Premier League

နူးကမ့်မှာ ဘဝပျက်ခဲ့တာတောင်မှ လီဗာပူးလ်ကို စွန့်ခွာခဲ့တာ နောင်တမရဘူးဆိုတဲ့ ကော်တင်ညို

ဖိလစ်ပီ ကော်တင်ညိုဟာ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး နောင်တမရဘူးလို့ ပြောကြားခဲ့ပေမယ့် အသင်းဖော်ဟောင်းတဲ့ အက်စတန် ဗီလာနည်းပြနဲ့ ပြန်လည်ဆုံစည်းရတာ ဝမ်းမြောက်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ မာဆေးဆိုဒ်မှာ လီဗာပူးလ်အသင်းနဲ့အတူ ၅ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ပေါင် ၁၄၂ သန်းနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

နူးကမ့်မှာ တောက်ပတဲ့ ကစားသမားဘဝကို စတင်နိုင်ခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ ပွဲထွက်လူစာရင်းထဲမှာ နေရာတစ်နေရာရဖို့ ရုန်းကန်လာခဲ့ရပြီး နောက်ထပ်တွဲရလဒ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။ ကတ်တလန်ထိပ်သီးအသင်းနဲ့ ကစားခဲ့တဲ့ ကာလအတွင်း ကော်တင်ညိုဟာ ပြီးခဲ့တဲ့လမှာ အက်စတန် ဗီလာကို အငှားနဲ့ မထွက်ခွာခင် ၁၀၆ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့ခဲ့မိတာကို နောင်တရလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ကော်တင်ညိုက ESPN ကို “ဟင့်အင်း မရပါဘူး။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာဖြစ်ပြီး ကျွန်တော့်ရဲ့ ကြီးမားတဲ့အိပ်မက်တွေထဲက တစ်ခုက ဘာစီလိုနာအသင်းအတွက် ကစားပေးဖို့ပါပဲ။ အဲဒီအချိန်မှာ ကျွန်တော် အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာပေမယ့် အမြဲတမ်း လီဗာပူးလ်အတွက်နဲ့ အသင်းမှာ ရှိခဲ့တဲ့နှစ်တွေတလျှောက်လုံး ရှိခဲ့တဲ့ ခင်မင်ရင်းနှီးမှုတွေအတွက် ကြီးမားတဲ့ ချစ်မြတ်နိုးမှုတွေ၊ လေးစားမှုတွေ၊ ကျေးဇူးတရားတွေ ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဆုံးဖြတ်ချက် ချမှတ်ရမှာမို့လို့ ချမှတ်ခဲ့တာဖြစ်ပြီး အဲဒါကိုလည်း ကျွန်တော် နောင်တမရပါဘူး”

ကော်တင်ညိုဟာ ဇန်နဝါရီလမှာ လီဗာပူးလ် အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့အတူ ပြန်လည်ဆုံစည်းဖို့ အင်္ဂလန်ကို ပြန်လာခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်က ဝက်စ် မဒ်လန်းစ်မှာ ပြန်လည်ပေါင်းစည်းခွင့်ရခဲ့တာက ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အမြဲတမ်း သူ့ကို ချစ်ခင်လေးစားမှု အများကြီးရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူနဲ့အတူ ကစားခွင့်ရခဲ့တာက ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ အခုတော့ သူ့ကို နည်းပြအဖြစ်နဲ့ ပြန်ရခဲ့ပြီး သူ့မှာရှိတဲ့ အတွေ့အကြုံတွေနဲ့အတူ လေ့ကျင့်ရေးက အရမ်းအားကောင်းပြီး တောင်းဆိုမှုတွေ များနေခဲ့ပါတယ်။ သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိပြီး ဒီမှာ ရှိနေရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ရဲ့ပန်းတိုင်တွေကို ရောက်အောင် အသင်းကို ကူညီပေးရင်း သူ မျှော်မှန်းထားတာတွေကို တုံ့ပြန်ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ကျွန်တော့်အတွက်တော့ ကစားသမားတစ်ယောက်အဖြစ် သူ့ရဲ့ဘဝမှာ တစိတ်အပိုင်းမှာ ရှိနေခွင့်ရတာ ဂုဏ်ယူစရာပါ။ အခုတော့ နည်းပြအဖြစ်နဲ့ဆိုတော့ ကျွန်တော် ပိုလို့တောင် ဂုဏ်ယူစရာလို့ ခံစားရပါတယ်။ ကျွန်တော် အမြဲတမ်း ဒီလို ချစ်ခင်မှုနဲ့ လေးစားမှုရှိတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာဖြစ်ပြီး သူနဲ့ နောက်ထပ်တစ်ကြိမ် အလုပ်လုပ်ဖို့ အခွင့်အရေးရခဲ့ရင်ကောင်းမယ်လို့ ဆုတောင်းခဲ့တာပါ။ သူက ကစားသမားတွေအားလုံးအပေါ် အရမ်းပွင့်လင်းပြီး အသင်းအပေါ်မှာ လွှမ်းမိုးမှုအများကြီးရှိတဲ့သူတစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဖိလစ္ပီ ေကာ္တင္ညိဳဟာ လီဗာပူးလ္အသင္းကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ခဲ့တာနဲ႔ပတ္သက္ၿပီး ေနာင္တမရဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ အသင္းေဖာ္ေဟာင္းတဲ့ အက္စတန္ ဗီလာနည္းျပနဲ႔ ျပန္လည္ဆုံစည္းရတာ ဝမ္းေျမာက္ေပ်ာ္ရႊင္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ မာေဆးဆိုဒ္မွာ လီဗာပူးလ္အသင္းနဲ႔အတူ ၅ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာ ေပါင္ ၁၄၂ သန္းနဲ႔ ဘာစီလိုနာကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

ႏူးကမ့္မွာ ေတာက္ပတဲ့ ကစားသမားဘဝကို စတင္နိုင္ခဲ့ေပမယ့္လည္း တျဖည္းျဖည္းနဲ႔ ပြဲထြက္လူစာရင္းထဲမွာ ေနရာတစ္ေနရာရဖို႔ ႐ုန္းကန္လာခဲ့ရၿပီး ေနာက္ထပ္တြဲရလဒ္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းကို အငွားခ်ခံခဲ့ရတာျဖစ္ပါတယ္။ ကတ္တလန္ထိပ္သီးအသင္းနဲ႔ ကစားခဲ့တဲ့ ကာလအတြင္း ေကာ္တင္ညိဳဟာ ၿပီးခဲ့တဲ့လမွာ အက္စတန္ ဗီလာကို အငွားနဲ႔ မထြက္ခြာခင္ ၁၀၆ ပြဲ ပါဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကေန ေျပာင္းေရႊ႕ခဲ့မိတာကို ေနာင္တရလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ေကာ္တင္ညိဳက ESPN ကို “ဟင့္အင္း မရပါဘူး။ တစ္ခ်ိန္ခ်ိန္မွာေတာ့ ကၽြန္ေတာ္တို႔ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရမွာျဖစ္ၿပီး ကၽြန္ေတာ့္ရဲ့ ႀကီးမားတဲ့အိပ္မက္ေတြထဲက တစ္ခုက ဘာစီလိုနာအသင္းအတြက္ ကစားေပးဖို႔ပါပဲ။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ အဲဒီဆုံးျဖတ္ခ်က္ကို ခ်မွတ္ဖို႔ ဆုံးျဖတ္ခဲ့တာေပမယ့္ အျမဲတမ္း လီဗာပူးလ္အတြက္နဲ႔ အသင္းမွာ ရွိခဲ့တဲ့ႏွစ္ေတြတေလၽွာက္လုံး ရွိခဲ့တဲ့ ခင္မင္ရင္းႏွီးမႈေတြအတြက္ ႀကီးမားတဲ့ ခ်စ္ျမတ္နိုးမႈေတြ၊ ေလးစားမႈေတြ၊ ေက်းဇူးတရားေတြ ရွိပါတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ ဆုံးျဖတ္ခ်က္ ခ်မွတ္ရမွာမို႔လို႔ ခ်မွတ္ခဲ့တာျဖစ္ၿပီး အဲဒါကိုလည္း ကၽြန္ေတာ္ ေနာင္တမရပါဘူး”

ေကာ္တင္ညိဳဟာ ဇန္နဝါရီလမွာ လီဗာပူးလ္ အသင္းေဖာ္ေဟာင္း စတီဗင္ ဂ်ရတ္နဲ႔အတူ ျပန္လည္ဆုံစည္းဖို႔ အဂၤလန္ကို ျပန္လာခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က ဝက္စ္ မဒ္လန္းစ္မွာ ျပန္လည္ေပါင္းစည္းခြင့္ရခဲ့တာက ဂုဏ္ယူစရာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ အျမဲတမ္း သူ႔ကို ခ်စ္ခင္ေလးစားမႈ အမ်ားႀကီးရွိခဲ့ပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ သူနဲ႔အတူ ကစားခြင့္ရခဲ့တာက ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။ အခုေတာ့ သူ႔ကို နည္းျပအျဖစ္နဲ႔ ျပန္ရခဲ့ၿပီး သူ႔မွာရွိတဲ့ အေတြ႕အၾကဳံေတြနဲ႔အတူ ေလ့က်င့္ေရးက အရမ္းအားေကာင္းၿပီး ေတာင္းဆိုမႈေတြ မ်ားေနခဲ့ပါတယ္။ သူ႔မွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ရွိၿပီး ဒီမွာ ရွိေနရတာကို ကၽြန္ေတာ္ ေပ်ာ္ရႊင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ပန္းတိုင္ေတြကို ေရာက္ေအာင္ အသင္းကို ကူညီေပးရင္း သူ ေမၽွာ္မွန္းထားတာေတြကို တုံ႔ျပန္ေပးနိုင္ဖို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္”

“ကၽြန္ေတာ့္အတြက္ေတာ့ ကစားသမားတစ္ေယာက္အျဖစ္ သူ႔ရဲ့ဘဝမွာ တစိတ္အပိုင္းမွာ ရွိေနခြင့္ရတာ ဂုဏ္ယူစရာပါ။ အခုေတာ့ နည္းျပအျဖစ္နဲ႔ဆိုေတာ့ ကၽြန္ေတာ္ ပိုလို႔ေတာင္ ဂုဏ္ယူစရာလို႔ ခံစားရပါတယ္။ ကၽြန္ေတာ္ အျမဲတမ္း ဒီလို ခ်စ္ခင္မႈနဲ႔ ေလးစားမႈရွိတဲ့ ဆက္ဆံေရးမ်ိဳး ရွိခဲ့တာျဖစ္ၿပီး သူနဲ႔ ေနာက္ထပ္တစ္ႀကိမ္ အလုပ္လုပ္ဖို႔ အခြင့္အေရးရခဲ့ရင္ေကာင္းမယ္လို႔ ဆုေတာင္းခဲ့တာပါ။ သူက ကစားသမားေတြအားလုံးအေပၚ အရမ္းပြင့္လင္းၿပီး အသင္းအေပၚမွာ လႊမ္းမိုးမႈအမ်ားႀကီးရွိတဲ့သူတစ္ေယာက္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.