International Other

အားကစားလောကမှာ ဝိုင်းပြီး ကျဉ်တာခံနေရပြီဖြစ်တဲ့ ရုရှားနဲ့ ပတ်သတ်သောသတင်းများ စုစည်းမှု

ဗလာဒီမာ ပူတင်က ယူကရိန်းကို စစ်ကြေညာပြီး ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ယနေ့မှာတော့ ကမ္ဘာ့အားကစားလောကဟာ ရုရှားကို ဝိုင်းကျဉ်နေကြပြီဖြစ်ပါတယ်။

F1 ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့တဲ့ ဆီဘက်စတီယန် ဗက်တဲလ်က စက်တင်ဘာလမှာ ပြုလုပ်မယ့် ဆိုချီ ဂရန်းပရစ်ပြိုင်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုလိုက်ပြီး မေလ ၂၈ ရက်နေ့ စိန့်ပီတာစ်ဘာ့ဂ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကလည်း တစ်နေရာကို ပြောင်းရွှေ့ကျင်းပဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ ဥရောပထိပ်တန်းပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲနေရာကို ပြောင်းလဲဖို့အတွက် အလေးအနက်စဉ်းစားဖို့အတွက် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့အစည်းဟာ ရုရှားရဲ့ ကြီးမားတဲ့အားကစားပြိုင်ပွဲကိုလည်း ဖယ်ရှားပစ်ဖို့ အမှန်တကယ် မျှော်မှန်းခြင်း ခံနေရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ယူကရိန်းကြယ်ပွင့် အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ ရုရှားရဲ့ ကျူးကျော်မှုအပြီးမှာ ပထမဆုံး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ နာမည်ကြီး အားကစားကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ၎င်းအနေနဲ့ ပူတင်ကို ဆိုးဆိုးရွားရွားခံစားရပြီး သေသွားဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူကရိန်းမှာ သောင်တင်နေပြီး ကြောက်ရွံ့နေကြတဲ့ ဘရာဇီးလ်ဘောလုံးသမားတွေဟာ ၎င်းတို့ရဲ့ အစိုးရကို လာရောက် ကယ်ထုတ်ပေးဖို့အတွက် တောင်းဆိုနေကြပြီး ရှက်တာဒိုးနတ် နည်းပြဟောင်း ပေါ်လို ဖွန်ဆီကာကလည်း ယူကရိန်းမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။

ယူကရိန်းလိဂ်ဟာ မာရှယ်လော ထုတ်ပြန်ကြေညာထားတာကြောင့် အနည်းဆုံး ရက် ၃၀ လောက် လိဂ်ကို ရပ်နားခဲ့ပြီဖြစ်ပြီး ဆွီဒင် အက်ဖ်အေကတော့ မတ်လ ရုရှားမှာ ချက်နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား play-off ပွဲစဉ်အတွက် တွေးလို့တောင် မရလုနီးပါးဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံကို ဒုံးကျည်တွေ၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေနဲ့အတူ အပြင်းအထန် တိုက်ခိုက်နေတာဖြစ်ပြီး တင့်ကားတွေကလည်း ဘယ်လာရုကနေတဆင့် နယ်စပ်တလျှောက်မှာ လူးလာခေါက်တုံ့သွားလာနေကြတာဖြစ်ပါတယ်။ ရုရှားစစ်သားတွေကလည်း အရှေ့ပိုင်းဒေသတွေအပေါ် လေထီးနဲ့ ဆင်းသက်နေကြပြီး ပူတင်က ၎င်းရဲ့တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးပြီးနောက် ယူကရိန်းနိုင်ငံတလွှားမှာ ပေါက်ကွဲပျက်စီးမှုတွေကို မြင်တွေ့နေရတာဖြစ်ပါတယ်။

ပူတင်ရဲ့ ရုရှားအပေါ် အားကစားလောကရဲ့ တုံ့ပြန်မှုများ

-မန်ချက်စတာစီးတီးကြယ်ပွင့် ယူကရိန်းလက်ရွေးစင် အိုလက်ဇန်းဒါး ဇင်ချန်ကိုက ၎င်းရဲ့ အင်စတာဂရမ်စတိုရီမှာ ပူတင်ရဲ့ပုံနဲ့အတူ “ခင်ဗျား အနာကျင်ရဆုံး သေခြင်းနဲ့ သေဆုံးဖို့ ကျွန်တော် မျှော်လင့်တယ်။ တိရစ္ဆာန်ကောင်”လို့ ရေးသားခဲ့ပြီး အင်စတာဂရမ်က အဲဒီစတိုရီကို ချက်ချင်းဆိုသလို ဖျက်ချသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အကြပ်အတည်း ကြီးထွားလာတဲ့ရလဒ်အနေနဲ့ ရုရှား လေကြောင်းလိုင်း Aeroflot နဲ့ စပွန်ဆာသဘောတူညီမှုကို အဆုံးသတ်တော့မယ်လို့ သိရပြီး Aeroflot ဟာ ၂၀၁၃ ခုနှစ်ကတည်းက ယူနိုက်တက်ရဲ့ အဓိကစပွန်ဆာတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ သဘောတူညီမှုဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် စီအီးအိုအသစ်ဖြစ်တဲ့ ရစ်ချက် အာနိုးလ်က စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုတဲ့ ဆန္ဒမရှိတော့တာဖြစ်ပါတယ်။ ရန်းနစ်ခ်နဲ့ ယူနိုက်တက်အသင်းသားတွေဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယခုအပတ် ချန်ပီယံလိဂ်ပွဲစဉ်အတွက် စပိန်ကို ထွက်ခွာရာမှာ အခြားလေကြောင်းလိုင်းဖြစ်တဲ့ Titan ကို စီးနင်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်ယူနိုက်တက်ဟာ အသင်းရဲ့တရားဝင် ပို့ဆောင်သူအဖြစ် မတူညီတဲ့လေကြောင်းလိုင်းနဲ့ သဘောတူညီမှု ရယူဖို့ ကြိုးပမ်းနေတာကြောင့် ကာတာ လေကြောင်းလိုင်းဟာ ရွေးချယ်စရာတစ်ခုအဖြစ် မှတ်ယူခြင်းခံနေရပါတယ်။

-ယူအီးအက်ဖ်အေက ရုရှားက ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက် ယနေ့နံနက်မှာ စိန့် ပီတာစ်ဘာ့ဂ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဖျက်သိမ်းဖို့အတွက် အရေးပေါ် အစည်းအဝေးခေါ်ခဲ့ပြီး ဝက်စ်ဟမ်း၊ တော့တင်ဟမ်ဟော့စပါးနဲ့ အခြားကလပ်အသင်းတွေအားလုံးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ၊ ဝင်ဘလေကွင်းမှာ ကျင်းပစေချင်နေကြပါတယ်။ ယူအီးအက်ဖ်အေအနေနဲ့ နေးရှင်းလိဂ်နဲ့ ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲတွေကို စပွန်ဆာပေးထားတဲ့ ရုရှားပိုင် စွမ်းအင်ကုမ္ပဏီ Gazprom နဲ့ ချုပ်ဆိုထားတဲ့ တစ်ရာသီပေါင် ၃၃ သန်းတန် စပွန်ဆာသဘောတူညီမှုကို ဖျက်သိမ်းရဖို့ ဖိအားတွေ တိုးမြင့်လာနေပြီဖြစ်ပြီး အစည်းအဝေးကို ယူအီးအက်ဖ်အေရဲ့အလုပ်အမှုဆောင်ကော်မတီဝင်တွေအားလုံး ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာ ဇင်းနစ် စိန့် ပီတာစ်ဘာ့ဂ်အသင်းနဲ့ ရုရှားဘောလုံးသမဂ္ဂ ဥက္ကဌ၊ Gazprom ရဲ့ အလုပ်အမှုဆောင်ချုပ်လည်းဖြစ်တဲ့ အလက်ဇန္ဒား ဂျူကော့ဗ်လည်း တက်ရောက်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းပိုင်ရှင်တွေဟာ ၎င်းတို့ရဲ့ လူပေါင်း ၆၂၅၀၀ ဝင်ဆံ့တဲ့ လန်ဒန်ကွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကျင်းပချင်နေတယ်လို့ သိရပါတယ်။ ဝင်ဘလေကွင်းကလည်း ရွေးချယ်စရာဖြစ်ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့်အပတ်မှာတင် ချန်ပီယံရှစ်နဲ့ လိဂ် ၂ play-off ဖိုင်နယ်ပွဲတွေကို ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

-ယူကရိန်းမှာ သောင်တင်နေလို့ ကြောက်ရွံ့နေတဲ့ ဘရာဇီးလ်ကစားသမားတွေက အစိုးရကို ဗီဒီယိုရိုက်ပြီး လေယာဉ်စေလွှတ်ပေးပြီး လာကယ်ထုတ်ဖို့နဲ့ စားစရာရော၊ ဓာတ်ဆီရော၊ ပိုက်ဆံပါ မရှိတော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ရှက်တာဒိုးနတ်နဲ့ ဒိုင်နမိုကိဗ်အသင်းတို့က ကစားသမားတွေဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့ ယူကရိန်းမြို့တော်က ဟိုတယ်မှာ တစုတဝေးတည်း ရှိနေကြတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး နယ်စပ်တွေလည်း ပိတ်ထားသလို ဘဏ်တွေလည်း ပိတ်သွားပြီဖြစ်တာကြောင့် ငွေကြေးလည်း တပြားတချပ်မှ မရှိတော့လို့ စားစရာနဲ့ ဓာတ်ဆီပါ ပြတ်လပ်နေပြီလို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

-ရှက်တာဒိုးနတ်နည်းပြဟောင်း ပေါ်လို ဖွန်ဆီကာဟာ ယူကရိန်းမြို့တော်ကနေ ထွက်ခွာမယ့် လေကြောင်းခရီးစဉ် ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် ယူကရိန်းနိုင်ငံသား ဇနီးနဲ့ သားတို့နဲ့အတူ ကိဗ်မြို့မှာ သောင်တင်နေပြီး အိမ်ပေါ်ကို ဗုံးမကျလာပါစေနဲ့လို့ ရင်တမမနဲ့ နေနေရတာဟာ ၎င်းရဲ့ဘဝမှာ အဆိုးရွားဆုံးနေ့ရက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

-ဆွီဒင်အက်ဖ်အေ ဥက္ကဌ က ရုရှားမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား play-off ပွဲစဉ်နဲ့ပတ်သက်ပြီး စဉ်းလို့တောင် မရတော့ဘူးလို့ ကြာသပတေးနေ့က ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပြောကြားခဲ့ပါတယ်။ ဆွီဒင်ဟာ မတ်လ ၂၄ ရက်နေ့မှာ ချက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ပိုလန်နဲ့ ရုရှားတို့ထဲက အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

-ယခုလာမယ့်နွေရာသီ အင်္ဂလန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသမီး ယူရိုပြိုင်ပွဲကနေ ရုရှားအမျိုးသမီးအသင်းအနေနဲ့ ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပြီး ဒီကိစ္စကို ယနေ့နံနက် ယူအီးအက်ဖ်အေရဲ့အရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နိုင်ငံခြားရေးအတွင်းရေးမှူး လစ်ဇ် ထရက်စ်က မကြာသေးမီက အင်္ဂလိပ်အသင်းတွေကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုရှားအမျိုးသမီးအသင်းအနေနဲ့ လာမယ့်နွေရာသီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် အင်္ဂလန်ကို ထွက်ခွာခွင့် ပြုခြင်းခံရမလားဆိုတာ မရေမရာဖြစ်လာနေပြီဖြစ်ပြီး ရုရှားဟာ ပေါ်တူဂီနဲ့ကစားခဲ့တဲ့ play-off ပွဲစဉ်မှာ အနိုင်ရပြီးနောက် အုပ်စု C မှာ ဟောလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်တို့နဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။ ရုရှားအမျိုးသမီးအသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းအပါအဝင် ဖြစ်နိုင်ခြေအများအပြားအတွက် ဆွေးနွေးသွားမှာဖြစ်ပြီး နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ အိုလံပစ်မှာ ရုရှားအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့သလိုမျိုး နိုင်ငံကိုယ်စားပြုခြင်းမရှိဘဲ ပါဝင်ယှဉ်ပြိုင်ရဖွယ်လည်းရှိနေပါတယ်။

-ဂျာမန်ဘောလုံးအသင်းဖြစ်တဲ့ ရှော်ကေးဟာ ယူကရိန်းကို ဗလာဒီမာ ပူတင်က စစ်ကြေညာခဲ့ပြီးနောက် ၎င်းတို့အသင်းရဲ့ ရှပ်ပေါ်က ရုရှားပိုင် စပွန်ဆာ Gazprom ရဲ့နာမည်ကို ဖယ်ရှားခဲ့ပြီး ပူတင်နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဥက္ကဌ မားသီးယပ်စ် ဝါးနစ်ဂ်ကလည်း အသင်းဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

-ရုရှားလက်ရွေးစင်နဲ့ ဒိုင်နမို မော်စကိုတိုက်စစ်မှူး ဖြစ်တဲ့ ဖီဒေါ် စမိုလော့ဗ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခြင်းကို ဆန့်ကျင်တဲ့အနေနဲ့ အင်စတာရမ်မှာ စစ်ပွဲအလိုမရှိဆိုတဲ့စာကို ရေးသားခဲ့ပါတယ်။ စမိုလော့ဗ်ဟာ လက်ရှိအခင်းအကျင်းကို မှတ်ချက်ပေးခဲ့တဲ့ ပထမဆုံး ရုရှားကစားသမားဖြစ်လာခဲ့ပြီး ကြာသပတေးနေ့မှာ ၎င်းရဲ့နိုင်ငံကို အင်စတာဂရမ်မှာ ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

-ပိုလန်၊ ဆွီဒင်၊ ချက်ဘောလုံးအဖွဲ့ချုပ်တွေဟာ လာမယ့်လ ကမ္ဘာ့ဖလားဝင်ခွင့် play-offs ပွဲစဉ်တွေကို ရုရှားမှာ မကျင်းပဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ရုရှားဟာ မတ်လ ၂၄ ရက်နေ့ မော်စကိုမြို့မှာ ပိုလန်ကို play-off ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဆွီဒင်နဲ့ ချက်တို့ထဲက အနိုင်ရတဲ့အသင်းနဲ့ နောက်ထပ် ၅ ရက်အကြာမှာ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ရုရှားသာ ပိုလန်ကို အနိုင်ရခဲ့မယ်ဆိုရင် ဗိုလ်လုပွဲကို မော်စကိုမြို့က VTB Arena မှာ ကစားသွားရမှာလည်း ဖြစ်ပါတယ်။

-ယူကရိန်းလက်ရွေးစင်နည်းပြ အိုလက်ဇန်းဒါး ပီထရာကော့ဗ်က လာမယ့်လ စကော့တလန်မှာ ကစားရမယ့် ကမ္ဘာ့ဖလား play-offs ပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ယူအီးအက်ဖ်အေရဲ့ အလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ယနေ့မှာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဖြစ်လာတဲ့ ပဋိပက္ခအပေါ် ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပြီး အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူကရိန်းနည်းပြက တသက်လုံး ကိဗ်မြို့မှာ နေထိုင်လာခဲ့တာဖြစ်တာကြောင့် ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ဘဲ နိုင်ငံကို တတ်နိုင်သလောက် ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

-ဘာစီလိုနာနဲ့ နာပိုလီကစားသမားတွေဟာ စစ်ပွဲတွေရပ်ဆိုတဲ့ စာတမ်းကို အတူတကွ ကိုင်ဆောင်ပြီး ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားကို ဆန့်ကျင်ခဲ့ကြပါတယ်။ ကြာသပတေးနေ့ညက ယူရိုပါလိဂ် play-offs ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ၂ ဖက်အသင်းကစားသမား ၂၂ ဦးစလုံးဟာ ရုရှားရဲ့လုပ်ရပ်ကို ပြစ်တင်တဲ့အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ပေးဖို့အတွက် စာတမ်းကိုင်ဆောင်ပြီး တောင်းဆိုခဲ့ကြသလို ယူကရိန်းတိုက်စစ်မှူး ရူစလန် မာလင်နော့ဗ်စကီးဟာ အိုလံပီယာကော့စ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အတ္တလန္တာအတွက်ဂိုးသွင်းပြီးနောက် ယူကရိန်းမှာ စစ်ပွဲတွေ မရှိရဆိုတဲ့ စာသားကို ရေးသားထားတဲ့ အောက်ခံရှပ်ကို ပြသပြီး အောင်ပွဲခံသွားခဲ့ပါတယ်။

-ပရီးမီးယားလိဂ်ကစားသမားတွေ၊ နည်းပြတွေနဲ့ ပရိသတ်တွေဟာ ရုရှားကျူးကျော်မှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ၎င်းတို့ရဲ့ ယခုအပတ်ပွဲစဉ်တွေမှာ ယူကရိန်းနိုင်ငံအလံကို ကိုင်ဆောင်ခွင့် ပေးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အက်ဖ်အေက ကွင်းအတွင်း သို့မဟုတ် ပွဲကြည့်စင်ပေါ်မှာ အလံကိုင်ဆောင်ခြင်းဟာ စည်းကမ်းချိုးဖောက်ခြင်းမဟုတ်ဘူးလို့ ယူဆသွားမှာမဟုတ်ဘူးလို့ သိရပြီး များသောအားဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့အရာတွေကို တားမြစ်ခဲ့တာဖြစ်ပါတယ်။

-ဂန္တဝင်ဘောက်ဆင်သမားတွေဖြစ်ကြတဲ့ ဗီတာလီနဲ့ ကလစ်ချ်ကိုတို့ ညီအစ်ကိုဟာ ရုရှားရဲ့ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းအတွက် တိုက်ပွဲဝင်သွားမယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယယ်။ ဟဲဗီးဝိတ်ချန်ပီယံဟောင်းတွေဖြစ်တဲ့ ကိဗစ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗီတာလီနဲ့ ကလစ်ချ်ကိုတို့ဟာ ယူကရိန်းကို ဗလာဒီမာ ပူတင်ရဲ့ တပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေမှုကြောင့် အဓိပ္ပာယ်မဲ့စစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

-လေဘာပါတီအမတ် ခရစ္စ ဘရိုင်းယန့်တ်ဟာ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ရိုမန် အေဘရာမိုဗစ်ချ်ကို ချဲလ်ဆီးအသင်းကို ပိုင်ဆိုင်ခွင့်မပေးဘဲ တားမြစ်ဖို့အတွက် တောင်းဆိုခဲ့ပြီး ရုရှားလူမျိုး ချဲလ်ဆီးအသင်းပိုင်ရှင်ရဲ့ ပေါင် ၁၅၂ သန်းတန်အိမ်ကိုလည်း သိမ်းဆည်းသင့်၊ မသင့် မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ချဲလ်ဆီးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ရုရှားလူမျိုးလုပ်ငန်းရှင်အနေနဲ့ အကြမ်းဖက်မှု သို့မဟုတ် မှားယွင်းတဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေတော့ မရှိတာဖြစ်ပါတယ်။ ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အေဘရာမိုဗစ်ချ်ကို အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခြင်းခံခဲ့ရတယ်လို့ အောက်လွှတ်တော်ကို မှားယွင်းပြောဆိုခဲ့ပြီးနောက် ရုရှားလူမျိုး လုပ်ငန်းရှင်ဟာ ပစ်မှတ်ထားအရေးယူရမယ့်သူမဟုတ်ခဲ့ဘူးလို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဗလာဒီမာ ပူတင္က ယူကရိန္းကို စစ္ေၾကညာၿပီး က်ဴးေက်ာ္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ယေန႔မွာေတာ့ ကမၻာ့အားကစားေလာကဟာ ႐ုရွားကို ဝိုင္းက်ဥ္ေနၾကၿပီျဖစ္ပါတယ္။

F1 ကမၻာ့ခ်န္ပီယံ ၄ ႀကိမ္ျဖစ္ခဲ့တဲ့ ဆီဘက္စတီယန္ ဗက္တဲလ္က စက္တင္ဘာလမွာ ျပဳလုပ္မယ့္ ဆိုခ်ီ ဂရန္းပရစ္ၿပိဳင္ပြဲကို သပိတ္ေမွာက္ဖို႔ ေတာင္းဆိုလိုက္ၿပီး ေမလ ၂၈ ရက္ေန႔ စိန႔္ပီတာစ္ဘာ့ဂ္မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကလည္း တစ္ေနရာကို ေျပာင္းေရႊ႕က်င္းပဖို႔ စီစဥ္ေနၿပီျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအဟာ ဥေရာပထိပ္တန္းၿပိဳင္ပြဲႀကီးရဲ့ ဗိုလ္လုပြဲေနရာကို ေျပာင္းလဲဖို႔အတြက္ အေလးအနက္စဥ္းစားဖို႔အတြက္ ၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး ဥေရာပေဘာလုံးအဖြဲ႕အစည္းဟာ ႐ုရွားရဲ့ ႀကီးမားတဲ့အားကစားၿပိဳင္ပြဲကိုလည္း ဖယ္ရွားပစ္ဖို႔ အမွန္တကယ္ ေမၽွာ္မွန္းျခင္း ခံေနရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ ယူကရိန္းၾကယ္ပြင့္ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုဟာ ႐ုရွားရဲ့ က်ဴးေက်ာ္မႈအၿပီးမွာ ပထမဆုံး ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တဲ့ နာမည္ႀကီး အားကစားၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ၿပီး ၎အေနနဲ႔ ပူတင္ကို ဆိုးဆိုးရြားရြားခံစားရၿပီး ေသသြားဖို႔ ေမၽွာ္လင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ယူကရိန္းမွာ ေသာင္တင္ေနၿပီး ေၾကာက္ရြံ့ေနၾကတဲ့ ဘရာဇီးလ္ေဘာလုံးသမားေတြဟာ ၎တို႔ရဲ့ အစိုးရကို လာေရာက္ ကယ္ထုတ္ေပးဖို႔အတြက္ ေတာင္းဆိုေနၾကၿပီး ရွက္တာဒိုးနတ္ နည္းျပေဟာင္း ေပၚလို ဖြန္ဆီကာကလည္း ယူကရိန္းမွာ ပိတ္မိေနတာ ျဖစ္ပါတယ္။

ယူကရိန္းလိဂ္ဟာ မာရွယ္ေလာ ထုတ္ျပန္ေၾကညာထားတာေၾကာင့္ အနည္းဆုံး ရက္ ၃၀ ေလာက္ လိဂ္ကို ရပ္နားခဲ့ၿပီျဖစ္ၿပီး ဆြီဒင္ အက္ဖ္ေအကေတာ့ မတ္လ ႐ုရွားမွာ ခ်က္နဲ႔ ကစားရမယ့္ ကမၻာ့ဖလား play-off ပြဲစဥ္အတြက္ ေတြးလို႔ေတာင္ မရလုနီးပါးျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

႐ုရွားဟာ ယူကရိန္းနိုင္ငံကို ဒုံးက်ည္ေတြ၊ ေလယာဥ္နဲ႔ ဗုံးၾကဲမႈေတြနဲ႔အတူ အျပင္းအထန္ တိုက္ခိုက္ေနတာျဖစ္ၿပီး တင့္ကားေတြကလည္း ဘယ္လာ႐ုကေနတဆင့္ နယ္စပ္တေလၽွာက္မွာ လူးလာေခါက္တုံ႔သြားလာေနၾကတာျဖစ္ပါတယ္။ ႐ုရွားစစ္သားေတြကလည္း အေရွ႕ပိုင္းေဒသေတြအေပၚ ေလထီးနဲ႔ ဆင္းသက္ေနၾကၿပီး ပူတင္က ၎ရဲ့တပ္ဖြဲ႕ကို တိုက္ခိုက္ဖို႔ အမိန႔္ေပးၿပီးေနာက္ ယူကရိန္းနိုင္ငံတလႊားမွာ ေပါက္ကြဲပ်က္စီးမႈေတြကို ျမင္ေတြ႕ေနရတာျဖစ္ပါတယ္။

ပူတင္ရဲ့ ႐ုရွားအေပၚ အားကစားေလာကရဲ့ တုံ႔ျပန္မႈမ်ား

-မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ယူကရိန္းလက္ေရြးစင္ အိုလက္ဇန္းဒါး ဇင္ခ်န္ကိုက ၎ရဲ့ အင္စတာဂရမ္စတိုရီမွာ ပူတင္ရဲ့ပုံနဲ႔အတူ “ခင္ဗ်ား အနာက်င္ရဆုံး ေသျခင္းနဲ႔ ေသဆုံးဖို႔ ကၽြန္ေတာ္ ေမၽွာ္လင့္တယ္။ တိရစၧာန္ေကာင္”လို႔ ေရးသားခဲ့ၿပီး အင္စတာဂရမ္က အဲဒီစတိုရီကို ခ်က္ခ်င္းဆိုသလို ဖ်က္ခ်သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူကရိန္းမွာ ျဖစ္ပြားေနတဲ့ အၾကပ္အတည္း ႀကီးထြားလာတဲ့ရလဒ္အေနနဲ႔ ႐ုရွား ေလေၾကာင္းလိုင္း Aeroflot နဲ႔ စပြန္ဆာသေဘာတူညီမႈကို အဆုံးသတ္ေတာ့မယ္လို႔ သိရၿပီး Aeroflot ဟာ ၂၀၁၃ ခုႏွစ္ကတည္းက ယူႏိုက္တက္ရဲ႕ အဓိကစပြန္ဆာေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိ သေဘာတူညီမႈဟာ ၂၀၂၃ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ စီအီးအိုအသစ္ျဖစ္တဲ့ ရစ္ခ်က္ အာႏိုးလ္က စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုလိုတဲ့ ဆႏၵမရွိေတာ့တာျဖစ္ပါတယ္။ ရန္းနစ္ခ္နဲ႔ ယူႏိုက္တက္အသင္းသားေတြဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယခုအပတ္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ စပိန္ကို ထြက္ခြာရာမွာ အျခားေလေၾကာင္းလိုင္းျဖစ္တဲ့ Titan ကို စီးနင္းခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ မန္ယူႏိုက္တက္ဟာ အသင္းရဲ႕တရားဝင္ ပို႔ေဆာင္သူအျဖစ္ မတူညီတဲ့ေလေၾကာင္းလိုင္းနဲ႔ သေဘာတူညီမႈ ရယူဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ကာတာ ေလေၾကာင္းလိုင္းဟာ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ မွတ္ယူျခင္းခံေနရပါတယ္။

-ယူအီးအက္ဖ္ေအက ႐ုရွားက ယူကရိန္းကို အင္အားအျပည့္နဲ႔ က်ဴးေက်ာ္စစ္ ဆင္ႏႊဲခဲ့ၿပီးေနာက္ ယေန႔နံနက္မွာ စိန႔္ ပီတာစ္ဘာ့ဂ္မွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ဖ်က္သိမ္းဖို႔အတြက္ အေရးေပၚ အစည္းအေဝးေခၚခဲ့ၿပီး ဝက္စ္ဟမ္း၊ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အျခားကလပ္အသင္းေတြအားလုံးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အဂၤလန္နိုင္ငံ၊ ဝင္ဘေလကြင္းမွာ က်င္းပေစခ်င္ေနၾကပါတယ္။ ယူအီးအက္ဖ္ေအအေနနဲ႔ ေနးရွင္းလိဂ္နဲ႔ ဥေရာပခ်န္ပီယံရွစ္ဗိုလ္လုပြဲေတြကို စပြန္ဆာေပးထားတဲ့ ႐ုရွားပိုင္ စြမ္းအင္ကုမၸဏီ Gazprom နဲ႔ ခ်ဳပ္ဆိုထားတဲ့ တစ္ရာသီေပါင္ ၃၃ သန္းတန္ စပြန္ဆာသေဘာတူညီမႈကို ဖ်က္သိမ္းရဖို႔ ဖိအားေတြ တိုးျမင့္လာေနၿပီျဖစ္ၿပီး အစည္းအေဝးကို ယူအီးအက္ဖ္ေအရဲ့အလုပ္အမႈေဆာင္ေကာ္မတီဝင္ေတြအားလုံး ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီအထဲမွာ ဇင္းနစ္ စိန႔္ ပီတာစ္ဘာ့ဂ္အသင္းနဲ႔ ႐ုရွားေဘာလုံးသမဂၢ ဥကၠဌ၊ Gazprom ရဲ့ အလုပ္အမႈေဆာင္ခ်ဳပ္လည္းျဖစ္တဲ့ အလက္ဇႏၵား ဂ်ဴေကာ့ဗ္လည္း တက္ေရာက္ခဲ့ၿပီး ဝက္စ္ဟမ္းအသင္းပိုင္ရွင္ေတြဟာ ၎တို႔ရဲ့ လူေပါင္း ၆၂၅၀၀ ဝင္ဆံ့တဲ့ လန္ဒန္ကြင္းမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို က်င္းပခ်င္ေနတယ္လို႔ သိရပါတယ္။ ဝင္ဘေလကြင္းကလည္း ေရြးခ်ယ္စရာျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက်င္းပမယ့္အပတ္မွာတင္ ခ်န္ပီယံရွစ္နဲ႔ လိဂ္ ၂ play-off ဖိုင္နယ္ပြဲေတြကို က်င္းပသြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

-ယူကရိန္းမွာ ေသာင္တင္ေနလို႔ ေၾကာက္ရြံ့ေနတဲ့ ဘရာဇီးလ္ကစားသမားေတြက အစိုးရကို ဗီဒီယိုရိုက္ၿပီး ေလယာဥ္ေစလႊတ္ေပးၿပီး လာကယ္ထုတ္ဖို႔နဲ႔ စားစရာေရာ၊ ဓာတ္ဆီေရာ၊ ပိုက္ဆံပါ မရွိေတာ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၾကပါတယ္။ ဗီဒီယိုဖိုင္ထဲမွာ ရွက္တာဒိုးနတ္နဲ႔ ဒိုင္နမိုကိဗ္အသင္းတို႔က ကစားသမားေတြဟာ ၎တို႔ရဲ့မိသားစုေတြနဲ႔ ယူကရိန္းၿမိဳ႕ေတာ္က ဟိုတယ္မွာ တစုတေဝးတည္း ရွိေနၾကတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး နယ္စပ္ေတြလည္း ပိတ္ထားသလို ဘဏ္ေတြလည္း ပိတ္သြားၿပီျဖစ္တာေၾကာင့္ ေငြေၾကးလည္း တျပားတခ်ပ္မွ မရွိေတာ့လို႔ စားစရာနဲ႔ ဓာတ္ဆီပါ ျပတ္လပ္ေနၿပီလို႔ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

-ရွက္တာဒိုးနတ္နည္းျပေဟာင္း ေပၚလို ဖြန္ဆီကာဟာ ယူကရိန္းၿမိဳ႕ေတာ္ကေန ထြက္ခြာမယ့္ ေလေၾကာင္းခရီးစဥ္ ဖ်က္သိမ္းျခင္းခံခဲ့ရၿပီးေနာက္ ယူကရိန္းနိုင္ငံသား ဇနီးနဲ႔ သားတို႔နဲ႔အတူ ကိဗ္ၿမိဳ႕မွာ ေသာင္တင္ေနၿပီး အိမ္ေပၚကို ဗုံးမက်လာပါေစနဲ႔လို႔ ရင္တမမနဲ႔ ေနေနရတာဟာ ၎ရဲ့ဘဝမွာ အဆိုးရြားဆုံးေန႔ရက္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

-ဆြီဒင္အက္ဖ္ေအ ဥကၠဌ က ႐ုရွားမွာ က်င္းပမယ့္ ၂၀၂၂ ကမၻာ့ဖလား play-off ပြဲစဥ္နဲ႔ပတ္သက္ၿပီး စဥ္းလို႔ေတာင္ မရေတာ့ဘူးလို႔ ၾကာသပေတးေန႔က ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္ခဲ့ၿပီးေနာက္ပိုင္း ေျပာၾကားခဲ့ပါတယ္။ ဆြီဒင္ဟာ မတ္လ ၂၄ ရက္ေန႔မွာ ခ်က္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အနိုင္ရရွိတဲ့အသင္းက ပိုလန္နဲ႔ ႐ုရွားတို႔ထဲက အနိုင္ရရွိတဲ့အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

-ယခုလာမယ့္ေႏြရာသီ အဂၤလန္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ အမ်ိဳးသမီး ယူရိုၿပိဳင္ပြဲကေန ႐ုရွားအမ်ိဳးသမီးအသင္းအေနနဲ႔ ထုတ္ပယ္ခံရနိုင္တယ္လို႔ သိရၿပီး ဒီကိစၥကို ယေန႔နံနက္ ယူအီးအက္ဖ္ေအရဲ့အေရးေပၚ အစည္းအေဝးမွာ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။ နိုင္ငံျခားေရးအတြင္းေရးမႉး လစ္ဇ္ ထရက္စ္က မၾကာေသးမီက အဂၤလိပ္အသင္းေတြကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို သပိတ္ေမွာက္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ႐ုရွားအမ်ိဳးသမီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ဖို႔အတြက္ အဂၤလန္ကို ထြက္ခြာခြင့္ ျပဳျခင္းခံရမလားဆိုတာ မေရမရာျဖစ္လာေနၿပီျဖစ္ၿပီး ႐ုရွားဟာ ေပၚတူဂီနဲ႔ကစားခဲ့တဲ့ play-off ပြဲစဥ္မွာ အနိုင္ရၿပီးေနာက္ အုပ္စု C မွာ ေဟာလန္၊ ဆြီဒင္၊ ဆြစ္ဇာလန္တို႔နဲ႔အတူ က်ေရာက္ေနတာျဖစ္ပါတယ္။ ႐ုရွားအမ်ိဳးသမီးအသင္းကို ၿပိဳင္ပြဲကေန ထုတ္ပယ္ျခင္းအပါအဝင္ ျဖစ္နိုင္ေျခအမ်ားအျပားအတြက္ ေဆြးေႏြးသြားမွာျဖစ္ၿပီး ေနာက္ထပ္ေရြးခ်ယ္စရာတစ္ခုအေနနဲ႔ အိုလံပစ္မွာ ႐ုရွားအားကစားသမားေတြ ပါဝင္ယွဥ္ၿပိဳင္ခဲ့သလိုမ်ိဳး နိုင္ငံကိုယ္စားျပဳျခင္းမရွိဘဲ ပါဝင္ယွဥ္ၿပိဳင္ရဖြယ္လည္းရွိေနပါတယ္။

-ဂ်ာမန္ေဘာလုံးအသင္းျဖစ္တဲ့ ေရွာ္ေကးဟာ ယူကရိန္းကို ဗလာဒီမာ ပူတင္က စစ္ေၾကညာခဲ့ၿပီးေနာက္ ၎တို႔အသင္းရဲ့ ရွပ္ေပၚက ႐ုရွားပိုင္ စပြန္ဆာ Gazprom ရဲ့နာမည္ကို ဖယ္ရွားခဲ့ၿပီး ပူတင္နဲ႔ မဟာမိတ္ေတြျဖစ္တဲ့ ဥကၠဌ မားသီးယပ္စ္ ဝါးနစ္ဂ္ကလည္း အသင္းဘုတ္အဖြဲ႕ကေန ႏုတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။

-႐ုရွားလက္ေရြးစင္နဲ႔ ဒိုင္နမို ေမာ္စကိုတိုက္စစ္မႉး ျဖစ္တဲ့ ဖီေဒၚ စမိုေလာ့ဗ္ဟာ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ျခင္းကို ဆန႔္က်င္တဲ့အေနနဲ႔ အင္စတာရမ္မွာ စစ္ပြဲအလိုမရွိဆိုတဲ့စာကို ေရးသားခဲ့ပါတယ္။ စမိုေလာ့ဗ္ဟာ လက္ရွိအခင္းအက်င္းကို မွတ္ခ်က္ေပးခဲ့တဲ့ ပထမဆုံး ႐ုရွားကစားသမားျဖစ္လာခဲ့ၿပီး ၾကာသပေတးေန႔မွာ ၎ရဲ့နိုင္ငံကို အင္စတာဂရမ္မွာ ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

-ပိုလန္၊ ဆြီဒင္၊ ခ်က္ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြဟာ လာမယ့္လ ကမၻာ့ဖလားဝင္ခြင့္ play-offs ပြဲစဥ္ေတြကို ႐ုရွားမွာ မက်င္းပဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။ ႐ုရွားဟာ မတ္လ ၂၄ ရက္ေန႔ ေမာ္စကိုၿမိဳ႕မွာ ပိုလန္ကို play-off ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အနိုင္ရတဲ့အသင္းက ဆြီဒင္နဲ႔ ခ်က္တို႔ထဲက အနိုင္ရတဲ့အသင္းနဲ႔ ေနာက္ထပ္ ၅ ရက္အၾကာမွာ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။ ႐ုရွားသာ ပိုလန္ကို အနိုင္ရခဲ့မယ္ဆိုရင္ ဗိုလ္လုပြဲကို ေမာ္စကိုၿမိဳ႕က VTB Arena မွာ ကစားသြားရမွာလည္း ျဖစ္ပါတယ္။

-ယူကရိန္းလက္ေရြးစင္နည္းၿပ အိုလက္ဇန္းဒါး ပီထရာေကာ့ဗ္က လာမယ့္လ စေကာ့တလန္မွာ ကစားရမယ့္ ကမၻာ့ဖလား play-offs ပြဲစဥ္ကို စီစဥ္ထားတဲ့အတိုင္း ဆက္လက္ယွဥ္ၿပိဳင္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယူအီးအက္ဖ္ေအရဲ့ အလုပ္အမႈေဆာင္ ေကာ္မတီဝင္ေတြဟာ ယေန႔မွာ ႐ုရွားရဲ့ က်ဴးေက်ာ္မႈေၾကာင့္ ျဖစ္လာတဲ့ ပဋိပကၡအေပၚ ေဆြးေႏြးသုံးသပ္သြားမွာျဖစ္ၿပီး အသက္ ၆၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ယူကရိန္းနည္းျပက တသက္လုံး ကိဗ္ၿမိဳ႕မွာ ေနထိုင္လာခဲ့တာျဖစ္တာေၾကာင့္ ဘယ္ကိုမွ ထြက္သြားမွာမဟုတ္ဘဲ နိုင္ငံကို တတ္နိုင္သေလာက္ ကူညီေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

-ဘာစီလိုနာနဲ႔ နာပိုလီကစားသမားေတြဟာ စစ္ပြဲေတြရပ္ဆိုတဲ့ စာတမ္းကို အတူတကြ ကိုင္ေဆာင္ၿပီး ယူကရိန္းကို က်ဴးေက်ာ္ေနတဲ့ ႐ုရွားကို ဆန႔္က်င္ခဲ့ၾကပါတယ္။ ၾကာသပေတးေန႔ညက ယူရိုပါလိဂ္ play-offs ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ ၂ ဖက္အသင္းကစားသမား ၂၂ ဦးစလုံးဟာ ႐ုရွားရဲ့လုပ္ရပ္ကို ျပစ္တင္တဲ့အေနနဲ႔ စစ္ပြဲေတြကို ရပ္တန႔္ေပးဖို႔အတြက္ စာတမ္းကိုင္ေဆာင္ၿပီး ေတာင္းဆိုခဲ့ၾကသလို ယူကရိန္းတိုက္စစ္မႉး ႐ူစလန္ မာလင္ေနာ့ဗ္စကီးဟာ အိုလံပီယာေကာ့စ္နဲ႔ ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ အတၱလႏၲာအတြက္ဂိုးသြင္းၿပီးေနာက္ ယူကရိန္းမွာ စစ္ပြဲေတြ မရွိရဆိုတဲ့ စာသားကို ေရးသားထားတဲ့ ေအာက္ခံရွပ္ကို ျပသၿပီး ေအာင္ပြဲခံသြားခဲ့ပါတယ္။

-ပရီးမီးယားလိဂ္ကစားသမားေတြ၊ နည္းျပေတြနဲ႔ ပရိသတ္ေတြဟာ ႐ုရွားက်ဴးေက်ာ္မႈကို ဆန႔္က်င္ဆႏၵျပတဲ့အေနနဲ႔ ၎တို႔ရဲ့ ယခုအပတ္ပြဲစဥ္ေတြမွာ ယူကရိန္းနိုင္ငံအလံကို ကိုင္ေဆာင္ခြင့္ ေပးျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။ အက္ဖ္ေအက ကြင္းအတြင္း သို႔မဟုတ္ ပြဲၾကည့္စင္ေပၚမွာ အလံကိုင္ေဆာင္ျခင္းဟာ စည္းကမ္းခ်ိဳးေဖာက္ျခင္းမဟုတ္ဘူးလို႔ ယူဆသြားမွာမဟုတ္ဘူးလို႔ သိရၿပီး မ်ားေသာအားျဖင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ နိုင္ငံေရးနဲ႔ဆိုင္တဲ့အရာေတြကို တားျမစ္ခဲ့တာျဖစ္ပါတယ္။

-ဂႏၲဝင္ေဘာက္ဆင္သမားေတြျဖစ္ၾကတဲ့ ဗီတာလီနဲ႔ ကလစ္ခ်္ကိုတို႔ ညီအစ္ကိုဟာ ႐ုရွားရဲ့က်ဴးေက်ာ္မႈကို ခံေနရတဲ့ ယူကရိန္းအတြက္ တိုက္ပြဲဝင္သြားမယ္လို႔ အေလးအနက္ေျပာၾကားခဲ့ပါတယယ္။ ဟဲဗီးဝိတ္ခ်န္ပီယံေဟာင္းေတြျဖစ္တဲ့ ကိဗစ္ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဗီတာလီနဲ႔ ကလစ္ခ်္ကိုတို႔ဟာ ယူကရိန္းကို ဗလာဒီမာ ပူတင္ရဲ့ တပ္ဖြဲ႕ေတြက ဆက္လက္တိုက္ခိုက္ေနမႈေၾကာင့္ အဓိပၸာယ္မဲ့စစ္ပြဲကို ရပ္တန႔္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

-ေလဘာပါတီအမတ္ ခရစၥ ဘရိုင္းယန႔္တ္ဟာ ႐ုရွားက အိမ္နီးခ်င္း ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ပိုင္း ရိုမန္ ေအဘရာမိုဗစ္ခ်္ကို ခ်ဲလ္ဆီးအသင္းကို ပိုင္ဆိုင္ခြင့္မေပးဘဲ တားျမစ္ဖို႔အတြက္ ေတာင္းဆိုခဲ့ၿပီး ႐ုရွားလူမ်ိဳး ခ်ဲလ္ဆီးအသင္းပိုင္ရွင္ရဲ့ ေပါင္ ၁၅၂ သန္းတန္အိမ္ကိုလည္း သိမ္းဆည္းသင့္၊ မသင့္ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။ ေအဘရာမိုဗစ္ခ်္ဟာ ၂၀၀၃ ခုႏွစ္ကတည္းက ခ်ဲလ္ဆီးကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ႐ုရွားလူမ်ိဳးလုပ္ငန္းရွင္အေနနဲ႔ အၾကမ္းဖက္မႈ သို႔မဟုတ္ မွားယြင္းတဲ့လုပ္ေဆာင္မႈေတြမွာ ပါဝင္ပတ္သက္မႈရွိတယ္ဆိုတဲ့ ေျပာဆိုမႈေတြေတာ့ မရွိတာျဖစ္ပါတယ္။ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆင္က ေအဘရာမိုဗစ္ခ်္ကို အစိုးရက ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျပဳလုပ္ျခင္းခံခဲ့ရတယ္လို႔ ေအာက္လႊတ္ေတာ္ကို မွားယြင္းေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားလူမ်ိဳး လုပ္ငန္းရွင္ဟာ ပစ္မွတ္ထားအေရးယူရမယ့္သူမဟုတ္ခဲ့ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.