Premier League

ဘောလုံးမပေးဘဲ မသိချင်ယောင်ဆောင်နေတဲ့ ဖာနန်ဒက်စ်ကို ပေါက်ကွဲခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ စနေနေ့ညနေပွဲစဉ်အတွင်း ဂိုးပေါက်ရှိရာကို ပြေးဝင်ခဲ့တဲ့အချိန်မှာ ဘရူနို ဖာနန်ဒက်စ်က ဘောလုံးထိုးပေးဖို့ လစ်လျူရှုခဲ့ပြီးနောက် အလွန်အမင်း ဒေါသပေါက်ကွဲနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းဟာ အီလန်ဂါနဲ့ ဖာနန်ဒက်စ်တို့ အချိတ်အဆက်လုပ် ကစားခဲ့တဲ့ ပထမပိုင်း ၁၂ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူနိုင်မယ့် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပင်နယ်တီဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ် ရှိနေတဲ့ ရော်နယ်လ်ဒိုကို လူပေးရမယ့်အစား ဂိုးပေါက်ကန်သွင်းဖို့ကို ရွေးချယ်ခဲ့ပြီး ဘန် ဖော်စတာက ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးကန်သွင်းဖို့ ဆုံးဖြတ်ချက်ဟာ လူကပ်မခံရဘဲ ဘောလုံးရတာနဲ့ ကန်သွင်းဖို့ အသင့်ပြင်ထားတဲ့ ရော်နယ်လ်ဒိုကို ဒေါသပေါက်ကွဲ စေခဲ့တာဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းက ဖာနန်ဒက်စ် ကန်သွင်းယူခဲ့တဲ့ ဘောလုံးကို ရှင်းထုတ်ခဲ့တဲ့အတွက် ပေါ်တူဂီတိုက်စစ်မှူးဟာ ဒေါသတကြီးဖြစ်နေတဲ့ အမူအရာကို ပြသခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်တွေမှာ “ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ရော်နယ်လ်ဒိုကို လွယ်လွယ်ကူကူနဲ့ ဘောလုံးပေးနိုင်ခဲ့တယ်”ဆိုတဲ့ စာသားနဲ့အတူ မျှဝေခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တကယ်လို့ ဘရူနို ဖာနန်ဒက်စ်သာ ဘေးမှာ အသင့်စောင့်ဆိုင်းနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုသာ ဘောလုံးပေးခဲ့မယ်ဆိုရင် ဝက်ဖို့ဒ်နဲ့ ဂိုးမရှိ သရေမကျဘဲ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကောင်း ပြောင်းလဲသွားခဲ့မှာ ဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ အလွန်ရှင်းလင်းပြတ်သားတဲ့ အခွင့်အရေးရှိနေတဲ့အချိန်မှာ ရော်နယ်လ်ဒိုကို ဘောလုံးမပေးခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ အပတ်တုန်းက ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဂူဂျွန်ဆန်က ယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ဘလွန်ဒေါ ၅ ဆုရှင်ကို အမြဲရှာဖွေနေပြီး အလွန်မှီခိုလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်အနေနဲ့ ရော်နယ်လ်ဒိုအပေါ်ကို မှီခိုပြီး အမြဲတမ်း ဘောလုံးပေးပို့ဖို့ ရှာဖွေမနေဘူးဆိုရင် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပိုမို ပြုလုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဖာနန်ဒက်စ်က ရော်နယ်လ်ဒိုကို အမြဲတမ်း ရှာဖွေနေသလိုပါပဲ။ ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်အထိ သူ ရော်နယ်လ်ဒိုကို ရှာဖွေဖို့ ကြိုးပမ်းခဲ့ပြီး အဲဒီလို ရှာလို့မတွေ့ဘူးဆိုရင် သူ စိတ်မရှည်ဖြစ်လာပြီး အရမ်းခက်ခဲတဲ့အရာတွေကို စပြီး စမ်းသပ်တော့တာပါပဲ။ ယူနိုက်တက်မှာ သူ စတင်ခဲ့တဲ့ပုံစံအတိုင်း စိတ်ထဲမှာ ထည့်ထားရမှာဖြစ်ပြီး ကျွန်တော်တို့ သူ့ဆီကနေ အများကြီး မြင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ဝက္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ စေနေန႔ညေနပြဲစဥ္အတြင္း ဂိုးေပါက္ရွိရာကို ေျပးဝင္ခဲ့တဲ့အခ်ိန္မွာ ဘ႐ူနို ဖာနန္ဒက္စ္က ေဘာလုံးထိုးေပးဖို႔ လစ္လ်ဴရႈခဲ့ၿပီးေနာက္ အလြန္အမင္း ေဒါသေပါက္ကြဲေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အိမ္ရွင္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အီလန္ဂါနဲ႔ ဖာနန္ဒက္စ္တို႔ အခ်ိတ္အဆက္လုပ္ ကစားခဲ့တဲ့ ပထမပိုင္း ၁၂ မိနစ္မွာ အဖြင့္ဂိုးကို သြင္းယူနိုင္မယ့္ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ပင္နယ္တီဧရိယာထဲမွာ လြတ္လြတ္ကၽြတ္ကၽြတ္ ရွိေနတဲ့ ေရာ္နယ္လ္ဒိုကို လူေပးရမယ့္အစား ဂိုးေပါက္ကန္သြင္းဖို႔ကို ေရြးခ်ယ္ခဲ့ၿပီး ဘန္ ေဖာ္စတာက ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္ရဲ့ ဂိုးကန္သြင္းဖို႔ ဆုံးျဖတ္ခ်က္ဟာ လူကပ္မခံရဘဲ ေဘာလုံးရတာနဲ႔ ကန္သြင္းဖို႔ အသင့္ျပင္ထားတဲ့ ေရာ္နယ္လ္ဒိုကို ေဒါသေပါက္ကြဲ ေစခဲ့တာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္အသင္းက ဖာနန္ဒက္စ္ ကန္သြင္းယူခဲ့တဲ့ ေဘာလုံးကို ရွင္းထုတ္ခဲ့တဲ့အတြက္ ေပၚတူဂီတိုက္စစ္မႉးဟာ ေဒါသတႀကီးျဖစ္ေနတဲ့ အမူအရာကို ျပသခဲ့ၿပီး အဲဒီဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေတြမွာ “ဘ႐ူနို ဖာနန္ဒက္စ္အေနနဲ႔ ေရာ္နယ္လ္ဒိုကို လြယ္လြယ္ကူကူနဲ႔ ေဘာလုံးေပးနိုင္ခဲ့တယ္”ဆိုတဲ့ စာသားနဲ႔အတူ မၽွေဝျခင္းခံခဲ့ရတာျဖစ္ပါတယ္။

တကယ္လို႔ ဘ႐ူနို ဖာနန္ဒက္စ္သာ ေဘးမွာ အသင့္ေစာင့္ဆိုင္းေနတဲ့ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကိုသာ ေဘာလုံးေပးခဲ့မယ္ဆိုရင္ ဝက္ဖို႔ဒ္နဲ႔ ဂိုးမရွိ သေရမက်ဘဲ အေျခအေနက တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားေကာင္း ေျပာင္းလဲသြားခဲ့မွာ ျဖစ္ပါတယ္။ ဘ႐ူနို ဖာနန္ဒက္စ္ဟာ အလြန္ရွင္းလင္းျပတ္သားတဲ့ အခြင့္အေရးရွိေနတဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုကို ေဘာလုံးမေပးခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ အပတ္တုန္းက ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဂူဂၽြန္ဆန္က ယူနိုက္တက္ကြင္းလယ္ကစားသမားဟာ ဘလြန္ေဒါ ၅ ဆုရွင္ကို အျမဲရွာေဖြေနၿပီး အလြန္မွီခိုလြန္းတယ္လို႔ ေဝဖန္ခဲ့ပါတယ္။

ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္အေနနဲ႔ ေရာ္နယ္လ္ဒိုအေပၚကို မွီခိုၿပီး အျမဲတမ္း ေဘာလုံးေပးပို႔ဖို႔ ရွာေဖြမေနဘူးဆိုရင္ သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ ပိုမို ျပဳလုပ္နိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဖာနန္ဒက္စ္က ေရာ္နယ္လ္ဒိုကို အျမဲတမ္း ရွာေဖြေနသလိုပါပဲ။ ၁၀ ႀကိမ္မွာ ၉ ႀကိမ္ေလာက္အထိ သူ ေရာ္နယ္လ္ဒိုကို ရွာေဖြဖို႔ ႀကိဳးပမ္းခဲ့ၿပီး အဲဒီလို ရွာလို႔မေတြ႕ဘူးဆိုရင္ သူ စိတ္မရွည္ျဖစ္လာၿပီး အရမ္းခက္ခဲတဲ့အရာေတြကို စၿပီး စမ္းသပ္ေတာ့တာပါပဲ။ ယူနိုက္တက္မွာ သူ စတင္ခဲ့တဲ့ပုံစံအတိုင္း စိတ္ထဲမွာ ထည့္ထားရမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ သူ႔ဆီကေန အမ်ားႀကီး ျမင္ခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.