးသမီးနဲ႔ ကေလး ၄ ေယာက္ကို ဖြက္ထားတယ္လို႔ သိရပါတယ္။

လက္ရွိမွာ အသက္ ၃၈ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကာဘာအယ္ဗာဟာ ဆစ္ဒနီမွာ က်င္းပခဲ့တဲ့ ၂၀၀၀ အိုလံပစ္မွာ ေၾကးတံဆိပ္၊ ၂၀၀၄ ေအသင္ၿပိဳင္ပြဲမွာ ေရႊတံဆိပ္ဆုရရွိခဲ့သူျဖစ္ၿပီး ပူတင္နဲ႔ စုံတြဲစခုတ္တဲ့အခ်ိန္ကတည္းက လူျမင္ကြင္းမွာ သိပ္မေတြ႕ရေတာ့တာျဖစ္ပါတယ္။ ရဲအရာရွိ ေဒးဗစ္ မူဆယ္လီအာနီနဲ႔ ေစ့စပ္ထားခဲ့ေပမယ့္ ၂၀၀၅ ခုႏွစ္မွာ လမ္းခြဲခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အလီနာဟာ ပူတင္ရဲ့ ကာလရွည္လက္တြဲေဖာ္ျဖစ္ခဲ့ၿပီး ကေလး ၄ ေယာက္အထိ ရရွိခဲ့တယ္လို႔ ေကာလာဟလေတြအရ သိရပါတယ္။

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနခ်ိန္မွာ ပူတင္က ကာဘာအယ္ဗာနဲ႔ ၎တို႔ရဲ့ ကေလးေတြကို စစ္ပြဲနဲ႔ ေဝးတဲ့ လုံျခဳံတဲ့ေနရာမွာ ဖြက္ထားနိုင္ဖို႔ ဆြစ္ဇာလန္ကို ပို႔ထားတယ္လို႔ သိရပါတယ္။ Page Six ရဲ့ သတင္းအရ ကာဘာအယ္ဗာဟာ ဆြစ္ဇာလန္မွာပဲ ေမြးဖြားခဲ့ၾကတဲ့ အႁမႊာသမီး ၂ ဦးအပါအဝင္ ကေလး ၄ ေယာက္နဲ႔အတူ ဆြစ္ဇာလန္နိုင္ငံမွာ ပုန္းေအာင္းေနတယ္လို႔ သိရပါတယ္။

ပူတင္ရဲ့ ကေလး ၄ ဦးနဲ႔အတူ ကာဘာအယ္ဗာဟာ ဆြစ္ဇာလန္ ပတ္စ္ပို႔ ကိုင္ေဆာင္ထားတယ္လို႔လည္း ယင္းသတင္းက ထပ္ေလာင္း ေဖာ္ျပခဲ့ၿပီး ပူတင္ဟာ ဇနီးေဟာင္း လုဒ္မီလာ ပူတီနာနဲ႔အတူ မာရီနာ၊ ကတ္တရီနာလို႔ အမည္ရတဲ့ အရြယ္ေရာက္ေနၿပီျဖစ္တဲ့ သမီး ၂ ဦးလည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ကာဘာအယ္ဗာကို လူျမင္ကြင္းမွာ ေနာက္ဆုံးျမင္ေတြ႕ခဲ့ရၿပီးေနာက္ ၂ ႏွစ္အၾကာ ၂၀၂၁ ခုႏွစ္တုန္းက ထုတ္ျပန္ေၾကညာခ်က္မွာ အိုလံပစ္အားကစားမယ္ေဟာင္းနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္က ပူတင္နဲ႔ပတ္သက္တဲ့ သတင္းေတြကို “ေကာလာဟလေတြအေပၚ ကၽြန္မတို႔ ဘာမွမွတ္ခ်က္မေပးပါဘူး”လို႔ ေျပာဆိုခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကာဘာအယ္ဗာဟာ စုစုေပါင္း ကမၻာ့ခ်န္ပီယံရွစ္ဆုတံဆိပ္ေပါင္း ၁၄ ခုနဲ႔ ဥေရာပခ်န္ပီယံရွစ္ဆုတံဆိပ္ ၂၁ ခု ဆြတ္ခူးနိုင္ခဲ့သူျဖစ္ၿပီး ၂၀၁၄ ဆိုခ်ီ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲမွာ အိုလံပစ္မီးရႉးတိုင္ကို သယ္ေဆာင္သူ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ပူတင္က မၾကာေသးခင္က “ကၽြန္ေတာ့္မွာ ဘယ္သူမွ ေႏွာက္ယွက္ခြင့္မျပဳထားတဲ့ ကိုယ္ပိုင္ဘဝရွိတယ္။ အဲဒါကို ေလးစားရမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ကာဘာအယ္ဗာဟာ ကစားသမားဘဝ ေက်ာ္ၾကားမႈ အျမင့္မားဆုံးေရာက္ေနတဲ့အခ်ိန္မွာ ႐ုရွားမဂၢဇင္း Maxim အတြက္ ကိုယ္လုံးတီးပုံရိုက္ကူးခံခဲ့တာေၾကာင့္ ပုရိသေတြၾကား လႈပ္လႈပ္ခတ္ခတ္ ျဖစ္ခဲ့ၾကပါေသးတယ္။

ကာဘာအယ္ဗာကို ဓာတ္ပုံရိုက္ေပးခဲ့တဲ့ ဓာတ္ပုံဆရာ မီေခးလ္ ကိုရိုေလာ့ဗ္က “ကၽြန္ေတာ္ သူ႔ကို ဘာမွ သင္ေပးဖို႔ေတာင္ မလိုအပ္ခဲ့ပါဘူး။ သူက အရမ္းကို သဘာဝက်က် ျပဳမူခဲ့ပါတယ္။ သူ႔မွာ လိင္စိတ္အျပည့္အဝရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.