Ligue1

ရော်နယ်လ်ဒိုနဲ့ အတူတူကစားခွင့်ကို ငြင်းပယ်ပြီး ဝေးရာသွားဖို့ ကြံရွယ်နေတဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ နည်းပြသစ်ဖြစ်လာနိုင်တဲ့ ဇီဒန်းသာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့မယ်ဆိုရင် အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဇီဒန်းဟာ လာမယ့်ရာသီမှာ ပိုချက်တီနိုရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ရေပန်းအစားဆုံးဖြစ်နေသူဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လူမျိုးနည်းပြရဲ့ အဓိက ရည်မှန်းချက်ဟာ ယခုလာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ များနေတဲ့ ခီလီယန် အမ်ဘာပေရဲ့နေရာမှာ တိုက်စစ်မှူးတစ်ဦးကို အစားထိုးခေါ်ယူဖို့ ဖြစ်လာမှာဖြစ်ပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို အမ်ဘာပေရဲ့နေရာမှာ အစားထိုးခေါ်ယူဖွယ်ရှိနေတယ်ဆိုပေမယ့် ဇီဒန်းက အသင်းအနေနဲ့ နော်ဝေကြယ်ပွင့်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် နောက်ထပ်ရွေးချယ်စရာအဖြစ် ယူဆနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ခရစ္စတီယာနို ရော်နယ်လ်ဒို ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာမယ့် အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

မက်ဆီအနေနဲ့ ဇီဒန်းသာ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူခဲ့မယ်ဆိုရင် ပဲရစ်ကို စွန့်ခွာဖို့အတွက် ကြိုးပမ်းသွားလိမ့်မယ်လို့ ဖြစ်တယ်လို့ သိရပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းအနေနဲ့ ဂူတစ်ဂူထဲမှာ ခြင်္သေ့ ၂ ကောင် အောင်းချင်တဲ့ဆန္ဒရှိမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇီဒန်းဟာ ၎င်းရဲ့နည်းပြဘဝမှာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကို နည်းပြဖို့ အခွင့်အရေးကို လိုချင်နေပြီး သိပ်မကြာခင်ကာလအတွင်း ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ ယခုရာသီမှာ တော်တော်လေး အားကောင်းတဲ့ရာသီကို ပိုင်ဆိုင်ထားပေမယ့်လည်း ၎င်းတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ပြသခဲ့ကြတဲ့ စွမ်းဆောင်ရည်အဆင့်အတန်းမျိုးအတိုင်းတော့ ထပ်တူ ပြန်လည် ပြသနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ရာသီအစကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အရှိန်အဟုန် ကျဆင်းလာခဲ့တာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၁၅ ဂိုးသွင်းယူပေးထားပြီး ယူနိုက်တက်ရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပေမယ့် နှစ်သစ်ကို ကူးပြောင်းပြီးကတည်းက ၁ ဂိုးသာ သွင်းယူနိုင်သေးတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လီယွန်နယ် မက်ဆီဟာ ရာသီကို နှေးကွေးစွာ စတင်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသလာနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ လိဂန်းအသင်းကြီးအတွက် ပုံမှန်ခြေစွမ်း ပြန်လည်ရှာတွေ့လာခဲ့ပုံ ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ နည္းျပသစ္ျဖစ္လာနိုင္တဲ့ ဇီဒန္းသာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို ေခၚယူခဲ့မယ္ဆိုရင္ အသင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဇီဒန္းဟာ လာမယ့္ရာသီမွာ ပိုခ်က္တီနိုရဲ့ေနရာကို ဆက္ခံမယ့္သူအျဖစ္ ေရပန္းအစားဆုံးျဖစ္ေနသူျဖစ္ၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ကိုင္တြယ္ဖို႔ ပရီးမီးယားလိဂ္ကို ျပန္လာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ျပင္သစ္လူမ်ိဳးနည္းျပရဲ့ အဓိက ရည္မွန္းခ်က္ဟာ ယခုလာမယ့္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ မ်ားေနတဲ့ ခီလီယန္ အမ္ဘာေပရဲ့ေနရာမွာ တိုက္စစ္မႉးတစ္ဦးကို အစားထိုးေခၚယူဖို႔ ျဖစ္လာမွာျဖစ္ပါတယ္။

El Nacional ရဲ့ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို အမ္ဘာေပရဲ့ေနရာမွာ အစားထိုးေခၚယူဖြယ္ရွိေနတယ္ဆိုေပမယ့္ ဇီဒန္းက အသင္းအေနနဲ႔ ေနာ္ေဝၾကယ္ပြင့္ကို မေခၚယူနိုင္ခဲ့ဘူးဆိုရင္ ေနာက္ထပ္ေရြးခ်ယ္စရာအျဖစ္ ယူဆေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အာဂ်င္တီးနားလက္ေရြးစင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီက ခရစၥတီယာနို ေရာ္နယ္လ္ဒို ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕လာမယ့္ အစီအစဥ္ကို လက္ခံမွာမဟုတ္ဘူးလို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

မက္ဆီအေနနဲ႔ ဇီဒန္းသာ ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးကို ေခၚယူခဲ့မယ္ဆိုရင္ ပဲရစ္ကို စြန႔္ခြာဖို႔အတြက္ ႀကိဳးပမ္းသြားလိမ့္မယ္လို႔ ျဖစ္တယ္လို႔ သိရၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းအေနနဲ႔ ဂူတစ္ဂူထဲမွာ ျခေသၤ့ ၂ ေကာင္ ေအာင္းခ်င္တဲ့ဆႏၵရွိမွာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ဇီဒန္းဟာ ၎ရဲ့နည္းျပဘဝမွာ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးကို နည္းျပဖို႔ အခြင့္အေရးကို လိုခ်င္ေနၿပီး သိပ္မၾကာခင္ကာလအတြင္း ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးအေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕မလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ ၂ ဦးစလုံးဟာ ယခုရာသီမွာ ေတာ္ေတာ္ေလး အားေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ထားေပမယ့္လည္း ၎တို႔ ၂ ဦးစလုံးဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက ျပသခဲ့ၾကတဲ့ စြမ္းေဆာင္ရည္အဆင့္အတန္းမ်ိဳးအတိုင္းေတာ့ ထပ္တူ ျပန္လည္ ျပသနိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ရာသီအစကို အေကာင္းဆုံးပုံစံနဲ႔ စတင္နိုင္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ အရွိန္အဟုန္ က်ဆင္းလာခဲ့တာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၂၉ ပြဲမွာ ၁၅ ဂိုးသြင္းယူေပးထားၿပီး ယူနိုက္တက္ရဲ့ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနေပမယ့္ ႏွစ္သစ္ကို ကူးေျပာင္းၿပီးကတည္းက ၁ ဂိုးသာ သြင္းယူနိုင္ေသးတာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း လီယြန္နယ္ မက္ဆီဟာ ရာသီကို ေႏွးေကြးစြာ စတင္ခဲ့ေပမယ့္ ၂၀၂၂ ခုႏွစ္မွာေတာ့ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသလာနိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ေနာက္ဆုံး ၅ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ လိဂန္းအသင္းႀကီးအတြက္ ပုံမွန္ေျခစြမ္း ျပန္လည္ရွာေတြ႕လာခဲ့ပုံ ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.