Match Report Premier League

တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် ကနေရီငှက်တွေကို စတေးလိုက်တဲ့ ဟမ်းမားတွေ

ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းလို့ ပြောလို့ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်ကတော့ အဝေးကွင်းဖြစ်ပေမယ့် ပုံစံကောင်းနဲ့အတူ တန်းဆင်းဇုန်ရဲ့ အဆင့် ၂၀ က နော့ဝစ်ခ်ျစီးတီးကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး တန်းဆင်းလက်မှတ် ထုတ်ပေးခဲ့သလို သူတို့အနေနဲ့ ဒီရာသီမှာ တင်ကျန်စေမယ့် ရလဒ်ကောင်းကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။

နော့ဝစ်ခ်ျရဲ့ ဂျာမန်လူမျိုးနည်းပြ ဒန်နီယယ်လ် ဖာကာနဲ့ သူ့ရဲ့ အသင်းသားတွေဟာ ပရီးမီးယားလိဂ်နဲ့တန်တဲ့ ကြိုးစားအားထုတ်မှု မရှိဘူးလို့ အားမနာတမ်း ဝေဖန်ရမလိုဖြစ်နေပြီး ခြေစွမ်းကွာဟတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ပွဲစစချင်း ဆယ်မိနစ်လောက်အတွင်းမှာ သူတို့ရဲ့ ဂိုးပေါက်ကို ငါးကြိမ်လောက် ခြိမ်းခြောက်နိုင်ခဲ့တဲ့အထိလည်းဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ နောက်ခံလူ အစ်ဆာ ဒီယော့ပ် ခေါင်းတိုက်ချပေးတာကို မာကင်လွတ်သွားတဲ့ ကွင်းလယ် တိုက်စစ်မှူး မီခေးလ် အန်တိုနီယိုက အနီးကပ် အပြင်းကန်သွင်းယူခဲ့ပြီး သူတို့အတွက် တန်းဆင်းဇုန်က ရုန်းထွက်နိုင်စေမှာဖြစ်သလို နော့ဝစ်ခ်ျကို တန်းဆင်းစေဖို့ ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်လ်ရဲ့ ဖရီးကစ်ကို နော့ဝစ်ခ်ျနောက်ခံလူတွေ လူကပ်ပုံ ပေါ့လျော့တာကို အခွင့်ကောင်းယူပြီး အန်တိုနီယိုကပဲ နောက်တန်းနှစ်ယောက်ကြားက ခေါင်းခုန်တိုက်ခဲ့တာကို ဂိုးသမား တင်မ် ကရူးလ်ရဲ့ ကာကွယ်တဲ့ ပုံစံကလည်း အသက်အရွယ်ကြောင့် လေးလံနေခဲ့လို့ ဂိုးပေးခဲ့ရပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲချိန် ၇၄ မိနစ်မှာလည်း ဝက်စ်ဟမ်းတို့ပဲ စတုတ္ထမြောက် ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုလည်း ဂိုးမြူးနေခဲ့တဲ့ အန်တိုနီယိုကပဲ ညာခြမ်းက နောက်ခံလူ ဖရက်ဒရစ်ရဲ့ အနိမ့်ဘောကို အနီးကပ်ခြေခွင်နဲ့ ပိတ်သွင်းခဲ့ပြီး နော့ဝစ်ခ်ျတို့ကို ပရီးမီးယားလိဂ်ကနေ ပြတ်ပြတ်သားသား နှုတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။


REF: DAILY MAIL
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းလို့ ပြောလို့ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်ကတော့ အဝေးကွင်းဖြစ်ပေမယ့် ပုံစံကောင်းနဲ့အတူ တန်းဆင်းဇုန်ရဲ့ အဆင့် ၂၀ က နော့ဝစ်ချ်စီးတီးကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး တန်းဆင်းလက်မှတ် ထုတ်ပေးခဲ့သလို သူတို့အနေနဲ့ ဒီရာသီမှာ တင်ကျန်စေမယ့် ရလဒ်ကောင်းကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။

နော့ဝစ်ချ်ရဲ့ ဂျာမန်လူမျိုးနည်းပြ ဒန်နီယယ်လ် ဖာကာနဲ့ သူ့ရဲ့ အသင်းသားတွေဟာ ပရီးမီးယားလိဂ်နဲ့တန်တဲ့ ကြိုးစားအားထုတ်မှု မရှိဘူးလို့ အားမနာတမ်း ဝေဖန်ရမလိုဖြစ်နေပြီး ခြေစွမ်းကွာဟတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ပွဲစစချင်း ဆယ်မိနစ်လောက်အတွင်းမှာ သူတို့ရဲ့ ဂိုးပေါက်ကို ငါးကြိမ်လောက် ခြိမ်းခြောက်နိုင်ခဲ့တဲ့အထိလည်းဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ နောက်ခံလူ အစ်ဆာ ဒီယော့ပ် ခေါင်းတိုက်ချပေးတာကို မာကင်လွတ်သွားတဲ့ ကွင်းလယ် တိုက်စစ်မှူး မီခေးလ် အန်တိုနီယိုက အနီးကပ် အပြင်းကန်သွင်းယူခဲ့ပြီး သူတို့အတွက် တန်းဆင်းဇုန်က ရုန်းထွက်နိုင်စေမှာဖြစ်သလို နော့ဝစ်ချ်ကို တန်းဆင်းစေဖို့ ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်လ်ရဲ့ ဖရီးကစ်ကို နော့ဝစ်ချ်နောက်ခံလူတွေ လူကပ်ပုံ ပေါ့လျော့တာကို အခွင့်ကောင်းယူပြီး အန်တိုနီယိုကပဲ နောက်တန်းနှစ်ယောက်ကြားက ခေါင်းခုန်တိုက်ခဲ့တာကို ဂိုးသမား တင်မ် ကရူးလ်ရဲ့ ကာကွယ်တဲ့ ပုံစံကလည်း အသက်အရွယ်ကြောင့် လေးလံနေခဲ့လို့ ဂိုးပေးခဲ့ရပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ နိုဘယ်လ် မတင်ပေးလိုက်တဲ့ ဘောလုံးကို အန်တိုနီယိုကပဲ လူကျွံထောင်ချောက်ကို ကျော်ပြေးခဲ့ပြီး ဂိုးသမား ကရူးလ်နဲ့ တစ်ယောက်ချင်းတွေ့ရာမှာ ပထမကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကိုတော့ ခေါင်းထပ်တိုက်ပြီး သူ့အတွက် ဟက်ထရစ်ကို ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာလည်း ဝက်စ်ဟမ်းတို့ပဲ စတုတ္ထမြောက် ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုလည်း ဂိုးမြူးနေခဲ့တဲ့ အန်တိုနီယိုကပဲ ညာခြမ်းက နောက်ခံလူ ဖရက်ဒရစ်ရဲ့ အနိမ့်ဘောကို အနီးကပ်ခြေခွင်နဲ့ ပိတ်သွင်းခဲ့ပြီး နော့ဝစ်ချ်တို့ကို ပရီးမီးယားလိဂ်ကနေ ပြတ်ပြတ်သားသား နှုတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ဝက်စ်ဟမ်းကတော့ ရမှတ် ၃၄ မှတ်နဲ့ သူတို့ကို အဓိက ဒုက္ခပေးနိုင်မယ့် ဘုန်းမောက်ရဲ့ အထက်မှာ ခြောက်မှတ်အကွာ၊ ဝတ်ဖို့ဒ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၁၆ မှာ ရပ်တည်နိုင်ခဲ့ပြီး တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့သလို လက်ကျန်သုံးပွဲမှာ နောက်ထပ် သုံးမှတ်ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်မှာ ဆက်လက်ရှိနေနိုင်ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.