International

ရုရှားကို ကြောက်ပြီး မထုတ်ရဲတဲ့ ဖီဖာကို ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ အက်ဖ်အေ

အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တနင်္ဂနွေနေ့ညမှာ ဖီဖာက ရုရှားကိစ္စကို အရှက်မဲ့စွာ မဖြေရှင်းနိုင်ခဲ့ပြီးနောက် ရုရှားကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပစ်ဖို့အတွက် လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

ဖီဖာက ကနဦး အစီအမံများအဖြစ်နဲ့ အိမ်ကွင်းပွဲစဉ်တွေကို ကြားကွင်းမှာ Football Union of Russia အမည်အောက်မှာ ရုရှားနိုင်ငံတော် အလံနဲ့ နိုင်ငံတော်သီချင်းမသီဆိုဘဲ ကျင်းပသွားဖို့ ကြေညာခဲ့ပေမယ့် အက်ဖ်အေကတော့ ရုရှားကို ယခုနှစ်ပြိုင်ပွဲကနေ ထုတ်ပယ်စေချင်နေတာဖြစ်ပြီး ၎င်းတို့အနေနဲ့ မကြာမီအနာဂတ်မှာ ဘယ်လို အဆင့် သို့မဟုတ် အသက်အရွယ်တန်းအလိုက် ပြိုင်ပွဲတွေမှာ ရုရှားအသင်းနဲ့ ကစားသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ ရုရှားနဲ့ မတ်လ ၂၆ ရက်နေ့မှာ ကစားဖို့စီစဉ်ထားတဲ့ အင်္ဂလန်ယူ-၁၇ အသင်းရဲ့ ပွဲစဉ်ကို ယမန်နေ့ညက ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ရုရှားဟာ လာမယ့်လမှာ ကမ္ဘာ့ဖလားဝင်ခွင့် Play-offs ပွဲစဉ်အဖြစ် ပိုလန်နဲ့ တွေ့ဆံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆွီဒင်၊ ချက်တို့ထဲက အနိုင်ရရှိသူနဲ့ ကာတာမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ၃ သင်းစလုံးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားနဲ့ ကစားသွားမှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် တစ်ပတ်လောက်နီးပါးကြမှာ နောက်ကျပြီး တုံ့ပြန်ခဲ့တဲ့ ဖီဖာက တင်းမာမှုတွေကို ဖြေရှင်းဖို့အတွက် ဘယ်လိုရည်ရွယ်ထားလဲဆိုတာကို မရှင်းလင်းခဲ့ဘဲ ပိုလန်အက်ဖ်အေက ချက်ချင်းပဲ အဆိုပြုထားတဲ့ ပြစ်ဒဏ်ပေးမှုတွေကို ရှုတ်ချခဲ့တာဖြစ်ပါတယ်။

ပိုလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆီဇာရီ ကူလက်စ်ဇာက “ဒီနေ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝကို လက်မခံနိုင်စရာပါပဲ။ ကျွန်တော်တို့ ဒီလို ပွဲမျိုးမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က အရင်အတိုင်းပဲဖြစ်ပြီး ပိုလန်နိုင်ငံအသင်းဟာ နာမည်ပြောင်းထားတဲ့ ရုရှားနဲ့ ကစားသွားမှာမဟုတ်ပါဘူး”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဆွီဒင်အက်ဖ်အေဥက္ကဌ ကားလ်-အဲရစ် နီလ်ဆင်က Fotbollskanalen ဝက်ဘ်ဆိုက်ကို “ကျွန်တော်တို့ ဖီဖာရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတယ်ဆိုတာက ရှင်းပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဇွန်လက နေးရှင်းလိဂ်မှာ ရုရှားအသင်းနဲ့ ၂ ကြိမ်အထိ ကစားခဲ့ရတဲ့ အယ်လ်ဘေးနီးယားအသင်းကလည်း ၎င်းတို့အနေနဲ့ ရုရှားနဲ့ ကစားရမယ့်ပွဲစဉ်တွေကို သပိတ်မှောက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်အက်ဖ်အေ အမှုဆောင်အရာရှိတွေဟာ ဖီဖာကို ရုရှားအနေနဲ့ ကမ္ဘာ့ဖလား play-offs ပွဲစဉ်တွေကနေ ထုတ်ပယ်ခြင်းခံရသင့်ကြောင်းကို ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ တင်ပြခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ဖီဖာကို ပိုမိုဖိအားပေးနိုင်ဖို့အတွက် အခြား ဥရောပနိုင်ငံများနဲ့အတူ ပူးပေါင်းသွားဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖီဖာက ကနဦးအစီအမံများအနေနဲ့ ဖော်ပြခဲ့ပေမယ့်လည်း ရုရှားအနေနဲ့ ယူကရိန်းကို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် နောက်ထပ် အပြစ်ပေးမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားထားပေမယ့် သူ့အလိုလို အခြေအနေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ပိတ်ဆို့မှုကို နောက်ကျနိုင်သမျှ နောက်ကျပြီးမှ ဆုံးဖြတ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဖီဖာရဲ့ တုံ့ပြန်မှုဟာ နိုင်ငံတော်အဆင့် ကမကထပြုလုပ်ထားတဲ့ တားမြစ်ဆေးသုံးစွဲမှုတိုက်ဖျက်ရေး နိုင်ငံတကာအိုလံပစ်ကော်မီတီရဲ့ တားမြစ်ဆေးသုံးစွဲမှုကင်းစင်သော ရုရှားအားကစားသမားတွေအနေနဲ့ ကြားနေအလံအောက်မှာ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ အသံကို ပဲ့တင်ထပ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဂၤလန္နိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က တနဂၤေႏြေန႔ညမွာ ဖီဖာက ႐ုရွားကိစၥကို အရွက္မဲ့စြာ မေျဖရွင္းနိုင္ခဲ့ၿပီးေနာက္ ႐ုရွားကို ကမၻာ့ဖလားၿပိဳင္ပြဲကေန ထုတ္ပစ္ဖို႔အတြက္ လႈံ႔ေဆာ္မႈေတြ ျပဳလုပ္ေနပါတယ္။

ဖီဖာက ကနဦး အစီအမံမ်ားအျဖစ္နဲ႔ အိမ္ကြင္းပြဲစဥ္ေတြကို ၾကားကြင္းမွာ Football Union of Russia အမည္ေအာက္မွာ ႐ုရွားနိုင္ငံေတာ္ အလံနဲ႔ နိုင္ငံေတာ္သီခ်င္းမသီဆိုဘဲ က်င္းပသြားဖို႔ ေၾကညာခဲ့ေပမယ့္ အက္ဖ္ေအကေတာ့ ႐ုရွားကို ယခုႏွစ္ၿပိဳင္ပြဲကေန ထုတ္ပယ္ေစခ်င္ေနတာျဖစ္ၿပီး ၎တို႔အေနနဲ႔ မၾကာမီအနာဂတ္မွာ ဘယ္လို အဆင့္ သို႔မဟုတ္ အသက္အရြယ္တန္းအလိုက္ ၿပိဳင္ပြဲေတြမွာ ႐ုရွားအသင္းနဲ႔ ကစားသြားမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ယူရိုၿပိဳင္ပြဲမွာ ႐ုရွားနဲ႔ မတ္လ ၂၆ ရက္ေန႔မွာ ကစားဖို႔စီစဥ္ထားတဲ့ အဂၤလန္ယူ-၁၇ အသင္းရဲ့ ပြဲစဥ္ကို ယမန္ေန႔ညက ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

႐ုရွားဟာ လာမယ့္လမွာ ကမၻာ့ဖလားဝင္ခြင့္ Play-offs ပြဲစဥ္အျဖစ္ ပိုလန္နဲ႔ ေတြ႕ဆံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဆြီဒင္၊ ခ်က္တို႔ထဲက အနိုင္ရရွိသူနဲ႔ ကာတာမွာ ယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္ ၃ သင္းစလုံးက ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႐ုရွားနဲ႔ ကစားသြားမွာမဟုတ္ဘူးလို႔ ေျပာဆိုထားခဲ့တာျဖစ္ပါတယ္။

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ တစ္ပတ္ေလာက္နီးပါးၾကမွာ ေနာက္က်ၿပီး တုံ႔ျပန္ခဲ့တဲ့ ဖီဖာက တင္းမာမႈေတြကို ေျဖရွင္းဖို႔အတြက္ ဘယ္လိုရည္ရြယ္ထားလဲဆိုတာကို မရွင္းလင္းခဲ့ဘဲ ပိုလန္အက္ဖ္ေအက ခ်က္ခ်င္းပဲ အဆိုျပဳထားတဲ့ ျပစ္ဒဏ္ေပးမႈေတြကို ရႈတ္ခ်ခဲ့တာျဖစ္ပါတယ္။

ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဆီဇာရီ ကူလက္စ္ဇာက “ဒီေန႔ ဖီဖာရဲ့ ဆုံးျဖတ္ခ်က္ဟာ လုံးဝကို လက္မခံနိုင္စရာပါပဲ။ ကၽြန္ေတာ္တို႔ ဒီလို ပြဲမ်ိဳးမွာ ပါဝင္ယွဥ္ၿပိဳင္သြားဖို႔ စိတ္မဝင္စားပါဘူး။ ကၽြန္ေတာ္တို႔ရဲ့ ရပ္တည္ခ်က္က အရင္အတိုင္းပဲျဖစ္ၿပီး ပိုလန္နိုင္ငံအသင္းဟာ နာမည္ေျပာင္းထားတဲ့ ႐ုရွားနဲ႔ ကစားသြားမွာမဟုတ္ပါဘူး”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ဆြီဒင္အက္ဖ္ေအဥကၠဌ ကားလ္-အဲရစ္ နီလ္ဆင္က Fotbollskanalen ဝက္ဘ္ဆိုက္ကို “ကၽြန္ေတာ္တို႔ ဖီဖာရဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မေက်မနပ္ျဖစ္ေနတယ္ဆိုတာက ရွင္းပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဇြန္လက ေနးရွင္းလိဂ္မွာ ႐ုရွားအသင္းနဲ႔ ၂ ႀကိမ္အထိ ကစားခဲ့ရတဲ့ အယ္လ္ေဘးနီးယားအသင္းကလည္း ၎တို႔အေနနဲ႔ ႐ုရွားနဲ႔ ကစားရမယ့္ပြဲစဥ္ေတြကို သပိတ္ေမွာက္သြားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အဂၤလန္အက္ဖ္ေအ အမႈေဆာင္အရာရွိေတြဟာ ဖီဖာကို ႐ုရွားအေနနဲ႔ ကမၻာ့ဖလား play-offs ပြဲစဥ္ေတြကေန ထုတ္ပယ္ျခင္းခံရသင့္ေၾကာင္းကို ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္မွာ တင္ျပခဲ့ၿပီး လာမယ့္ရက္ပိုင္းအတြင္း ဖီဖာကို ပိုမိုဖိအားေပးနိုင္ဖို႔အတြက္ အျခား ဥေရာပနိုင္ငံမ်ားနဲ႔အတူ ပူးေပါင္းသြားဖို႔ အဆင္သင့္ရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖီဖာက ကနဦးအစီအမံမ်ားအေနနဲ႔ ေဖာ္ျပခဲ့ေပမယ့္လည္း ႐ုရွားအေနနဲ႔ ယူကရိန္းကို ဆက္လက္တိုက္ခိုက္ေနမယ္ဆိုရင္ ေနာက္ထပ္ အျပစ္ေပးမႈေတြ ျဖစ္လာနိုင္ေျခရွိတယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကားထားေပမယ့္ သူ႔အလိုလို အေျခအေနကို ေျဖရွင္းနိုင္ဖို႔ ေမၽွာ္လင့္ခ်က္နဲ႔ ကမၻာ့ဖလားဝင္ၿပိဳင္ခြင့္ပိတ္ဆို႔မႈကို ေနာက္က်နိုင္သမၽွ ေနာက္က်ၿပီးမွ ဆုံးျဖတ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဖီဖာရဲ့ တုံ႔ျပန္မႈဟာ နိုင္ငံေတာ္အဆင့္ ကမကထျပဳလုပ္ထားတဲ့ တားျမစ္ေဆးသုံးစြဲမႈတိုက္ဖ်က္ေရး နိုင္ငံတကာအိုလံပစ္ေကာ္မီတီရဲ့ တားျမစ္ေဆးသုံးစြဲမႈကင္းစင္ေသာ ႐ုရွားအားကစားသမားေတြအေနနဲ႔ ၾကားေနအလံေအာက္မွာ ၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္နိုင္တယ္ဆိုတဲ့ အသံကို ပဲ့တင္ထပ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.