International Premier League

သမီးလေးကြောင့်သာမဟုတ်ရင် ယူကရိန်းပြန်ပြီး ဝင်တိုက်နေပြီဆိုတဲ့ ဇင်ချန်ကို

မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်တောင်ပံမှာ တိုက်စစ်ရော ခံစစ်ပါ ကစားခဲ့ရပြီး လက်ရှိမှာတော့ ဘယ်နောက်ခံအဖြစ် ပိုမိုကစားနေရတဲ့ ယူကရိန်းလက်ရွေးစင်ဘောလုံးသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုက သူ့အနေနဲ့ ရုရှားနိုင်ငံရဲ့ မတရားကျူးကျော်စစ်ကို နိုင်ငံသားတွေနဲ့အတူ ပူးပေါင်းပြီး တွန်းလှန်သွားလိုကြောင်းနဲ့ လက်ရှိအခြေအနေကို မျက်ရည်လည်ရွဲရှင်းပြလိုက်ပါတယ်။

ဇင်ချန်ကိုက သူ့အနေနဲ့ လက်ရှိမှာ လန်ဒန်က မိသားစုကို ပစ်သွားပြီး စိတ်ချလက်ချ ထားခဲ့လို့ မရသေးတာကြောင့် မျက်စိရှေ့မှာ ဖြစ်ပျက်နေသမျှကို စိတ်နှလုံးညှိုးငယ်စွာနဲ့ ထိုင်ကြည့်ပြီး ငိုကြွေးနေရတယ်လို့ ဘီဘီစီအားကစားအစီအစဉ်မှာ နာမည်ကြီးတင်ဆက်သူနဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကို ဖွင့်ဟသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ပီတာဘားရားကို အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် လက်ပတ်ကို ဂုဏ်ပြုပေးအပ်ခြင်း ခံခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမားက သူ့ရဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဇာတိချက်မြှုပ်နေရာတွေမှာ ထိခိုက် ခံစားနေရတာတွေအတွက် မခံမရပ်နိုင်အောင်ဖြစ်ရကြောင်းလည်း ထုတ်ဖော်သွားပါတယ်။

“တစ်ပတ်လောက်ရှိပြီဗျာ… ကျွန်တော့်အနေနဲ့ ငိုနေရုံ၊ အော်ဟစ်ပေါက်ကွဲနေရုံပဲ တတ်နိုင်ခဲ့တယ်။ လေ့ကျင့်ရေးကွင်းဆီ အသွားအပြန်လုပ်တဲ့ ကားပေါ်မှာရော အိမ်မှာရော ဒီအတွေးတွေပဲ ခေါင်းထဲ ဝင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် အခြေအနေမှာ အမိမြေရဲ့ ခုခံစစ်ကို သွားပြီး တာဝန်ထမ်းဆောင်နိုင်သူတစ်ဦးအဖြစ် စာရင်းမသွင်းနိုင်လို့ပါပဲ”

“ခေါင်းထဲမှာ အတွေးတွေက များလိုက်တာဗျာ။ ကိုယ်မွေးခဲ့တဲ့ နေရာ၊ ကိုယ်ကြီးပြင်းခဲ့တဲ့ နေရာအားလုံးက တစ်စစီ ပျက်စီးပြိုလဲနေတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မြေပြင်ဖြစ်သွားခဲ့တာက နေရာပေါင်း သန်းနဲ့ချီပြီး များပြားနေပြီ။ ဘာ… လုံခြုံရေးအရ ကြားဝင်ရတယ်တဲ့လား၊ ဆုတောင်းလေ… ဒါက တကယ့်စစ်ပွဲကြီးပဲ။ ဘယ်လိုမှ လက်ခံနိုင်စရာ ကိစ္စမဟုတ်ဘဲ ဒါကို ကျွန်တော်တို့ ရပ်တန့်ကြရမှာပါ”

ဇင်ချန်ကိုက အမိမြေမှာ လူတွေ စိုးရိမ်ထိတ်လန့်စွာနဲ့ သေကြေပျက်စီးနေကြပြီး အိပ်ဖို့အရေးတောင် ဘန်ကာထဲ ဝင်မှ မြေအောက်ထဲမှာ တစ်မှေး မှေးရဲတယ်လို့ ဆိုလိုက်ပြီး အရိုးသားဆုံး ဝန်ခံရရင် မိသားစုနဲ့ လူမမယ် သမီးလေးတို့ကို စွန့်ခွာသွားဖို့ မဖြစ်နိုင်လို့သာ စစ်ထဲ ဝင်တိုက်ဖို့ မဖြစ်နိုင်ခဲ့တာလို့လည်း ဆိုလိုက်ပါတယ်။

“ကျွန်တော် မွေးလာခဲ့တဲ့ နေရာက လူတွေရဲ့ စိတ်ဓာတ်ခိုင်မာပုံတွေကို ကောင်းကောင်းသိထားပြီး မတရား ကျူးကျော်စစ်ကို အသက်နဲ့ ရင်းလို့ တွန်းလှန်ကြမယ်ဆိုတာလည်း ယုံကြည်နေပါတယ်။ ဒီလူတွေရဲ့ အသက်ကို ပဓာနမထားဘဲ ခုခံကာကွယ်မှုတွေအတွက် လေးစားမိပြီး ယူကရိန်းလူမျိုး ဖြစ်ရတာလည်း သိပ်ကို ဂုဏ်ယူနေမှာပါ။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးဘူး”လို့ ဇင်ချန်ကိုက ဘီဘီစီကို ပြောပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဘယ္ေတာင္ပံမွာ တိုက္စစ္ေရာ ခံစစ္ပါ ကစားခဲ့ရၿပီး လက္ရွိမွာေတာ့ ဘယ္ေနာက္ခံအျဖစ္ ပိုမိုကစားေနရတဲ့ ယူကရိန္းလက္ေ႐ြးစင္ေဘာလုံးသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုက သူ႔အေနနဲ႔ ႐ုရွားႏိုင္ငံရဲ႕ မတရားက်ဴးေက်ာ္စစ္ကို ႏိုင္ငံသားေတြနဲ႔အတူ ပူးေပါင္းၿပီး တြန္းလွန္သြားလိုေၾကာင္းနဲ႔ လက္ရွိအေျခအေနကို မ်က္ရည္လည္႐ြဲရွင္းျပလိုက္ပါတယ္။

ဇင္ခ်န္ကိုက သူ႔အေနနဲ႔ လက္ရွိမွာ လန္ဒန္က မိသားစုကို ပစ္သြားၿပီး စိတ္ခ်လက္ခ် ထားခဲ့လို႔ မရေသးတာေၾကာင့္ မ်က္စိေရွ႕မွာ ျဖစ္ပ်က္ေနသမွ်ကို စိတ္ႏွလုံးညႇိဳးငယ္စြာနဲ႔ ထိုင္ၾကည့္ၿပီး ငိုေႂကြးေနရတယ္လို႔ ဘီဘီစီအားကစားအစီအစဥ္မွာ နာမည္ႀကီးတင္ဆက္သူနဲ႔ အဂၤလန္ တိုက္စစ္မႉးေဟာင္း ဂယ္ရီ လိုင္နီကာကို ဖြင့္ဟသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ပီတာဘားရားကို အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ မန္စီးတီးအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ လက္ပတ္ကို ဂုဏ္ျပဳေပးအပ္ျခင္း ခံခဲ့ရတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားက သူ႔ရဲ႕ ငယ္ဘဝကို ျဖတ္သန္းခဲ့ရတဲ့ ဇာတိခ်က္ျမႇဳပ္ေနရာေတြမွာ ထိခိုက္ ခံစားေနရတာေတြအတြက္ မခံမရပ္ႏိုင္ေအာင္ျဖစ္ရေၾကာင္းလည္း ထုတ္ေဖာ္သြားပါတယ္။

“တစ္ပတ္ေလာက္ရွိၿပီဗ်ာ… ကြၽန္ေတာ့္အေနနဲ႔ ငိုေန႐ုံ၊ ေအာ္ဟစ္ေပါက္ကြဲေန႐ုံပဲ တတ္ႏိုင္ခဲ့တယ္။ ေလ့က်င့္ေရးကြင္းဆီ အသြားအျပန္လုပ္တဲ့ ကားေပၚမွာေရာ အိမ္မွာေရာ ဒီအေတြးေတြပဲ ေခါင္းထဲ ဝင္ေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေလာေလာဆယ္ အေျခအေနမွာ အမိေျမရဲ႕ ခုခံစစ္ကို သြားၿပီး တာဝန္ထမ္းေဆာင္ႏိုင္သူတစ္ဦးအျဖစ္ စာရင္းမသြင္းႏိုင္လို႔ပါပဲ”

“ေခါင္းထဲမွာ အေတြးေတြက မ်ားလိုက္တာဗ်ာ။ ကိုယ္ေမြးခဲ့တဲ့ ေနရာ၊ ကိုယ္ႀကီးျပင္းခဲ့တဲ့ ေနရာအားလုံးက တစ္စစီ ပ်က္စီးၿပိဳလဲေနတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ေျမျပင္ျဖစ္သြားခဲ့တာက ေနရာေပါင္း သန္းနဲ႔ခ်ီၿပီး မ်ားျပားေနၿပီ။ ဘာ… လုံၿခဳံေရးအရ ၾကားဝင္ရတယ္တဲ့လား၊ ဆုေတာင္းေလ… ဒါက တကယ့္စစ္ပြဲႀကီးပဲ။ ဘယ္လိုမွ လက္ခံႏိုင္စရာ ကိစၥမဟုတ္ဘဲ ဒါကို ကြၽန္ေတာ္တို႔ ရပ္တန႔္ၾကရမွာပါ”

ဇင္ခ်န္ကိုက အမိေျမမွာ လူေတြ စိုးရိမ္ထိတ္လန႔္စြာနဲ႔ ေသေၾကပ်က္စီးေနၾကၿပီး အိပ္ဖို႔အေရးေတာင္ ဘန္ကာထဲ ဝင္မွ ေျမေအာက္ထဲမွာ တစ္ေမွး ေမွးရဲတယ္လို႔ ဆိုလိုက္ၿပီး အ႐ိုးသားဆုံး ဝန္ခံရရင္ မိသားစုနဲ႔ လူမမယ္ သမီးေလးတို႔ကို စြန႔္ခြာသြားဖို႔ မျဖစ္ႏိုင္လို႔သာ စစ္ထဲ ဝင္တိုက္ဖို႔ မျဖစ္ႏိုင္ခဲ့တာလို႔လည္း ဆိုလိုက္ပါတယ္။

“ကြၽန္ေတာ္ ေမြးလာခဲ့တဲ့ ေနရာက လူေတြရဲ႕ စိတ္ဓာတ္ခိုင္မာပုံေတြကို ေကာင္းေကာင္းသိထားၿပီး မတရား က်ဴးေက်ာ္စစ္ကို အသက္နဲ႔ ရင္းလို႔ တြန္းလွန္ၾကမယ္ဆိုတာလည္း ယုံၾကည္ေနပါတယ္။ ဒီလူေတြရဲ႕ အသက္ကို ပဓာနမထားဘဲ ခုခံကာကြယ္မႈေတြအတြက္ ေလးစားမိၿပီး ယူကရိန္းလူမ်ိဳး ျဖစ္ရတာလည္း သိပ္ကို ဂုဏ္ယူေနမွာပါ။ ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ အရႈံးမေပးဘူး”လို႔ ဇင္ခ်န္ကိုက ဘီဘီစီကို ေျပာျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.