Match Report Premier League

ဆိုးချက်ခ် ကောင်းမှုနဲ့ ဝုလ်ဗ်စ်ကို နိုင်ပြီး ယူရိုပါလိဂ်မျှော်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဥရောပဝင်ခွင့် ပြိုင်ဘက်တစ်သင်းဖြစ်တဲ့ ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရချိန်မှာ ဂိုးသမား ဖာဘီယန်စကီး၊ နောက်တန်းမှာ ဂျွန်ဆန်၊ ခရက်စ်ဝဲလ်၊ ဇူးမား၊ ဒေါ်ဆန်၊ ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ ရိုက်စ်၊ လန်ဇီနီတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ အန်တိုနီယို၊ ဘိုဝင်နဲ့ ဖော်နယ်လ်စ်တို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

နောက်ပိုင်းပွဲတွေမှာ ကောင်းရှုံးကြီးဖြစ်နေတဲ့ ဝုလ်ဗ်စ်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကေးလ်မန်း၊ ကိုဒီ၊ ဆိုက်စ်၊ မာဆယ်လ်နဲ့ ဟိုးဗားတို့ကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာတော့ မော်တင်ညို မပါဘဲ ရူဘင် နာဗက်စ်နဲ့ ဒန်ဒွန့်ကာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာလည်း ဟီမီနက်ဇ်နဲ့ ပိုဒင့်စ်တို့ကို အရန်ခုံမှာ ထားခဲ့ပြီး ဖာဘီယို ဆေးလ်ဗား၊ ထရင်ကာအိုနဲ့ ဟွမ်းဟီးချန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။

အဝေးကွင်း လန်ဒန်စတေဒီယမ်မှာ ဝုလ်ဗ်စ်တို့ ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူထားနိုင်ပြီး ကွင်းလယ်ကို ထိန်းချုပ်ကစားခဲ့ချိန်မှာ အိမ်ရှင် ဝက်စ်ဟမ်းတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၈ ရာခိုင်နှုန်းတည်းနဲ့ ကောင်တာချောင်းကစားခဲ့ရသလို အဆုံးသတ်ပိုင်းမှာတော့ ဧည့်သည်တွေထက် ပိုမို တိကျမှုက သူတို့ကို အခက်အခဲကြားက ရုန်းထွက်နိုင်စေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်က ခရက်စ်ဝဲလ် ဖရီးကစ် တိုင်ဘေးက ကပ်လွဲသွားတာကတော့ အိမ်ရှင်တို့တွေအတွက် နစ်နာခဲ့ရသလို ပွဲချိန် ၂၉ မိနစ်မှာ အန်တိုနီယိုရဲ့ ဧရိယာအတွင်းက ကန်ချက်ကိုလည်း ဂျိုဆေးဆား ပုတ်ထုတ်သွားနိုင်ခဲ့ပြီး လန်ဇီနီရဲ့ ကန်ချက်ကတော့ သိပ်ရင်ခုန်စရာ မရှိခဲ့ချိန်မှာ နည်းနည်းကလေးသာ ကိုယ့်ဘက်ပါရင် ဂိုးဖြစ်နိုင်တဲ့ ဒက်ကလန် ရိုက်စ်ရဲ့ ကန်ချက်က ပွဲချိန် ၃၈ မိနစ်မှာ တိုင်ထိသွားခဲ့ပြန်တာပါ။

ပထမပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ ဘောလုံးကိုင်ထားခဲ့ပြီး ဝက်စ်ဟမ်းတို့ကတော့ တစ်လုံးဆို ဆိုသလောက် ထိုးဖောက်နေခဲ့ပေမယ့် ကံကြမ္မာက သူတို့ဘက်မှာ မရှိခဲ့လို့ သုံးဂိုးလောက် ရနိုင်လျက်သားနဲ့ ဘဲဥမကွဲခဲ့ဘဲ ရုန်းကန်ခဲ့ရသလို နည်းပြ ဒေးဗစ်မွိုက်စ်အတွက်တော့ စိန်ခေါ်မှုတွေကလည်း ကြီးမားလာခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ထရင်ကာအိုရဲ့ ကန်ချက် ကောင်းပေမယ့် ဘားပေါ်က ကပ်ကျော်သွားခဲ့သလို ဒက်ကလန် ရိုက်စ်ရဲ့ ပထမပိုင်းက ပုံစံအတိုင်း ထပ်ကန်သွင်းတဲ့ အဝေးကန်ချက်ကတော့ တိုင်ဘေးက ကပ်ထွက်သွားခဲ့ပြန်ပြီး အိမ်ရှင်တွေရဲ့ ဂိုးလာဘ်ပိုင်းကတော့ အနည်းငယ် အားလျော့ချင်စရာ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ သူတို့ရဲ့ ဆိုးရွားနေခဲ့တဲ့ ကံကြမ္မာကို ကွင်းလယ်လူ ဆိုးချက်ခ်က ကယ်တင်နိုင်ခဲ့ပြီး ဘယ်ခြမ်းမှာ ရရှိတဲ့ လက်ပစ်ဘောကနေ စတင်ခဲ့တဲ့ တိုက်စစ်ကို ဧရိယာထဲအထိ ဝင်ခွင့်ရသွားတဲ့ အန်တိုနီယိုက ချိုးပေးရာမှာ လူကပ်ခံထားရခြင်းမရှိတဲ့ ချက်ကွင်းလယ်လူက အနီးကပ် ပိတ်သွင်းပြီး အဖိုးတန်ဂိုးကို ရယူသွားနိုင်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးအမှာတော့ လူချွေတာထားတဲ့ ဘရူနို လာဂျီအနေနဲ့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ဖို့ ထရင်ကာအိုအစား ပိုဒင့်စ်၊ မာဆယ်လ်အစား ပက်ဒရို နီတိုနဲ့ ဟွမ်းဟီးချန်းအစား ရာအူးလ် ဟီမီနက်ဇ်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဝက်စ်ဟမ်းတို့ ခံစစ်ကစားပြီး ပိတ်ဆို့သွားနိုင်ခဲ့ကြသလို ဝုလ်ဗ်စ်တို့ကို ဂိုးသွင်းခွင့် ၁၄ ကြိမ်မှာ ဂိုးပေါက်တည့်ခွင့် ၁ ကြိမ်သာ ပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖိကစားတဲ့ဘက်နဲ့ ကောင်တာနဲ့ ပြန်ခြိမ်းခြောက်တဲ့ဘက်၊ နှစ်သင်းစလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို အဆုံးသတ်ပိုင်းတွေကလည်း ညံ့ဖျင်းခဲ့တာကြောင့် ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် ဝက်စ်ဟမ်းတို့ ဝုလ်ဗ်စ်တို့အပေါ်မှာ တစ်ဂိုးတည်းနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဝက်စ်ဟမ်းတို့ ၂၇ ပွဲကစားအပြီး ၄၅ မှတ်နဲ့ အဆင့် ၅ ကို ခေတ္တပြန်လည်သိမ်းပိုက်ပြီး ချန်ပီယံလိဂ်မဝင်နိုင်ရင်တောင် ယူရိုပါလိဂ်အတွက် အခွင့်အရေးကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံးပြီး ဥရောပရည်မှန်းချက်တွေ ဝေဝါးသွားခဲ့ရပါကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဥေရာပဝင္ခြင့္ ၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ ဝုလ္ဗ္စ္ကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရခ်ိန္မွာ ဂိုးသမား ဖာဘီယန္စကီး၊ ေနာက္တန္းမွာ ဂြၽန္ဆန္၊ ခရက္စ္ဝဲလ္၊ ဇူးမား၊ ေဒၚဆန္၊ ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ ႐ိုက္စ္၊ လန္ဇီနီတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ အန္တိုနီယို၊ ဘိုဝင္နဲ႔ ေဖာ္နယ္လ္စ္တို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ေနာက္ပိုင္းပြဲေတြမွာ ေကာင္းရႈံးႀကီးျဖစ္ေနတဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကးလ္မန္း၊ ကိုဒီ၊ ဆိုက္စ္၊ မာဆယ္လ္နဲ႔ ဟိုးဗားတို႔ကို ထုတ္သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေမာ္တင္ညိဳ မပါဘဲ ႐ူဘင္ နာဗက္စ္နဲ႔ ဒန္ဒြန႔္ကာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာလည္း ဟီမီနက္ဇ္နဲ႔ ပိုဒင့္စ္တို႔ကို အရန္ခုံမွာ ထားခဲ့ၿပီး ဖာဘီယို ေဆးလ္ဗား၊ ထရင္ကာအိုနဲ႔ ဟြမ္းဟီးခ်န္းတို႔ကို ပြဲထုတ္လာခဲ့တာပါ။

အေဝးကြင္း လန္ဒန္စေတဒီယမ္မွာ ဝုလ္ဗ္စ္တို႔ ေဘာလုံးပိုင္ဆိုင္မႈကို အသာစီးရယူထားႏိုင္ၿပီး ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားခဲ့ခ်ိန္မွာ အိမ္ရွင္ ဝက္စ္ဟမ္းတို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၃၈ ရာခိုင္ႏႈန္းတည္းနဲ႔ ေကာင္တာေခ်ာင္းကစားခဲ့ရသလို အဆုံးသတ္ပိုင္းမွာေတာ့ ဧည့္သည္ေတြထက္ ပိုမို တိက်မႈက သူတို႔ကို အခက္အခဲၾကားက ႐ုန္းထြက္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္က ခရက္စ္ဝဲလ္ ဖရီးကစ္ တိုင္ေဘးက ကပ္လြဲသြားတာကေတာ့ အိမ္ရွင္တို႔ေတြအတြက္ နစ္နာခဲ့ရသလို ပြဲခ်ိန္ ၂၉ မိနစ္မွာ အန္တိုနီယိုရဲ႕ ဧရိယာအတြင္းက ကန္ခ်က္ကိုလည္း ဂ်ိဳေဆးဆား ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး လန္ဇီနီရဲ႕ ကန္ခ်က္ကေတာ့ သိပ္ရင္ခုန္စရာ မရွိခဲ့ခ်ိန္မွာ နည္းနည္းကေလးသာ ကိုယ့္ဘက္ပါရင္ ဂိုးျဖစ္ႏိုင္တဲ့ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ကန္ခ်က္က ပြဲခ်ိန္ ၃၈ မိနစ္မွာ တိုင္ထိသြားခဲ့ျပန္တာပါ။

ပထမပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ ေဘာလုံးကိုင္ထားခဲ့ၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ တစ္လုံးဆို ဆိုသေလာက္ ထိုးေဖာက္ေနခဲ့ေပမယ့္ ကံၾကမၼာက သူတို႔ဘက္မွာ မရွိခဲ့လို႔ သုံးဂိုးေလာက္ ရႏိုင္လ်က္သားနဲ႔ ဘဲဥမကြဲခဲ့ဘဲ ႐ုန္းကန္ခဲ့ရသလို နည္းျပ ေဒးဗစ္မြိဳက္စ္အတြက္ေတာ့ စိန္ေခၚမႈေတြကလည္း ႀကီးမားလာခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ထရင္ကာအိုရဲ႕ ကန္ခ်က္ ေကာင္းေပမယ့္ ဘားေပၚက ကပ္ေက်ာ္သြားခဲ့သလို ဒက္ကလန္ ႐ိုက္စ္ရဲ႕ ပထမပိုင္းက ပုံစံအတိုင္း ထပ္ကန္သြင္းတဲ့ အေဝးကန္ခ်က္ကေတာ့ တိုင္ေဘးက ကပ္ထြက္သြားခဲ့ျပန္ၿပီး အိမ္ရွင္ေတြရဲ႕ ဂိုးလာဘ္ပိုင္းကေတာ့ အနည္းငယ္ အားေလ်ာ့ခ်င္စရာ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ သူတို႔ရဲ႕ ဆိုး႐ြားေနခဲ့တဲ့ ကံၾကမၼာကို ကြင္းလယ္လူ ဆိုးခ်က္ခ္က ကယ္တင္ႏိုင္ခဲ့ၿပီး ဘယ္ျခမ္းမွာ ရရွိတဲ့ လက္ပစ္ေဘာကေန စတင္ခဲ့တဲ့ တိုက္စစ္ကို ဧရိယာထဲအထိ ဝင္ခြင့္ရသြားတဲ့ အန္တိုနီယိုက ခ်ိဳးေပးရာမွာ လူကပ္ခံထားရျခင္းမရွိတဲ့ ခ်က္ကြင္းလယ္လူက အနီးကပ္ ပိတ္သြင္းၿပီး အဖိုးတန္ဂိုးကို ရယူသြားႏိုင္ခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးအမွာေတာ့ လူေခြၽတာထားတဲ့ ဘ႐ူႏို လာဂ်ီအေနနဲ႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ဖို႔ ထရင္ကာအိုအစား ပိုဒင့္စ္၊ မာဆယ္လ္အစား ပက္ဒ႐ို နီတိုနဲ႔ ဟြမ္းဟီးခ်န္းအစား ရာအူးလ္ ဟီမီနက္ဇ္တို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဝက္စ္ဟမ္းတို႔ ခံစစ္ကစားၿပီး ပိတ္ဆို႔သြားႏိုင္ခဲ့ၾကသလို ဝုလ္ဗ္စ္တို႔ကို ဂိုးသြင္းခြင့္ ၁၄ ႀကိမ္မွာ ဂိုးေပါက္တည့္ခြင့္ ၁ ႀကိမ္သာ ေပးခဲ့ၾကတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဖိကစားတဲ့ဘက္နဲ႔ ေကာင္တာနဲ႔ ျပန္ၿခိမ္းေျခာက္တဲ့ဘက္၊ ႏွစ္သင္းစလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကသလို အဆုံးသတ္ပိုင္းေတြကလည္း ညံ့ဖ်င္းခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ ဝက္စ္ဟမ္းတို႔ ဝုလ္ဗ္စ္တို႔အေပၚမွာ တစ္ဂိုးတည္းနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဝက္စ္ဟမ္းတို႔ ၂၇ ပြဲကစားအၿပီး ၄၅ မွတ္နဲ႔ အဆင့္ ၅ ကို ေခတၱျပန္လည္သိမ္းပိုက္ၿပီး ခ်န္ပီယံလိဂ္မဝင္ႏိုင္ရင္ေတာင္ ယူ႐ိုပါလိဂ္အတြက္ အခြင့္အေရးေကာင္းကို ပိုင္ဆိုင္ႏိုင္ခဲ့ခ်ိန္မွာ ဝုလ္ဗ္စ္တို႔ကေတာ့ ေနာက္ဆုံး ၅ ပြဲမွာ ၃ ပြဲရႈံးၿပီး ဥေရာပရည္မွန္းခ်က္ေတြ ေဝဝါးသြားခဲ့ရပါေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.