International UCL&UEL

ပူတင်၊ ရုရှားနဲ့ ပတ်သက်သမျှ အရေးယူပိတ်ဆို့ လမ်းခွဲနေတဲ့ FIFA, UEFA နဲ့ အင်္ဂလန် FA

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ လုပ်ရပ်တွေအတွက် ဥရောပနဲ့ နိုင်ငံတကာက တာဝန်ရှိသူတွေအားလုံးက ဆန့်ကျင်ကန့်ကွက်နေခဲ့ပြီး အရေးယူမှုတွေ ပြုလုပ်နေရာမှာ အားကစားနဲ့ ဘောလုံးလောကကလည်း ပါဝင်နေခဲ့သလို အချိန်နဲ့အမျှ ထပ်တိုးပိတ်ဆို့မှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

ရုရှားလိုလားသူတွေဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်းက ဒိုးနက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေကို ခွဲထွက်ပြီး တစ်သီးတစ်ခြား ရပ်တည်မှုအတွက် အသိအမှတ်ပြုမယ်လို့ ကြေငြာခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေ စေလွှတ်ခဲ့တဲ့ ပူတင်ရဲ့ မင်းသားခေါင်းဆောင်းတဲ့ ဘီလူးရုပ်ကတော့ ဒီပြည်နယ်တွေနဲ့ ဘာမှ မဆိုင်တဲ့ မြို့တော် ကိဗ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာတော့ လက်ရှိအချိန်အထိကို စစ်ပြေးဒုက္ခသည်ပေါင်း ၅၀၀,၀၀၀ ကျော်(အမျိုးသမီးနှင့် ကလေးများကိုသာ ရေတွက်ထား) ရှိနေခဲ့တာပါ။

ဒီအတွက် ရုရှားကို စီးပွားရေး ပိတ်ဆို့မှုအတွက် စုစည်းနေခဲ့ကြသလို ယူကရိန်းဘက်ကလည်း ရုရှားဖော်မြူလာဝမ်း ကားမောင်းသမား နီကီတာ မာဇီပင်ကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့သလို ဒီဟာ့စ်ဖော်မြူလာဝမ်းအသင်း ဒရိုင်ဘာရဲ့ ဖခင်ဟာ ပူတင်နဲ့ နီးစပ်တဲ့ ခရိုနီ အိုလီဂါ့ချ်တစ်ဦးဖြစ်တာကြောင့် တွန်းအားပေးနေခဲ့ကြပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကတော့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် Play-off တွေရဲ့ Path(B)လမ်းကြောင်းမှာ ဒီစစ်ရာဇဝတ်သားနိုင်ငံကို ကစားဖို့ ကြိုတင်ငြင်းဆန်ထားခဲ့တဲ့ ပိုလန်၊ ဆွီဒင်နဲ့ ချက်ပြည်ထောင်စုနိုင်ငံတွေရဲ့ ကန့်ကွက်မှုအပြီးမှာ ပြိုင်ပွဲကနေ ကစားခွင့် မပေးတော့ဘဲ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး သုံးသင်းသာ ယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု(H)ကနေ ဒုတိယအဖြစ် Play-off ကစားခွင့် ရရှိထားခဲ့တဲ့ ရုရှားရဲ့ နေရာကို အုပ်စုတတိယဖြစ်တဲ့ ဆလိုဗက်ကီးယားနဲ့ အစားထိုးသွားမလား၊ ယှဉ်ပြိုင်ဖို့ ရေးဆွဲခံထားရတဲ့ ပိုလန်ကိုပဲ Bye အဖြစ် နောက်တစ်ဆင့် တက်ခွင့်ပေးသွားမလားကတော့ အတိအလင်း မသိရသေးဘဲ စောင့်ကြည့်ရဖို့လည်း ရှိနေသေးတာပါ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအေးဖား UEFA ကတော့ သူတို့ရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကနေ ရုရှားကလပ် စပါးတပ် မော်စကို,ကို ထုတ်ပယ်လိုက်ပြီဖြစ်ပြီး သူတို့နဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ တွေ့ဆုံနေတဲ့ ဂျာမန်ကလပ် RB လိုက်ပ်ဇစ်ကို ကွာတားဖိုင်နယ်ဆီ ကြိုတင်တက်ရောက်ခွင့် ပေးခဲ့သလို ဒီဆုံးဖြတ်ချက်ကို ဖီဖာနဲ့အတူ ပူးပေါင်းချမှတ်ခဲ့တာလို့လည်း သိရပါတယ်။

ဖီဖာအနေနဲ့ သူတို့ရဲ့ အစောပိုင်းက “ရုရှားနိုင်ငံအလံနဲ့ ကိုယ်စားပြုမဟုတ်ဘဲ ယှဉ်ပြိုင်နိုင်တယ်”လို့ဆိုတဲ့ မပြတ်မသား ဆုံးဖြတ်ချက်ကြောင့် ဝေဖန်ခံခဲ့ရချိန်မှာ လက်ရှိမှာတော့ ပြတ်ပြတ်သားသားနဲ့ တစ်ကမ္ဘာလုံးအလိုကျ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အားရစရာမရှိတဲ့ ပုံစံနဲ့ ဥက္ကဌရာထူးကို ဆက်ခံထားခဲ့တဲ့ အီတလီနွယ်ဖွား ဆွစ်ဇာလန်သား ဂျန်နီ အင်ဖန်တီနိုကတော့ မင်းသားဖြစ်ဖို့ ရှိလာခဲ့တာပါ။

အင်္ဂလန်ရဲ့ ဘောလုံးအဖွဲ့ချုပ် FA ကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက ထုတ်ပြန်ခဲ့ရာမှာ အင်္ဂလန်နိုင်ငံအနေနဲ့ ဘယ်ပြိုင်ပွဲမှာမှ သူတို့ရဲ့ ဘောလုံးအသင်းတွေကို စေလွှတ်ယှဉ်ပြိုင်သွားမှာ မဟုတ်ဘဲ အမျိုးသား၊ အမျိုးသမီး၊ ဖူဆယ်၊ လူငယ်နဲ့ မသန်စွမ်းအသင်းတွေပါ ပါဝင်တယ်လို့ ထုတ်ပြန်သွားခဲ့သလို သူတို့ရဲ့ ပြတ်သားတဲ့ ကြေငြာချက်အတွက်တော့ ထောက်ခံအားပေးမှုတွေ ရရှိထားခဲ့ပါတယ်။

ရုရှားနိုင်ငံကို အဖက်ဖက်က အရေးယူ ပိတ်ဆို့ပြီး လူရာမသွင်းဖို့ လုပ်ဆောင်နေရာမှာ UEFA ကလည်း သူတို့ရဲ့ စပွန်ဆာတစ်ခုဖြစ်နေခဲ့တဲ့ ရုရှား ဂက်စ်ကုမ္ပဏီ ဂက်ဇ်ပရွမ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေက လမ်းခွဲခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒီနိုင်ငံပိုင် ကုမ္ပဏီကို ဂျာမန်ကလပ် ရှော်လ်ကာအသင်းကလည်း လက်တွဲဖြုတ်ခဲ့သလို ရင်ဘတ်စပွန်ဆာမပါဘဲ ပြီးခဲ့တဲ့ သောကြာနေ့က စတင်ကစားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ ႐ုရွားႏိုင္ငံနဲ႔ သမၼတ ဗလာဒီမီယာ ပူတင္ရဲ႕ လုပ္ရပ္ေတြအတြက္ ဥေရာပနဲ႔ ႏိုင္ငံတကာက တာဝန္ရွိသူေတြအားလုံးက ဆန႔္က်င္ကန႔္ကြက္ေနခဲ့ၿပီး အေရးယူမႈေတြ ျပဳလုပ္ေနရာမွာ အားကစားနဲ႔ ေဘာလုံးေလာကကလည္း ပါဝင္ေနခဲ့သလို အခ်ိန္နဲ႔အမွ် ထပ္တိုးပိတ္ဆို႔မႈေတြ လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။

႐ုရွားလိုလားသူေတြျဖစ္တဲ့ ယူကရိန္းအေရွ႕ပိုင္းက ဒိုးနက္စ္ခ္နဲ႔ လူဟန႔္စ္ခ္ ျပည္နယ္ေတြကို ခြဲထြက္ၿပီး တစ္သီးတစ္ျခား ရပ္တည္မႈအတြက္ အသိအမွတ္ျပဳမယ္လို႔ ေၾကျငာခဲ့ၿပီးေနာက္ပိုင္း ၿငိမ္းခ်မ္းေရး ထိန္းသိမ္းဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စစ္တပ္ေတြ ေစလႊတ္ခဲ့တဲ့ ပူတင္ရဲ႕ မင္းသားေခါင္းေဆာင္းတဲ့ ဘီလူး႐ုပ္ကေတာ့ ဒီျပည္နယ္ေတြနဲ႔ ဘာမွ မဆိုင္တဲ့ ၿမိဳ႕ေတာ္ ကိဗ္ကို ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခဲ့ရာမွာေတာ့ လက္ရွိအခ်ိန္အထိကို စစ္ေျပးဒုကၡသည္ေပါင္း ၅၀၀,၀၀၀ ေက်ာ္(အမ်ိဳးသမီးႏွင့္ ကေလးမ်ားကိုသာ ေရတြက္ထား) ရွိေနခဲ့တာပါ။

ဒီအတြက္ ႐ုရွားကို စီးပြားေရး ပိတ္ဆို႔မႈအတြက္ စုစည္းေနခဲ့ၾကသလို ယူကရိန္းဘက္ကလည္း ႐ုရွားေဖာ္ျမဴလာဝမ္း ကားေမာင္းသမား နီကီတာ မာဇီပင္ကို ပိတ္ပင္ဖို႔ ေတာင္းဆိုခဲ့သလို ဒီဟာ့စ္ေဖာ္ျမဴလာဝမ္းအသင္း ဒ႐ိုင္ဘာရဲ႕ ဖခင္ဟာ ပူတင္နဲ႔ နီးစပ္တဲ့ ခ႐ိုနီ အိုလီဂါ့ခ်္တစ္ဦးျဖစ္တာေၾကာင့္ တြန္းအားေပးေနခဲ့ၾကပါတယ္။

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာကေတာ့ ဥေရာပဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲ ဒုတိယအဆင့္ Play-off ေတြရဲ႕ Path(B)လမ္းေၾကာင္းမွာ ဒီစစ္ရာဇဝတ္သားႏိုင္ငံကို ကစားဖို႔ ႀကိဳတင္ျငင္းဆန္ထားခဲ့တဲ့ ပိုလန္၊ ဆြီဒင္နဲ႔ ခ်က္ျပည္ေထာင္စုႏိုင္ငံေတြရဲ႕ ကန႔္ကြက္မႈအၿပီးမွာ ၿပိဳင္ပြဲကေန ကစားခြင့္ မေပးေတာ့ဘဲ ထုတ္ပယ္လိုက္ၿပီျဖစ္ၿပီး သုံးသင္းသာ ယွဥ္ၿပိဳင္ရေတာ့မွာလည္းျဖစ္ပါတယ္။

ဥေရာပဇုန္ ေျခစစ္ပြဲ အုပ္စု(H)ကေန ဒုတိယအျဖစ္ Play-off ကစားခြင့္ ရရွိထားခဲ့တဲ့ ႐ုရွားရဲ႕ ေနရာကို အုပ္စုတတိယျဖစ္တဲ့ ဆလိုဗက္ကီးယားနဲ႔ အစားထိုးသြားမလား၊ ယွဥ္ၿပိဳင္ဖို႔ ေရးဆြဲခံထားရတဲ့ ပိုလန္ကိုပဲ Bye အျဖစ္ ေနာက္တစ္ဆင့္ တက္ခြင့္ေပးသြားမလားကေတာ့ အတိအလင္း မသိရေသးဘဲ ေစာင့္ၾကည့္ရဖို႔လည္း ရွိေနေသးတာပါ။

ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ ယူေအးဖား UEFA ကေတာ့ သူတို႔ရဲ႕ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြကေန ႐ုရွားကလပ္ စပါးတပ္ ေမာ္စကို,ကို ထုတ္ပယ္လိုက္ၿပီျဖစ္ၿပီး သူတို႔နဲ႔ ၁၆ သင္း ရႈံးထြက္အဆင့္မွာ ေတြ႕ဆုံေနတဲ့ ဂ်ာမန္ကလပ္ RB လိုက္ပ္ဇစ္ကို ကြာတားဖိုင္နယ္ဆီ ႀကိဳတင္တက္ေရာက္ခြင့္ ေပးခဲ့သလို ဒီဆုံးျဖတ္ခ်က္ကို ဖီဖာနဲ႔အတူ ပူးေပါင္းခ်မွတ္ခဲ့တာလို႔လည္း သိရပါတယ္။

ဖီဖာအေနနဲ႔ သူတို႔ရဲ႕ အေစာပိုင္းက “႐ုရွားႏိုင္ငံအလံနဲ႔ ကိုယ္စားျပဳမဟုတ္ဘဲ ယွဥ္ၿပိဳင္ႏိုင္တယ္”လို႔ဆိုတဲ့ မျပတ္မသား ဆုံးျဖတ္ခ်က္ေၾကာင့္ ေဝဖန္ခံခဲ့ရခ်ိန္မွာ လက္ရွိမွာေတာ့ ျပတ္ျပတ္သားသားနဲ႔ တစ္ကမာၻလုံးအလိုက် ေဆာင္႐ြက္ေပးခဲ့တာျဖစ္ၿပီး အားရစရာမရွိတဲ့ ပုံစံနဲ႔ ဥကၠဌရာထူးကို ဆက္ခံထားခဲ့တဲ့ အီတလီႏြယ္ဖြား ဆြစ္ဇာလန္သား ဂ်န္နီ အင္ဖန္တီႏိုကေတာ့ မင္းသားျဖစ္ဖို႔ ရွိလာခဲ့တာပါ။

အဂၤလန္ရဲ႕ ေဘာလုံးအဖြဲ႕ခ်ဳပ္ FA ကေတာ့ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းက ထုတ္ျပန္ခဲ့ရာမွာ အဂၤလန္ႏိုင္ငံအေနနဲ႔ ဘယ္ၿပိဳင္ပြဲမွာမွ သူတို႔ရဲ႕ ေဘာလုံးအသင္းေတြကို ေစလႊတ္ယွဥ္ၿပိဳင္သြားမွာ မဟုတ္ဘဲ အမ်ိဳးသား၊ အမ်ိဳးသမီး၊ ဖူဆယ္၊ လူငယ္နဲ႔ မသန္စြမ္းအသင္းေတြပါ ပါဝင္တယ္လို႔ ထုတ္ျပန္သြားခဲ့သလို သူတို႔ရဲ႕ ျပတ္သားတဲ့ ေၾကျငာခ်က္အတြက္ေတာ့ ေထာက္ခံအားေပးမႈေတြ ရရွိထားခဲ့ပါတယ္။

႐ုရွားႏိုင္ငံကို အဖက္ဖက္က အေရးယူ ပိတ္ဆို႔ၿပီး လူရာမသြင္းဖို႔ လုပ္ေဆာင္ေနရာမွာ UEFA ကလည္း သူတို႔ရဲ႕ စပြန္ဆာတစ္ခုျဖစ္ေနခဲ့တဲ့ ႐ုရွား ဂက္စ္ကုမၸဏီ ဂက္ဇ္ပ႐ြမ္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ ညေနက လမ္းခြဲခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ဒီႏိုင္ငံပိုင္ ကုမၸဏီကို ဂ်ာမန္ကလပ္ ေရွာ္လ္ကာအသင္းကလည္း လက္တြဲျဖဳတ္ခဲ့သလို ရင္ဘတ္စပြန္ဆာမပါဘဲ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စတင္ကစားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.