Match Report Premier League

ခံစစ္အားနည္းခ်က္ကို မျပင္ႏုိင္ေသးတဲ့ ခ်ဲလ္ဆီးကို ရွက္ဖီးလ္ဒ္တုိ႔ သပ္သပ္ရပ္ရပ္အႏုိင္ယူ

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ ဒီေန႔ပြဲမွာ ကြင္းလယ္အထိုင္ကို ေျပာင္းလဲခဲ့မွဳနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေဝးကြင္းမွာ ရလဒ္ေကာင္းကို ေဖာ္ေဆာင္ႏုိင္ဖို႔ အႀကံအစည္ကေတာ့ သဲထဲေရသြန္ျဖစ္ခဲ့ၿပီး သူတုိ႔ကို ပြဲတုိင္းနီးပါး ဒုကၡေရာက္ေစခဲ့တဲ့ ခံစစ္အားနည္းခ်က္နဲ႔အတူ အစီအစဥ္ေတြက အလုပ္မျဖစ္ခဲ့တဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

ကြင္းလယ္မွာ အဖ်က္ကစားသမားစစ္စစ္ျဖစ္တဲ့ ကြန္ေတ ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ခ်ိန္မွာ ဒီေနရာအတြက္ အစားထိုးဖို႔ လူမရွိတဲ့ လမ္းပတ္အေနနဲ႔ ကစားကြက္နဲ႔ ကစားအားက ရွက္ဖီးလ္ဒ္ကို ယွဥ္ႏုိင္လိမ့္မယ္လို႔ ယူဆခဲ့ပုံေပၚၿပီး Deep Lying Playmaker အျဖစ္ ေဂ်ာ္ဂ်င္ညဳိကို အထိုင္ထားၿပီး ကစားအားေကာင္းတဲ့ ဘာကလီနဲ႔ ေမဆန္ေမာင့္ကို တြဲေပးခဲ့ေပမယ့္ ကြင္းလယ္ရဲ႕ Function မႏုိင္နင္းမွဳက ဒီပြဲရဲ႕ အေျဖျဖစ္ခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္ကေတာ့ စုဖြဲ႕မွဳေကာင္းတဲ့ ကစားကြက္နဲ႔ပဲ အိမ္ကြင္းမွာ ပြဲထြက္လာခဲ့ၿပီး ေနာက္ခံလူ အိုကြန္နဲလ္ ျပန္လည္ပါဝင္လာတာက အသင္းအတြက္ ႀကီးမားတဲ့ အင္အားျဖစ္ခဲ့သလို အျမင့္ေဘာေတြအတြက္လည္း အသာစီးရခဲ့ၿပီး ႀကံ့ခုိင္မွဳပုိင္းမွာလည္း အသာစီးရခဲ့တဲ့ ကြင္းလယ္ဟာ ခ်ဲလ္ဆီးရဲ႕ ကစားကြက္ကို ေကာင္းေကာင္းဖ်က္ဆီးႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္တုိ႔ အဖြင့္ဂိုးရခဲ့ၿပီး ေမဆန္ေမာင့္ ေဘာလုံးရွင္းမထုတ္ဘဲ ဆြဲထြက္ဖို႔ ႀကဳိးစားရာကေန ဆန္ဒါ ဘာဂါက ကိုယ္လုံးနဲ႔ကာၿပီး ေဘာလုံးရယူသြားခဲ့ၿပီး ညာေတာင္ပံက ေဘာလ္ေဒါ့ခ္က ျပန္လည္ျဖတ္တင္ေပးတာကို တုိက္စစ္မွဴး မက္ဘာနီက ကန္သြင္းခဲ့တာကို လူထိၿပီး ဂိုးသမား ကီပါရဲ႕ တုိင္မင္ေအာက္သြားခဲ့လို႔ ေသေသခ်ာခ်ာ မကာကြယ္ႏုိင္ခဲ့ရာမွာ မက္ဂိုးလ္ဒရစ္က ေျပးဝင္ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးေနာက္တန္းရဲ႕ ႀကီးမားတဲ့ ဟာကြက္ကေန ရွက္ဖီးလ္ဒ္တုိက္စစ္မွဴး မက္ဘာနီက ေတာင္ပံက စတီဗင္စ္ရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတုိက္သြင္းယူသြားခဲ့ျပန္ပါတယ္။ ဒီဂိုးမွာေတာ့ ခ်ဲလ္ဆီးခံစစ္ရဲ႕ ေနရာယူပုံနဲ႔ လူကပ္ကစားပုံမွာ ႀကီးမားတဲ့ အားနည္းခ်က္ျဖစ္ေနၿပီး အျမင့္ေဘာေကာင္းတဲ့ မက္ဘာနီကို ခရစၥတင္ဆန္ေရာ ဇူးမားကပါ ေသေသခ်ာခ်ာ ကပ္မထားခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပထမပုိင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ေနခဲ့ခ်ိန္မွာ လမ္းပတ္အေနနဲ႔ ၃-၄-၃ ကစားကြက္ကို ေျပာင္းလဲခဲ့ၿပီး ေမဆန္ေမာင့္အစား အလြန္ဆိုက ဘယ္ေတာင္ပံမွာ လူစားဝင္ကစားခဲ့သလို ပ်ာယာခတ္ေနတဲ့ ခရစၥတင္ဆန္ေနရာမွာေတာ့ ႐ူဒီဂါ ဝင္လာခဲ့ေပမယ့္ ရွက္ဖီးလ္ဒ္တုိက္စစ္ကိုေတာ့ ထိန္းခ်ဳပ္ႏုိင္ျခင္း မရွိခဲ့ပါဘူး။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ တုိက္စစ္မွာ ဂ်ီ႐ူးကို ထည့္ၿပီး အျမင့္ေဘာေတြ ရရွိဖို႔ ႀကဳိးစားခဲ့ေပမယ့္ ဂိုးထပ္ရခဲ့ျခင္းမရွိဘဲ သူနဲ႔ ေအဘရာဟမ္တုိ႔ ႏွစ္ဦးဟာ တုိက္စစ္မွာ အတြဲအဖက္မမိခဲ့သလို သူ႕အတြက္ ေနရာဖယ္ေပးခဲ့ရတဲ့ ပူလီဆစ္ခ်္ရဲ႕ ႐ုန္းအားကို ရွက္ဖီးလ္ဒ္တုိ႔ ဂ႐ုစိုက္စရာ မလိုေတာ့ဘဲ ႐ိုးရွင္းတဲ့ ကစားပုံကိုပဲ ထိန္းခ်ဳပ္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန မက္ဂိုးလ္ဒရစ္က သူ႕ရဲ႕ ဒုတိယဂိုးကို ထပ္မံရယူသြားခဲ့ၿပီး ေတာင္ပံကေန ခ်ဳိးေပးတဲ့ မူးေဆးရဲ႕ အနိမ့္ေဘာ ခ်ဲလ္ဆီးေနာက္ခံလူေတြနဲ႔ထိၿပီး ျပန္ထြက္လာတာကို အနီးကပ္ပိတ္သြင္းၿပီး အႏုိင္ရလဒ္ကို ျပတ္သားေစခဲ့တာလည္းျဖစ္ပါတယ္။

လမ္းပတ္အေနနဲ႔ ဒီေနာက္ပုိင္းမွာ ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ဟဒ္ဆန္-အိုဒြဳိင္းတုိ႔ကို ထပ္လဲၿပီး တုိက္စစ္ျမႇင့္ခဲ့ေပမယ့္ အစကတည္းက ရွဳပ္ေထြးမွဳေတြ မ်ားေနတဲ့ ကစားကြက္မွာ ဘာမွ ထူးျခားတုိးတက္မလာခဲ့ဘဲ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲက ၿပီးဆုံးသြားခဲ့သလို ရွက္ဖီးလ္ဒ္တုိ႔ကေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာအထိ တက္လွမ္းလာႏုိင္ခဲ့ပါတယ္။

ဒီပြဲကို ရွဳံးနိမ့္ခဲ့တဲ့ ခ်ဲလ္ဆီးကေတာ့ ေနာက္ရက္ေတြမွာ ႏုိင္ပြဲရယူႏုိင္ဖို႔ မ်ားေနတဲ့ လက္စတာနဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ေအာက္ကို ဆင္းေပးရဖို႔ မ်ားေနၿပီး အဆင့္ ၅ ေနရာကို ေရာက္သြားဖို႔အတြက္ စိုးရိမ္စရာျဖစ္လာခဲ့သလို မန္စီးတီးရဲ႕ ပြဲပယ္ျပစ္ဒဏ္ အတည္မျဖစ္ခဲ့ရင္ေတာ့ ႀကီးမားတဲ့ ဖိအားေတြနဲ႔ ရင္ဆုိင္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ရဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်အထိုင်ကို ပြောင်းလဲခဲ့မှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဝေးကွင်းမှာ ရလဒ်ကောင်းကို ဖော်ဆောင်နိုင်ဖို့ အကြံအစည်ကတော့ သဲထဲရေသွန်ဖြစ်ခဲ့ပြီး သူတို့ကို ပွဲတိုင်းနီးပါး ဒုက္ခရောက်စေခဲ့တဲ့ ခံစစ်အားနည်းချက်နဲ့အတူ အစီအစဉ်တွေက အလုပ်မဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ကွင်းလယ်မှာ အဖျက်ကစားသမားစစ်စစ်ဖြစ်တဲ့ ကွန်တေ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဒီနေရာအတွက် အစားထိုးဖို့ လူမရှိတဲ့ လမ်းပတ်အနေနဲ့ ကစားကွက်နဲ့ ကစားအားက ရှက်ဖီးလ်ဒ်ကို ယှဉ်နိုင်လိမ့်မယ်လို့ ယူဆခဲ့ပုံပေါ်ပြီး Deep Lying Playmaker အဖြစ် ဂျော်ဂျင်ညိုကို အထိုင်ထားပြီး ကစားအားကောင်းတဲ့ ဘာကလီနဲ့ မေဆန်မောင့်ကို တွဲပေးခဲ့ပေမယ့် ကွင်းလယ်ရဲ့ Function မနိုင်နင်းမှုက ဒီပွဲရဲ့ အဖြေဖြစ်ခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်ကတော့ စုဖွဲ့မှုကောင်းတဲ့ ကစားကွက်နဲ့ပဲ အိမ်ကွင်းမှာ ပွဲထွက်လာခဲ့ပြီး နောက်ခံလူ အိုကွန်နဲလ် ပြန်လည်ပါဝင်လာတာက အသင်းအတွက် ကြီးမားတဲ့ အင်အားဖြစ်ခဲ့သလို အမြင့်ဘောတွေအတွက်လည်း အသာစီးရခဲ့ပြီး ကြံ့ခိုင်မှုပိုင်းမှာလည်း အသာစီးရခဲ့တဲ့ ကွင်းလယ်ဟာ ချဲလ်ဆီးရဲ့ ကစားကွက်ကို ကောင်းကောင်းဖျက်ဆီးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်တို့ အဖွင့်ဂိုးရခဲ့ပြီး မေဆန်မောင့် ဘောလုံးရှင်းမထုတ်ဘဲ ဆွဲထွက်ဖို့ ကြိုးစားရာကနေ ဆန်ဒါ ဘာဂါက ကိုယ်လုံးနဲ့ကာပြီး ဘောလုံးရယူသွားခဲ့ပြီး ညာတောင်ပံက ဘောလ်ဒေါ့ခ်က ပြန်လည်ဖြတ်တင်ပေးတာကို တိုက်စစ်မှူး မက်ဘာနီက ကန်သွင်းခဲ့တာကို လူထိပြီး ဂိုးသမား ကီပါရဲ့ တိုင်မင်အောက်သွားခဲ့လို့ သေသေချာချာ မကာကွယ်နိုင်ခဲ့ရာမှာ မက်ဂိုးလ်ဒရစ်က ပြေးဝင်ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ချဲလ်ဆီးနောက်တန်းရဲ့ ကြီးမားတဲ့ ဟာကွက်ကနေ ရှက်ဖီးလ်ဒ်တိုက်စစ်မှူး မက်ဘာနီက တောင်ပံက စတီဗင်စ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူသွားခဲ့ပြန်ပါတယ်။ ဒီဂိုးမှာတော့ ချဲလ်ဆီးခံစစ်ရဲ့ နေရာယူပုံနဲ့ လူကပ်ကစားပုံမှာ ကြီးမားတဲ့ အားနည်းချက်ဖြစ်နေပြီး အမြင့်ဘောကောင်းတဲ့ မက်ဘာနီကို ခရစ္စတင်ဆန်ရော ဇူးမားကပါ သေသေချာချာ ကပ်မထားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ချိန်မှာ လမ်းပတ်အနေနဲ့ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲခဲ့ပြီး မေဆန်မောင့်အစား အလွန်ဆိုက ဘယ်တောင်ပံမှာ လူစားဝင်ကစားခဲ့သလို ပျာယာခတ်နေတဲ့ ခရစ္စတင်ဆန်နေရာမှာတော့ ရူဒီဂါ ဝင်လာခဲ့ပေမယ့် ရှက်ဖီးလ်ဒ်တိုက်စစ်ကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပွဲချိန် ၆၆ မိနစ်မှာတော့ တိုက်စစ်မှာ ဂျီရူးကို ထည့်ပြီး အမြင့်ဘောတွေ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးထပ်ရခဲ့ခြင်းမရှိဘဲ သူနဲ့ အေဘရာဟမ်တို့ နှစ်ဦးဟာ တိုက်စစ်မှာ အတွဲအဖက်မမိခဲ့သလို သူ့အတွက် နေရာဖယ်ပေးခဲ့ရတဲ့ ပူလီဆစ်ချ်ရဲ့ ရုန်းအားကို ရှက်ဖီးလ်ဒ်တို့ ဂရုစိုက်စရာ မလိုတော့ဘဲ ရိုးရှင်းတဲ့ ကစားပုံကိုပဲ ထိန်းချုပ်သွားခဲ့ရတာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ မက်ဂိုးလ်ဒရစ်က သူ့ရဲ့ ဒုတိယဂိုးကို ထပ်မံရယူသွားခဲ့ပြီး တောင်ပံကနေ ချိုးပေးတဲ့ မူးဆေးရဲ့ အနိမ့်ဘော ချဲလ်ဆီးနောက်ခံလူတွေနဲ့ထိပြီး ပြန်ထွက်လာတာကို အနီးကပ်ပိတ်သွင်းပြီး အနိုင်ရလဒ်ကို ပြတ်သားစေခဲ့တာလည်းဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ ဒီနောက်ပိုင်းမှာ လော့ဖ်တပ်စ်ချိခ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ကို ထပ်လဲပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် အစကတည်းက ရှုပ်ထွေးမှုတွေ များနေတဲ့ ကစားကွက်မှာ ဘာမှ ထူးခြားတိုးတက်မလာခဲ့ဘဲ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲက ပြီးဆုံးသွားခဲ့သလို ရှက်ဖီးလ်ဒ်တို့ကတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဒီပွဲကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးကတော့ နောက်ရက်တွေမှာ နိုင်ပွဲရယူနိုင်ဖို့ များနေတဲ့ လက်စတာနဲ့ မန်ချက်စတာယူနိုက်တက်တို့အောက်ကို ဆင်းပေးရဖို့ များနေပြီး အဆင့် ၅ နေရာကို ရောက်သွားဖို့အတွက် စိုးရိမ်စရာဖြစ်လာခဲ့သလို မန်စီးတီးရဲ့ ပွဲပယ်ပြစ်ဒဏ် အတည်မဖြစ်ခဲ့ရင်တော့ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.