International Premier League UCL&UEL

ပင်နယ်တီအတွက် အရန်ခုံက ထလာပြီး မင်းသားနဲ့ လူကြမ်းဖြစ်ခဲ့ကြသူများ

ပြီးခဲ့တဲ့ ကာရာဘောင်းဖလားမှာ လီဗာပူးလ်နဲ့ ပင်နယ်တီကန်တော့မယ့် ချဲလ်ဆီးအသင်းဘက်က ဂိုးသမား အေဒူယာ မန်ဒီအစား အရန်ခုံက ကီပါ အာရီဇာဘာလာဂါကို လူစားထည့်သွင်းခဲ့ရာမှာ နည်းပြ သောမတ်စ် တူဟယ်လ်အတွက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘဲ ပင်နယ်တီတစ်လုံးမှ မကာကွယ်နိုင်ခဲ့တဲ့အပြင် သူကိုယ်တိုင်ကန်ရာမှာလည်း ဘားပေါ်ကျော်သွားခဲ့ပြီး အကြောင်းတိုက်ဆိုင်ချိန်မှာ အရန်ခုံကနေ ပင်နယ်တီအတွက် ကွင်းထဲ ဝင်လာပြီး မင်းသား (သို့မဟုတ်) လူကြမ်းဖြစ်ခဲ့ရသူတွေအကြောင်း ဖော်ပြလိုက်ပါတယ်။

၁။ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချို (အင်္ဂလန် Vs အီတလီ)
ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ကို ပြန်လည်ကျင်းပတဲ့ ပြိုင်ပွဲမှာ အင်္ဂလန်တို့အနေနဲ့ အီတလီနဲ့ အချိန်ပိုအထိ သရေကျနေလို့ ပင်နယ်တီကန်သွင်းဖို့ လိုအပ်လာချိန်မှာ အရန်ခုံက မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့ကို လူစားထည့်သွင်းခဲ့ပြီး ဗိုလ်လုပွဲရဲ့ ချန်ပီယံဖြစ်နိုင်ရေးကို နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်က အံစာပစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်စလုံး အီတလီဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာရှေ့မှာ ပင်နယ်တီတွေကို ဝင်အောင် မကန်နိုင်ခဲ့ဘဲ ရက်ရှ်ဖို့ဒ်က တိုင်ထိခဲ့သလို ဆန်ချိုကတော့ သူ့နောက်မှာ ကန်သွင်းရတဲ့ အာဆင်နယ်ကစားသမား ဘူကာယို ဆာကာနဲ့အတူ ပုတ်ထုတ်ကာကွယ်ခံခဲ့ရတာကြောင့် အရန်ခုံက ထလာသူတွေအနေနဲ့ ဟီးရိုးမဖြစ်ဘဲ ဇီးရိုးဖြစ်သွားခဲ့ကြရတာပါ။

၂။ မာ့ခ် နိုဘယ်လ် (ဝက်စ်ဟမ်း Vs မန်ချက်စတာယူနိုက်တက်)
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ လန်ဒန်စတေဒီယမ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာကျင်အချိန်ပိုမှာ ဧည့်သည်နောက်ခံလူ လုခ်ရှော လက်ထိခဲ့တာကြောင့် ဒိုင်လူကြီး မာတင် အက်ကင်ဆန်နဲ့ VAR က ပင်နယ်တီ သတ်မှတ်ပေးခဲ့ချိန်မှာ လူစားတစ်ယောက်လဲဖို့ ကျန်သေးတဲ့ နည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ ပင်နယ်တီကန်ဖို့ ဂျားရော့ဒ် ဘိုဝင်အစား အသင်းခေါင်းဆောင် မာ့ခ် နိုဘယ်လ်ကို ထည့်သွင်းခဲ့တာပါ။

ပင်နယ်တီတွေမှာ မှတ်တမ်းဆိုးရှိသူ ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ပင်နယ်တီတွေကိုမှ ရွေးပြီး ကန်ခဲ့သူ နိုဘယ်လ်ရဲ့ စီးချင်းထိုးမှုက ဝက်စ်ဟမ်းတို့ ချေပဂိုးနဲ့ သရေရတော့မယ်လို့ ထင်ပေမယ့် စပိန်သားက မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်ပြီး ပြောင်းပြန်ရလဒ် ဖြစ်သွားခဲ့တာပါ။ နိုဘယ်လ်အနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ပင်နယ်တီတွေကို ကန်သွင်းခဲ့ချိန်မှာ ဒီလိုမျိုး အရန်ခုံက ထကန်ရတာကတော့ သူ့အတွက် ရှားပါးတဲ့ အတွေ့အကြုံလည်းဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ ငါးနှစ်တာ ပင်နယ်တီမလွဲတဲ့ မှတ်တမ်းကောင်းလည်း ရပ်တန့်ခဲ့ရပါတယ်။

၃။ တင်မ် ကရူးလ် (နယ်သာလန် Vs ကော်စတာရီကာ)
၂၀၁၄ ကမ္ဘာ့ဖလားမှာ နယ်သာလန်နဲ့ ကော်စတာရီကာတို့ အချိန်ပိုအထိ သရေကျနေချိန်မှာ နည်းပြ လူဝီ ဗန်ငါးလ်ကတော့ အရန်ခုံမှာရှိနေတဲ့ အဲ့ဒီတုန်းက နယူးကာဆယ်လ်ဂိုးသမားကို ယုံကြည်ခဲ့သလို လူစားဝင်ရောက်ကစားစေခဲ့ချိန်မှာ ဦးစားပေးဂိုးသမား ဂျက်စ်ပါ ဆီလက်ဆန်ရဲ့ ပေါက်ကွဲမှုနဲ့ပါ ကြုံခဲ့ရသေးတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒတ်ချ်နည်းပြကြီးက ဒါဟာ သူတို့တွေရဲ့ အရပ်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာတော့ အရန်ခုံက ထလာခဲ့တဲ့ ကရူးလ်တစ်ယောက် သူရဲကောင်းဖြစ်ခဲ့ပြီး သူ့ရဲ့ နယ်သာလန်အသင်းဖော်တွေက လေးဂိုးစလုံးဝင်အောင် ကန်သွင်းနိုင်ခဲ့ချိန်မှာ သူကတော့ ကော်စတာရီကာရဲ့ ဘရိုင်ယန် ရူးဝီးဇ်နဲ့ မိုက်ကယ် အူမာညာတို့ရဲ့ ပင်နယ်တီတွေကို ကာကွယ်ခဲ့ပြီး အသင်းကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဦးစားပေး ဆီလက်ဆန်ကိုလည်း ဒေါသပြေလျော့အောင် တတ်နိုင်ခဲ့တာပါ။

၄။ ကီပါ အာရီဇာဘာလာဂါ (ချဲလ်ဆီး Vs ဗီလာရီးရဲလ်)
ပြီးခဲ့တဲ့ နွေရာသီမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲလ်တို့ရဲ့ အချိန်ပိုအထိ တစ်ဂိုးစီ သရေကျနေချိန်မှာ ပွဲချိန် ၁၂၁ မိနစ်မှာမှ ကီပါက မန်ဒီအစား ကာရာဘောင်းပွဲကလိုပဲ လူစားဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပင်နယ်တီ ၂၂ ကြိမ်မှာ ၅ ကြိမ် ကာကွယ်ထားတဲ့ ကီပါကို ၂၆ ကြိမ်မှာ ၂ ကြိမ်သာ မိထားတဲ့ မန်ဒီအစား ထည့်သွင်းခဲ့တာက မှတ်တမ်းမှတ်ရာတွေအပေါ်မှာ အခြေခံခဲ့တယ်လို့လည်း တူဟယ်လ်က ဆိုခဲ့တာပါ။

ဒီပွဲမှာတော့ ဟာဗတ်ဇ်က အဖွင့်ပင်နယ်တီကို လွဲချော်ခဲ့ချိန်မှာ ကီပါက အိုက်ဆာ မန်ဒီရဲ့ ဒုတိယ ပင်နယ်တီကို ကာကွယ်ပေးနိုင်ခဲ့ပြီး ဗီလာရီးရဲလ်ကပ္ပတိန် ရာအူးလ် အယ်လ်ဘီယိုလ်ရဲ့ ဆဌမမြောက် ပင်နယ်တီကိုလည်း ဖမ်းယူနိုင်ခဲ့လို့ သူရဲကောင်းဖြစ်ခဲ့သလို သူ့ရဲ့ ပျော်ရွှင်ပေါက်ကွဲတဲ့ အောင်ပွဲခံမှုကတော့ ဒိုင်လူကြီးရဲ့ အဝါကတ်ပြတာပါ ခံခဲ့ရပေမယ့် အားလုံးအတွက် ဟီးရိုးဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားမွာ လီဗာပူးလ္နဲ႔ ပင္နယ္တီကန္ေတာ့မယ့္ ခ်ဲလ္ဆီးအသင္းဘက္က ဂိုးသမား ေအဒူယာ မန္ဒီအစား အရန္ခုံက ကီပါ အာရီဇာဘာလာဂါကို လူစားထည့္သြင္းခဲ့ရာမွာ နည္းျပ ေသာမတ္စ္ တူဟယ္လ္အတြက္ေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့ဘဲ ပင္နယ္တီတစ္လုံးမွ မကာကြယ္ႏိုင္ခဲ့တဲ့အျပင္ သူကိုယ္တိုင္ကန္ရာမွာလည္း ဘားေပၚေက်ာ္သြားခဲ့ၿပီး အေၾကာင္းတိုက္ဆိုင္ခ်ိန္မွာ အရန္ခုံကေန ပင္နယ္တီအတြက္ ကြင္းထဲ ဝင္လာၿပီး မင္းသား (သို႔မဟုတ္) လူၾကမ္းျဖစ္ခဲ့ရသူေတြအေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

၁။ ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳ (အဂၤလန္ Vs အီတလီ)
ၿပီးခဲ့တဲ့ ၂၀၂၁ ေႏြရာသီမွာ က်င္းပခဲ့တဲ့ ယူ႐ို ၂၀၂၀ ကို ျပန္လည္က်င္းပတဲ့ ၿပိဳင္ပြဲမွာ အဂၤလန္တို႔အေနနဲ႔ အီတလီနဲ႔ အခ်ိန္ပိုအထိ သေရက်ေနလို႔ ပင္နယ္တီကန္သြင္းဖို႔ လိုအပ္လာခ်ိန္မွာ အရန္ခုံက မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကို လူစားထည့္သြင္းခဲ့ၿပီး ဗိုလ္လုပြဲရဲ႕ ခ်န္ပီယံျဖစ္ႏိုင္ေရးကို နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္က အံစာပစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔ႏွစ္ေယာက္စလုံး အီတလီဂိုးသမား ဂ်န္လြီဂ်ီ ဒြန္နာရမ္မာေရွ႕မွာ ပင္နယ္တီေတြကို ဝင္ေအာင္ မကန္ႏိုင္ခဲ့ဘဲ ရက္ရွ္ဖို႔ဒ္က တိုင္ထိခဲ့သလို ဆန္ခ်ိဳကေတာ့ သူ႔ေနာက္မွာ ကန္သြင္းရတဲ့ အာဆင္နယ္ကစားသမား ဘူကာယို ဆာကာနဲ႔အတူ ပုတ္ထုတ္ကာကြယ္ခံခဲ့ရတာေၾကာင့္ အရန္ခုံက ထလာသူေတြအေနနဲ႔ ဟီး႐ိုးမျဖစ္ဘဲ ဇီး႐ိုးျဖစ္သြားခဲ့ၾကရတာပါ။

၂။ မာ့ခ္ ႏိုဘယ္လ္ (ဝက္စ္ဟမ္း Vs မန္ခ်က္စတာယူႏိုက္တက္)
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္ေန႔က ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ လန္ဒန္စေတဒီယမ္က ပရီးမီးယားလိဂ္ပြဲစဥ္မွာ နာက်င္အခ်ိန္ပိုမွာ ဧည့္သည္ေနာက္ခံလူ လုခ္ေရွာ လက္ထိခဲ့တာေၾကာင့္ ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္နဲ႔ VAR က ပင္နယ္တီ သတ္မွတ္ေပးခဲ့ခ်ိန္မွာ လူစားတစ္ေယာက္လဲဖို႔ က်န္ေသးတဲ့ နည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ ပင္နယ္တီကန္ဖို႔ ဂ်ားေရာ့ဒ္ ဘိုဝင္အစား အသင္းေခါင္းေဆာင္ မာ့ခ္ ႏိုဘယ္လ္ကို ထည့္သြင္းခဲ့တာပါ။

ပင္နယ္တီေတြမွာ မွတ္တမ္းဆိုးရွိသူ ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ ကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ ပင္နယ္တီေတြကိုမွ ေ႐ြးၿပီး ကန္ခဲ့သူ ႏိုဘယ္လ္ရဲ႕ စီးခ်င္းထိုးမႈက ဝက္စ္ဟမ္းတို႔ ေခ်ပဂိုးနဲ႔ သေရရေတာ့မယ္လို႔ ထင္ေပမယ့္ စပိန္သားက မွန္မွန္ကန္ကန္ ခန႔္မွန္းကာကြယ္ၿပီး ေျပာင္းျပန္ရလဒ္ ျဖစ္သြားခဲ့တာပါ။ ႏိုဘယ္လ္အေနနဲ႔ ပြဲထြက္ကစားသမားအျဖစ္ ပင္နယ္တီေတြကို ကန္သြင္းခဲ့ခ်ိန္မွာ ဒီလိုမ်ိဳး အရန္ခုံက ထကန္ရတာကေတာ့ သူ႔အတြက္ ရွားပါးတဲ့ အေတြ႕အႀကဳံလည္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ကေန ငါးႏွစ္တာ ပင္နယ္တီမလြဲတဲ့ မွတ္တမ္းေကာင္းလည္း ရပ္တန႔္ခဲ့ရပါတယ္။

၃။ တင္မ္ က႐ူးလ္ (နယ္သာလန္ Vs ေကာ္စတာရီကာ)
၂၀၁၄ ကမာၻ႔ဖလားမွာ နယ္သာလန္နဲ႔ ေကာ္စတာရီကာတို႔ အခ်ိန္ပိုအထိ သေရက်ေနခ်ိန္မွာ နည္းျပ လူဝီ ဗန္ငါးလ္ကေတာ့ အရန္ခုံမွာရွိေနတဲ့ အဲ့ဒီတုန္းက နယူးကာဆယ္လ္ဂိုးသမားကို ယုံၾကည္ခဲ့သလို လူစားဝင္ေရာက္ကစားေစခဲ့ခ်ိန္မွာ ဦးစားေပးဂိုးသမား ဂ်က္စ္ပါ ဆီလက္ဆန္ရဲ႕ ေပါက္ကြဲမႈနဲ႔ပါ ႀကဳံခဲ့ရေသးတာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဒတ္ခ်္နည္းျပႀကီးက ဒါဟာ သူတို႔ေတြရဲ႕ အရပ္ေပၚမွာ မူတည္ၿပီး ဆုံးျဖတ္ခဲ့တာလို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာေတာ့ အရန္ခုံက ထလာခဲ့တဲ့ က႐ူးလ္တစ္ေယာက္ သူရဲေကာင္းျဖစ္ခဲ့ၿပီး သူ႔ရဲ႕ နယ္သာလန္အသင္းေဖာ္ေတြက ေလးဂိုးစလုံးဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ခ်ိန္မွာ သူကေတာ့ ေကာ္စတာရီကာရဲ႕ ဘ႐ိုင္ယန္ ႐ူးဝီးဇ္နဲ႔ မိုက္ကယ္ အူမာညာတို႔ရဲ႕ ပင္နယ္တီေတြကို ကာကြယ္ခဲ့ၿပီး အသင္းကို ေလးဂိုး-သုံးဂိုးနဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို ဦးစားေပး ဆီလက္ဆန္ကိုလည္း ေဒါသေျပေလ်ာ့ေအာင္ တတ္ႏိုင္ခဲ့တာပါ။

၄။ ကီပါ အာရီဇာဘာလာဂါ (ခ်ဲလ္ဆီး Vs ဗီလာရီးရဲလ္)
ၿပီးခဲ့တဲ့ ေႏြရာသီမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးနဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီယံ ဗီလာရီးရဲလ္တို႔ရဲ႕ အခ်ိန္ပိုအထိ တစ္ဂိုးစီ သေရက်ေနခ်ိန္မွာ ပြဲခ်ိန္ ၁၂၁ မိနစ္မွာမွ ကီပါက မန္ဒီအစား ကာရာေဘာင္းပြဲကလိုပဲ လူစားဝင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးပင္နယ္တီ ၂၂ ႀကိမ္မွာ ၅ ႀကိမ္ ကာကြယ္ထားတဲ့ ကီပါကို ၂၆ ႀကိမ္မွာ ၂ ႀကိမ္သာ မိထားတဲ့ မန္ဒီအစား ထည့္သြင္းခဲ့တာက မွတ္တမ္းမွတ္ရာေတြအေပၚမွာ အေျခခံခဲ့တယ္လို႔လည္း တူဟယ္လ္က ဆိုခဲ့တာပါ။

ဒီပြဲမွာေတာ့ ဟာဗတ္ဇ္က အဖြင့္ပင္နယ္တီကို လြဲေခ်ာ္ခဲ့ခ်ိန္မွာ ကီပါက အိုက္ဆာ မန္ဒီရဲ႕ ဒုတိယ ပင္နယ္တီကို ကာကြယ္ေပးႏိုင္ခဲ့ၿပီး ဗီလာရီးရဲလ္ကပၸတိန္ ရာအူးလ္ အယ္လ္ဘီယိုလ္ရဲ႕ ဆဌမေျမာက္ ပင္နယ္တီကိုလည္း ဖမ္းယူႏိုင္ခဲ့လို႔ သူရဲေကာင္းျဖစ္ခဲ့သလို သူ႔ရဲ႕ ေပ်ာ္႐ႊင္ေပါက္ကြဲတဲ့ ေအာင္ပြဲခံမႈကေတာ့ ဒိုင္လူႀကီးရဲ႕ အဝါကတ္ျပတာပါ ခံခဲ့ရေပမယ့္ အားလုံးအတြက္ ဟီး႐ိုးျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.