Match Report Premier League

ပေါ်တူဂီအလွဲတွေကြောင့် ဝတ်ဖို့ဒ်ကို အိမ်ကွင်းမှာ သရေနဲ့ပဲ ထိုက်တန်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို နည်းပြ ရန်းနစ်ခ်က အမှားများတဲ့ အကြောင်းပြချက်နဲ့ ပွဲထွက်လူစာရင်းကနေ ဖယ်ထုတ်ခဲ့လို့ ဘရူနို ဖာနန်ဒက်စ်က လက်ပတ်ကို လွှဲပြောင်းယူခဲ့ရချိန်မှာ တခြားအဓိကကစားသမားတွေဖြစ်ကြတဲ့ လင်ဒီလော့ဖ်၊ ဗာရွန်း၊ ပေါ့ဘာ၊ ဖရက်ဒ်၊ မာတစ်ချ်၊ ရော်နယ်လ်ဒိုတို့ ပါဝင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ ဆန်ချိုကိုတော့ အီလန်ဂါအစား ချန်လှပ်ခဲ့ပါတယ်။

ဝတ်ဖို့ဒ်တို့ကတော့ ဂိုးသမား ဖော်စတာကို နေရာပြန်ပေးခဲ့ချိန်မှာ အာဖရိကသားတွေနဲ့ အသင်းကို အဓိက တည်ဆောက်ထားခဲ့ပြီး ဂမ်ဘီယာနွယ်ဖွား နော်ဝေသား ဂျိုရှူအာကင်း၊ နိုင်ဂျီးရီးယားရဲ့ ဒင်းနစ်၊ ဆီနီဂေါရဲ့ အစ္စမိုင်လာ ဆားရ်၊ မော်ရိုကိုရဲ့ လူဇာ၊ အိုင်ဗရီကို့စ်ရဲ့ ကာမာရာတို့ ပါဝင်ခဲ့သလို ရာနီရေးရီဆီမှာ ကပ္ပတိန်ဖြစ်ဖို့ ရေပန်းစားခဲ့တဲ့ ထရုစ်-အီကောင်ကတော့ ရွိုင်းဟော့ဆန်လက်ထက်မှာ နေရာပျောက်ပြီး အရန်ခုံမှာပဲ မာဆီနာနဲ့အတူ ရှိနေခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားသမား အဆင့်အတန်းအသာနဲ့ ပွဲစကတည်းက ဖိကစားခဲ့ပေမယ့် ရော်နယ်လ်ဒိုရဲ့ တန်ပြန်တိုက်စစ်ဆင်တာကို နောက်က ပတ်ပြေးပြီး လုသွားတဲ့ ဂျိုရှူအာကင်းရဲ့ လုပ်ပုံက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဘူပိတ်သွားစေခဲ့သလားလို့ ထင်စရာဖြစ်ခဲ့သလို သိပ်မကြာခင် ပွဲချိန် ၄ မိနစ်မှာ ဝန်ဘစ်ဆာကာရဲ့ ဖြတ်တင်မှုကို တစ်ချက်ထိန်းကန်ခဲ့ရာမှာ တိုင်ခြေနဲ့ပဲ မိတ်ဆက်သွားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ အီလန်ဂါ ဆွဲပေးလာပြီး ထိုးပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းက ရသွားချိန်မှာ သူ့ကို ထိုးမပေးဘဲ ဂိုးသမား ဖော်စတာတည့်တည့်ကို ကန်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို အသင့်နေရာယူထားတဲ့ ရော်နယ်လ်ဒိုက ပေါက်ကွဲခဲ့သလို တကယ်တမ်းသာ မကန်ဘဲ လူပေးခဲ့မယ်ဆိုရင်တော့ သေချာပေါက် ဂိုးဖြစ်နိုင်ခဲ့တဲ့ အနေအထားလည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ အဲလက်စ် တဲလက်စ် ဖြတ်ပို့ရာကနေ ရော်နယ်လ်ဒိုပဲ ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံရပြန်သလို ပွဲချိန် ၁၉ မိနစ်မှာ ပေါ့ဘာရဲ့ ကွင်းလယ်ကနေ ဖြတ်တင်ပေးတဲ့ Early Cross ကနေ ဘရူနို ဖာနန်ဒက်စ်က လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး အနီးကပ် ပိတ်သွင်းခွင့်ရရှိခဲ့ပေမယ့် တိုင်ဘေးက လွဲချော်သွားခဲ့ပြန်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ ဝတ်ဖို့ဒ်နောက်ခံလူ ကက်သ်ကတ် မမိမရဖျက်တာကနေ ထိန်းပေးလိုက်သလိုဖြစ်သွားတဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက ဂိုးသမား ဖော်စတာကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကန်ခွင့်မသာချိန်မှာ ဖြတ်တင်ဘောအဖြစ် ဖန်တီးပေးခဲ့တာကို လက်ပတ်ကြီးနဲ့ ဆရာကြီးက အလွတ်ကြီး ခေါင်းတိုက်ခွင့်ရရာမှာ ဘားပေါ်ကျော်သွားခဲ့လို့ ပရိသတ်တွေ ငိုချင်စရာကောင်းလောက်အောင် စိတ်ပျက်ခဲ့ရသေးတာပါ။

ရော်နယ်လ်ဒိုကတော့ ဂိုးသမား ဖော်စတာနဲ့ လုံးဝကို နက္ခတ်ချင်းမတည့်ဘဲ မွေးလာသလား ထင်ရပြီး သူတို့နှစ်ယောက် တွေ့လိုက်တိုင်း ဘောလုံးက အင်္ဂလန်လက်ရွေးစင်ဟောင်းအတွက်ပဲဖြစ်နေခဲ့သလို ပထမပိုင်းမှာတော့ ယူနိုက်တက်ကစားသမားတိုင်းက တောင်ကန်မြောက်ကန်တာဝန်ကို ကျေပွန်ခဲ့ကြပြီး ၁၃ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို ဝတ်ဖို့ဒ်ကတော့ ၄ ကြိမ်မှာ တစ်ကြိမ်မှ မတည့်ဘဲ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်အပြီး သိပ်မကြာခင်မှာပဲ ပေါ့ဘာက ဘယ်ခြမ်းကနေ နားလည်ရခက်တဲ့ ကန်ချက်နဲ့ ဖြုန်းတီးခဲ့ပြန်သလို ဒင်းနစ်က ပြန်လည်ခြိမ်းခြောက်ခဲ့ပေမယ့် ရင်ခုန်စရာ မရှိခဲ့ချိန်မှာ လူချင်းထိရာမှာ ဘောလုံးကိုပါ ပါးပါးနပ်နပ် ဖျက်နိုင်ခဲ့တဲ့ ကာမာရာကြောင့် ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီတောင်းမှုက အလဟဿပဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၅၆ မိနစ်မှာ ဖရက်ဒ်ပေးတာကို ပေါ့ဘာ နောက်ပေါက်နဲ့ ချိတ်ပေးရာမှာ အီလန်ဂါ အနီးကပ်ကန်ခွင့်ရခဲ့ပေမယ့် ဘယ်ခြေကန်ချက်ကတော့ ဂိုးတိုင်ဘေးက ထွက်သွားခဲ့ပြန်သလို ဖာနန်ဒက်စ်ရဲ့ တစ်ကိုယ်တော် အလိမ်အခေါက်နဲ့ ဘယ်ခြမ်းက အနိမ့်ဘော ချိုးပေးတာကို ရော်နယ်လ်ဒိုရဲ့ ပိတ်ချက်က နောက်ခံလူနဲ့ပဲ ထိခဲ့တာကတော့ ပေါ်တူဂီသားကြီးကို ပလပ်ကျွတ်သွားစေခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို အကျအန Volley ကန်ဖို့ ရွယ်ထားတဲ့ ရော်နယ်လ်ဒိုတစ်ယောက် ကြားထဲကနေ ပေါ့ဘာရဲ့ မမီမကမ်း ခေါင်းဝင်တိုက်မှုကြောင့် အရုပ်ကြိုးပြတ်သလို စိတ်ပျက်ခဲ့ရပြန်ပြီး ၃၆ နှစ်သားကြီးကို ကြည့်လာခဲ့ရသမျှ သက်တမ်းတစ်လျှောက်မှာ ဒီနေ့လောက် စိတ်ပျက်စရာကြုံခဲ့ရတဲ့နေ့မျိုး အရင်က ရှိခဲ့ဖူးသလားလို့ တွေးစရာဖြစ်ခဲ့သလို ရှိခဲ့ရင်လည်း ဒီထက်တော့ ပိုမဆိုးနိုင်ဘူးလို့ ယုံရလောက်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဖရက်ဒ်အစား ဆန်ချို၊ မာတစ်ချ်အစား ရက်ရှ်ဖို့ဒ်နဲ့ အဲလက်စ် တဲလက်စ်အစား လုခ်ရှောတို့ ဝင်ကစားခဲ့ပေမယ့် ဂိုးပေါက်တည့်ဖို့တောင် မစွမ်းဆောင်နိုင်တော့ဘဲ ဒုတိယပိုင်းမှာ ၉ ကြိမ်မှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို တစ်ပွဲလုံးကန်ချက် ၂၂ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့မှုနဲ့အတူ ယူနိုက်တက်တို့ အိုးလ်ထရက်ဒ်ဖို့က ပွဲချိန်အပြည့်မှာတော့ ဝတ်ဖို့ဒ်ဆီက သရေတစ်မှတ်သာ ရလိုက်တာလည်းဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ ၂၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၇ မှတ်နဲ့ လက်ထဲမှာ ပွဲကျန်တွေ အလုံအလောက် ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်နဲ့ စပါးစ်တို့ကို လက်ရှိ အဆင့် ၄ နေရာကို လွှဲပေးရဖို့ နီးစပ်လာခဲ့ချိန်မှာ ဝတ်ဖို့ဒ်တို့ကလည်း အဖိုးတန် သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပေမယ့် တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့တော့ မလွယ်ကူသေးဘဲ အသင်းကြီးတွေနဲ့ ဆက်တိုက်ဆုံတွေ့နေမှုမှာ အန္တရာယ်များနေခဲ့ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကို နည္းျပ ရန္းနစ္ခ္က အမွားမ်ားတဲ့ အေၾကာင္းျပခ်က္နဲ႔ ပြဲထြက္လူစာရင္းကေန ဖယ္ထုတ္ခဲ့လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က လက္ပတ္ကို လႊဲေျပာင္းယူခဲ့ရခ်ိန္မွာ တျခားအဓိကကစားသမားေတြျဖစ္ၾကတဲ့ လင္ဒီေလာ့ဖ္၊ ဗာ႐ြန္း၊ ေပါ့ဘာ၊ ဖရက္ဒ္၊ မာတစ္ခ်္၊ ေရာ္နယ္လ္ဒိုတို႔ ပါဝင္ခဲ့ၿပီး ေျခစြမ္းျပေနတဲ့ ဆန္ခ်ိဳကိုေတာ့ အီလန္ဂါအစား ခ်န္လွပ္ခဲ့ပါတယ္။

ဝတ္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား ေဖာ္စတာကို ေနရာျပန္ေပးခဲ့ခ်ိန္မွာ အာဖရိကသားေတြနဲ႔ အသင္းကို အဓိက တည္ေဆာက္ထားခဲ့ၿပီး ဂမ္ဘီယာႏြယ္ဖြား ေနာ္ေဝသား ဂ်ိဳရႉအာကင္း၊ ႏိုင္ဂ်ီးရီးယားရဲ႕ ဒင္းနစ္၊ ဆီနီေဂါရဲ႕ အစၥမိုင္လာ ဆားရ္၊ ေမာ္႐ိုကိုရဲ႕ လူဇာ၊ အိုင္ဗရီကို႔စ္ရဲ႕ ကာမာရာတို႔ ပါဝင္ခဲ့သလို ရာနီေရးရီဆီမွာ ကပၸတိန္ျဖစ္ဖို႔ ေရပန္းစားခဲ့တဲ့ ထ႐ုစ္-အီေကာင္ကေတာ့ ႐ြိဳင္းေဟာ့ဆန္လက္ထက္မွာ ေနရာေပ်ာက္ၿပီး အရန္ခုံမွာပဲ မာဆီနာနဲ႔အတူ ရွိေနခဲ့ရတာပါ။

မန္ခ်က္စတာယူႏိုက္တက္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာ၊ ကစားသမား အဆင့္အတန္းအသာနဲ႔ ပြဲစကတည္းက ဖိကစားခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုရဲ႕ တန္ျပန္တိုက္စစ္ဆင္တာကို ေနာက္က ပတ္ေျပးၿပီး လုသြားတဲ့ ဂ်ိဳရႉအာကင္းရဲ႕ လုပ္ပုံက သူ႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ၿပီး ဘူပိတ္သြားေစခဲ့သလားလို႔ ထင္စရာျဖစ္ခဲ့သလို သိပ္မၾကာခင္ ပြဲခ်ိန္ ၄ မိနစ္မွာ ဝန္ဘစ္ဆာကာရဲ႕ ျဖတ္တင္မႈကို တစ္ခ်က္ထိန္းကန္ခဲ့ရာမွာ တိုင္ေျခနဲ႔ပဲ မိတ္ဆက္သြားခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ အီလန္ဂါ ဆြဲေပးလာၿပီး ထိုးေပးတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ရသြားခ်ိန္မွာ သူ႔ကို ထိုးမေပးဘဲ ဂိုးသမား ေဖာ္စတာတည့္တည့္ကို ကန္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကို အသင့္ေနရာယူထားတဲ့ ေရာ္နယ္လ္ဒိုက ေပါက္ကြဲခဲ့သလို တကယ္တမ္းသာ မကန္ဘဲ လူေပးခဲ့မယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ ဂိုးျဖစ္ႏိုင္ခဲ့တဲ့ အေနအထားလည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အဲလက္စ္ တဲလက္စ္ ျဖတ္ပို႔ရာကေန ေရာ္နယ္လ္ဒိုပဲ ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံရျပန္သလို ပြဲခ်ိန္ ၁၉ မိနစ္မွာ ေပါ့ဘာရဲ႕ ကြင္းလယ္ကေန ျဖတ္တင္ေပးတဲ့ Early Cross ကေန ဘ႐ူႏို ဖာနန္ဒက္စ္က လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး အနီးကပ္ ပိတ္သြင္းခြင့္ရရွိခဲ့ေပမယ့္ တိုင္ေဘးက လြဲေခ်ာ္သြားခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ ဝတ္ဖို႔ဒ္ေနာက္ခံလူ ကက္သ္ကတ္ မမိမရဖ်က္တာကေန ထိန္းေပးလိုက္သလိုျဖစ္သြားတဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုက ဂိုးသမား ေဖာ္စတာကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ကန္ခြင့္မသာခ်ိန္မွာ ျဖတ္တင္ေဘာအျဖစ္ ဖန္တီးေပးခဲ့တာကို လက္ပတ္ႀကီးနဲ႔ ဆရာႀကီးက အလြတ္ႀကီး ေခါင္းတိုက္ခြင့္ရရာမွာ ဘားေပၚေက်ာ္သြားခဲ့လို႔ ပရိသတ္ေတြ ငိုခ်င္စရာေကာင္းေလာက္ေအာင္ စိတ္ပ်က္ခဲ့ရေသးတာပါ။

ေရာ္နယ္လ္ဒိုကေတာ့ ဂိုးသမား ေဖာ္စတာနဲ႔ လုံးဝကို နကၡတ္ခ်င္းမတည့္ဘဲ ေမြးလာသလား ထင္ရၿပီး သူတို႔ႏွစ္ေယာက္ ေတြ႕လိုက္တိုင္း ေဘာလုံးက အဂၤလန္လက္ေ႐ြးစင္ေဟာင္းအတြက္ပဲျဖစ္ေနခဲ့သလို ပထမပိုင္းမွာေတာ့ ယူႏိုက္တက္ကစားသမားတိုင္းက ေတာင္ကန္ေျမာက္ကန္တာဝန္ကို ေက်ပြန္ခဲ့ၾကၿပီး ၁၃ ႀကိမ္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့သလို ဝတ္ဖို႔ဒ္ကေတာ့ ၄ ႀကိမ္မွာ တစ္ႀကိမ္မွ မတည့္ဘဲ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္အၿပီး သိပ္မၾကာခင္မွာပဲ ေပါ့ဘာက ဘယ္ျခမ္းကေန နားလည္ရခက္တဲ့ ကန္ခ်က္နဲ႔ ျဖဳန္းတီးခဲ့ျပန္သလို ဒင္းနစ္က ျပန္လည္ၿခိမ္းေျခာက္ခဲ့ေပမယ့္ ရင္ခုန္စရာ မရွိခဲ့ခ်ိန္မွာ လူခ်င္းထိရာမွာ ေဘာလုံးကိုပါ ပါးပါးနပ္နပ္ ဖ်က္ႏိုင္ခဲ့တဲ့ ကာမာရာေၾကာင့္ ေရာ္နယ္လ္ဒိုရဲ႕ ပင္နယ္တီေတာင္းမႈက အလဟႆပဲ ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာ ဖရက္ဒ္ေပးတာကို ေပါ့ဘာ ေနာက္ေပါက္နဲ႔ ခ်ိတ္ေပးရာမွာ အီလန္ဂါ အနီးကပ္ကန္ခြင့္ရခဲ့ေပမယ့္ ဘယ္ေျခကန္ခ်က္ကေတာ့ ဂိုးတိုင္ေဘးက ထြက္သြားခဲ့ျပန္သလို ဖာနန္ဒက္စ္ရဲ႕ တစ္ကိုယ္ေတာ္ အလိမ္အေခါက္နဲ႔ ဘယ္ျခမ္းက အနိမ့္ေဘာ ခ်ိဳးေပးတာကို ေရာ္နယ္လ္ဒိုရဲ႕ ပိတ္ခ်က္က ေနာက္ခံလူနဲ႔ပဲ ထိခဲ့တာကေတာ့ ေပၚတူဂီသားႀကီးကို ပလပ္ကြၽတ္သြားေစခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာ ဖာနန္ဒက္စ္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို အက်အန Volley ကန္ဖို႔ ႐ြယ္ထားတဲ့ ေရာ္နယ္လ္ဒိုတစ္ေယာက္ ၾကားထဲကေန ေပါ့ဘာရဲ႕ မမီမကမ္း ေခါင္းဝင္တိုက္မႈေၾကာင့္ အ႐ုပ္ႀကိဳးျပတ္သလို စိတ္ပ်က္ခဲ့ရျပန္ၿပီး ၃၆ ႏွစ္သားႀကီးကို ၾကည့္လာခဲ့ရသမွ် သက္တမ္းတစ္ေလွ်ာက္မွာ ဒီေန႔ေလာက္ စိတ္ပ်က္စရာႀကဳံခဲ့ရတဲ့ေန႔မ်ိဳး အရင္က ရွိခဲ့ဖူးသလားလို႔ ေတြးစရာျဖစ္ခဲ့သလို ရွိခဲ့ရင္လည္း ဒီထက္ေတာ့ ပိုမဆိုးႏိုင္ဘူးလို႔ ယုံရေလာက္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ဖရက္ဒ္အစား ဆန္ခ်ိဳ၊ မာတစ္ခ်္အစား ရက္ရွ္ဖို႔ဒ္နဲ႔ အဲလက္စ္ တဲလက္စ္အစား လုခ္ေရွာတို႔ ဝင္ကစားခဲ့ေပမယ့္ ဂိုးေပါက္တည့္ဖို႔ေတာင္ မစြမ္းေဆာင္ႏိုင္ေတာ့ဘဲ ဒုတိယပိုင္းမွာ ၉ ႀကိမ္မွာ ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့သလို တစ္ပြဲလုံးကန္ခ်က္ ၂၂ ႀကိမ္မွာ ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့မႈနဲ႔အတူ ယူႏိုက္တက္တို႔ အိုးလ္ထရက္ဒ္ဖို႔က ပြဲခ်ိန္အျပည့္မွာေတာ့ ဝတ္ဖို႔ဒ္ဆီက သေရတစ္မွတ္သာ ရလိုက္တာလည္းျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔ ၂၇ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၄၇ မွတ္နဲ႔ လက္ထဲမွာ ပြဲက်န္ေတြ အလုံအေလာက္ ပိုင္ဆိုင္ထားတဲ့ အာဆင္နယ္နဲ႔ စပါးစ္တို႔ကို လက္ရွိ အဆင့္ ၄ ေနရာကို လႊဲေပးရဖို႔ နီးစပ္လာခဲ့ခ်ိန္မွာ ဝတ္ဖို႔ဒ္တို႔ကလည္း အဖိုးတန္ သေရတစ္မွတ္ကို ရယူႏိုင္ခဲ့ေပမယ့္ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔ေတာ့ မလြယ္ကူေသးဘဲ အသင္းႀကီးေတြနဲ႔ ဆက္တိုက္ဆုံေတြ႕ေနမႈမွာ အႏၲရာယ္မ်ားေနခဲ့ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.