Formula1 International

ရုရှားဖော်မြူလာဝမ်းဒရိုင်ဘာကို စတင်ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အင်္ဂလန်အဖွဲ့ချုပ်

ရုရှားရဲ့ ကျူးကျော်စစ်ကို အင်္ဂလန်နိုင်ငံအနေနဲ့ သူတကာထက်ပိုပြီး ခါးခါးသီးသီး တုံ့ပြန်ပြနေတာကို တွေ့ခဲ့ရပြီး ယူကရိန်းတို့ဘက်က ပြင်းပြင်းထန်ထန် အားပေးနေခဲ့သလို ပြီးခဲ့တဲ့ ပွဲတွေက အဖြစ်အပျက်တွေအရ ပရီးမီးယားလိဂ်ရဲ့ အဝါကတ်ပြတဲ့ စည်းမျဉ်းကိုတောင် ခြွင်းချက်ပေးဖို့ လုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

အက်စတန်ဗီလာနဲ့ ဘရိုက်တန်တို့ပွဲစဉ်မှာ ယူကရိန်းမှာ ရှိနေတဲ့ အသင်းဖော်ကို အားပေးတဲ့ စာသားပြတဲ့ နောက်ခံလူ မက်တီ ကတ်ရှ်ကို အဝါကတ်ပြသခံခဲ့ရပြီးနောက်ပိုင်းမှာ FA အနေနဲ့ ရုရှားစစ်ကို ဆန့်ကျင်ပြီး ယူကရိန်းကို ထောက်ခံမှုပြသတဲ့ ကစားသမားတွေကို အဝါကတ်မပြဖို့တောင် ညွှန်ကြားခဲ့ချိန်မှာ ဖော်မြူလာဝမ်းကားမောင်းပွဲအတွက်လည်း စောစောစီးစီးပဲ အရေးယူ ဆောင်ရွက်ခဲ့တာပါ။

အင်္ဂလန်နိုင်ငံအနေနဲ့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ စတင်ကျင်းပမယ့် နော့သမ်ပ်တန်ရှိုင်းယား၊ ဆေးလ်ဗားစတုန်းရွာမှာ ကျင်းပမယ့် ဖော်မြူလာဝမ်း ဗြိတိန်ဂရင်းပရီမှာ ဟာ့စ်အသင်းရဲ့ ရုရှားကားမောင်းသမား နီကီတာ မာဇီပင်ကို ပါဝင်ခွင့်မပေးဖို့ ပိတ်ပင်လိုက်တာဖြစ်ပြီး ဗလာဒီမီယာ ပူတင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်အတွက် နေရာမရှိကြောင်း ပြသလိုက်တာဖြစ်ပါတယ်။

ဖော်မြူလာဝမ်းကားမောင်းသမား မာဇီပင်ရဲ့ ဖခင် ဒမီထရီဟာ ပူတင်နဲ့ ရင်းနှီးတဲ့ ခရိုနီ အိုလီဂါ့ချ်တစ်ဦးဖြစ်တာကြောင့် သူ့ကို ဖယ်ရှားဖို့ အားကစားလောကမှာ တောင်းဆိုမှုတွေ ရှိနေခဲ့ပြီး နိုင်ငံတကာစက်တပ်ယာဉ်များအဖွဲ့ချုပ် Federation Internaionale de l’Automobile (FIA)ကတော့ ရုရှားအလံနဲ့ ကိုယ်စားပြုဆိုပြီး မသုံးစွဲရင် ယှဉ်ပြိုင်နိုင်တယ်လို့ အဆုံးအဖြတ်ပေးထားခဲ့တာပါ။

ဒါပေမယ့် မာဇီပင်ဟာ ရုရှားနိုင်ငံရဲ့ အားကစားသမားတွေအနေနဲ့ တားမြစ်ဆေးစစ်ဆေးမှု ခံယူရာမှာ ပျက်ကွက်မှုတွေကြောင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြုခွင့်ကို Word Anti-Doping Agency (WADA)က ပိတ်ပင်ထားခဲ့ချိန်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ဖော်မြူလာဝမ်းရာသီကိုလည်း တခြားဒရိုင်ဘာတွေလို အလံသုံးစွဲခွင့်မရဘဲ Russian Automobile Federation အလံကိုသာ RAF ဆိုပြီး သုံးစွဲထားခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် မော်စကိုသား ဟာ့စ်ကားမောင်းသမား မာဇီပင်ကို ဗြိတိန်နိုင်ငံ စက်တပ်အားကစားအဖွဲ့ချုပ် (Motorsport UK)က ပါဝင်ယှဉ်ပြိုင်ဖို့ လက်ခံမှာ မဟုတ်ကြောင်းကို အဖွဲ့ချုပ်ဥက္ကဌ ဒေးဗစ် ရစ်ချတ်စ်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်တာဖြစ်ပြီး ယူကရိန်းနိုင်ငံနဲ့ တစ်သားတည်း ရပ်တည်မှာဖြစ်သလို ရုရှားနဲ့ ဘီလာရုစ်တို့ကို ရှုတ်ချသွားမယ်လို့ ပြောလိုက်တာပါ။

“ယူကေရဲ့ စက်တပ်အားကစားနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းက ရုရှားနဲ့ ဘီလာရုစ်ကို ရှုတ်ချပြီး ယူကရိန်းနဲ့အတူ စည်းစည်းလုံးလုံး ရပ်တည်သွားမှာပါ။ ယူကရိန်းရဲ့ ပြည်သူတွေ၊ Motorsport အဖွဲ့အစည်းတွေနဲ့အတူ ရှိနေပြီး မိတ်ဆွေတွေဖြစ်တဲ့ Federation Automobile d’Ukraine (FAU)ရဲ့ ဥက္ကဌ လီယိုနစ် ကော့စ်ယူချင်ကိုနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်”လို့ ဗြိတိန်သူရဲကောင်းမှတ်တမ်းဝင် CBE ဘွဲ့ရ ရစ်ချတ်စ်က ရှင်းလင်းသွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ ဗြိတိန်တို့ရဲ့ စတင်အရေးယူမှုကတော့ ကျန်တဲ့ နိုင်ငံတွေနဲ့ ဟာ့စ်အသင်းအတွက် ဖိအားလည်းဖြစ်လာခဲ့ပြီး ဥရောပမှာ လူအခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို အထူးအားပေးသူတွေဖြစ်ကြတဲ့ ဂျာမနီ၊ နယ်သာလန်နဲ့ အီတလီနိုင်ငံတွေကလည်း သူတို့တွေ လက်ခံကျင်းပတဲ့ ပြိုင်ပွဲတွေကနေ ထုတ်ပယ်မလား စောင့်ကြည့်ရမှာပါ။

ဖော်မြူလာဝမ်းပွဲစဉ်တွေကို ပုံမှန်ကြည့်ရှုသူ ပရိသတ်တွေအတွက်တော့ မာဇီပင်ဆိုတာဟာ တန်ဖိုးထားလောက်တဲ့ ကားမောင်းသမားတစ်ယောက် မဟုတ်သလို ဟာ့စ်အသင်းကလည်း အမြဲတမ်း အောက်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းမျိုးဖြစ်တာကြောင့် လွမ်းလောက်စရာတော့ မရှိဘဲ ဒီရုရှားသားဟာ လက်ရှိအချိန်အထိ ယှဉ်ပြိုင်ပြီးသမျှ ၂၂ ပွဲမှာ အမြင့်ဆုံးအဖြစ် အဆင့် ၁၄ မှာသာ ရပ်တည်ဖူးသလို ပြိုင်ပွဲဝင် ၂၀ ရဲ့ ထိပ်ဆုံး ၁၀ ယောက်ကိုသာ အမှတ်သတ်မှတ်ပေးတဲ့ Scoring System အရ တစ်မှတ်မှလည်း မရဖူးသေးသူဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ကို အဂၤလန္ႏိုင္ငံအေနနဲ႔ သူတကာထက္ပိုၿပီး ခါးခါးသီးသီး တုံ႔ျပန္ျပေနတာကို ေတြ႕ခဲ့ရၿပီး ယူကရိန္းတို႔ဘက္က ျပင္းျပင္းထန္ထန္ အားေပးေနခဲ့သလို ၿပီးခဲ့တဲ့ ပြဲေတြက အျဖစ္အပ်က္ေတြအရ ပရီးမီးယားလိဂ္ရဲ႕ အဝါကတ္ျပတဲ့ စည္းမ်ဥ္းကိုေတာင္ ႁခြင္းခ်က္ေပးဖို႔ လုပ္ေဆာင္ထားခဲ့တာျဖစ္ပါတယ္။

အက္စတန္ဗီလာနဲ႔ ဘ႐ိုက္တန္တို႔ပြဲစဥ္မွာ ယူကရိန္းမွာ ရွိေနတဲ့ အသင္းေဖာ္ကို အားေပးတဲ့ စာသားျပတဲ့ ေနာက္ခံလူ မက္တီ ကတ္ရွ္ကို အဝါကတ္ျပသခံခဲ့ရၿပီးေနာက္ပိုင္းမွာ FA အေနနဲ႔ ႐ုရွားစစ္ကို ဆန႔္က်င္ၿပီး ယူကရိန္းကို ေထာက္ခံမႈျပသတဲ့ ကစားသမားေတြကို အဝါကတ္မျပဖို႔ေတာင္ ၫႊန္ၾကားခဲ့ခ်ိန္မွာ ေဖာ္ျမဴလာဝမ္းကားေမာင္းပြဲအတြက္လည္း ေစာေစာစီးစီးပဲ အေရးယူ ေဆာင္႐ြက္ခဲ့တာပါ။

အဂၤလန္ႏိုင္ငံအေနနဲ႔ လာမယ့္ ဇူလိုင္လ ၃ ရက္ေန႔မွာ စတင္က်င္းပမယ့္ ေနာ့သမ္ပ္တန္ရႈိင္းယား၊ ေဆးလ္ဗားစတုန္း႐ြာမွာ က်င္းပမယ့္ ေဖာ္ျမဴလာဝမ္း ၿဗိတိန္ဂရင္းပရီမွာ ဟာ့စ္အသင္းရဲ႕ ႐ုရွားကားေမာင္းသမား နီကီတာ မာဇီပင္ကို ပါဝင္ခြင့္မေပးဖို႔ ပိတ္ပင္လိုက္တာျဖစ္ၿပီး ဗလာဒီမီယာ ပူတင္ရဲ႕ လူမဆန္တဲ့ လုပ္ရပ္အတြက္ ေနရာမရွိေၾကာင္း ျပသလိုက္တာျဖစ္ပါတယ္။

ေဖာ္ျမဴလာဝမ္းကားေမာင္းသမား မာဇီပင္ရဲ႕ ဖခင္ ဒမီထရီဟာ ပူတင္နဲ႔ ရင္းႏွီးတဲ့ ခ႐ိုနီ အိုလီဂါ့ခ်္တစ္ဦးျဖစ္တာေၾကာင့္ သူ႔ကို ဖယ္ရွားဖို႔ အားကစားေလာကမွာ ေတာင္းဆိုမႈေတြ ရွိေနခဲ့ၿပီး ႏိုင္ငံတကာစက္တပ္ယာဥ္မ်ားအဖြဲ႕ခ်ဳပ္ Federation Internaionale de l’Automobile (FIA)ကေတာ့ ႐ုရွားအလံနဲ႔ ကိုယ္စားျပဳဆိုၿပီး မသုံးစြဲရင္ ယွဥ္ၿပိဳင္ႏိုင္တယ္လို႔ အဆုံးအျဖတ္ေပးထားခဲ့တာပါ။

ဒါေပမယ့္ မာဇီပင္ဟာ ႐ုရွားႏိုင္ငံရဲ႕ အားကစားသမားေတြအေနနဲ႔ တားျမစ္ေဆးစစ္ေဆးမႈ ခံယူရာမွာ ပ်က္ကြက္မႈေတြေၾကာင့္ ကမာၻ႔အဆင့္ၿပိဳင္ပြဲေတြမွာ ႏိုင္ငံကိုယ္စားျပဳခြင့္ကို Word Anti-Doping Agency (WADA)က ပိတ္ပင္ထားခဲ့ခ်ိန္မွာ ၿပီးခဲ့တဲ့ ၂၀၂၁ ေဖာ္ျမဴလာဝမ္းရာသီကိုလည္း တျခားဒ႐ိုင္ဘာေတြလို အလံသုံးစြဲခြင့္မရဘဲ Russian Automobile Federation အလံကိုသာ RAF ဆိုၿပီး သုံးစြဲထားခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေမာ္စကိုသား ဟာ့စ္ကားေမာင္းသမား မာဇီပင္ကို ၿဗိတိန္ႏိုင္ငံ စက္တပ္အားကစားအဖြဲ႕ခ်ဳပ္ (Motorsport UK)က ပါဝင္ယွဥ္ၿပိဳင္ဖို႔ လက္ခံမွာ မဟုတ္ေၾကာင္းကို အဖြဲ႕ခ်ဳပ္ဥကၠဌ ေဒးဗစ္ ရစ္ခ်တ္စ္က ဗုဒၶဟူးေန႔မွာ အတည္ျပဳလိုက္တာျဖစ္ၿပီး ယူကရိန္းႏိုင္ငံနဲ႔ တစ္သားတည္း ရပ္တည္မွာျဖစ္သလို ႐ုရွားနဲ႔ ဘီလာ႐ုစ္တို႔ကို ရႈတ္ခ်သြားမယ္လို႔ ေျပာလိုက္တာပါ။

“ယူေကရဲ႕ စက္တပ္အားကစားနဲ႔ ပတ္သက္တဲ့ အသိုင္းအဝိုင္းက ႐ုရွားနဲ႔ ဘီလာ႐ုစ္ကို ရႈတ္ခ်ၿပီး ယူကရိန္းနဲ႔အတူ စည္းစည္းလုံးလုံး ရပ္တည္သြားမွာပါ။ ယူကရိန္းရဲ႕ ျပည္သူေတြ၊ Motorsport အဖြဲ႕အစည္းေတြနဲ႔အတူ ရွိေနၿပီး မိတ္ေဆြေတြျဖစ္တဲ့ Federation Automobile d’Ukraine (FAU)ရဲ႕ ဥကၠဌ လီယိုနစ္ ေကာ့စ္ယူခ်င္ကိုနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားပါမယ္”လို႔ ၿဗိတိန္သူရဲေကာင္းမွတ္တမ္းဝင္ CBE ဘြဲ႕ရ ရစ္ခ်တ္စ္က ရွင္းလင္းသြားခဲ့ပါတယ္။

အဂၤလန္နဲ႔ ၿဗိတိန္တို႔ရဲ႕ စတင္အေရးယူမႈကေတာ့ က်န္တဲ့ ႏိုင္ငံေတြနဲ႔ ဟာ့စ္အသင္းအတြက္ ဖိအားလည္းျဖစ္လာခဲ့ၿပီး ဥေရာပမွာ လူအခြင့္အေရးနဲ႔ ဒီမိုကေရစီအေရးကို အထူးအားေပးသူေတြျဖစ္ၾကတဲ့ ဂ်ာမနီ၊ နယ္သာလန္နဲ႔ အီတလီႏိုင္ငံေတြကလည္း သူတို႔ေတြ လက္ခံက်င္းပတဲ့ ၿပိဳင္ပြဲေတြကေန ထုတ္ပယ္မလား ေစာင့္ၾကည့္ရမွာပါ။

ေဖာ္ျမဴလာဝမ္းပြဲစဥ္ေတြကို ပုံမွန္ၾကည့္ရႈသူ ပရိသတ္ေတြအတြက္ေတာ့ မာဇီပင္ဆိုတာဟာ တန္ဖိုးထားေလာက္တဲ့ ကားေမာင္းသမားတစ္ေယာက္ မဟုတ္သလို ဟာ့စ္အသင္းကလည္း အၿမဲတမ္း ေအာက္ဆုံးမွာ ရပ္တည္ေနတဲ့ အသင္းမ်ိဳးျဖစ္တာေၾကာင့္ လြမ္းေလာက္စရာေတာ့ မရွိဘဲ ဒီ႐ုရွားသားဟာ လက္ရွိအခ်ိန္အထိ ယွဥ္ၿပိဳင္ၿပီးသမွ် ၂၂ ပြဲမွာ အျမင့္ဆုံးအျဖစ္ အဆင့္ ၁၄ မွာသာ ရပ္တည္ဖူးသလို ၿပိဳင္ပြဲဝင္ ၂၀ ရဲ႕ ထိပ္ဆုံး ၁၀ ေယာက္ကိုသာ အမွတ္သတ္မွတ္ေပးတဲ့ Scoring System အရ တစ္မွတ္မွလည္း မရဖူးေသးသူျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.