La Liga Match Report

ဘီလ်ဘာအိုကို ဂိုးပြတ်သွင်းပြီး တီကိုဆီက အဆင့် ၄ ကို ပြန်ယူခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ရစ်သမ်မိနေတဲ့ လူစာရင်းကိုပဲ ထုတ်သုံးခဲ့သလို ဘယ်နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ မပါနိုင်ချိန်မှာ ဒက်စ်က ဘယ်ခြမ်းကို ပြောင်းကစားခဲ့ပြီး ညာမှာတော့ ဒါနီ အဲလ်ဗက်စ်၊ ဗဟိုမှာ ပီကေးနဲ့ အရော်ဂျိုတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ ဘူးစကွက်စ်၊ ပက်ဒရီ၊ ဂါဗီတို့ တွဲထွက်ခဲ့ကြသလို တိုက်စစ်ကိုတော့ နာပိုလီနဲ့ပွဲကအတိုင်း အူဘာမီယန်း၊ ထရာအိုရေးနဲ့ ဖယ်ရန် တောရက်စ်တို့ကို နည်းပြ ဇာဗီက သုံးစွဲခဲ့တာဖြစ်ပါတယ်။

ဘီလ်ဘာအိုကတော့ အဝေးကွင်းမှာ စပိန်လက်ရွေးစင်ဂိုးသမား အူနိုင်း ဆီမွန်၊ ဝါရင့်ကွင်းလယ်လူ ရာအူးလ် ဂါစီယာတို့ကို လူငယ်အများစုနဲ့ ပေါင်းစပ်ပေးထားတဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပြီး နာမည်ကြီးတွေဖြစ်ကြတဲ့ မူနီယန်၊ ဒီမားကို့စ်၊ ယူရီ၊ အီညာကီ ဝီလီယမ်စ်၊ အီညီဂို မာတီနက်ဇ်နဲ့ အူနိုင်း နူးညက်ဇ်တို့ကို အရန်ခုံမှာ ထားခဲ့ပြီး အင်အားကြီး ကာတာလန်သားတွေကို ဘတ်စ်ကေးသွေး ပြခဲ့တာပါ။

မန်စီးတီးက ပြောင်းရွှေ့လာတဲ့ ဖယ်ရန် တောရက်စ် ပုံမှန်ခြေ မရှိသေးသလို သူနဲ့ တွဲတဲ့ ညာကနေ ဘယ်ပြောင်းကစားရသူ ဒက်စ်ကလည်း အံမဝင်သလိုဖြစ်နေခဲ့တာကြောင့် ဘာဆာတို့ရဲ့ ဘယ်ခြမ်းတိုက်စစ်က သိပ်အလုပ်မဖြစ်ခဲ့ဘဲ ဘောလုံးအများစုက ကွင်းလယ်နဲ့ ညာခြမ်းကိုပဲ ပြန်တွဲခဲ့ရပြီး ဘီလ်ဘာအိုတို့ကတောင် တစ်ချက်တစ်ချက်မှာ ကောင်တာတွေနဲ့ တာစတီဂန်ကို မျက်လုံးပြူးစေနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို ဒါနီ အဲလ်ဗက်စ် ကန်တင်ပေးတာကို ပီကေး ခေါင်းတိုက်ခွင့် ရရှိခဲ့တာက ဘားထိပြီး ပြန်ကျလာချိန်မှာ အူဘာမီယန်းက ခြောက်ကိုက်စည်းထိပ်က ကန်သွင်းပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကတော့ သူ့ရဲ့ နောက်ဆုံး ၃ ပွဲမှာ ၅ ဂိုးအထိ ရယူနိုင်ခဲ့တာလည်းဖြစ်နေခဲ့သလို ဂါဘွန်သားအတွက်တော့ ဇာတာတက်နေတယ်လို့ပဲ ပြောရတော့မှာပါ။

ပထမပိုင်းမှာတော့ ဘာစီလိုနာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပြီး သူတို့ရဲ့ တိုက်စစ်ပိုင်းက အတွဲအဖက်တွေ အားနည်းနေခဲ့သလို ဘောလုံးကိုင်ထားပြီး အလုပ်မဖြစ်ခဲ့တာကြောင့် ပွဲချိန် ၆၇ မိနစ်မှာ ဇာဗီက လူငယ်ကစားသမား ဂါဗီနဲ့ အကြိမ်ကြိမ် ဖြုန်းတီးနေတဲ့ ဖယ်ရန် တောရက်စ်တို့အစား ဖရင်ကီ ဒီယုံးနဲ့ ဒမ်ဘီလီတို့ကို လူစားသွင်းခဲ့တော့မှ ကစားပုံက ပိုဟုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာ ဖရင်ကီ ဒီယုံး ဖြတ်တင်ပေးတာကို အူဘာမီယန်းက ဂိုးသမားလက်ထဲပဲ ပို့နိုင်ခဲ့ပြီး ပွဲချိန် ၇၃ မိနစ်ကျမှ ဘာစီလိုနာတို့ ဒုတိယတစ်ဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒီယုံးကပဲ ဘယ်တောင်ပံကို ဖြန့်ပေးခဲ့တာကို ဒမ်ဘီလီက တစ်ကိုယ်တော်အစွမ်းနဲ့ ခြေယောင်ပြပြီး ထောင့်ကျဉ်းအနေအထားကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းရယူနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာတို့ ရလဒ်ကို ထိန်းဖို့ အဒါမာ ထရာအိုရေး၊ အူဘာမီယန်းနဲ့ ဘူးစကွက်စ်တို့အစား ဒီပိုင်း၊ လုခ် ဒီယုံးနဲ့ နီကို ဂွန်ဇာလက်ဇ်တို့ကို လူစားလဲခဲ့ပြီး ခံစစ်အနည်းငယ် အားပြုကစားခဲ့ချိန်မှာ ဘီလ်ဘာအိုဘက်ကတော့ ဝီလီယမ်စ် ညီအစ်ကို,ကို ထည့်ပြီး အိမ်ရှင်တွေကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဘာစီလိုနာတို့ တတိယ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးလိုက်လံရယူနိုင်ခဲ့တဲ့ ဒမ်ဘီလီရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို လူစားဝင်တိုက်စစ်မှူး လုခ် ဒီယုံးက ခေါင်းနဲ့ ရှပ်တိုက်သွင်းယူနိုင်ခဲ့လို့ ဂိုးသမား အူနိုင်း ဆီမွန် ငုတ်တုတ်မေ့ခဲ့ပြီး အိမ်ရှင်တွေ အနိုင်သေချာဖို့ ဖြစ်လာခဲ့တာပါ။

ဘာစီလိုနာတို့ လူစားလဲမှုတွေရဲ့ အလုပ်ဖြစ်ပုံက ဒီလောက်နဲ့တော့ မရပ်သေးဘဲ နာကျင်အချိန်ပို ၃ မိနစ်မှာ ညာခြမ်းကနေပဲ ဒမ်ဘီလီ ဆွဲယူပြီး ဖြတ်တင်ပေးခဲ့ရာမှာ ဒီပိုင်းက ဘီလ်ဘာအိုနောက်ခံလူနှစ်ယောက်ကြားက ဖြတ်ထွက်ပြီး အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ ရယူခဲ့တဲ့ သွင်းဂိုး သုံးဂိုးစလုံးကတော့ ဖန်တီးသူတွေရော သွင်းယူသူတွေပါ လူစားဝင်လာခဲ့သူတွေပဲဖြစ်ခဲ့ပြီး ဒါက နည်းပြ ဇာဗီအတွက်တော့ ဂုဏ်တက်စရာလည်း ဖြစ်ခဲ့ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဘာစီလိုနာတို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး စနေနေ့မှာ အရင်ကစားထားတဲ့ အမှတ်တူ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို တစ်ပွဲလျှော့ကစား၊ ဂိုးကွာခြားချက် +၅ အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး အဆင့် ၄ နေရာကို ပြန်လည်ရယူနိုင်ခဲ့သလို တစ်ပွဲပိုကစားပြီး တစ်မှတ်ပဲ အသာရနေခဲ့တဲ့ အဆင့် ၃ က ရီးရဲလ်ဘက်တစ်ရဲ့ နေရာကိုပါ ရယူဖို့ အားသာချက်ရှိနေခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ရစ္သမ္မိေနတဲ့ လူစာရင္းကိုပဲ ထုတ္သုံးခဲ့သလို ဘယ္ေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာ မပါႏိုင္ခ်ိန္မွာ ဒက္စ္က ဘယ္ျခမ္းကို ေျပာင္းကစားခဲ့ၿပီး ညာမွာေတာ့ ဒါနီ အဲလ္ဗက္စ္၊ ဗဟိုမွာ ပီေကးနဲ႔ အေရာ္ဂ်ိဳတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာ ဘူးစကြက္စ္၊ ပက္ဒရီ၊ ဂါဗီတို႔ တြဲထြက္ခဲ့ၾကသလို တိုက္စစ္ကိုေတာ့ နာပိုလီနဲ႔ပြဲကအတိုင္း အူဘာမီယန္း၊ ထရာအိုေရးနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို နည္းျပ ဇာဗီက သုံးစြဲခဲ့တာျဖစ္ပါတယ္။

ဘီလ္ဘာအိုကေတာ့ အေဝးကြင္းမွာ စပိန္လက္ေ႐ြးစင္ဂိုးသမား အူႏိုင္း ဆီမြန္၊ ဝါရင့္ကြင္းလယ္လူ ရာအူးလ္ ဂါစီယာတို႔ကို လူငယ္အမ်ားစုနဲ႔ ေပါင္းစပ္ေပးထားတဲ့ လူစာရင္းကို ထုတ္သုံးခဲ့ၿပီး နာမည္ႀကီးေတြျဖစ္ၾကတဲ့ မူနီယန္၊ ဒီမားကို႔စ္၊ ယူရီ၊ အီညာကီ ဝီလီယမ္စ္၊ အီညီဂို မာတီနက္ဇ္နဲ႔ အူႏိုင္း ႏူးညက္ဇ္တို႔ကို အရန္ခုံမွာ ထားခဲ့ၿပီး အင္အားႀကီး ကာတာလန္သားေတြကို ဘတ္စ္ေကးေသြး ျပခဲ့တာပါ။

မန္စီးတီးက ေျပာင္းေ႐ႊ႕လာတဲ့ ဖယ္ရန္ ေတာရက္စ္ ပုံမွန္ေျခ မရွိေသးသလို သူနဲ႔ တြဲတဲ့ ညာကေန ဘယ္ေျပာင္းကစားရသူ ဒက္စ္ကလည္း အံမဝင္သလိုျဖစ္ေနခဲ့တာေၾကာင့္ ဘာဆာတို႔ရဲ႕ ဘယ္ျခမ္းတိုက္စစ္က သိပ္အလုပ္မျဖစ္ခဲ့ဘဲ ေဘာလုံးအမ်ားစုက ကြင္းလယ္နဲ႔ ညာျခမ္းကိုပဲ ျပန္တြဲခဲ့ရၿပီး ဘီလ္ဘာအိုတို႔ကေတာင္ တစ္ခ်က္တစ္ခ်က္မွာ ေကာင္တာေတြနဲ႔ တာစတီဂန္ကို မ်က္လုံးျပဴးေစႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုး ရရွိခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကို ဒါနီ အဲလ္ဗက္စ္ ကန္တင္ေပးတာကို ပီေကး ေခါင္းတိုက္ခြင့္ ရရွိခဲ့တာက ဘားထိၿပီး ျပန္က်လာခ်ိန္မွာ အူဘာမီယန္းက ေျခာက္ကိုက္စည္းထိပ္က ကန္သြင္းၿပီး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီဂိုးကေတာ့ သူ႔ရဲ႕ ေနာက္ဆုံး ၃ ပြဲမွာ ၅ ဂိုးအထိ ရယူႏိုင္ခဲ့တာလည္းျဖစ္ေနခဲ့သလို ဂါဘြန္သားအတြက္ေတာ့ ဇာတာတက္ေနတယ္လို႔ပဲ ေျပာရေတာ့မွာပါ။

ပထမပိုင္းမွာေတာ့ ဘာစီလိုနာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ တိုက္စစ္ပိုင္းက အတြဲအဖက္ေတြ အားနည္းေနခဲ့သလို ေဘာလုံးကိုင္ထားၿပီး အလုပ္မျဖစ္ခဲ့တာေၾကာင့္ ပြဲခ်ိန္ ၆၇ မိနစ္မွာ ဇာဗီက လူငယ္ကစားသမား ဂါဗီနဲ႔ အႀကိမ္ႀကိမ္ ျဖဳန္းတီးေနတဲ့ ဖယ္ရန္ ေတာရက္စ္တို႔အစား ဖရင္ကီ ဒီယုံးနဲ႔ ဒမ္ဘီလီတို႔ကို လူစားသြင္းခဲ့ေတာ့မွ ကစားပုံက ပိုဟုတ္လာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာ ဖရင္ကီ ဒီယုံး ျဖတ္တင္ေပးတာကို အူဘာမီယန္းက ဂိုးသမားလက္ထဲပဲ ပို႔ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္က်မွ ဘာစီလိုနာတို႔ ဒုတိယတစ္ဂိုး ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဒီယုံးကပဲ ဘယ္ေတာင္ပံကို ျဖန႔္ေပးခဲ့တာကို ဒမ္ဘီလီက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေျခေယာင္ျပၿပီး ေထာင့္က်ဥ္းအေနအထားကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းရယူႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာတို႔ ရလဒ္ကို ထိန္းဖို႔ အဒါမာ ထရာအိုေရး၊ အူဘာမီယန္းနဲ႔ ဘူးစကြက္စ္တို႔အစား ဒီပိုင္း၊ လုခ္ ဒီယုံးနဲ႔ နီကို ဂြန္ဇာလက္ဇ္တို႔ကို လူစားလဲခဲ့ၿပီး ခံစစ္အနည္းငယ္ အားျပဳကစားခဲ့ခ်ိန္မွာ ဘီလ္ဘာအိုဘက္ကေတာ့ ဝီလီယမ္စ္ ညီအစ္ကို,ကို ထည့္ၿပီး အိမ္ရွင္ေတြကို ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ဘာစီလိုနာတို႔ တတိယ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ေဘာလုံးလိုက္လံရယူႏိုင္ခဲ့တဲ့ ဒမ္ဘီလီရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို လူစားဝင္တိုက္စစ္မႉး လုခ္ ဒီယုံးက ေခါင္းနဲ႔ ရွပ္တိုက္သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား အူႏိုင္း ဆီမြန္ ငုတ္တုတ္ေမ့ခဲ့ၿပီး အိမ္ရွင္ေတြ အႏိုင္ေသခ်ာဖို႔ ျဖစ္လာခဲ့တာပါ။

ဘာစီလိုနာတို႔ လူစားလဲမႈေတြရဲ႕ အလုပ္ျဖစ္ပုံက ဒီေလာက္နဲ႔ေတာ့ မရပ္ေသးဘဲ နာက်င္အခ်ိန္ပို ၃ မိနစ္မွာ ညာျခမ္းကေနပဲ ဒမ္ဘီလီ ဆြဲယူၿပီး ျဖတ္တင္ေပးခဲ့ရာမွာ ဒီပိုင္းက ဘီလ္ဘာအိုေနာက္ခံလူႏွစ္ေယာက္ၾကားက ျဖတ္ထြက္ၿပီး အနီးကပ္ ပိတ္သြင္းယူခဲ့တာပါ။ ဒုတိယပိုင္းမွာ ရယူခဲ့တဲ့ သြင္းဂိုး သုံးဂိုးစလုံးကေတာ့ ဖန္တီးသူေတြေရာ သြင္းယူသူေတြပါ လူစားဝင္လာခဲ့သူေတြပဲျဖစ္ခဲ့ၿပီး ဒါက နည္းျပ ဇာဗီအတြက္ေတာ့ ဂုဏ္တက္စရာလည္း ျဖစ္ခဲ့ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ဘာစီလိုနာတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး စေနေန႔မွာ အရင္ကစားထားတဲ့ အမွတ္တူ ၿပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္ကို တစ္ပြဲေလွ်ာ့ကစား၊ ဂိုးကြာျခားခ်က္ +၅ အသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး အဆင့္ ၄ ေနရာကို ျပန္လည္ရယူႏိုင္ခဲ့သလို တစ္ပြဲပိုကစားၿပီး တစ္မွတ္ပဲ အသာရေနခဲ့တဲ့ အဆင့္ ၃ က ရီးရဲလ္ဘက္တစ္ရဲ႕ ေနရာကိုပါ ရယူဖို႔ အားသာခ်က္ရွိေနခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.