International

ရုရှား-ယူကရိန်းအရေးအတွက် စစ်ပွဲအလိုမရှိ တီရှပ်ကို တစ်သင်းလုံးဝတ်ပေမယ့် မဝတ်ဆင်ခဲ့တဲ့ ဘောလုံးသမား

တူရကီဘောလုံးသမား အိုင်ခွတ် ဒစ်မစ်ရှ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ စစ်ပွဲအလိုမရှိ စာတမ်းပါ တီရှပ်ကို မဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဘောလုံးကြယ်ပွင့်တွေနဲ့ အသင်းတွေဟာ ပြီးခဲ့တဲ့လနောက်ဆုံးအပတ်မှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ အမိန့်ပေးပြီးနောက်ပိုင်း ယူကရိန်းကို ကျယ်ကျယ်ပြန့်ပြန့် အားပေးထောက်ခံမှုတွေ ပြသခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူရကီကလပ်အသင်း အမ်းဇူးရူးစပေါ် အသင်းခေါင်းဆောင် ဒစ်မစ်ရှ်က ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့တဲ့ အသင်းဖော်တွေနဲ့ အတူ မပူးပေါင်းဖို့ ရွေးချယ်ခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ပြစ်တင်ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

အန်ကာရာဂုကူနဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲစဉ်မတိုင်မီ ဒစ်မစ်ရှ်ရဲ့အသင်းဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ပွဲအလိုမရှိ စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ကြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒစ်မစ်ရှ်က အဲဒီလို ဝတ်ဆင်ဖို့ မရွေးချယ်ခဲ့ဘဲ လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ် အာရုံစိုက်မှု ကင်းမဲ့မှုကြောင့်ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

“အရှေ့အလယ်ပိုင်းမှာ လူတွေ ထောင်ပေါင်းများစွာ နေ့စဉ် သေဆုံးနေကြတာပါ။ အဲဒီမှာဖြစ်ေ်နတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို လစ်လျူရှုပြီး ဒီလိုအရာတွေကို ထုတ်ဖော်ပြောဆိုမှုမပြုလုပ်တဲ့သူတွေက ဥရောပကိစ္စ ဖြစ်လာတဲ့အခါကျတော့ ဒါတွေကို လုပ်နေကြတယ်။ ကျွန်တော် တီရှပ်ဝတ်ရမှာကို သက်တောင့်သက်သာဖြစ်တယ်လို့ မခံစားရဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ဒီလို နိုင်ငံတွေအတွက် လုပ်ထားတာမဟုတ်လို့ပါ။ ကျွန်တော်သာ ဝတ်ဆင်ခဲ့မယ်ဆိုရင် ကျွန်တော့် လိပ်ပြာလုံမှာမဟုတ်ပါဘူး”

“ကမ္ဘာကြီးပေါ်က ဖြစ်နေတဲ့ ဘယ်လိုနေရာက စစ်ပွဲတွေကြောင့်မဆို ကျွန်တော်လည်း ဝမ်းနည်းမိပါတယ်။ ကျွန်တော် အပြစ်မဲ့ပြည်သူတွေရဲ့နာကျင်မှုကို မျှဝေခံစားပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဆီးရီးယား၊ ယီမင်၊ အီရတ်၊ အစ္စရေးလ်နဲ့ အခြားနိုင်ငံတွေက စစ်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒစ်မစ်ရှ်ဟာ လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ ဥရောပက ကိစ္စနဲ့ယှဉ်ရင် အားပေးထောက်ခံမှုနဲ့ သတိထားမိမှုကင်းမဲ့နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ပူတင်ရဲ့လုပ်ဆောင်မှုကြောင့် ရုရှားဟာ အားကစားလောကမှာလည်း ကြီးမားတဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံခဲ့ရပြီး ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းအားလုံးကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံတကာအိုလံပစ်ကော်မတီကလည်း ရုရှား သို့မဟုတ် ဘယ်လာရုနိုင်ငံက အားကစားသမားတွေကို ဘယ်လိုနိုင်ငံတကာပြိုင်ပွဲမျိုးမှာမှ ပါဝင်ယှဉ်ပြိုင်ခွင့်မပေးဖို့အတွက် ကျန်အားကစားအဖွဲ့အစည်းတွေအားလုံးဆီကနေ တောင်းဆိုခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တူရကီေဘာလုံးသမား အိုင္ခြတ္ ဒစ္မစ္ရွ္ဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ စစ္ပြဲအလိုမရွိ စာတမ္းပါ တီရွပ္ကို မဝတ္ဆင္ဖို႔ ေရြးခ်ယ္ခဲ့တဲ့ အေၾကာင္းအရင္းကို ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

ေဘာလုံးၾကယ္ပြင့္ေတြနဲ႔ အသင္းေတြဟာ ၿပီးခဲ့တဲ့လေနာက္ဆုံးအပတ္မွာ ႐ုရွားသမၼတ ပူတင္က ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔ အမိန႔္ေပးၿပီးေနာက္ပိုင္း ယူကရိန္းကို က်ယ္က်ယ္ျပန႔္ျပန႔္ အားေပးေထာက္ခံမႈေတြ ျပသခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တူရကီကလပ္အသင္း အမ္းဇူး႐ူးစေပၚ အသင္းေခါင္းေဆာင္ ဒစ္မစ္ရွ္က ယူကရိန္းနဲ႔အတူ ရပ္တည္ေၾကာင္း ျပသခဲ့တဲ့ အသင္းေဖာ္ေတြနဲ႔ အတူ မပူးေပါင္းဖို႔ ေရြးခ်ယ္ခဲ့ၿပီးေနာက္ လူမႈကြန္ရက္မွာ ျပစ္တင္ေဝဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။

အန္ကာရာဂုကူနဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ ပြဲစဥ္မတိုင္မီ ဒစ္မစ္ရွ္ရဲ့အသင္းဟာ ႐ုရွားရဲ့ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ စစ္ပြဲအလိုမရွိ စာတမ္းပါ တီရွပ္ကို ဝတ္ဆင္ၾကဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒစ္မစ္ရွ္က အဲဒီလို ဝတ္ဆင္ဖို႔ မေရြးခ်ယ္ခဲ့ဘဲ လက္ရွိ အေရွ႕အလယ္ပိုင္းမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြအေပၚ အာ႐ုံစိုက္မႈ ကင္းမဲ့မႈေၾကာင့္ျဖစ္တယ္လို႔ အေၾကာင္းျပခဲ့ပါတယ္။

“အေရွ႕အလယ္ပိုင္းမွာ လူေတြ ေထာင္ေပါင္းမ်ားစြာ ေန႔စဥ္ ေသဆုံးေနၾကတာပါ။ အဲဒီမွာျဖစ္ေ္နတဲ့ ညႇင္းပန္းႏွိပ္စက္မႈေတြကို လစ္လ်ဴရႈၿပီး ဒီလိုအရာေတြကို ထုတ္ေဖာ္ေျပာဆိုမႈမျပဳလုပ္တဲ့သူေတြက ဥေရာပကိစၥ ျဖစ္လာတဲ့အခါက်ေတာ့ ဒါေတြကို လုပ္ေနၾကတယ္။ ကၽြန္ေတာ္ တီရွပ္ဝတ္ရမွာကို သက္ေတာင့္သက္သာျဖစ္တယ္လို႔ မခံစားရဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ဒီလို နိုင္ငံေတြအတြက္ လုပ္ထားတာမဟုတ္လို႔ပါ။ ကၽြန္ေတာ္သာ ဝတ္ဆင္ခဲ့မယ္ဆိုရင္ ကၽြန္ေတာ့္ လိပ္ျပာလုံမွာမဟုတ္ပါဘူး”

“ကမၻာႀကီးေပၚက ျဖစ္ေနတဲ့ ဘယ္လိုေနရာက စစ္ပြဲေတြေၾကာင့္မဆို ကၽြန္ေတာ္လည္း ဝမ္းနည္းမိပါတယ္။ ကၽြန္ေတာ္ အျပစ္မဲ့ျပည္သူေတြရဲ့နာက်င္မႈကို မၽွေဝခံစားေပးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဆီးရီးယား၊ ယီမင္၊ အီရတ္၊ အစၥေရးလ္နဲ႔ အျခားနိုင္ငံေတြက စစ္ပြဲေတြဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးေစခဲ့ၿပီး လူသန္းေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဒစ္မစ္ရွ္ဟာ လက္ရွိ အေရွ႕အလယ္ပိုင္းမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြဟာ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ ဥေရာပက ကိစၥနဲ႔ယွဥ္ရင္ အားေပးေထာက္ခံမႈနဲ႔ သတိထားမိမႈကင္းမဲ့ေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ပူတင္ရဲ့လုပ္ေဆာင္မႈေၾကာင့္ ႐ုရွားဟာ အားကစားေလာကမွာလည္း ႀကီးမားတဲ့ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခံခဲ့ရၿပီး ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔က ႐ုရွားလက္ေရြးစင္နဲ႔ ကလပ္အသင္းအားလုံးကို ပါဝင္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာပဲ နိုင္ငံတကာအိုလံပစ္ေကာ္မတီကလည္း ႐ုရွား သို႔မဟုတ္ ဘယ္လာ႐ုနိုင္ငံက အားကစားသမားေတြကို ဘယ္လိုနိုင္ငံတကာၿပိဳင္ပြဲမ်ိဳးမွာမွ ပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးဖို႔အတြက္ က်န္အားကစားအဖြဲ႕အစည္းေတြအားလုံးဆီကေန ေတာင္းဆိုျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.