Carabao & FA Match Report Premier League

ပင်နယ်တီမှာ အားကိုးမိတဲ့ ကီပါကြောင့်ပဲ ချဲလ်ဆီးကို အနိုင်ရဗိုလ်စွဲခဲ့တဲ့ လီဗာပူးလ်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ညာနောက်ခံလူ ရီးစ် ဂျိမ်းစ်ကို အရန်ခုံ ပြန်ခေါ်လာနိုင်ခဲ့ပြီး ခံစစ်ကိုတော့ မန်ဒီနဲ့အတူ အက်ဇ်ပီလီကွေတာ၊ သီယာဂို ဆေးလ်ဗား၊ ချာလိုဘာ၊ ရူဒီဂါ၊ အလွန်ဆိုတို့ပဲ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ကွန်တေနဲ့ ကိုဗာချစ်တို့ ပြန်ထိုင်ခဲ့ကြပြီး တိုက်စစ်မှာတော့ မေဆန်မောင့်၊ ပူလီရှစ်ချ်နဲ့ ဟာဗတ်ဇ်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်တုန်းမှာ သီယာဂို အယ်လ်ကန်တာရာ ဒဏ်ရာရပြီး ငိုသွားခဲ့လို့ ကီတာနဲ့ အစားထိုးခဲ့ရသလို ဖာဘင်ညို၊ ဟန်ဒါဆန်တို့နဲ့ အထိုင်ပြန်ချခဲ့ရပြီး တိုက်စစ်မှာ မာနေး၊ ဆာလားနဲ့ ဒီယက်ဇ်တို့ပဲ ပွဲထွက်ခဲ့သလို ခံစစ်မှာတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ ဗန်ဒိုက်၊ မာတစ်ပ်တို့နဲ့အတူ အရန်ဂိုးသမား ကယ်လေဟာက ကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ အက်ဇ်ပီလီကွေတာ ပေးတာကို ပူလီရှစ်ချ်က လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ပိတ်သွင်းခဲ့ပေမယ့် ကယ်လေဟာ ကာကွယ်သွားနိုင်ခဲ့သလို လီဗာပူးလ်တို့ရဲ့ Gegenpressing ကို ချဲလ်ဆီးတို့က ကောင်တာတွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး အင်အားပြည့်ဖြစ်နေတဲ့ ဟာဗတ်ဇ်ကို ထိန်းချုပ်ဖို့လည်း ခက်ခဲနေခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာတော့ လီဗာပူးလ်ကွင်းလယ်လူ ကီတာရဲ့ ကန်ချက်ကို မန်ဒီ ပုတ်ထုတ်ခဲ့ရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို မာနေးက အနီးကပ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဆီနီဂေါအသင်းဖော်ချင်း မကျော်နိုင်ခဲ့ဘဲ ဂိုးသမားက မယုံနိုင်လောက်အောင် ပိတ်ဆို့သွားနိုင်ခဲ့ပြီး Double Save နဲ့ ဂုဏ်ခံနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ ဖိကစားခဲ့တာကို ချဲလ်ဆီးတို့ ကောင်တာတွေနဲ့ ထိုးနှက်ဖို့ ခံစစ်ကို ကျော်လွန်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ ပူလီရှစ်ချ်နဲ့ မေဆန်မောင့်တို့ တိကျခြင်းမရှိခဲ့တာကြောင့် အလေ့အလွင့်တွေပဲ ဖြစ်နေခဲ့ပြီး ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးမရခဲ့ဘဲ ဂိုးမရှိသရေပွဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စအပြီးမှာ ချဲလ်ဆီးတို့ အတော်လေး ခြိမ်းခြောက်နိုင်ခဲ့ကြပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ လီဗာပူးလ်နောက်တန်းရဲ့ လူကျွံဘော ဖမ်းမှုကို ဖြတ်ကျော်သွားတဲ့ မေဆန်မောင့်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကတော့ သူတို့အတွက် နစ်နာမှု ကြီးမားခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာ ဟာဗတ်ဇ် နောက်ပေါက်နဲ့ ချပေးတာကို မေဆန်မောင့်ပဲ ကန်ခဲ့တာကိုလည်း ကယ်လေဟာ ဖမ်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ကွန်တေ နောက်ပြန်ပေးတဲ့ ဘောလုံးကို မန်ဒီ ကန်တင်ရာမှာ လူပေးမှားခဲ့ပြီး မာနေး ပြန်ရပြီး ချပေးတာကို ဆာလားကို ဂိုးသမားကို ကျော်ပြီး ကန်သွင်းနိုင်ခဲ့ပေမယ့် သီယာဂို ဆေးလ်ဗားက ဂိုးစည်းပေါ်မရောက်ခင်မှာ ဘေးကို ရှင်းထုတ်သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ညာခြမ်းမှာ ရခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖရီးကစ်ကနေ ကန်တင်ပေးတာကို မာနေး ခေါင်းတိုက်ချပေးရာမှာ နောက်ခံလူ မာတစ်ပ်က ပြေးဝင်ခေါင်းတိုက်ပြီး ဂိုးရယူနိုင်ခဲ့ပေမယ့် ခပ်ညံ့ညံ့ဒိုင် အက်ထ်ဝဲလ်နဲ့ VAR တို့က လူကျွံအနေအထားမှာ ရှိနေတဲ့ ဗန်ဒိုက်က လူစားဝင်ကစားတဲ့ ရီးစ်ဂျိမ်းစ်ကို တားဆီးတယ်ဆိုပြီး အပြစ်ရှာသွားခဲ့လို့ လီဗာပူးလ်တို့ နစ်နာခဲ့ရတာပါ။

အင်္ဂလန်ဒိုင်တွေကတော့ ငါလုပ်ချင်ရာလုပ်မယ်၊ တရားတာ မတရားတာထက် ဘောင်ဝင်ရင်ပြီးရောဆိုတဲ့ ဆရာဂုဏ်ခံချင်တဲ့ အကျင့်တွေကို ပြင်ရဦးမှာဖြစ်ပြီး ဒီဂိုးရဲ့ Direction of Play မှာ ဗန်ဒိုက်ဟာ သက်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ချိန်မှာ ပွဲကို ချဲလ်ဆီးအနိုင်နဲ့ ဂိုးမရှိသရေတွေများ လောင်းထားကြလို့လားလို့ ထင်စရာဖြစ်ခဲ့ပြီး ဘောလုံးဘိုးအေရဲ့ အဆင့်အတန်းကို သူတို့ရဲ့ ဒိုင်တွေကပဲ ဖျက်ဆီးနေခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လူးဝစ် ဒီယက်ဇ်ရဲ့ မပါးနပ်တဲ့ အားထုတ်မှုတွေက ဂိုးသမား ကာကွယ်နိုင်ဖို့ပဲဖြစ်သွားခဲ့သလို ချဲလ်ဆီးဘက် ပူလီရှစ်ချ်နဲ့ မေဆန်မောင့်တို့အစား လူကာကူးနဲ့ တီမို ဗာနာတို့ ဝင်ကစားခဲ့ကြသလို လီဗာပူးလ်ဘက်က မာနေး၊ ကီတာတို့အစား ဂျိုတာနဲ့ မီလ်နာတို့ ဝင်ကစားခဲ့ကြပြီး ချဲလ်ဆီးတို့ ဂိုးသွင်းယူမှုတွေကတော့ လူကျွံနေတာပဲ များခဲ့လို့ ပွဲချိန်အပြည့်မှာလည်း ဂိုးမရှိသရေပဲဖြစ်နေခဲ့ကြတာပါ။

နာကျင်အချိန်ပိုမှာလည်း လူကာကူး ဂိုးသွင်းပေမယ့် ခန္ဓာကိုယ်အပေါ်ပိုင်းက လူကျွံနေခဲ့တယ်ဆိုပြီး မရေရာတဲ့ VAR လူကျွံစည်းမျဉ်းတွေနဲ့ ပြိုင်ပွဲရသကို ဖျက်ဆီးခဲ့ကြသလို တစ်သင်းသင်းက ဂိုးသွင်းလိုက်ရင် တစ်ဖက်အသင်းက ပြန်ကြိုးစားနိုင်လို့ ကြည့်ကောင်းတဲ့ ပွဲမျိုးကို မြင်ရမယ့်အစား ဆိုးရွားညံ့ဖျင်းတဲ့ ကိုင်တွယ်မှု Officiating တွေကိုပဲ ကြုံခဲ့ရပြီး နောက်ဆုံးမှာ ပင်နယ်တီကန်ဖို့ဖြစ်လာခဲ့သလို ချဲလ်ဆီးတို့ကတော့ ဂိုးသမား မန်ဒီအစား ပင်နယ်တီဖမ်းမယ့် ကီပါကို ထည့်သွင်းခဲ့ပါတယ်။

ပင်နယ်တီမှာတော့ အသီးသီး စတင်ကန်သွင်းသူတွေဖြစ်ကြတဲ့ မီလ်နာနဲ့ အလွန်ဆိုတို့ နှစ်ဦးစလုံး စပြီး ဝင်အောင်ကန်နိုင်လိုက်တာကနေ လီဗာပူးလ်ဘက်က ဖာဘင်ညို၊ ဗန်ဒိုက်၊ အာနိုးလ်ဒ်၊ ဆာလား၊ ဂျိုတာ၊ အိုရီဂီ၊ ရောဘတ်ဆန်၊ အဲလီးယော့နဲ့ ကိုနာတေတို့ အားလုံးသွင်းယူနိုင်ခဲ့ကြသလို ချဲလ်ဆီးဘက်က လူကာကူး၊ ဟာဗတ်ဇ်၊ ရီးစ် ဂျိမ်းစ်၊ ဂျော်ဂျင်ညို၊ ရူဒီဂါ၊ ကွန်တေ၊ ဗာနာ၊ သီယာဂို ဆေးလ်ဗားနဲ့ ချာလိုဘာတို့အားလုံး ဝင်ခဲ့ကြချိန်မှာ ဂိုးသမားတွေ ကန်ဖို့ ဖြစ်လာခဲ့တာပါ။

လီဗာပူးလ်ရဲ့ ကယ်လေဟာက သေသေချာချာ လေ့ကျင့်ထားတဲ့ ပုံစံမျိုးနဲ့ သူတို့အသင်းရဲ့ ၁၁ လုံးမြောက် ပင်နယ်တီကို အမှားအယွင်းမရှိဘဲ ခပ်ပြင်းပြင်း ကန်သွင်းယူသွားနိုင်ခဲ့ချိန်မှာ အားကိုးတကြီးနဲ့ ပင်နယ်တီဖမ်းဖို့ ထည့်လိုက်ပြီး တစ်လုံးမှလည်း မကာကွယ်နိုင်ခဲ့တဲ့ ကီပါကတော့ ပုံစံကိုက ယုံကြည်မှု ရှိမနေဘဲ ဘားပေါ်ထောင်ကန်ခဲ့တာကြောင့် နောက်ဆုံးပင်နယ်တီမှာ လီဗာပူးလ်တို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့ ကာရာဘောင်းဖလားလို့ စပွန်ဆာအရ ခေါ်တွင်တဲ့ လိဂ်ဖလားကိုတော့ လီဗာပူးလ်တို့က ၉ ကြိမ်မြောက်အဖြစ် ဗိုလ်စွဲသွားခဲ့ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ပြီးခဲ့တဲ့နှစ်ကအထိ လေးကြိမ်ဆက် ဗိုလ်စွဲပြီး ၈ ကြိမ်ချင်း တူညီနေခဲ့တဲ့ မန်ချက်စတာစီးတီးတို့ထက်လည်း အသာစီးရယူနိုင်ခဲ့ချိန်မှာ နည်းပြ ယာဂန် ကလော့ပ်ကလည်း ဂျာမန်သားချင်း စီးချင်းထိုးပွဲမှာ သောမတ်စ် တူဟယ်လ်ကို ၁၈ ကြိမ်မြောက် တွေ့ဆုံမှုမှာ ၁၀ ကြိမ်အနိုင်ယူပြီး နှိပ်ကွပ်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ညာေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ကို အရန္ခုံ ျပန္ေခၚလာႏိုင္ခဲ့ၿပီး ခံစစ္ကိုေတာ့ မန္ဒီနဲ႔အတူ အက္ဇ္ပီလီေကြတာ၊ သီယာဂို ေဆးလ္ဗား၊ ခ်ာလိုဘာ၊ ႐ူဒီဂါ၊ အလြန္ဆိုတို႔ပဲ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ကြန္ေတနဲ႔ ကိုဗာခ်စ္တို႔ ျပန္ထိုင္ခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္၊ ပူလီရွစ္ခ်္နဲ႔ ဟာဗတ္ဇ္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ ေသြးပူေလ့က်င့္ခန္းလုပ္တုန္းမွာ သီယာဂို အယ္လ္ကန္တာရာ ဒဏ္ရာရၿပီး ငိုသြားခဲ့လို႔ ကီတာနဲ႔ အစားထိုးခဲ့ရသလို ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔နဲ႔ အထိုင္ျပန္ခ်ခဲ့ရၿပီး တိုက္စစ္မွာ မာေနး၊ ဆာလားနဲ႔ ဒီယက္ဇ္တို႔ပဲ ပြဲထြက္ခဲ့သလို ခံစစ္မွာေတာ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ ဗန္ဒိုက္၊ မာတစ္ပ္တို႔နဲ႔အတူ အရန္ဂိုးသမား ကယ္ေလဟာက ကစားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ အက္ဇ္ပီလီေကြတာ ေပးတာကို ပူလီရွစ္ခ်္က လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ပိတ္သြင္းခဲ့ေပမယ့္ ကယ္ေလဟာ ကာကြယ္သြားႏိုင္ခဲ့သလို လီဗာပူးလ္တို႔ရဲ႕ Gegenpressing ကို ခ်ဲလ္ဆီးတို႔က ေကာင္တာေတြနဲ႔ ၿခိမ္းေျခာက္ခဲ့ၿပီး အင္အားျပည့္ျဖစ္ေနတဲ့ ဟာဗတ္ဇ္ကို ထိန္းခ်ဳပ္ဖို႔လည္း ခက္ခဲေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ လီဗာပူးလ္ကြင္းလယ္လူ ကီတာရဲ႕ ကန္ခ်က္ကို မန္ဒီ ပုတ္ထုတ္ခဲ့ရာမွာ ျပန္ထြက္လာတဲ့ ေဘာလုံးကို မာေနးက အနီးကပ္ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ဆီနီေဂါအသင္းေဖာ္ခ်င္း မေက်ာ္ႏိုင္ခဲ့ဘဲ ဂိုးသမားက မယုံႏိုင္ေလာက္ေအာင္ ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး Double Save နဲ႔ ဂုဏ္ခံႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ ဖိကစားခဲ့တာကို ခ်ဲလ္ဆီးတို႔ ေကာင္တာေတြနဲ႔ ထိုးႏွက္ဖို႔ ခံစစ္ကို ေက်ာ္လြန္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာေတာ့ ပူလီရွစ္ခ်္နဲ႔ ေမဆန္ေမာင့္တို႔ တိက်ျခင္းမရွိခဲ့တာေၾကာင့္ အေလ့အလြင့္ေတြပဲ ျဖစ္ေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံး ဂိုးမရခဲ့ဘဲ ဂိုးမရွိသေရပြဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စအၿပီးမွာ ခ်ဲလ္ဆီးတို႔ အေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လီဗာပူးလ္ေနာက္တန္းရဲ႕ လူကြၽံေဘာ ဖမ္းမႈကို ျဖတ္ေက်ာ္သြားတဲ့ ေမဆန္ေမာင့္ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့တာကေတာ့ သူတို႔အတြက္ နစ္နာမႈ ႀကီးမားခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဟာဗတ္ဇ္ ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ေမဆန္ေမာင့္ပဲ ကန္ခဲ့တာကိုလည္း ကယ္ေလဟာ ဖမ္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ကြန္ေတ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို မန္ဒီ ကန္တင္ရာမွာ လူေပးမွားခဲ့ၿပီး မာေနး ျပန္ရၿပီး ခ်ေပးတာကို ဆာလားကို ဂိုးသမားကို ေက်ာ္ၿပီး ကန္သြင္းႏိုင္ခဲ့ေပမယ့္ သီယာဂို ေဆးလ္ဗားက ဂိုးစည္းေပၚမေရာက္ခင္မွာ ေဘးကို ရွင္းထုတ္သြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ညာျခမ္းမွာ ရခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ဖရီးကစ္ကေန ကန္တင္ေပးတာကို မာေနး ေခါင္းတိုက္ခ်ေပးရာမွာ ေနာက္ခံလူ မာတစ္ပ္က ေျပးဝင္ေခါင္းတိုက္ၿပီး ဂိုးရယူႏိုင္ခဲ့ေပမယ့္ ခပ္ညံ့ညံ့ဒိုင္ အက္ထ္ဝဲလ္နဲ႔ VAR တို႔က လူကြၽံအေနအထားမွာ ရွိေနတဲ့ ဗန္ဒိုက္က လူစားဝင္ကစားတဲ့ ရီးစ္ဂ်ိမ္းစ္ကို တားဆီးတယ္ဆိုၿပီး အျပစ္ရွာသြားခဲ့လို႔ လီဗာပူးလ္တို႔ နစ္နာခဲ့ရတာပါ။

အဂၤလန္ဒိုင္ေတြကေတာ့ ငါလုပ္ခ်င္ရာလုပ္မယ္၊ တရားတာ မတရားတာထက္ ေဘာင္ဝင္ရင္ၿပီးေရာဆိုတဲ့ ဆရာဂုဏ္ခံခ်င္တဲ့ အက်င့္ေတြကို ျပင္ရဦးမွာျဖစ္ၿပီး ဒီဂိုးရဲ႕ Direction of Play မွာ ဗန္ဒိုက္ဟာ သက္ေရာက္မႈ မရွိသေလာက္ျဖစ္ခဲ့ခ်ိန္မွာ ပြဲကို ခ်ဲလ္ဆီးအႏိုင္နဲ႔ ဂိုးမရွိသေရေတြမ်ား ေလာင္းထားၾကလို႔လားလို႔ ထင္စရာျဖစ္ခဲ့ၿပီး ေဘာလုံးဘိုးေအရဲ႕ အဆင့္အတန္းကို သူတို႔ရဲ႕ ဒိုင္ေတြကပဲ ဖ်က္ဆီးေနခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လူးဝစ္ ဒီယက္ဇ္ရဲ႕ မပါးနပ္တဲ့ အားထုတ္မႈေတြက ဂိုးသမား ကာကြယ္ႏိုင္ဖို႔ပဲျဖစ္သြားခဲ့သလို ခ်ဲလ္ဆီးဘက္ ပူလီရွစ္ခ်္နဲ႔ ေမဆန္ေမာင့္တို႔အစား လူကာကူးနဲ႔ တီမို ဗာနာတို႔ ဝင္ကစားခဲ့ၾကသလို လီဗာပူးလ္ဘက္က မာေနး၊ ကီတာတို႔အစား ဂ်ိဳတာနဲ႔ မီလ္နာတို႔ ဝင္ကစားခဲ့ၾကၿပီး ခ်ဲလ္ဆီးတို႔ ဂိုးသြင္းယူမႈေတြကေတာ့ လူကြၽံေနတာပဲ မ်ားခဲ့လို႔ ပြဲခ်ိန္အျပည့္မွာလည္း ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပိုမွာလည္း လူကာကူး ဂိုးသြင္းေပမယ့္ ခႏၶာကိုယ္အေပၚပိုင္းက လူကြၽံေနခဲ့တယ္ဆိုၿပီး မေရရာတဲ့ VAR လူကြၽံစည္းမ်ဥ္းေတြနဲ႔ ၿပိဳင္ပြဲရသကို ဖ်က္ဆီးခဲ့ၾကသလို တစ္သင္းသင္းက ဂိုးသြင္းလိုက္ရင္ တစ္ဖက္အသင္းက ျပန္ႀကိဳးစားႏိုင္လို႔ ၾကည့္ေကာင္းတဲ့ ပြဲမ်ိဳးကို ျမင္ရမယ့္အစား ဆိုး႐ြားညံ့ဖ်င္းတဲ့ ကိုင္တြယ္မႈ Officiating ေတြကိုပဲ ႀကဳံခဲ့ရၿပီး ေနာက္ဆုံးမွာ ပင္နယ္တီကန္ဖို႔ျဖစ္လာခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား မန္ဒီအစား ပင္နယ္တီဖမ္းမယ့္ ကီပါကို ထည့္သြင္းခဲ့ပါတယ္။

ပင္နယ္တီမွာေတာ့ အသီးသီး စတင္ကန္သြင္းသူေတြျဖစ္ၾကတဲ့ မီလ္နာနဲ႔ အလြန္ဆိုတို႔ ႏွစ္ဦးစလုံး စၿပီး ဝင္ေအာင္ကန္ႏိုင္လိုက္တာကေန လီဗာပူးလ္ဘက္က ဖာဘင္ညိဳ၊ ဗန္ဒိုက္၊ အာႏိုးလ္ဒ္၊ ဆာလား၊ ဂ်ိဳတာ၊ အိုရီဂီ၊ ေရာဘတ္ဆန္၊ အဲလီးေယာ့နဲ႔ ကိုနာေတတို႔ အားလုံးသြင္းယူႏိုင္ခဲ့ၾကသလို ခ်ဲလ္ဆီးဘက္က လူကာကူး၊ ဟာဗတ္ဇ္၊ ရီးစ္ ဂ်ိမ္းစ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ူဒီဂါ၊ ကြန္ေတ၊ ဗာနာ၊ သီယာဂို ေဆးလ္ဗားနဲ႔ ခ်ာလိုဘာတို႔အားလုံး ဝင္ခဲ့ၾကခ်ိန္မွာ ဂိုးသမားေတြ ကန္ဖို႔ ျဖစ္လာခဲ့တာပါ။

လီဗာပူးလ္ရဲ႕ ကယ္ေလဟာက ေသေသခ်ာခ်ာ ေလ့က်င့္ထားတဲ့ ပုံစံမ်ိဳးနဲ႔ သူတို႔အသင္းရဲ႕ ၁၁ လုံးေျမာက္ ပင္နယ္တီကို အမွားအယြင္းမရွိဘဲ ခပ္ျပင္းျပင္း ကန္သြင္းယူသြားႏိုင္ခဲ့ခ်ိန္မွာ အားကိုးတႀကီးနဲ႔ ပင္နယ္တီဖမ္းဖို႔ ထည့္လိုက္ၿပီး တစ္လုံးမွလည္း မကာကြယ္ႏိုင္ခဲ့တဲ့ ကီပါကေတာ့ ပုံစံကိုက ယုံၾကည္မႈ ရွိမေနဘဲ ဘားေပၚေထာင္ကန္ခဲ့တာေၾကာင့္ ေနာက္ဆုံးပင္နယ္တီမွာ လီဗာပူးလ္တို႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္မွာ ၆၂ ႀကိမ္ေျမာက္အျဖစ္ က်င္းပခဲ့တဲ့ ကာရာေဘာင္းဖလားလို႔ စပြန္ဆာအရ ေခၚတြင္တဲ့ လိဂ္ဖလားကိုေတာ့ လီဗာပူးလ္တို႔က ၉ ႀကိမ္ေျမာက္အျဖစ္ ဗိုလ္စြဲသြားခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆုံးအသင္းအျဖစ္ ၿပီးခဲ့တဲ့ႏွစ္ကအထိ ေလးႀကိမ္ဆက္ ဗိုလ္စြဲၿပီး ၈ ႀကိမ္ခ်င္း တူညီေနခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ထက္လည္း အသာစီးရယူႏိုင္ခဲ့ခ်ိန္မွာ နည္းျပ ယာဂန္ ကေလာ့ပ္ကလည္း ဂ်ာမန္သားခ်င္း စီးခ်င္းထိုးပြဲမွာ ေသာမတ္စ္ တူဟယ္လ္ကို ၁၈ ႀကိမ္ေျမာက္ ေတြ႕ဆုံမႈမွာ ၁၀ ႀကိမ္အႏိုင္ယူၿပီး ႏွိပ္ကြပ္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.