Match Report Premier League

မက်ဆီရဲ့ ဖန်တီးမှု၊ အမ်ဘာပေရဲ့ သွင်းဂိုးတွေနဲ့ Come Back အနိုင်ယူတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ MNM တိုက်စစ်အဖြစ် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်စလုံး ပါဝင်ခဲ့ပြီး ကွင်းလယ်မှာတော့ ဗိုင်နယ်လ်ဒွမ်၊ ဂေးယီနဲ့ ဒါနီလို ပါရဲရားတို့ ကစားခဲ့ကြသလို ခံစစ်မှာတော့ မားကင်ညို့စ်၊ ကင်ပမ်ဘီ၊ နူနို မန်ဒက်စ်နဲ့ ခယ်ရာတို့ကို အထိုင်ချခဲ့ပြီး ဂိုးမှာလည်း ဒွန်နာရမ်မာ ပါဝင်လာခဲ့ပါတယ်။

အဝေးကွင်း လာကစားခဲ့တဲ့ စိန့်အက်တီယန်အသင်းကတော့ ပါရီကွင်းမှာ ခံစစ်ကစားဖို့ ၅-၃-၂ ပုံစံနဲ့ ပြင်ဆင်လာခဲ့ပြီး ကိုလိုဂျီးချက်၊ မန်ဂါလာစတဲ့ နာမည်ရှိ ကစားသမားတချို့ကို ခံစစ်မှာ မြင်တွေ့ခဲ့ရသလို တိုက်စစ်မှာတော့ ဘူဒီဘူးဇ်၊ နော်ဒင်နဲ့ ဘူအွန်ဂါတို့ ကစားခဲ့ကြပြီး ပထမအကျော့ကလိုပဲ ပီအက်စ်ဂျီကို တတ်နိုင်သမျှ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့ကြတာပါ။

ပွဲချိန် ၇ မိနစ်မှာ နေမာ တစ်ကိုယ်တော်ကြိုးစားပြီး နောက်ဆုံးအချိန်ကျမှ ထောင်ကန်ပစ်ခဲ့သလို ၁၀ မိနစ်မှာတော့ ဖရီးကစ်ကနေ ဒါနီလို ပါရဲရားက အခွင့်အရေးကောင်းကို ခေါင်းတိုက်တာ ချော်သွားခဲ့ပြန်ပြီး ၁၂ မိနစ်မှာတော့ အမ်ဘာပေက တန်ပြန်တိုက်စစ်ကနေ စိန့်အက်တီယန်ဂိုးသမား ဘာနာဒိုနီကို ခြိမ်းခြောက်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ အဖွင့်ဂိုးကို ရရှိသွားခဲ့သူကတော့ အိမ်ရှင်တွေ မဟုတ်ခဲ့ဘဲ စိန့်အက်တီယန်တို့ပဲဖြစ်ခဲ့ပြီး ဒါနီလို ပါရဲရားရဲ့ နောက်ပြန်ပေးဖို့ တုံ့ဆိုင်းနေပြီး လှည့်ထွက်ခဲ့ရာမှာ နောက်ကနေ လိုက်လံလုယူနိုင်ခဲ့တဲ့ ဂါဘွန်တိုက်စစ်မှူးဘူအွန်ဂါက နောက်ခံလူနှစ်ယောက်ကြားကနေ ထိန်းသိမ်းမနေဘဲ အလျင်အမြန် ကန်သွင်းယူခဲ့ရာမှာ ဒိုက်ပစ်တဲ့ ဒွန်နာရမ်မာရဲ့ အောက်က ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ ပီအက်စ်ဂျီတို့ တင်ကစားခဲ့ပေမယ့် စိန့်အက်တီယန်ရဲ့ ထက်မြက်တဲ့ ကောင်တာတွေကိုတော့ တော်တော်လေး သတိထား ကာကွယ်ခဲ့ကြရပြီး တိုက်စစ်ဆင်မှုတွေမှာတော့ မက်ဆီရဲ့ ဖရီးကစ်ကို ဂိုးသမား ခက်ခက်ခဲခဲ ပုတ်ထုတ်ခဲ့ရသလို အမ်ဘာပေရဲ့ ထောင့်ကျဉ်းကန်ချက်ကိုလည်း ထပ်ပြီး လက်စွမ်းပြ ကာကွယ်သွားခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး မက်ဆီရဲ့ အတော်ဝေးဝေးကနေ အကွက်မြင်တဲ့ ပေးပို့မှုကို နောက်ခံလူ လေးယောက်လောက်ကို ကျော်ပြေးသွားခဲ့တဲ့ အမ်ဘာပေက အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ပုတ်ထုတ်ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးကို ဂိုးထဲ ဝင်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စရာမှာတော့ ခယ်ရာအစား ဒီမာရီယာ ဝင်ကစားခဲ့ပြီး သိပ်မကြာလိုက်ခင်မှာပဲ ပီအက်စ်ဂျီတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာ ညာခြမ်းကနေ မက်ဆီ တစ်ကိုယ်တော် ထိုးဖောက်လိမ်ခေါက်လာခဲ့ပြီး ကန်မလိုလိုနဲ့ အမ်ဘာပေရဲ့ လမ်းကြောင်းထဲကို ထည့်ပေးခဲ့ရာမှာ ပြင်သစ်တိုက်စစ်မှူးက အဝေးတိုင်ဘက်ကို အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ပြန်လာနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၅၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ နေမာ ပေးတာကို အမ်ဘာပေက ဧရိယာထဲကို ဆွဲဝင်မလိုလိုနဲ့ ညာခြေနဲ့ ပြောင်းပြန်ကန်တင်ပေးခဲ့ရာမှာ သူ့အမှားကနေ ဂိုးပေးထားရတဲ့ ဒါနီလို ပါရဲရားက အမြင့်ဆုံးခုန်ပြီး လိုက်လံခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နူနို မန်ဒက်စ်အစား ဘားနတ်၊ နေမာအစား ဒရက်ဆလာနဲ့ အမ်ဘာပေအစား အီကာဒီတို့ ဝင်ကစားခဲ့ကြပြီး အနိုင်ရလဒ်ကို အမှားအယွင်းမရှိ ထိန်းသိမ်းရယူသွားခဲ့သလို ပွဲစဉ် ၂၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၆၂ မှတ်နဲ့ ဒုတိယနဲ့ တတိယနေရာတွေက နိစ်နဲ့ မာဆေးလ်တို့ကို ၁၆ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ပြင်သစ်လိဂန်ချန်ပီယံဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ MNM တိုက္စစ္အျဖစ္ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ သုံးေယာက္စလုံး ပါဝင္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗိုင္နယ္လ္ဒြမ္၊ ေဂးယီနဲ႔ ဒါနီလို ပါရဲရားတို႔ ကစားခဲ့ၾကသလို ခံစစ္မွာေတာ့ မားကင္ညိဳ႕စ္၊ ကင္ပမ္ဘီ၊ ႏူႏို မန္ဒက္စ္နဲ႔ ခယ္ရာတို႔ကို အထိုင္ခ်ခဲ့ၿပီး ဂိုးမွာလည္း ဒြန္နာရမ္မာ ပါဝင္လာခဲ့ပါတယ္။

အေဝးကြင္း လာကစားခဲ့တဲ့ စိန႔္အက္တီယန္အသင္းကေတာ့ ပါရီကြင္းမွာ ခံစစ္ကစားဖို႔ ၅-၃-၂ ပုံစံနဲ႔ ျပင္ဆင္လာခဲ့ၿပီး ကိုလိုဂ်ီးခ်က္၊ မန္ဂါလာစတဲ့ နာမည္ရွိ ကစားသမားတခ်ိဳ႕ကို ခံစစ္မွာ ျမင္ေတြ႕ခဲ့ရသလို တိုက္စစ္မွာေတာ့ ဘူဒီဘူးဇ္၊ ေနာ္ဒင္နဲ႔ ဘူအြန္ဂါတို႔ ကစားခဲ့ၾကၿပီး ပထမအေက်ာ့ကလိုပဲ ပီအက္စ္ဂ်ီကို တတ္ႏိုင္သမွ် ဒုကၡေပးဖို႔ ႀကိဳးစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ေနမာ တစ္ကိုယ္ေတာ္ႀကိဳးစားၿပီး ေနာက္ဆုံးအခ်ိန္က်မွ ေထာင္ကန္ပစ္ခဲ့သလို ၁၀ မိနစ္မွာေတာ့ ဖရီးကစ္ကေန ဒါနီလို ပါရဲရားက အခြင့္အေရးေကာင္းကို ေခါင္းတိုက္တာ ေခ်ာ္သြားခဲ့ျပန္ၿပီး ၁၂ မိနစ္မွာေတာ့ အမ္ဘာေပက တန္ျပန္တိုက္စစ္ကေန စိန႔္အက္တီယန္ဂိုးသမား ဘာနာဒိုနီကို ၿခိမ္းေျခာက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ အဖြင့္ဂိုးကို ရရွိသြားခဲ့သူကေတာ့ အိမ္ရွင္ေတြ မဟုတ္ခဲ့ဘဲ စိန႔္အက္တီယန္တို႔ပဲျဖစ္ခဲ့ၿပီး ဒါနီလို ပါရဲရားရဲ႕ ေနာက္ျပန္ေပးဖို႔ တုံ႔ဆိုင္းေနၿပီး လွည့္ထြက္ခဲ့ရာမွာ ေနာက္ကေန လိုက္လံလုယူႏိုင္ခဲ့တဲ့ ဂါဘြန္တိုက္စစ္မႉးဘူအြန္ဂါက ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ထိန္းသိမ္းမေနဘဲ အလ်င္အျမန္ ကန္သြင္းယူခဲ့ရာမွာ ဒိုက္ပစ္တဲ့ ဒြန္နာရမ္မာရဲ႕ ေအာက္က ဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ ပီအက္စ္ဂ်ီတို႔ တင္ကစားခဲ့ေပမယ့္ စိန႔္အက္တီယန္ရဲ႕ ထက္ျမက္တဲ့ ေကာင္တာေတြကိုေတာ့ ေတာ္ေတာ္ေလး သတိထား ကာကြယ္ခဲ့ၾကရၿပီး တိုက္စစ္ဆင္မႈေတြမွာေတာ့ မက္ဆီရဲ႕ ဖရီးကစ္ကို ဂိုးသမား ခက္ခက္ခဲခဲ ပုတ္ထုတ္ခဲ့ရသလို အမ္ဘာေပရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုလည္း ထပ္ၿပီး လက္စြမ္းျပ ကာကြယ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး မက္ဆီရဲ႕ အေတာ္ေဝးေဝးကေန အကြက္ျမင္တဲ့ ေပးပို႔မႈကို ေနာက္ခံလူ ေလးေယာက္ေလာက္ကို ေက်ာ္ေျပးသြားခဲ့တဲ့ အမ္ဘာေပက အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ပုတ္ထုတ္ကာကြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာလုံးကို ဂိုးထဲ ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စရာမွာေတာ့ ခယ္ရာအစား ဒီမာရီယာ ဝင္ကစားခဲ့ၿပီး သိပ္မၾကာလိုက္ခင္မွာပဲ ပီအက္စ္ဂ်ီတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ ညာျခမ္းကေန မက္ဆီ တစ္ကိုယ္ေတာ္ ထိုးေဖာက္လိမ္ေခါက္လာခဲ့ၿပီး ကန္မလိုလိုနဲ႔ အမ္ဘာေပရဲ႕ လမ္းေၾကာင္းထဲကို ထည့္ေပးခဲ့ရာမွာ ျပင္သစ္တိုက္စစ္မႉးက အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ျပန္လာႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ေနမာ ေပးတာကို အမ္ဘာေပက ဧရိယာထဲကို ဆြဲဝင္မလိုလိုနဲ႔ ညာေျခနဲ႔ ေျပာင္းျပန္ကန္တင္ေပးခဲ့ရာမွာ သူ႔အမွားကေန ဂိုးေပးထားရတဲ့ ဒါနီလို ပါရဲရားက အျမင့္ဆုံးခုန္ၿပီး လိုက္လံေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏူႏို မန္ဒက္စ္အစား ဘားနတ္၊ ေနမာအစား ဒရက္ဆလာနဲ႔ အမ္ဘာေပအစား အီကာဒီတို႔ ဝင္ကစားခဲ့ၾကၿပီး အႏိုင္ရလဒ္ကို အမွားအယြင္းမရွိ ထိန္းသိမ္းရယူသြားခဲ့သလို ပြဲစဥ္ ၂၆ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၆၂ မွတ္နဲ႔ ဒုတိယနဲ႔ တတိယေနရာေတြက နိစ္နဲ႔ မာေဆးလ္တို႔ကို ၁၆ မွတ္ျဖတ္ထားႏိုင္ခဲ့ၿပီး ျပင္သစ္လိဂန္ခ်န္ပီယံျဖစ္ဖို႔ ေျခတစ္လွမ္း ပိုနီးလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.