Match Report Premier League

အဝေးကွင်းမှာ ပျားတွေကို စားသုံးပြီး အဆင့် ၁၄ အထိ ကြီးထွားခဲ့တဲ့ ငှက်ကျားတို့ရဲ့ နိုင်ပွဲ

နယူးကာဆယ်လ်အသင်းအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်နောက်ခံလူ ထရစ်ပီယာ မပါဝင်နိုင်တော့ပေမယ့် ၄-၃-၃ ပုံစံနဲ့ အကောင်းဆုံး ရှေ့ဆက်ဖို့ တတ်နိုင်ခဲ့ကြပြီး တားဂက်၊ ဒန်ဘန်း၊ ရှားစ်နဲ့ ခရတ်ဖ်တို့ရဲ့ ခံစစ်က စုစည်းမှု အနေအထားတစ်ခုမှာ ရှိနေခဲ့သလို ကွင်းလယ်မှာ ဂျိုလင်တန်၊ ရှယ်လ်ဗီနဲ့ ဝီလော့ခ်တို့ကလည်း အင်အားကောင်းမွန်ခဲ့ကြပြီး တိုက်စစ်မှာတော့ စန်မက်ဇီမန်၊ ဝီလ်ဆန်တို့ မပါနိုင်ဘဲ ဖရေဆာ၊ ခရစ္စဝုဒ်၊ မာဖီတို့နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘရန့်ဖို့ဒ်တို့ကတော့ ရာသီအစကလို တည်ငြိမ်မှု မရှိတော့ဘဲ နည်းပြ သောမတ်စ် ဖရန့်ခ်ကအစ နားလည်ရခက်တဲ့ လူစာရင်းမျိုးကို ထုတ်သုံးနေခဲ့သလို အာယေး၊ ယန်ဆွန်၊ ပင်းနော့ခ်၊ ဟင်နရီတို့ရဲ့ ခံစစ်လောက်သာ ပုံမှန်အတိုင်း တည်ငြိမ်ခဲ့ပြီး ကာနို့စ်၊ တိုနီ၊ အွန်ယီကာတို့လို ပထမ ရာသီဝက်က ကစားသမားတွေကို ချန်လှပ်ထားခဲ့ချိန်မှာ တိုက်စစ်ကို ဒါဆေးလ်ဗား၊ အမ်ဘူးမို၊ ဝစ်ဆာတို့နဲ့ တည်ဆောက်လာခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ နယူးကာဆယ်လ်တို့ တိုက်စစ်ဆင်ရာမှာ ဘရန့်ဖို့ဒ်ပင်နယ်တီဧရိယာအစပ်မှာ လဲကျသွားခဲ့တာကြောင့် ဒိုင်လူကြီး မိုက်ဒင်းန်က အိမ်ရှင်ဘက်ကို ဖရီးကစ် သတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ နောက်ခံလူ တားဂက်ကို ခြေထောက်မြှောက်ပြီး အဝင်ကြမ်းခဲ့တဲ့ အိမ်ရှင်ကစားသမား ဒါဆေးလ်ဗားကို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပြီး ဧည့်သည်တွေ တစ်ယောက်သာသွားခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ အမှတ်လိုနေတဲ့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ပြီး ထောင့်ကန်ဘောက ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ကွင်းလယ်လူ ဖရေဆာက ဖြတ်တင်ပေးခဲ့ရာမှာ ကွင်းလယ်လူတစ်ဖြစ်လဲ တိုက်စစ်မှူး ဂျိုလင်တန်က အရပ်ရှည်သလောက် လေးလံပြီး ခုန်ဖို့ နှေးနေတဲ့ နောက်ခံလူ အာယေးရဲ့ ရှေ့က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အဝေးကွင်းမှာ ငှက်ကျားတွေ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ဒုတိယဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ခရစ္စဝုဒ်က ဘရန့်ဖို့ဒ်နောက်ခံလူ ဟင်နရီရဲ့ တွန်းတိုက်မှုကို တောင့်ခံပြီး ချပေးခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ ဝီလော့ခ်က ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး အပိုင်ကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ အနိုင်ရရှိနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်ဘက်က မက်သီးယပ်စ် ယန်ဆန်အစား နှလုံးရောဂါကနေ ပြန်လာနိုင်ခဲ့တဲ့ စပါးစ်နဲ့ အင်တာမီလန်ကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန် လူစားဝင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ်ကနေ ပွဲပြီးဆုံးချိန်အထိ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားသွားနိုင်ခဲ့တာကြောင့် ဘောလုံးချစ် ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ မြင်ကွင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဘက်က ဝစ်ဆာအစား တိုနီနဲ့ အာယေးအစား ကာနို့စ်တို့ကို ထပ်ထည့်ပြီး ၃-၅-၁ ပုံစံ၊ ၁၀ ယောက်နဲ့ ချေပနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့သလို နယူးကာဆယ်လ်တို့ဘက်ကတော့ မာဖီအစား ဘရူနို ဂီမာရိုင်းစ်၊ ဝီလော့ခ်အစား လာဆယ်လက်စ်နဲ့ ဖရေဆာအစား အယ်လ်မီရွန်တို့ကို ထည့်ကစားပြီး ထိန်းကစားခဲ့လို့ ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်လ်တို့ ၂၅ ပွဲကစားပြီးချိန်မှာ ၂၅ မှတ်နဲ့ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ကြသလို နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ၄ ပွဲနိုင် ၃ ပွဲသရေနဲ့ အဆင့် ၁၄ နေရာအထိ တက်ရောက်လာနိုင်ခဲ့ကြပြီး နည်းပြ အက်ဒီဟောင်းနဲ့ ပိုင်ရှင် ဆော်ဒီသူဌေးတွေကို စိတ်ချမ်းသာအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။

ရာသီအစကလို မဟုတ်တော့ဘဲ သူတို့ရဲ့ အကွက်တွေကို လူသိသွားချိန်မှာ လုပ်စားလို့ မရတော့တဲ့ ဘရန့်ဖို့ဒ်တို့ကတော့ ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား ကစားပြီး တိုက်ပွဲဝင်ရမယ့်အစား အတတ်ဆန်းဖို့ ကြိုးစားနေတာက အလုပ်မဖြစ်ဘဲ နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ နိုင်ပွဲတစ်ပွဲနဲ့ သရေပွဲတစ်ပွဲသာ ရှိခဲ့ပြီး ၉ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့ နီးကပ်လာခဲ့သလို ဘန်လေ၊ အဲဗာတန်တို့ထက် ၃ ပွဲ ပိုကစားပြီး ၂ မှတ်ပဲ သာနိုင်တော့တဲ့ အနေအထားမှာ အထင်အမြင်သေးခံရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၾကယ္ပြင့္ေနာက္ခံလူ ထရစ္ပီယာ မပါဝင္ႏိုင္ေတာ့ေပမယ့္ ၄-၃-၃ ပုံစံနဲ႔ အေကာင္းဆုံး ေရွ႕ဆက္ဖို႔ တတ္ႏိုင္ခဲ့ၾကၿပီး တားဂက္၊ ဒန္ဘန္း၊ ရွားစ္နဲ႔ ခရတ္ဖ္တို႔ရဲ႕ ခံစစ္က စုစည္းမႈ အေနအထားတစ္ခုမွာ ရွိေနခဲ့သလို ကြင္းလယ္မွာ ဂ်ိဳလင္တန္၊ ရွယ္လ္ဗီနဲ႔ ဝီေလာ့ခ္တို႔ကလည္း အင္အားေကာင္းမြန္ခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ စန္မက္ဇီမန္၊ ဝီလ္ဆန္တို႔ မပါႏိုင္ဘဲ ဖေရဆာ၊ ခရစၥဝုဒ္၊ မာဖီတို႔နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ရာသီအစကလို တည္ၿငိမ္မႈ မရွိေတာ့ဘဲ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကအစ နားလည္ရခက္တဲ့ လူစာရင္းမ်ိဳးကို ထုတ္သုံးေနခဲ့သလို အာေယး၊ ယန္ဆြန္၊ ပင္းေနာ့ခ္၊ ဟင္နရီတို႔ရဲ႕ ခံစစ္ေလာက္သာ ပုံမွန္အတိုင္း တည္ၿငိမ္ခဲ့ၿပီး ကာႏို႔စ္၊ တိုနီ၊ အြန္ယီကာတို႔လို ပထမ ရာသီဝက္က ကစားသမားေတြကို ခ်န္လွပ္ထားခဲ့ခ်ိန္မွာ တိုက္စစ္ကို ဒါေဆးလ္ဗား၊ အမ္ဘူးမို၊ ဝစ္ဆာတို႔နဲ႔ တည္ေဆာက္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ နယူးကာဆယ္လ္တို႔ တိုက္စစ္ဆင္ရာမွာ ဘရန႔္ဖို႔ဒ္ပင္နယ္တီဧရိယာအစပ္မွာ လဲက်သြားခဲ့တာေၾကာင့္ ဒိုင္လူႀကီး မိုက္ဒင္းန္က အိမ္ရွင္ဘက္ကို ဖရီးကစ္ သတ္မွတ္ေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ေနာက္ခံလူ တားဂက္ကို ေျခေထာက္ေျမႇာက္ၿပီး အဝင္ၾကမ္းခဲ့တဲ့ အိမ္ရွင္ကစားသမား ဒါေဆးလ္ဗားကို တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ၿပီး ဧည့္သည္ေတြ တစ္ေယာက္သာသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ အမွတ္လိုေနတဲ့ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာက ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန ကြင္းလယ္လူ ဖေရဆာက ျဖတ္တင္ေပးခဲ့ရာမွာ ကြင္းလယ္လူတစ္ျဖစ္လဲ တိုက္စစ္မႉး ဂ်ိဳလင္တန္က အရပ္ရွည္သေလာက္ ေလးလံၿပီး ခုန္ဖို႔ ေႏွးေနတဲ့ ေနာက္ခံလူ အာေယးရဲ႕ ေရွ႕က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ အေဝးကြင္းမွာ ငွက္က်ားေတြ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ဒုတိယဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ခရစၥဝုဒ္က ဘရန႔္ဖို႔ဒ္ေနာက္ခံလူ ဟင္နရီရဲ႕ တြန္းတိုက္မႈကို ေတာင့္ခံၿပီး ခ်ေပးခဲ့တဲ့ ေဘာလုံးကို ကြင္းလယ္လူ ဝီေလာ့ခ္က ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕ၿပီး အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြ အႏိုင္ရရွိေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္ဘက္က မက္သီးယပ္စ္ ယန္ဆန္အစား ႏွလုံးေရာဂါကေန ျပန္လာႏိုင္ခဲ့တဲ့ စပါးစ္နဲ႔ အင္တာမီလန္ကြင္းလယ္လူေဟာင္း ခရစၥတီယန္ အဲရစ္ဆန္ လူစားဝင္ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္ကေန ပြဲၿပီးဆုံးခ်ိန္အထိ ႀကံ့ခိုင္မႈအျပည့္နဲ႔ ကစားသြားႏိုင္ခဲ့တာေၾကာင့္ ေဘာလုံးခ်စ္ ပရိသတ္ေတြအတြက္ေတာ့ ဝမ္းသာစရာ ျမင္ကြင္းတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္ဘက္က ဝစ္ဆာအစား တိုနီနဲ႔ အာေယးအစား ကာႏို႔စ္တို႔ကို ထပ္ထည့္ၿပီး ၃-၅-၁ ပုံစံ၊ ၁၀ ေယာက္နဲ႔ ေခ်ပႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့သလို နယူးကာဆယ္လ္တို႔ဘက္ကေတာ့ မာဖီအစား ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဝီေလာ့ခ္အစား လာဆယ္လက္စ္နဲ႔ ဖေရဆာအစား အယ္လ္မီ႐ြန္တို႔ကို ထည့္ကစားၿပီး ထိန္းကစားခဲ့လို႔ ပထမပိုင္းက ရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ နယူးကာဆယ္လ္တို႔ ၂၅ ပြဲကစားၿပီးခ်ိန္မွာ ၂၅ မွတ္နဲ႔ တန္းဆင္းဇုန္ကေန ႐ုန္းထြက္ႏိုင္ခဲ့ၾကသလို ေနာက္ဆုံး ၇ ပြဲဆက္တိုက္ ရႈံးပြဲမရွိဘဲ ၄ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ အဆင့္ ၁၄ ေနရာအထိ တက္ေရာက္လာႏိုင္ခဲ့ၾကၿပီး နည္းျပ အက္ဒီေဟာင္းနဲ႔ ပိုင္ရွင္ ေဆာ္ဒီသူေဌးေတြကို စိတ္ခ်မ္းသာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ရာသီအစကလို မဟုတ္ေတာ့ဘဲ သူတို႔ရဲ႕ အကြက္ေတြကို လူသိသြားခ်ိန္မွာ လုပ္စားလို႔ မရေတာ့တဲ့ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ႐ိုး႐ိုးသားသားနဲ႔ ႀကိဳးႀကိဳးစားစား ကစားၿပီး တိုက္ပြဲဝင္ရမယ့္အစား အတတ္ဆန္းဖို႔ ႀကိဳးစားေနတာက အလုပ္မျဖစ္ဘဲ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ႏိုင္ပြဲတစ္ပြဲနဲ႔ သေရပြဲတစ္ပြဲသာ ရွိခဲ့ၿပီး ၉ ပြဲအထိ ရႈံးနိမ့္ထားခဲ့တာေၾကာင့္ တန္းဆင္းဇုန္နဲ႔ နီးကပ္လာခဲ့သလို ဘန္ေလ၊ အဲဗာတန္တို႔ထက္ ၃ ပြဲ ပိုကစားၿပီး ၂ မွတ္ပဲ သာႏိုင္ေတာ့တဲ့ အေနအထားမွာ အထင္အျမင္ေသးခံရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.