International La Liga

ပီကေးနဲ့ ရန်ခဏခဏဖြစ်ရတဲ့ အကြောင်းကို ထုတ်ပြောလိုက်တဲ့ ရှကီရာ

ကိုလံဘီယာ ပေါ့ပ်စတား ရှကီရာက သူ့ရဲ့ ယောက်ျားဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နာမည်ကြီးနောက်ခံလူ ဂျရတ် ပီကေးနဲ့ ဘာကြောင့် ရန်ခဏခဏဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီး ဒီလိုဖြစ်ရတာဟာ သူတို့နှစ်ယောက်ကြားက တစ်ခုတည်းသော မတူညီမှုရဲ့ အရင်းခံဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရှကီရာနဲ့ ပီကေးတို့ဟာ ၂၀၁၁ ခုနှစ် အစောပိုင်းမှာ ချစ်သူတွေ စတင်ဖြစ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၀ ကမ္ဘာဖလားအတွက် Theme Song သီချင်းဖြစ်တဲ့ ဝါကာ ဝါကာ (Time for Africa) သီချင်း ရိုက်ကူးစဉ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်သလို သူတို့နှစ်ဦးဟာ မွေးနေ့တူတွေလည်းဖြစ်ကြပြီး ၁၉၇၇ နဲ့ ၁၉၈၇ ခုနှစ်တွေမှာ ၁၀ နှစ်ကြီး ၁၀ နှစ်ငယ် မွေးဖွားခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးရဲ့ အိမ်ထောင်မှာ ကလေးနှစ်ဦး မွေးဖွားထားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီမှာ သားဦး မီလန်ကို ရရှိခဲ့သလို ၂၀၁၅ ခုနှစ် ဇန်နဝါရီမှာတော့ သားငယ် ဆာရှာကို ရရှိခဲ့ပြီး ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ ရွေးချယ်မှုအရ သူတို့နှစ်ဦးဟာ ကမ္ဘာဩဇာလွှမ်းမိုးမှုအကြီးမားဆုံး စုံတွဲစာရင်းမှာလည်း ထိပ်တန်းက ပါဝင်နေခဲ့တာပါ။

“ကျွန်မရဲ့ သနားစရာ ယောက်ျားလေး၊ ဘဲလေး၊ ကလေးတွေရဲ့ အဖေလေး… ဘယ်လိုခေါ်ခေါ်ပေါ့လေ… သူက ကျွန်မကို စောင့်ရဖို့ တော်တော် အချိန်ယူရပါတယ်။ စောင့်ရလွန်းလို့ သူ့အနေနဲ့ စိတ်မရှည်နိုင်အောင်ပါပဲ”လို့ ရှကီရာက ထုတ်ဖော်လိုက်ပြီး သူတို့ကြားမှာ ကိုလံဘီယာနဲ့ စပိန် ကာတာလန် စံတော်ချိန် မတူလို့လားလို့ ရယ်သွမ်းသွေးသွားခဲ့ပါတယ်။

“ဖြစ်နိုင်တာကတော့ ကိုလံဘီယာစံတော်ချိန်က ကာတာလိုနီးယားစံတော်ချိန်နဲ့ မတူလို့နေမှာပါ။ သူက နည်းနည်း တိကျတတ်တယ် ထင်ပါတယ်။ ကျွန်မကတော့ တကယ်တမ်းမှာတောင် ဒါက… သူနဲ့ တွေ့ပြီးမှ ဒီလောက် အချိန်မှန်လာတာလေ… ကျွန်မတို့ကြား ရန်ဖြစ်ပြီဆိုရင်လည်း ဒါက တစ်ခုတည်းသော အကြောင်းပါပဲ။ ကျွန်မက နောက်ကျတတ်တာကိုး”လို့ ရှကီရာက ထုတ်ဖော်သွားခဲ့တာပါ။

ဘာစီလိုနာနောက်ခံလူအနေနဲ့ သူ့ထက် ၁၀ နှစ်ကြီးတဲ့ မိန်းမကိုတော့ အနည်းငယ် ကြောက်ရပုံပေါ်ပြီး ကလေးနှစ်ယောက် မွေးဖွားထားပေးတဲ့ ကိုလံဘီယာသူ ပေါ့ပ်စတားကို သူ့ဘက်ကတော့ မကျေနပ်ကြောင်း ဘာသံမှ မထွက်ဖူးသလို ရှကီရာဘက်ကပဲ ဒီလိုမျိုး ထုတ်ပြောခဲ့တာဆိုတော့ ပရိသတ်တွေက ဖော်ပြပါအတိုင်း ထင်မြင်ချက်ပေးနေကြပါတယ်။

အသက် ၃၅ နှစ်အရွယ် ရှိသွားပြီဖြစ်တဲ့ စပိန်နောက်ခံလူအနေနဲ့ ဘာစီလိုနာအသင်းမှာ ၅၉၇ ပွဲကစား ၅၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဆုဖလား အလုံး ၃၀ ရယူထားနိုင်ခဲ့ပြီးချိန်မှာ ကစားသမားဘဝကို အနိုင်နဲ့ ပိုင်းဖို့ စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး သူနဲ့ ဇာဗီတို့ရဲ့ ကစားသမားနဲ့ နည်းပြအဖြစ် ပြန်လည်တွေ့ဆုံမှုအပြီး ရာသီကုန်မှာ အနားယူမယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကိုလံဘီယာ ေပါ့ပ္စတား ရွကီရာက သူ႔ရဲ႕ ေယာက္်ားျဖစ္တဲ့ ဘာစီလိုနာအသင္းရဲ႕ နာမည္ႀကီးေနာက္ခံလူ ဂ်ရတ္ ပီေကးနဲ႔ ဘာေၾကာင့္ ရန္ခဏခဏျဖစ္ရတယ္ဆိုတဲ့ အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ဒီလိုျဖစ္ရတာဟာ သူတို႔ႏွစ္ေယာက္ၾကားက တစ္ခုတည္းေသာ မတူညီမႈရဲ႕ အရင္းခံျဖစ္တယ္လို႔လည္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ရွကီရာနဲ႔ ပီေကးတို႔ဟာ ၂၀၁၁ ခုႏွစ္ အေစာပိုင္းမွာ ခ်စ္သူေတြ စတင္ျဖစ္ခဲ့ၾကတာျဖစ္ၿပီး ၂၀၁၀ ကမာၻဖလားအတြက္ Theme Song သီခ်င္းျဖစ္တဲ့ ဝါကာ ဝါကာ (Time for Africa) သီခ်င္း ႐ိုက္ကူးစဥ္မွာ ေတြ႕ဆုံခဲ့ၾကတာျဖစ္သလို သူတို႔ႏွစ္ဦးဟာ ေမြးေန႔တူေတြလည္းျဖစ္ၾကၿပီး ၁၉၇၇ နဲ႔ ၁၉၈၇ ခုႏွစ္ေတြမွာ ၁၀ ႏွစ္ႀကီး ၁၀ ႏွစ္ငယ္ ေမြးဖြားခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။

လက္ရွိမွာ သူတို႔ႏွစ္ဦးရဲ႕ အိမ္ေထာင္မွာ ကေလးႏွစ္ဦး ေမြးဖြားထားခဲ့ၿပီး ၂၀၁၃ ခုႏွစ္ ဇန္နဝါရီမွာ သားဦး မီလန္ကို ရရွိခဲ့သလို ၂၀၁၅ ခုႏွစ္ ဇန္နဝါရီမွာေတာ့ သားငယ္ ဆာရွာကို ရရွိခဲ့ၿပီး ေဖာ့ဘ္စ္မဂၢဇင္းရဲ႕ ေ႐ြးခ်ယ္မႈအရ သူတို႔ႏွစ္ဦးဟာ ကမာၻဩဇာလႊမ္းမိုးမႈအႀကီးမားဆုံး စုံတြဲစာရင္းမွာလည္း ထိပ္တန္းက ပါဝင္ေနခဲ့တာပါ။

“ကြၽန္မရဲ႕ သနားစရာ ေယာက္်ားေလး၊ ဘဲေလး၊ ကေလးေတြရဲ႕ အေဖေလး… ဘယ္လိုေခၚေခၚေပါ့ေလ… သူက ကြၽန္မကို ေစာင့္ရဖို႔ ေတာ္ေတာ္ အခ်ိန္ယူရပါတယ္။ ေစာင့္ရလြန္းလို႔ သူ႔အေနနဲ႔ စိတ္မရွည္ႏိုင္ေအာင္ပါပဲ”လို႔ ရွကီရာက ထုတ္ေဖာ္လိုက္ၿပီး သူတို႔ၾကားမွာ ကိုလံဘီယာနဲ႔ စပိန္ ကာတာလန္ စံေတာ္ခ်ိန္ မတူလို႔လားလို႔ ရယ္သြမ္းေသြးသြားခဲ့ပါတယ္။

“ျဖစ္ႏိုင္တာကေတာ့ ကိုလံဘီယာစံေတာ္ခ်ိန္က ကာတာလိုနီးယားစံေတာ္ခ်ိန္နဲ႔ မတူလို႔ေနမွာပါ။ သူက နည္းနည္း တိက်တတ္တယ္ ထင္ပါတယ္။ ကြၽန္မကေတာ့ တကယ္တမ္းမွာေတာင္ ဒါက… သူနဲ႔ ေတြ႕ၿပီးမွ ဒီေလာက္ အခ်ိန္မွန္လာတာေလ… ကြၽန္မတို႔ၾကား ရန္ျဖစ္ၿပီဆိုရင္လည္း ဒါက တစ္ခုတည္းေသာ အေၾကာင္းပါပဲ။ ကြၽန္မက ေနာက္က်တတ္တာကိုး”လို႔ ရွကီရာက ထုတ္ေဖာ္သြားခဲ့တာပါ။

ဘာစီလိုနာေနာက္ခံလူအေနနဲ႔ သူ႔ထက္ ၁၀ ႏွစ္ႀကီးတဲ့ မိန္းမကိုေတာ့ အနည္းငယ္ ေၾကာက္ရပုံေပၚၿပီး ကေလးႏွစ္ေယာက္ ေမြးဖြားထားေပးတဲ့ ကိုလံဘီယာသူ ေပါ့ပ္စတားကို သူ႔ဘက္ကေတာ့ မေက်နပ္ေၾကာင္း ဘာသံမွ မထြက္ဖူးသလို ရွကီရာဘက္ကပဲ ဒီလိုမ်ိဳး ထုတ္ေျပာခဲ့တာဆိုေတာ့ ပရိသတ္ေတြက ေဖာ္ျပပါအတိုင္း ထင္ျမင္ခ်က္ေပးေနၾကပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ ရွိသြားၿပီျဖစ္တဲ့ စပိန္ေနာက္ခံလူအေနနဲ႔ ဘာစီလိုနာအသင္းမွာ ၅၉၇ ပြဲကစား ၅၂ ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ဆုဖလား အလုံး ၃၀ ရယူထားႏိုင္ခဲ့ၿပီးခ်ိန္မွာ ကစားသမားဘဝကို အႏိုင္နဲ႔ ပိုင္းဖို႔ စဥ္းစားေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနၿပီး သူနဲ႔ ဇာဗီတို႔ရဲ႕ ကစားသမားနဲ႔ နည္းျပအျဖစ္ ျပန္လည္ေတြ႕ဆုံမႈအၿပီး ရာသီကုန္မွာ အနားယူမယ္လို႔လည္း ခန႔္မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.