Match Report Premier League

စတာလင္ရဲ႕ ဟက္ထရစ္နဲ႔ ေနာက္ထပ္ ငါးဂိုးျပတ္ႏုိင္ပြဲတစ္ပြဲ ရယူတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေဝးကြင္း ေအးမက္စ္စေတဒီယမ္မွာ ဘ႐ိုက္တန္အသင္းကို ေနာက္ထပ္ ငါးဂိုးျပတ္ႏုိင္ပြဲတစ္ပြဲနဲ႔ အင္အားျပသၿပီး အႏုိင္ယူႏုိင္ခဲ့သလို အသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ရာဟင္းမ္ စတာလင္ကေတာ့ ပရီးမီးယားလိဂ္ ဂိုးသြင္းဘုရင္ဆုအတြက္ ဟက္ထရစ္သြင္းဂိုးနဲ႔အတူ မထင္မွတ္ဘဲ ေရွ႕တန္းကို ေရာက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ ငါးဂိုး-ဂိုးမရွိ ရလဒ္ကို ရယူႏုိင္ခဲ့တဲ့အျပင္ ဒီေန႔မွာလည္း တူညီတဲ့ ရလဒ္ကို ဘ႐ိုက္တန္အေပၚ ရရွိခဲ့တဲ့ မန္စီးတီးအသင္းအေနနဲ႔ သူတုိ႔အတြက္ေတာ့ ဒီလိုရလဒ္မ်ဳိးကို ပရီးမီးယားလိဂ္ ျပန္လည္စတင္အၿပီးမွာ ဘန္ေလနဲ႔ ပြဲကစလို႔ သုံးႀကိမ္ေျမာက္ ရရွိခဲ့တာ ျဖစ္ၿပီး တစ္ရာသီလုံးမွာေတာ့ ဝက္စ္ဟမ္းနဲ႔ အဖြင့္ပြဲစဥ္အပါအဝင္ ေလးပြဲမွာ ဂိုး ၂၀ ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ မိနစ္ ၂၀ မွာ စတင္ရရွိခဲ့ၿပီး ဒီဂိုးကေတာ့ ညာေတာင္ပံကေန မာရက္ဇ္ တင္ေပးလုိက္တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က စတာလင္ရဲ႕ ေရွ႕ကို အလိုက္သင့္ ေခါင္းတုိက္ခ်ေပးခဲ့တာကို အဂၤလန္ေတာင္ပံကစားသမားက တစ္ခ်က္ေခါက္ၿပီး ဂိုးဧရိယာထိပ္ကေန အျပင္းကန္သြင္းခဲ့တာမွာ ေသသပ္လွပလြန္းခဲ့ၿပီး ဂိုးသမား ႐ိုင္ယန္ကို အႏုိင္ယူႏုိင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဧည့္သည္မန္စီးတီးတုိ႔ ဒုတိယဂိုးရရွိခဲ့ၿပီး ဒီဘ႐ိုင္းနားရဲ႕ ေထာင့္ကန္ေဘာကေန ႐ိုဒရီ ေခါင္းတုိက္ခ်ေပးတာကို အိမ္ရွင္ဘ႐ိုက္တန္ေနာက္ခံလူေတြ လူကၽြံေဘာဖမ္းကစားဖို႔နဲ႔ ဖ်က္ထုတ္ဖို႔ၾကား ဇေဝဇဝါျဖစ္ေနတုန္းမွာ ေဂ်ဆူးစ္က အနီးတုိင္နားကေန ေျပးဝင္ ပိတ္သြင္းၿပီး ပထမပုိင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးေစခဲ့ပါတယ္။

ဒုတိယပုိင္း ၅၃ မိနစ္မွာေတာ့ စတာလင္က သူ႕ရဲ႕ ဒုတိယေျမာက္ဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး ဒီဘ႐ိုင္းနားက ညာေတာင္ပံမွာ ရွိေနတဲ့ မာရက္ဇ္ဆီ ေဘာလုံးျဖန္႔ေပးတာကို အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမားက ျပန္လည္ျဖတ္တင္ေပးတာကို စတာလင္က ခ်ိန္သားကိုက္ ခုန္ဝင္ၿပီး ေခါင္းတုိက္ သြားႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီရဲ႕ ဖန္တီးမွဳစံခ်ိန္ကို စိန္ေခၚထားခဲ့တဲ့ ဒီဘ႐ိုင္းနားကေတာ့ တစ္လုံးမွ ဖန္တီးေပးႏုိင္ခဲ့ျခင္း မရွိဘဲ Pre-Assist လုိ႔ ေခၚတဲ့ ဖန္တီးေပးမယ့္သူဆီကို ေဘာလုံးျဖန္႔ေပးခဲ့တာမ်ဳိးကိုပဲ ႏွစ္ႀကိမ္အထိ ျပဳလုပ္သြားႏုိင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ မန္စီးတီးတုိ႔ စတုတၳဂိုးရခဲ့ၿပီး ဒီဂုိးကိုေတာ့ ဘာနာဒို ေဆးလ္ဗား ကန္သြင္းရာကေန ဂိုးသမား ပုတ္ထုတ္ခဲ့တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ႐ိုင္ယန္နဲ႔အတူ ရယူဖို႔ ႀကဳိးစားရင္း ျပန္ထြက္လာခဲ့ရာမွာ ဘာနာဒို ေဆးလ္ဗားကပဲ ထပ္မံပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္ေနာက္တန္းနဲ႔ စတာလင္ ေဘာလုံးယွဥ္လုရင္း ထြက္လာခဲ့တဲ့ ေဘာလုံးကို စတာလင္ကပဲ လဲအက်မွာ ေခါင္းနဲ႔တုိက္မိခဲ့လို႔ ထြက္ဖမ္းတဲ့ ဂိုးသမား တုိင္မင္ေအာက္ၿပီး ေနာက္တစ္ဂိုး ထပ္မံရရွိခဲ့တာျဖစ္ၿပီး ဒီအျဖစ္အပ်က္ကို အနီးဆုံး ျမင္လုိက္ရတဲ့ မာရက္ဇ္ကေတာ့ စတာလင္ကို ၾကက္ဂိုးလို႔ စေနာက္သြားခဲ့သလို စတာလင္ကေတာ့ ေခါင္းတုိက္လိုက္တာလို႔ ပုံစံလုပ္ျပခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ ကံေကာင္းမွဳနဲ႔အတူ ဟက္ထရစ္ရရွိခဲ့တဲ့ စတာလင္အေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၁၇ ဂိုး ရွိသြားၿပီျဖစ္ၿပီး ေရႊဖိနပ္ဆုအတြက္ တန္းစီဇယားမွာ ႐ုတ္တရက္ ၃ ဂိုး ျမင့္မားလာမွဳနဲ႔အတူ အဆင့္ ၅ ေနရာကို တက္လွမ္းလာႏုိင္ခဲ့ၿပီး ဦးေဆာင္ေနတဲ့ ေဂ်မီ ဗာဒီနဲ႔ ၅ ဂိုးအကြာကေန လာမယ့္ပြဲေတြမွာေရာ လုိက္မီဖို႔ ႀကဳိးစားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကေတာ့ သူတုိ႔ရဲ႕ တနလၤာေန႔မွာ အေျဖေပၚမယ့္ ဥေရာပပြဲပယ္ျပစ္ဒဏ္ အယူခံအတြက္ အဆင့္ ၂ ေနရာကို အေကာင္းဆုံး ပုံစံနဲ႔ ဆက္လက္ထိန္းသိမ္းထားႏုိင္ခဲ့ၿပီး သုံးပြဲအက်န္မွာ ရမွတ္ ၇၂ မွတ္နဲ႔ ဒီေနရာကို ပုိင္ဆုိင္ႏုိင္ခဲ့ၿပီျဖစ္သလို ခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရမွဳအတြက္ သိကၡာဆည္ပြဲေတြကို အေကာင္းဆုံးကစားေနဆဲျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ အဝေးကွင်း အေးမက်စ်စတေဒီယမ်မှာ ဘရိုက်တန်အသင်းကို နောက်ထပ် ငါးဂိုးပြတ်နိုင်ပွဲတစ်ပွဲနဲ့ အင်အားပြသပြီး အနိုင်ယူနိုင်ခဲ့သလို အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ရာဟင်းမ် စတာလင်ကတော့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုအတွက် ဟက်ထရစ်သွင်းဂိုးနဲ့အတူ မထင်မှတ်ဘဲ ရှေ့တန်းကို ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ပွဲမှာ ငါးဂိုး-ဂိုးမရှိ ရလဒ်ကို ရယူနိုင်ခဲ့တဲ့အပြင် ဒီနေ့မှာလည်း တူညီတဲ့ ရလဒ်ကို ဘရိုက်တန်အပေါ် ရရှိခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ သူတို့အတွက်တော့ ဒီလိုရလဒ်မျိုးကို ပရီးမီးယားလိဂ် ပြန်လည်စတင်အပြီးမှာ ဘန်လေနဲ့ ပွဲကစလို့ သုံးကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပြီး တစ်ရာသီလုံးမှာတော့ ဝက်စ်ဟမ်းနဲ့ အဖွင့်ပွဲစဉ်အပါအဝင် လေးပွဲမှာ ဂိုး ၂၀ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ပွဲချိန် မိနစ် ၂၀ မှာ စတင်ရရှိခဲ့ပြီး ဒီဂိုးကတော့ ညာတောင်ပံကနေ မာရက်ဇ် တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က စတာလင်ရဲ့ ရှေ့ကို အလိုက်သင့် ခေါင်းတိုက်ချပေးခဲ့တာကို အင်္ဂလန်တောင်ပံကစားသမားက တစ်ချက်ခေါက်ပြီး ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာမှာ သေသပ်လှပလွန်းခဲ့ပြီး ဂိုးသမား ရိုင်ယန်ကို အနိုင်ယူနိုင်ခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဧည့်သည်မန်စီးတီးတို့ ဒုတိယဂိုးရရှိခဲ့ပြီး ဒီဘရိုင်းနားရဲ့ ထောင့်ကန်ဘောကနေ ရိုဒရီ ခေါင်းတိုက်ချပေးတာကို အိမ်ရှင်ဘရိုက်တန်နောက်ခံလူတွေ လူကျွံဘောဖမ်းကစားဖို့နဲ့ ဖျက်ထုတ်ဖို့ကြား ဇဝေဇဝါဖြစ်နေတုန်းမှာ ဂျေဆူးစ်က အနီးတိုင်နားကနေ ပြေးဝင် ပိတ်သွင်းပြီး ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ စတာလင်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဘရိုင်းနားက ညာတောင်ပံမှာ ရှိနေတဲ့ မာရက်ဇ်ဆီ ဘောလုံးဖြန့်ပေးတာကို အယ်လ်ဂျီးရီးယားတောင်ပံကစားသမားက ပြန်လည်ဖြတ်တင်ပေးတာကို စတာလင်က ချိန်သားကိုက် ခုန်ဝင်ပြီး ခေါင်းတိုက် သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီရဲ့ ဖန်တီးမှုစံချိန်ကို စိန်ခေါ်ထားခဲ့တဲ့ ဒီဘရိုင်းနားကတော့ တစ်လုံးမှ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိဘဲ Pre-Assist လို့ ခေါ်တဲ့ ဖန်တီးပေးမယ့်သူဆီကို ဘောလုံးဖြန့်ပေးခဲ့တာမျိုးကိုပဲ နှစ်ကြိမ်အထိ ပြုလုပ်သွားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ မန်စီးတီးတို့ စတုတ္ထဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ဘာနာဒို ဆေးလ်ဗား ကန်သွင်းရာကနေ ဂိုးသမား ပုတ်ထုတ်ခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်က ရိုင်ယန်နဲ့အတူ ရယူဖို့ ကြိုးစားရင်း ပြန်ထွက်လာခဲ့ရာမှာ ဘာနာဒို ဆေးလ်ဗားကပဲ ထပ်မံပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ ဘရိုက်တန်နောက်တန်းနဲ့ စတာလင် ဘောလုံးယှဉ်လုရင်း ထွက်လာခဲ့တဲ့ ဘောလုံးကို စတာလင်ကပဲ လဲအကျမှာ ခေါင်းနဲ့တိုက်မိခဲ့လို့ ထွက်ဖမ်းတဲ့ ဂိုးသမား တိုင်မင်အောက်ပြီး နောက်တစ်ဂိုး ထပ်မံရရှိခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို အနီးဆုံး မြင်လိုက်ရတဲ့ မာရက်ဇ်ကတော့ စတာလင်ကို ကြက်ဂိုးလို့ စနောက်သွားခဲ့သလို စတာလင်ကတော့ ခေါင်းတိုက်လိုက်တာလို့ ပုံစံလုပ်ပြခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ကံကောင်းမှုနဲ့အတူ ဟက်ထရစ်ရရှိခဲ့တဲ့ စတာလင်အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၇ ဂိုး ရှိသွားပြီဖြစ်ပြီး ရွှေဖိနပ်ဆုအတွက် တန်းစီဇယားမှာ ရုတ်တရက် ၃ ဂိုး မြင့်မားလာမှုနဲ့အတူ အဆင့် ၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး ဦးဆောင်နေတဲ့ ဂျေမီ ဗာဒီနဲ့ ၅ ဂိုးအကွာကနေ လာမယ့်ပွဲတွေမှာရော လိုက်မီဖို့ ကြိုးစားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကတော့ သူတို့ရဲ့ တနင်္လာနေ့မှာ အဖြေပေါ်မယ့် ဥရောပပွဲပယ်ပြစ်ဒဏ် အယူခံအတွက် အဆင့် ၂ နေရာကို အကောင်းဆုံး ပုံစံနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး သုံးပွဲအကျန်မှာ ရမှတ် ၇၂ မှတ်နဲ့ ဒီနေရာကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သလို ချန်ပီယံဆုကို လက်လွှတ်ခဲ့ရမှုအတွက် သိက္ခာဆည်ပွဲတွေကို အကောင်းဆုံးကစားနေဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.