Premier League

ဖာနန္ဒက္စ္က တျခားကစားသမားေတြထက္ ဦးေႏွာက္ပိုေကာင္းသူလို႔ ဆိုလိုက္တဲ့ ဆိုးလ္ရွား

ၿပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလက ေပါင္ ၆၈ သန္းနဲ႔ ေခၚခဲ့တဲ့ ေပၚတူဂီကြင္းလယ္ကစားသမား ဘရူႏို ဖာနန္ဒက္စ္ရဲ႕ တစ္မူထူးျခားတဲ့ ေဘာလံုးဦးေႏွာက္ကို မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက ႏွစ္ေထာင္းအားရစြာနဲ႔ ခ်ီးက်ဴးလိုက္ပါတယ္။

ကစားသမားသစ္ရဲ႕ ေျခစြမ္းကို သေဘာက်ေနခဲ့တဲ့ ဆိုးလ္ရွားက ဒီအသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ သူကိုင္တြယ္ခဲ့ဖူးတဲ့ တျခားကစားသမားေတာ္ေတာ္မ်ားမ်ားထက္ ဦးေႏွာက္အလုပ္လုပ္ပုံမွာ ပိုျမန္တယ္လို႔ ဆိုပါတယ္။

“မန္ခ်က္စတာယူႏုိက္တက္နဲ႔ စာခ်ဳပ္ကိစၥၿပီးၿပီးခ်င္း ရက္ပိုင္းအၾကာမွာတင္ ၀ုလ္ဗ္စ္နဲ႔ပြဲတုန္းက စတင္ပြဲထြက္ခဲ့ပါတယ္။ အခုဆိုရင္ မာဘယ္လာမွာ အသင္းနဲ႔အတူ ေလ့က်င့္တာ တစ္ပတ္ေလာက္ရွိၿပီဆိုေတာ့ ေတာ္ေတာ္ေလး အသားက်ေနပါၿပီ”လို႔ အသင္းမီဒီယာအဖြဲ႔နဲ႔ အင္တာဗ်ဴးမွာ ဆိုးလ္ရွားက အခုလိုေျပာပါတယ္။

“အားလံုးကို ၿခံဳေျပာရရင္ သူက တကယ္ကို ေတာ္တဲ့ ေဘာလံုးသမားတစ္ေယာက္ပါ။ သူ႔ဦးေႏွာက္က တျခားေဘာလံုးသမားမ်ားစြာထက္ ပုိျမန္ပါတယ္။ ကၽြန္ေတာ္တို႔ သူ႔ဆီကေန အသံုးခ်လို႔ရတဲ့ အရည္အခ်င္းေတြ အမ်ားႀကီးပါပဲ။ သူ႔ရဲ႕ ေဘာလံုးအေပးအယူေတြ၊ အေ၀းေဘာ ေပးပို႔တာေတြနဲ႔ ေရြ႕လ်ားမႈေတြကို ၾကည့္ၿပီး အသင္းမွာ ဒီလိုကစားသမားတစ္ေယာက္ရွိတာကို ျမင္ရလို႔ ေက်နပ္ပါတယ္။ သူက ေလ့က်င့္ၿပီးရင္း ေလ့က်င့္ေနသူတစ္ေယာက္ပါ။ ဒါေၾကာင့္ သူ႔ႀကံ့ခိုင္မႈနဲ႔ စိတ္ဓါတ္ကေတာ့ အၿမဲတမ္း အေကာင္းဆံုးမွာရွိပါတယ္”လို႔ ဆိုးလ္ရွားကေျပာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေဆာင္းရာသီအားလပ္ရက္အလြန္မွာ ခ်ဲလ္ဆီးနဲ႔ အေ၀းကြင္းပြဲကို သြားေရာက္ယွဥ္ၿပဳိင္ကစားရဖို႔ ရွိေနၿပီး အဲဒီပြဲစဥ္မွာ ကြင္းလယ္လူသစ္ ဘရူႏို ဖာနန္ဒက္စ္ကို ဆက္ၿပီး ပြဲထုတ္ဖို႔ရွိသလို တိုက္စစ္မွဴးသစ္ အိုဒီယြန္ အီဂါလိုကိုလည္း အနည္းဆံုး အရန္စာရင္းထဲ ထည့္သံုးဖို႔ နည္းျပ ဆိုးလ္ရွားက စီစဥ္ထားပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ပေါင် ၆၈ သန်းနဲ့ ခေါ်ခဲ့တဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်မူထူးခြားတဲ့ ဘောလုံးဦးနှောက်ကို မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက နှစ်ထောင်းအားရစွာနဲ့ ချီးကျူးလိုက်ပါတယ်။

ကစားသမားသစ်ရဲ့ ခြေစွမ်းကို သဘောကျနေခဲ့တဲ့ ဆိုးလ်ရှားက ဒီအသက် ၂၅ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ သူကိုင်တွယ်ခဲ့ဖူးတဲ့ တခြားကစားသမားတော်တော်များများထက် ဦးနှောက်အလုပ်လုပ်ပုံမှာ ပိုမြန်တယ်လို့ ဆိုပါတယ်။

“မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ကိစ္စပြီးပြီးချင်း ရက်ပိုင်းအကြာမှာတင် ဝုလ်ဗ်စ်နဲ့ပွဲတုန်းက စတင်ပွဲထွက်ခဲ့ပါတယ်။ အခုဆိုရင် မာဘယ်လာမှာ အသင်းနဲ့အတူ လေ့ကျင့်တာ တစ်ပတ်လောက်ရှိပြီဆိုတော့ တော်တော်လေး အသားကျနေပါပြီ”လို့ အသင်းမီဒီယာအဖွဲ့နဲ့ အင်တာဗျူးမှာ ဆိုးလ်ရှားက အခုလိုပြောပါတယ်။

“အားလုံးကို ခြုံပြောရရင် သူက တကယ်ကို တော်တဲ့ ဘောလုံးသမားတစ်ယောက်ပါ။ သူ့ဦးနှောက်က တခြားဘောလုံးသမားများစွာထက် ပိုမြန်ပါတယ်။ ကျွန်တော်တို့ သူ့ဆီကနေ အသုံးချလို့ရတဲ့ အရည်အချင်းတွေ အများကြီးပါပဲ။ သူ့ရဲ့ ဘောလုံးအပေးအယူတွေ၊ အဝေးဘော ပေးပို့တာတွေနဲ့ ရွေ့လျားမှုတွေကို ကြည့်ပြီး အသင်းမှာ ဒီလိုကစားသမားတစ်ယောက်ရှိတာကို မြင်ရလို့ ကျေနပ်ပါတယ်။ သူက လေ့ကျင့်ပြီးရင်း လေ့ကျင့်နေသူတစ်ယောက်ပါ။ ဒါကြောင့် သူ့ကြံ့ခိုင်မှုနဲ့ စိတ်ဓါတ်ကတော့ အမြဲတမ်း အကောင်းဆုံးမှာရှိပါတယ်”လို့ ဆိုးလ်ရှားကပြောပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဆောင်းရာသီအားလပ်ရက်အလွန်မှာ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲကို သွားရောက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး အဲဒီပွဲစဉ်မှာ ကွင်းလယ်လူသစ် ဘရူနို ဖာနန်ဒက်စ်ကို ဆက်ပြီး ပွဲထုတ်ဖို့ရှိသလို တိုက်စစ်မှူးသစ် အိုဒီယွန် အီဂါလိုကိုလည်း အနည်းဆုံး အရန်စာရင်းထဲ ထည့်သုံးဖို့ နည်းပြ ဆိုးလ်ရှားက စီစဉ်ထားပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.