Other

ရုရှားနဲ့ တိုက်ရမှာမကြောက်ဘူးလို့ ပြောခဲ့တဲ့ ရီးရဲလ်ကို အနိုင်ယူခဲ့တဲ့ နည်းပြ

ရှရစ် တီရာစပေါ်နည်းပြ ယူရီ ဗာနင်ဒမ့်က ၎င်းရဲ့ မွေးရပ်မြေ ယူကရိန်းနိုင်ငံကို ပြန်သွားခဲ့ပြီးနောက် ရုရှားနဲ့ တိုက်ခိုက်ရမှာကို ကြောက်ရွံ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူရိုပါလိဂ်မှာ မော်လ်ဒိုဗာကလပ်ကို ကိုင်တွယ်ခဲ့ပေမယ့် စနေနေ့မှာ ယူကရိန်းစစ်တပ်ထဲ ဝင်ရောက်ဖို့ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံကို ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေနဲ့ ပြင်းပြင်းထန်ထန် ကျူးကျော်တိုက်ခိုက်နေတာကြောင့် ဗာနင်ဒမ့်က ၎င်းအနေနဲ့ မွေးရပ်နိုင်ငံမှာ တိုက်ပွဲတွေ စတင်ပြီးနောက် သိပ်မကြာခင်မှာ အိမ်ပြန်ပြီး စစ်တပ်ထဲ ဝင်ရောက်အမှုထမ်းဖို့ စာရင်းသွင်းရမယ်ဆိုတာကို သိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ခင်ဗျားကို မလိမ်ညာချင်ပါဘူး။ ကျွန်တော် အိမ်ပြန်လာတဲ့အချိန်မှာ သန်တုန်းမြန်တုန်း ယောကျင်္ားတွေက တိုင်းပြည်ကို စွန့်ခွာနေတာကို မြင်တွေ့ခဲ့တယ်။ ကျွန်တော် အဲဒီအချိန်မှာ ငါလည်း ဒီတိုင်းတော့ လိုက်လုပ်လို့မရနိုင်ဘူးဆိုတာကို နားလည်သွားတယ်။ ကျွန်တော် အိမ်ကို ပြန်ရောက်တာနဲ့ စစ်တပ်ထဲသွားပြီး ကိုယ့်ဘာသာ စစ်ထဲဝင်ဖို့ စာရင်းသွင်းရမယ်လို့ ကိုယ့်ဘာသာကိုယ် ပြောခဲ့တယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတွေက ကျွန်တော့်ကို တားဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော့် ဇနီး၊ ကလေးတွေ၊ မြေးတွေပေါ့။ ကျွန်တော် အခိုင်အမာ ဆုံးဖြတ်ခဲ့ပြီး ကျွန်တော့်ကို အားပေးထောက်ခံတဲ့အတွက် ကျွန်တော့် ဇနီးကို ကျေးဇူးတင်ပါတယ်”

“သူက ကျွန်တော့်စရိုက်ကို သိထားပြီးသားပါ။ ကျွန်တော် ဆုံးဖြတ်ချက်ချပြီးရင် ပြင်တတ်တဲ့လူစားမဟုတ်ဘူးဆိုတာ သူ သိပါတယ်။ ကျွန်တော့်ဘာသာ ဆုံးဖြတ်ချက် ချပြီး စစ်ထဲဝင်ခဲ့တာမို့လို့ အားလုံးက အဆင်ပြေပါတယ်။ ကျွန်တော် မကြောက်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဘရာဂါအသင်းက ပြီးခဲ့တဲ့အပတ်မှာ ရှရစ် တီရာစပေါ်ကို ဥရောပပြိုင်ပွဲကနေ ဖြုတ်ပစ်ခဲ့ပေမယ့် ဗာနင်ဒမ့်က ယခုရာသီအစောပိုင်း ချန်ပီယံလိဂ်မှာ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ မော်လ်ဒိုဗာနိုင်ငံက ခွဲထွက်ပြည်သူ့သမ္မတနိုင်ငံဖြစ်တဲ့ Transnistria မှာ ရှရစ်အသင်းက အခြေစိုက်ထားတာဖြစ်ပြီး ရုရှားရဲ့ ပြင်းပြင်းထန်ထန် လွှမ်းမိုးခြင်း ခံနေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာနင်ဒမ့်ဟာ ယူကရိန်းတပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ အမိန့်အောက်မှာ ရှိနေပြီး လိုအပ်လာမယ်ဆိုရင် ယူကရိန်းကို ကာကွယ်ဖို့အတွက် ၎င်းရဲ့လက်နက်ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။ “စစ်တပ်မှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာကို ထုတ်ပြောခွင့်မရှိပါဘူး။ အခု ကျွန်တော်တို့အားလုံး ညွှန်ကြားချက်ရထားပါတယ်။ သူတို့တွေ သွားဖို့ ပြောတဲ့နေရာကို ကျွန်တော်တို့ အချိန်တိုင်းမှာ သွားဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ကျွန်တော် လက်နက်ကိုင်တာ အသားမကျသေးပေမယ့် အမြဲတမ်းအဆင်သင့်ပါပဲ။ အချိန်မရွေးပဲ”

“ယူကရိန်းက ဒီစစ်ပွဲမှာ အနိုင်ရရှိမယ်ဆိုတာကို ကျွန်တော့်စိတ်ထဲမှာ သံသယလုံးဝမရှိပါဘူး။ ကျွန်တော် တခြားဟာတွေလည်း မစဉ်းစားနိုင်ဘူး။ ကျွန်တော် ဒီဟာပဲ တွေးနေမိတယ်။ ဒီဖြစ်ရပ်ဆိုးကြီးက ကျွန်တော်တို့ကို နိုင်ငံတစ်ခုအဖြစ် စည်းလုံးစေခဲ့တာကို မြင်တွေ့ခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရတဲ့အခါမှသာ ငြိမ်းချမ်းလိမ့်မယ်လို့ ထင်တယ်။ ရုရှားရဲ့တောင်းဆိုမှုတွေက လိုက်လျောဖို့ လုံးဝမဖြစ်နိုင်တဲ့အတိုင်းအတာလို့ ထင်ပါတယ်။ ကျွန်တော်တို့ လက်ခံနိုင်မှာမဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ ရာဇသံပေးတာကို ကျေနပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေတာကို မြင်တွေ့နေရပြီး ဒီစစ်ပွဲကို ရပ်တန့်နိုင်လောက်တဲ့ ဦးနှောက် သူတို့မှာ ရှိလောက်မယ်လို့ မျှော်လင့်ပါတယ်”

“ပထမဆုံးအနေနဲ့ ကျွန်တော် ကလေးတွေ၊ အမျိုးသမီးတွေ နောက်ထပ် မသေကြတော့ဖို့ မျှော်လင့်ပါတယ်။ ဒါက အရေးအကြီးဆုံးအရာပါ။ ကျွန်တော့်အနေနဲ့ ယူကရိန်းသမ္မတ ဇီလန်းစကီးအပေါ် လုံးဝကို လေးစားမှုရှိပါတယ်။ သူတို့တွေ သူနဲ့ပတ်သက်ပြီး ဘာတွေပဲ ပြောနေနေ ကိစ္စမရှိဘူး။ ကျွန်တော် သူ့ကို မဲပေးခဲ့တာပါ။ လူတွေက သူ့ကို လူရွှင်တော်လို့ ခေါ်နေကြပေမယ့် သူက တကယ့်ခေါင်းဆောင်အစစ်ဆိုတာကို ပြသခဲ့ပါတယ်။ သူက ရိုးသားတယ်။ သူလည်း အမှားတွေတော့ လုပ်ခဲ့မိပေမယ့် အဲဒါက အားလုံးအမှားလုပ်မိတတ်ကြတာပဲဆိုတော့ သာမန်ပါပဲ။ တိုင်းပြည်ကို ဦးဆောင်ဖို့ ဘယ်လောက်ခက်လဲဆိုတာ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ သူက လူကောင်းဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ကျွန်တော်တို့မှာ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်မယ့် သမ္မတရှိတယ်။ သူ့ကို ကျွန်တော် ယုံကြည်တယ်”

ဗာနင်ဒမ့်ရဲ့ အခြေအနေက ဘာနေဗျူးမှာတုန်းက ၎င်းရဲ့အသင်း အနိုင်ရတဲ့အချိန်မှာ တွေးကြည့်လို့တောင် မဖြစ်နိုင်ခဲ့တဲ့အခြေအနေ ဖြစ်ခဲ့မှာဖြစ်ပါတယ်။ “ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်အနိုင်ယူခဲ့တဲ့အချိန်မှာ အဲဒါကို စဉ်းစားကြည့်လို့တောင် မရနိုင်ခဲ့ပါဘူး။ ကျွန်တော် ဖေဖော်ဝါရီလအစမှာ စပြီး သံသယတွေဝင်လာတယ်။ ကစားသမားတွေက ကျွန်တော့်ကို ဘာကြောင့် တစ်ချိန်လုံး ငိုင်နေတာလဲလို့ မေးခဲ့ကြတယ်။ ကျွန်တော် တစ်ခုခုများဖြစ်ခဲ့လို့လားပေါ့။ ကျွန်တော်က ဘာမှမဖြစ်ဘူးလို့ပဲ ပြောနေခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တစ်စုံတရာ(ရုရှားရဲ့ကျူးကျော်မှု)က ဖြစ်လာတယ်။ သူတို့တွေက အဲဒါက မဖြစ်လောက်ပါဘူးလို့ ပြောနေခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော် တစ်စုံတရာကို ခံစားမိခဲ့တယ်။ ရှရစ်အသင်းက ကောင်လေးတွေအချို့က ကျွန်တော့်ကို ဖုန်းခေါ်ခဲ့ပြီး ကျွန်တော် အသံမက်ဆေ့ချ်တစ်ခု ရရှိခဲ့တယ်”

“နည်းပြအချို့က ကျွန်တော့်ကို အားပေးစကားတွေလည်း ပို့ခဲ့ကြတယ်။ ဘောလုံးအကြောင်းတွေးရတာက ကျွန်တော့်ကို စိတ်အားတက်ကြွစေတယ်။ ဘောလုံးက ကျွန်တော့်ဘဝပဲ။ ကျွန်တော် ဒီစစ်ပွဲ အရမ်းမကြာစေဖို့အတွက် မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ အနိုင်ရရှိမှာဖြစ်ပြီး ကျွန်တော် ချစ်မြတ်နိုးတဲ့အလုပ်ဆီကို ပြန်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ပူတင်ရဲ့ ကျူးကျော်တိုက်ခိုက်မှုစတင်ခဲ့တာ တစ်ပတ်ကျော်ကြာလာတဲ့အချိန်မှာ ယူကရိန်းကို စွန့်ခွာထွက်ပြေးတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၁ သန်းကျော်ရှိနေပြီဖြစ်ပြီး ရာနဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့သလို ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရွရစ္ တီရာစေပၚနည္းၿပ ယူရီ ဗာနင္ဒမ့္က ၎ရဲ့ ေမြးရပ္ေၿမ ယူကရိန္းနိုင္ငံကို ျပန္သြားခဲ့ၿပီးေနာက္ ႐ုရွားနဲ႔ တိုက္ခိုက္ရမွာကို ေၾကာက္ရြံ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ယူရိုပါလိဂ္မွာ ေမာ္လ္ဒိုဗာကလပ္ကို ကိုင္တြယ္ခဲ့ေပမယ့္ စေနေန႔မွာ ယူကရိန္းစစ္တပ္ထဲ ဝင္ေရာက္ဖို႔ အသင္းနဲ႔ လမ္းခြဲခဲ့တာျဖစ္ပါတယ္။ ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းနိုင္ငံကို ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႕ေတြနဲ႔ ျပင္းျပင္းထန္ထန္ က်ဴးေက်ာ္တိုက္ခိုက္ေနတာေၾကာင့္ ဗာနင္ဒမ့္က ၎အေနနဲ႔ ေမြးရပ္နိုင္ငံမွာ တိုက္ပြဲေတြ စတင္ၿပီးေနာက္ သိပ္မၾကာခင္မွာ အိမ္ျပန္ၿပီး စစ္တပ္ထဲ ဝင္ေရာက္အမႈထမ္းဖို႔ စာရင္းသြင္းရမယ္ဆိုတာကို သိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ခင္ဗ်ားကို မလိမ္ညာခ်င္ပါဘူး။ ကၽြန္ေတာ္ အိမ္ျပန္လာတဲ့အခ်ိန္မွာ သန္တုန္းျမန္တုန္း ေယာက်ၤားေတြက တိုင္းျပည္ကို စြန႔္ခြာေနတာကို ျမင္ေတြ႕ခဲ့တယ္။ ကၽြန္ေတာ္ အဲဒီအခ်ိန္မွာ ငါလည္း ဒီတိုင္းေတာ့ လိုက္လုပ္လို႔မရနိုင္ဘူးဆိုတာကို နားလည္သြားတယ္။ ကၽြန္ေတာ္ အိမ္ကို ျပန္ေရာက္တာနဲ႔ စစ္တပ္ထဲသြားၿပီး ကိုယ့္ဘာသာ စစ္ထဲဝင္ဖို႔ စာရင္းသြင္းရမယ္လို႔ ကိုယ့္ဘာသာကိုယ္ ေျပာခဲ့တယ္။ ကၽြန္ေတာ္နဲ႔ ရင္းႏွီးတဲ့လူေတြက ကၽြန္ေတာ့္ကို တားဖို႔ ႀကိဳးစားခဲ့ၾကတယ္။ ကၽြန္ေတာ့္ ဇနီး၊ ကေလးေတြ၊ ေျမးေတြေပါ့။ ကၽြန္ေတာ္ အခိုင္အမာ ဆုံးျဖတ္ခဲ့ၿပီး ကၽြန္ေတာ့္ကို အားေပးေထာက္ခံတဲ့အတြက္ ကၽြန္ေတာ့္ ဇနီးကို ေက်းဇူးတင္ပါတယ္”

“သူက ကၽြန္ေတာ့္စရိုက္ကို သိထားၿပီးသားပါ။ ကၽြန္ေတာ္ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ ျပင္တတ္တဲ့လူစားမဟုတ္ဘူးဆိုတာ သူ သိပါတယ္။ ကၽြန္ေတာ့္ဘာသာ ဆုံးျဖတ္ခ်က္ ခ်ၿပီး စစ္ထဲဝင္ခဲ့တာမို႔လို႔ အားလုံးက အဆင္ေျပပါတယ္။ ကၽြန္ေတာ္ မေၾကာက္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘရာဂါအသင္းက ၿပီးခဲ့တဲ့အပတ္မွာ ရွရစ္ တီရာစေပၚကို ဥေရာပၿပိဳင္ပြဲကေန ျဖဳတ္ပစ္ခဲ့ေပမယ့္ ဗာနင္ဒမ့္က ယခုရာသီအေစာပိုင္း ခ်န္ပီယံလိဂ္မွာ အန္ဆယ္ေလာ့တီရဲ့ ရီးရဲလ္မက္ဒရစ္ကို ဘာေနဗ်ဴးမွာ ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ နာမည္ႀကီးလာခဲ့တာျဖစ္ပါတယ္။ ေမာ္လ္ဒိုဗာနိုင္ငံက ခြဲထြက္ျပည္သူ႔သမၼတနိုင္ငံျဖစ္တဲ့ Transnistria မွာ ရွရစ္အသင္းက အေျခစိုက္ထားတာျဖစ္ၿပီး ႐ုရွားရဲ့ ျပင္းျပင္းထန္ထန္ လႊမ္းမိုးျခင္း ခံေနရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၅၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဗာနင္ဒမ့္ဟာ ယူကရိန္းတပ္ဖြဲ႕ေခါင္းေဆာင္ေတြရဲ့ အမိန႔္ေအာက္မွာ ရွိေနၿပီး လိုအပ္လာမယ္ဆိုရင္ ယူကရိန္းကို ကာကြယ္ဖို႔အတြက္ ၎ရဲ့လက္နက္ကို အသုံးျပဳဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။ “စစ္တပ္မွာ ကၽြန္ေတာ့္ရဲ့ အခန္းက႑က ဘာလဲဆိုတာကို ထုတ္ေျပာခြင့္မရွိပါဘူး။ အခု ကၽြန္ေတာ္တို႔အားလုံး ညႊန္ၾကားခ်က္ရထားပါတယ္။ သူတို႔ေတြ သြားဖို႔ ေျပာတဲ့ေနရာကို ကၽြန္ေတာ္တို႔ အခ်ိန္တိုင္းမွာ သြားဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ ကၽြန္ေတာ္ လက္နက္ကိုင္တာ အသားမက်ေသးေပမယ့္ အျမဲတမ္းအဆင္သင့္ပါပဲ။ အခ်ိန္မေရြးပဲ”

“ယူကရိန္းက ဒီစစ္ပြဲမွာ အနိုင္ရရွိမယ္ဆိုတာကို ကၽြန္ေတာ့္စိတ္ထဲမွာ သံသယလုံးဝမရွိပါဘူး။ ကၽြန္ေတာ္ တျခားဟာေတြလည္း မစဥ္းစားနိုင္ဘူး။ ကၽြန္ေတာ္ ဒီဟာပဲ ေတြးေနမိတယ္။ ဒီျဖစ္ရပ္ဆိုးႀကီးက ကၽြန္ေတာ္တို႔ကို နိုင္ငံတစ္ခုအျဖစ္ စည္းလုံးေစခဲ့တာကို ျမင္ေတြ႕ခဲ့တယ္။ ကၽြန္ေတာ္တို႔ အနိုင္ရတဲ့အခါမွသာ ၿငိမ္းခ်မ္းလိမ့္မယ္လို႔ ထင္တယ္။ ႐ုရွားရဲ့ေတာင္းဆိုမႈေတြက လိုက္ေလ်ာဖို႔ လုံးဝမျဖစ္နိုင္တဲ့အတိုင္းအတာလို႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ လက္ခံနိုင္မွာမဟုတ္ပါဘူး။ ေတြ႕ဆုံေဆြးေႏြးဖို႔ လိုအပ္ေပမယ့္ ကၽြန္ေတာ္တို႔ သူတို႔ရဲ့ ရာဇသံေပးတာကို ေက်နပ္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ေစ့စပ္ညႇိႏွိုင္းမႈေတြ ျပဳလုပ္ေနတာကို ျမင္ေတြ႕ေနရၿပီး ဒီစစ္ပြဲကို ရပ္တန႔္နိုင္ေလာက္တဲ့ ဦးေႏွာက္ သူတို႔မွာ ရွိေလာက္မယ္လို႔ ေမၽွာ္လင့္ပါတယ္”

“ပထမဆုံးအေနနဲ႔ ကၽြန္ေတာ္ ကေလးေတြ၊ အမ်ိဳးသမီးေတြ ေနာက္ထပ္ မေသၾကေတာ့ဖို႔ ေမၽွာ္လင့္ပါတယ္။ ဒါက အေရးအႀကီးဆုံးအရာပါ။ ကၽြန္ေတာ့္အေနနဲ႔ ယူကရိန္းသမၼတ ဇီလန္းစကီးအေပၚ လုံးဝကို ေလးစားမႈရွိပါတယ္။ သူတို႔ေတြ သူနဲ႔ပတ္သက္ၿပီး ဘာေတြပဲ ေျပာေနေန ကိစၥမရွိဘူး။ ကၽြန္ေတာ္ သူ႔ကို မဲေပးခဲ့တာပါ။ လူေတြက သူ႔ကို လူရႊင္ေတာ္လို႔ ေခၚေနၾကေပမယ့္ သူက တကယ့္ေခါင္းေဆာင္အစစ္ဆိုတာကို ျပသခဲ့ပါတယ္။ သူက ရိုးသားတယ္။ သူလည္း အမွားေတြေတာ့ လုပ္ခဲ့မိေပမယ့္ အဲဒါက အားလုံးအမွားလုပ္မိတတ္ၾကတာပဲဆိုေတာ့ သာမန္ပါပဲ။ တိုင္းျပည္ကို ဦးေဆာင္ဖို႔ ဘယ္ေလာက္ခက္လဲဆိုတာ ကၽြန္ေတာ္ ေတြးၾကည့္လို႔ရပါတယ္။ သူက လူေကာင္းဆိုတာ ကၽြန္ေတာ္ သံသယမရွိပါဘူး။ ကၽြန္ေတာ္တို႔မွာ မွန္ကန္တဲ့နည္းလမ္းနဲ႔ လုပ္ေဆာင္မယ့္ သမၼတရွိတယ္။ သူ႔ကို ကၽြန္ေတာ္ ယုံၾကည္တယ္”

ဗာနင္ဒမ့္ရဲ့ အေျခအေနက ဘာေနဗ်ဴးမွာတုန္းက ၎ရဲ့အသင္း အနိုင္ရတဲ့အခ်ိန္မွာ ေတြးၾကည့္လို႔ေတာင္ မျဖစ္နိုင္ခဲ့တဲ့အေျခအေန ျဖစ္ခဲ့မွာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ ရီးရဲလ္မက္ဒရစ္အနိုင္ယူခဲ့တဲ့အခ်ိန္မွာ အဲဒါကို စဥ္းစားၾကည့္လို႔ေတာင္ မရနိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္ ေဖေဖာ္ဝါရီလအစမွာ စၿပီး သံသယေတြဝင္လာတယ္။ ကစားသမားေတြက ကၽြန္ေတာ့္ကို ဘာေၾကာင့္ တစ္ခ်ိန္လုံး ငိုင္ေနတာလဲလို႔ ေမးခဲ့ၾကတယ္။ ကၽြန္ေတာ္ တစ္ခုခုမ်ားျဖစ္ခဲ့လို႔လားေပါ့။ ကၽြန္ေတာ္က ဘာမွမျဖစ္ဘူးလို႔ပဲ ေျပာေနခဲ့တယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ တစ္စုံတရာ(႐ုရွားရဲ့က်ဴးေက်ာ္မႈ)က ျဖစ္လာတယ္။ သူတို႔ေတြက အဲဒါက မျဖစ္ေလာက္ပါဘူးလို႔ ေျပာေနခဲ့ၾကတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ တစ္စုံတရာကို ခံစားမိခဲ့တယ္။ ရွရစ္အသင္းက ေကာင္ေလးေတြအခ်ိဳ႕က ကၽြန္ေတာ့္ကို ဖုန္းေခၚခဲ့ၿပီး ကၽြန္ေတာ္ အသံမက္ေဆ့ခ်္တစ္ခု ရရွိခဲ့တယ္”

“နည္းျပအခ်ိဳ႕က ကၽြန္ေတာ့္ကို အားေပးစကားေတြလည္း ပို႔ခဲ့ၾကတယ္။ ေဘာလုံးအေၾကာင္းေတြးရတာက ကၽြန္ေတာ့္ကို စိတ္အားတက္ႂကြေစတယ္။ ေဘာလုံးက ကၽြန္ေတာ့္ဘဝပဲ။ ကၽြန္ေတာ္ ဒီစစ္ပြဲ အရမ္းမၾကာေစဖို႔အတြက္ ေမၽွာ္လင့္မိပါတယ္။ ကၽြန္ေတာ္တို႔ အနိုင္ရရွိမွာျဖစ္ၿပီး ကၽြန္ေတာ္ ခ်စ္ျမတ္နိုးတဲ့အလုပ္ဆီကို ျပန္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ပူတင္ရဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈစတင္ခဲ့တာ တစ္ပတ္ေက်ာ္ၾကာလာတဲ့အခ်ိန္မွာ ယူကရိန္းကို စြန႔္ခြာထြက္ေျပးတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ ၁ သန္းေက်ာ္ရွိေနၿပီျဖစ္ၿပီး ရာနဲ႔ခ်ီတဲ့ အျပစ္မဲ့ျပည္သူေတြ ေသဆုံးခဲ့သလို ေထာင္ေပါင္းမ်ားစြာ ဒဏ္ရာရရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.