Premier League

အာဆင္နယ္အသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ အဂၤါေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ျပင္သစ္လီဂူးတူးကလပ္ လီဟာဗရီအသင္းက ကြင္းလယ္ခံစစ္ကစားသမားေလး ပါပီ ေဂြယီကို ေပါင္(၅)သန္းေလာက္နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရေတာ့မွာ ျဖစ္ပါတယ္။ ပါပီ ေဂြယီဟာ ေပါ့ဘာနဲ႔ ကန္တီတို႔ႏွစ္ေယာက္ ေပါင္းစပ္ထားတဲ့ ေဘာလံုးပါရမီမ်ိဳးရွိသူလို႔ ခ်ီးက်ဴးခံထားရသူလည္းျဖစ္ပါတယ္။

– ဘရာဇီးေနာက္ခံလူ ေဒးဗစ္လူး၀စ္က ေနာက္ခံလူသစ္ ပါဘလိုမာရီနဲ႔ တြဲကစားရတာ အဆင္ေျပတယ္လို႔ ဆုိပါတယ္။ ပါဘလိုမာရီဟာ ဒူဘိုင္းမွာ စခန္းသြင္းေလ့က်င့္တဲ့ ကာလအတြင္း အသင္းကစားကြက္နဲ႔ အျမန္အထိုင္က်လာလို႔ မၾကာခင္ ပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနၿပီး လာမယ့္နယူးကာဆယ္လ္နဲ႔ပြဲမွာ ပါဝင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

– အာဆင္နယ္အသင္းဘက္က ေတာင္းဆိုတဲ့ ေပါင္သန္း ၂၀ ကို ရိုးမားဘက္က မေပးခ်င္တာေၾကာင့္ ကြင္းလယ္လူ ဟင္းနရစ္ မီခီတာရန္ကို အၿပီးသတ္ထုတ္ေရာင္းမယ့္ အစီအစဥ္ ပ်က္ဖို႔ရွိေနၿပီး လာမယ့္ေႏြရာသီမွာ လန္ဒန္ကို မီခီတာရန္ ျပန္လာရဖို႔ မ်ားေနပါတယ္။

– အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၁၀ မွတ္အထိ ကြာေနေပမယ့္ ရာသီကုန္ရင္ သူတို႔အသင္း အဆင့္ ၄ အတြင္းကို ဝင္ေရာက္ႏုိင္ဖို႔ ေမွ်ာ္လင့္ႏိုင္ေျခ ရွိေသးတယ္လို႔ အာဆင္နယ္ကြင္းလယ္လူ မီဆတ္ အိုေဇးလ္က ေျပာၾကားလိုက္ပါတယ္။

– ဒူဘိုင္းမွာ စခန္းသြင္းေလ့က်င့္ေနတဲ့ အာဆင္နယ္အသင္းမွာ ဒဏ္ရာသက္သာလာၿပီးေနာက္ ေလ့က်င့္ခန္းျပန္ဆင္းလာႏိုင္တဲ့ ကစားသမားေတြကေတာ့ ဘယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာ၊ ဘယ္ေနာက္ခံလူ ကိုလာစီနက္ခ်္တို႔ ျဖစ္ၾကၿပီး ပခုံးဒဏ္ရာရရွိထားတဲ့ ကီရန္ တီယာနီပါ ဒဏ္ရာကို မထိခိုက္ေစဖို႔ တစ္ဦးတည္း ထရိန္နင္ဆင္းေနတယ္လို႔ သိရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ အင်္ဂါနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ပြင်သစ်လီဂူးတူးကလပ် လီဟာဗရီအသင်းက ကွင်းလယ်ခံစစ်ကစားသမားလေး ပါပီ ဂွေယီကို ပေါင်(၅)သန်းလောက်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရတော့မှာ ဖြစ်ပါတယ်။ ပါပီ ဂွေယီဟာ ပေါ့ဘာနဲ့ ကန်တီတို့နှစ်ယောက် ပေါင်းစပ်ထားတဲ့ ဘောလုံးပါရမီမျိုးရှိသူလို့ ချီးကျူးခံထားရသူလည်းဖြစ်ပါတယ်။

– ဘရာဇီးနောက်ခံလူ ဒေးဗစ်လူးဝစ်က နောက်ခံလူသစ် ပါဘလိုမာရီနဲ့ တွဲကစားရတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ပါဘလိုမာရီဟာ ဒူဘိုင်းမှာ စခန်းသွင်းလေ့ကျင့်တဲ့ ကာလအတွင်း အသင်းကစားကွက်နဲ့ အမြန်အထိုင်ကျလာလို့ မကြာခင် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပြီး လာမယ့်နယူးကာဆယ်လ်နဲ့ပွဲမှာ ပါဝင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

– အာဆင်နယ်အသင်းဘက်က တောင်းဆိုတဲ့ ပေါင်သန်း ၂၀ ကို ရိုးမားဘက်က မပေးချင်တာကြောင့် ကွင်းလယ်လူ ဟင်းနရစ် မီခီတာရန်ကို အပြီးသတ်ထုတ်ရောင်းမယ့် အစီအစဉ် ပျက်ဖို့ရှိနေပြီး လာမယ့်နွေရာသီမှာ လန်ဒန်ကို မီခီတာရန် ပြန်လာရဖို့ များနေပါတယ်။

– အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၁၀ မှတ်အထိ ကွာနေပေမယ့် ရာသီကုန်ရင် သူတို့အသင်း အဆင့် ၄ အတွင်းကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်နိုင်ခြေ ရှိသေးတယ်လို့ အာဆင်နယ်ကွင်းလယ်လူ မီဆတ် အိုဇေးလ်က ပြောကြားလိုက်ပါတယ်။

– ဒူဘိုင်းမှာ စခန်းသွင်းလေ့ကျင့်နေတဲ့ အာဆင်နယ်အသင်းမှာ ဒဏ်ရာသက်သာလာပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်တဲ့ ကစားသမားတွေကတော့ ဘယ်တောင်ပံကစားသမား ဘူကာယို ဆာကာ၊ ဘယ်နောက်ခံလူ ကိုလာစီနက်ချ်တို့ ဖြစ်ကြပြီး ပခုံးဒဏ်ရာရရှိထားတဲ့ ကီရန် တီယာနီပါ ဒဏ်ရာကို မထိခိုက်စေဖို့ တစ်ဦးတည်း ထရိန်နင်ဆင်းနေတယ်လို့ သိရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.