International

ဆောင်းရာသီအိုလံပစ်ပြီးတဲ့အထိ ရုရှားတပ်သားတွေ ထပ်မံမစေလွှတ်ဖို့ ပူတင်ကို ပြောခဲ့တဲ့ တရုတ်

တရုတ်အစိုးရအကြီးတန်းအရာရှိတွေဟာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးတဲ့အထိ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ထပ်မံစေလွှတ်တာကို ဆိုင်းငံ့ထားပေးဖို့ ဗလာဒီမာ ပူတင်ကို ပြောကြားခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေက ပြောကြားခဲ့ပါတယ်။

The New York Times သတင်းစာက သဘောတူညီမှုနဲ့ပတ်သက်ပြီး အနောက်အုပ်စု ထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကားခဲ့တဲ့ ဂျိုး ဘိုင်ဒင် အုပ်ချုပ်ရေး အရာရှိများနဲ့ ဥရောပအရာရှိတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ The Times က ထောက်လှမ်းရေးအစီရင်ခံစာဟာ တရုတ်အစိုးရအကြီးတန်းအရာရှိတွေဟာ ပြီးခဲ့တဲ့အပတ်မှာ မော်စကိုက ရက်စက်ကြမ်းကြုတ်တဲ့စစ်ဆင်ရေး မပြုလုပ်မီ ယူကရိန်းကို ကျူးကျော်ဖို့ ရည်ရွယ်ချက် သို့မဟုတ် ရုရှားရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သိသင့်သလောက် သိထားခဲ့ကြတယ်ဆိုတာကို ညွှန်ပြနေတာလို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က တရုတ်ဟာ အဲဒီကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့ပေမယ့်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားဖို့ ငြင်းပယ်ခဲ့ပါတယ်။ သတင်းရင်းမြစ်က အဲဒီကိစ္စရဲ့ ထိလွယ်ရှလွယ်မှုကြောင့် အတည်ပြုဖို့အတွက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

“သက်ဆိုင်ရာ အစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိတဲ့ ထင်ကြေးပေးမှုတွေသာဖြစ်ပြီး တရုတ်နိုင်ငံကို အပြစ်တင်ဖို့နဲ့ အပုပ်ချို့အတွက် ရည်ရွယ်ခဲ့တာပါ”လို့ ဝါရှင်တန် တရုတ်သံရုံးက ပြောရေးဆိုခွင့်ရှိသူ လု ဖောင်ယူက ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ စီအိုင်အေနဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီက ရိုက်တာသတင်းအေဂျင်စီဆီကနေ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း ပြန်လည်မတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အနောက်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ရက်သတ္တပတ်ပေါင်းများစွာ သတိပေးခြင်းခံခဲ့ရပြီးနောက် ရုရှားဟာ ၂၀၂၂ ဘေကျင်းအိုလံပစ်အပြီး ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ယူကရိန်းကို မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်းပိုင်းတို့ကနေ ကျူးကျော်ထိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားအစိုးရတာဝန်ရှိသူတွေကြား အပြန်အလှန်ပြောဆိုခဲ့မှုအပေါ် အနောက်အုပ်စု ထောက်လှမ်းရေးဌာနက ကြားဖြတ် ရယူခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက အဲဒီပြောဆိုမှုတွေကို ပြန်လည်သုံးသပ်ပြီးနောက် လက်ခံယုံကြည်နိုင်တဲ့အရာလို့ ယူဆခဲ့ကြတယ်လို့ Times သတင်းက ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို တိုက်ခိုက်နိုင်တဲ့အချိန်မှာ အမေရိကန်က အကြီးတန်းအရာရှိများနဲ့ မဟာမိတ်အစိုးရတွေထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ထောက်လှမ်းရေးဌာနမှာ အမျိုးမျိုးသော အဓိပ္ပာယ်ရှင်းလင်းချက်တွေ ရှိခဲ့တယ်လို့ the Times က ဖော်ပြခဲ့ပေမယ့်လည်း သတင်းအချက်အလက်တွေဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းခံခဲ့ရလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ထပ်လောင်းဖော်ပြခဲ့ပါတယ်။ ထောက်လှမ်းရေးနဲ့ အကျွမ်းတဝင်ရှိတဲ့ the Times တာဝန်ရှိသူတစ်ဦးက အဲဒီကိစ္စဟာ တရုတ်သမ္မတ ရှီ ကျင့်ဖင်နဲ့ ပူတင်တို့ကြား ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စကားစမြည်ပြောဆိုခဲ့တယ်လို့ ညွှန်ပြနေတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလက ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲအခမ်းအနားအတွက် ဘေကျင်းကို သွားရောက်လည်ပတ်ခဲ့ချိန်တုန်းက ပူတင်ဟာ ၎င်းရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖင်နဲ့ အရေးကြီးတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တ႐ုတ္အစိုးရအႀကီးတန္းအရာရွိေတြဟာ ေဆာင္းရာသီ အိုလံပစ္ၿပိဳင္ပြဲ ၿပီးဆုံးတဲ့အထိ ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕ေတြ ထပ္မံေစလႊတ္တာကို ဆိုင္းငံ့ထားေပးဖို႔ ဗလာဒီမာ ပူတင္ကို ေျပာၾကားခဲ့တယ္လို႔ ေထာက္လွမ္းေရးသတင္းေတြက ေျပာၾကားခဲ့ပါတယ္။

The New York Times သတင္းစာက သေဘာတူညီမႈနဲ႔ပတ္သက္ၿပီး အေနာက္အုပ္စု ေထာက္လွမ္းေရးအစီရင္ခံစာကို ကိုးကားခဲ့တဲ့ ဂ်ိဳး ဘိုင္ဒင္ အုပ္ခ်ဳပ္ေရး အရာရွိမ်ားနဲ႔ ဥေရာပအရာရွိေတြကို ကိုးကားေဖာ္ျပခဲ့ပါတယ္။ The Times က ေထာက္လွမ္းေရးအစီရင္ခံစာဟာ တ႐ုတ္အစိုးရအႀကီးတန္းအရာရွိေတြဟာ ၿပီးခဲ့တဲ့အပတ္မွာ ေမာ္စကိုက ရက္စက္ၾကမ္းၾကဳတ္တဲ့စစ္ဆင္ေရး မျပဳလုပ္မီ ယူကရိန္းကို က်ဴးေက်ာ္ဖို႔ ရည္ရြယ္ခ်က္ သို႔မဟုတ္ ႐ုရွားရဲ့ အစီအစဥ္နဲ႔ပတ္သက္ၿပီး သိသင့္သေလာက္ သိထားခဲ့ၾကတယ္ဆိုတာကို ညႊန္ျပေနတာလို႔ ဆိုပါတယ္။

အဲဒီကိစၥနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္က တ႐ုတ္ဟာ အဲဒီကမ္းလွမ္းမႈကို ျပဳလုပ္ခဲ့တယ္လို႔ ရိုက္တာသတင္းဌာနကို အတည္ျပဳခဲ့ေပမယ့္လည္း အေသးစိတ္အခ်က္အလက္မ်ားကို ေျပာၾကားဖို႔ ျငင္းပယ္ခဲ့ပါတယ္။ သတင္းရင္းျမစ္က အဲဒီကိစၥရဲ့ ထိလြယ္ရွလြယ္မႈေၾကာင့္ အတည္ျပဳဖို႔အတြက္ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

“သက္ဆိုင္ရာ အစီရင္ခံစာေတြမွာ ေဖာ္ျပထားတဲ့ ေျပာဆိုမႈေတြဟာ အေျခအျမစ္မရွိတဲ့ ထင္ေၾကးေပးမႈေတြသာျဖစ္ၿပီး တ႐ုတ္နိုင္ငံကို အျပစ္တင္ဖို႔နဲ႔ အပုပ္ခ်ိဳ႕အတြက္ ရည္ရြယ္ခဲ့တာပါ”လို႔ ဝါရွင္တန္ တ႐ုတ္သံ႐ုံးက ေျပာေရးဆိုခြင့္ရွိသူ လု ေဖာင္ယူက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္နိုင္ငံျခားေရးဌာန၊ စီအိုင္ေအနဲ႔ အိမ္ျဖဴေတာ္အမ်ိဳးသားလုံျခဳံေရးေကာင္စီက ရိုက္တာသတင္းေအဂ်င္စီဆီကေန မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈကို ခ်က္ခ်င္း ျပန္လည္မတုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

အေနာက္နိုင္ငံ ေခါင္းေဆာင္ေတြရဲ့ ရက္သတၱပတ္ေပါင္းမ်ားစြာ သတိေပးျခင္းခံခဲ့ရၿပီးေနာက္ ႐ုရွားဟာ ၂၀၂၂ ေဘက်င္းအိုလံပစ္အၿပီး ရက္အနည္းငယ္အၾကာ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ ယူကရိန္းကို ေျမာက္ပိုင္း၊ အေရွ႕ပိုင္း၊ ေတာင္းပိုင္းတို႔ကေန က်ဴးေက်ာ္ထိုးေဖာက္ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္နဲ႔ ႐ုရွားအစိုးရတာဝန္ရွိသူေတြၾကား အျပန္အလွန္ေျပာဆိုခဲ့မႈအေပၚ အေနာက္အုပ္စု ေထာက္လွမ္းေရးဌာနက ၾကားျဖတ္ ရယူခဲ့တာျဖစ္ၿပီး တာဝန္ရွိသူေတြက အဲဒီေျပာဆိုမႈေတြကို ျပန္လည္သုံးသပ္ၿပီးေနာက္ လက္ခံယုံၾကည္နိုင္တဲ့အရာလို႔ ယူဆခဲ့ၾကတယ္လို႔ Times သတင္းက ေဖာ္ျပခဲ့ပါတယ္။

႐ုရွားသမၼတ ဗလာဒီမာ ပူတင္က ယူကရိန္းကို တိုက္ခိုက္နိုင္တဲ့အခ်ိန္မွာ အေမရိကန္က အႀကီးတန္းအရာရွိမ်ားနဲ႔ မဟာမိတ္အစိုးရေတြထဲမွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး ေထာက္လွမ္းေရးဌာနမွာ အမ်ိဳးမ်ိဳးေသာ အဓိပၸာယ္ရွင္းလင္းခ်က္ေတြ ရွိခဲ့တယ္လို႔ the Times က ေဖာ္ျပခဲ့ေပမယ့္လည္း သတင္းအခ်က္အလက္ေတြဟာ ဘယ္ေလာက္အထိ က်ယ္က်ယ္ျပန႔္ျပန႔္ မၽွေဝျခင္းခံခဲ့ရလဲဆိုတာ ရွင္းရွင္းလင္းလင္းမသိရဘူးလို႔ ထပ္ေလာင္းေဖာ္ျပခဲ့ပါတယ္။ ေထာက္လွမ္းေရးနဲ႔ အကၽြမ္းတဝင္ရွိတဲ့ the Times တာဝန္ရွိသူတစ္ဦးက အဲဒီကိစၥဟာ တ႐ုတ္သမၼတ ရွီ က်င့္ဖင္နဲ႔ ပူတင္တို႔ၾကား က်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး စကားစျမည္ေျပာဆိုခဲ့တယ္လို႔ ညႊန္ျပေနတာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ေဖေဖာ္ဝါရီလက ေဆာင္းရာသီ အိုလံပစ္ ဖြင့္ပြဲအခမ္းအနားအတြက္ ေဘက်င္းကို သြားေရာက္လည္ပတ္ခဲ့ခ်ိန္တုန္းက ပူတင္ဟာ ၎ရဲ့ မဟာမိတ္ျဖစ္တဲ့ တ႐ုတ္သမၼတ ရွီ က်င့္ဖင္နဲ႔ အေရးႀကီးတဲ့ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.