Ligue1

ပက်စီရဲ့ကြော်ငြာအသစ်မှာ ပြန်လည်ပေါင်းစည်းခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒင်ညို

ဘောလုံးပြိုင်ပွဲမှာ ကစားဖူးသမျှထဲ အကောင်းဆုံးကစားသမားတွေထဲက ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒင်ညိုတို့ဟာ ၎င်းတို့ရဲ့ သူမတူတဲ့ ပါရမီစွမ်းရည်တွေနဲ့ ဘာစီလိုနာပရိသတ်တွေကို နှစ်ပေါင်းများစွာ ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သူတွေဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ ၁၆ နှစ်ကြာ ကာလအတွင်း အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာပြီးနောက် နူးကမ့်မှာ ၎င်းရဲ့ အမွေအနှစ်တွေကို အခိုင်အမာ မချန်ရစ်မီ ဘရာဇီးလ် မှော်ဆရာ ရော်နယ်လ်ဒင်ညိုဟာ ကတ်တလန်ထိပ်သီးအသင်းကြီးရဲ့ သရဖူက ရတနာတစ်ပါးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီကစားသမား ၂ ဦးဟာ ကွင်းထဲမှာ ဘာစီလိုနာအတွက် ပူးပေါင်းကစားပေးခဲ့တဲ့ချိန်မှာ မှော်ဆန်တဲ့အခိုက်အတန့်တွေ ပြည့်နှက်နေခဲ့ပြီး အစောပိုင်းကာလကတည်းက အပြန်အလှန်နားလည်မှုတွေရှိခဲ့ကြတယ်ဆိုတာ ၂၀၀၅ ခုနှစ်တုန်းက အယ်ဘာစီတီနဲ့ ပွဲမှာ မက်ဆီရဲ့ပထမဆုံးသွင်းဂိုးကို ရော်နယ်လ်ဒင်ညိုက ဖန်တီးပေးခဲ့ပြီး သက်သေပြခဲ့တာဖြစ်ပါတယ်။

စိတ်မကောင်းစရာကောင်းတာက ရော်နယ်လ်ဒင်ညိုဟာ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ၎င်းတို့ရဲ့ တိုက်စစ်အတွဲကို မြင်တွေ့ရတဲ့ကာလဟာ ထင်ထားတာထက် တိုတောင်းခဲ့တာဖြစ်ပေမယ့် ၎င်းတို့ ၂ ဦးဟာ ထူးခြားဆန်းကြယ်တဲ့ဘာစီလိုနာအသင်းအတွက် တစ်စိတ်တပိုင်းအဖြစ် အတူတူ ကစားနေချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဒီ ကစားသမား ၂ ဦး အတူတူ ဓာတ်ပုံတွဲရိုက်တဲ့အခါတိုင်း ကမ္ဘာတလွှားမှာ ရှိတဲ့ ပရိသတ်သန်းပေါင်းများစွာရဲ့ ရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ဝေဒနာတစ်ခုကို ခံစားခဲ့ကြရတာဖြစ်ပြီး တောင်အမေရိကကြယ်ပွင့် ၂ ဦးဟာ နောက်ထပ်တစ်ကြိမ် ပက်စီအတွက် ကြော်ငြာအသစ်မှာ ပူးတွဲရိုက်ကူးခဲ့ကြပြန်တာဖြစ်ပါတယ်။

 

မက်ဆီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပက်စီအချိုရည်ကုမ္ပဏီအတွက် ကြော်ငြာပေါင်းများစွာ ပါဝင်သရုပ်ဆောင်ပေးခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Pepsi Max ကြော်ငြာမှာဆိုရင် မို ဆာလား၊ စတားလင်း၊ ပေါ့ဂ်ဘာတို့နဲ့အတူ သရုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ် လအနည်းငယ်အကြာမှာ မက်ဆီက ပက်စီသံဗူးတွေကို အသုံးပြုပြီး လှည့်ကွက်ပါတဲ့ အထင်ကြီးဖွယ် ကန်သွင်းချက်တွေနဲ့အတူ ကမ္ဘာတလွှားက ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

ပက်စီသံဗူး ၂ ဗူးကို ထပ်ထားတာကို မက်ဆီက တင်းနစ်ဘောလုံးကို တော့ရင်းနဲ့ အောက်ခြေက သံဗူးကို မြေမကျကန်ခဲ့တာဖြစ်ပြီး အပေါ်က သံဗူးဟာ မြေကြီးအပေါ်မှာ ပုံစံမပျက် အတည့် ပြန်ကျလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းအတွက် နောက်ဆုံး အတူတူတွဲကစားခဲ့တာ ၁၄ နှစ်နီးပါး ကြာမြင့်နေချိန်မှာ မက်ဆီနဲ့ ရော်နယ်လ်ဒင်ညိုတို့ ၂ ဦးဟာ နောက်ထပ်တစ်ကြိမ် ပြန်လည်ဆုံဆည်းခဲ့ကြပြီဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ‘Pepsi Pong’ ပြိုင်ပွဲမှာ ပြိုင်ဘက်တွေအဖြစ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဂန္တဝင် ၂ ဦးဆီကနေ ပရိသတ်တွေ မျှော်မှန်းထားတဲ့အတိုင်းပဲ ၂ ဦးစလုံးဟာ ၎င်းတို့ရဲ့ ကန်ချက်တွေကို အလွန်ထူးခြားတဲ့ပုံစံနဲ့ ကန်သွင်းခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်လ်ဒင်ညိုက ပင်ပေါင်ဘောလုံးကို တော့ရင်း ပက်စီခွက်ထဲကို အဝေးကန်ချက်နဲ့ လှမ်းသွင်းခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီကတော့ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ကန်သွင်းခဲ့တဲ့ ပင်ပေါင်ဘောလုံးကို ပက်စီခွက်ထဲက ပြန်ဆယ်ယူပြီးနောက် ပက်စီခွက်ကို အားဖြည့်တဲ့အနေနဲ့ မော့သောက်ပြခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်စရာကတော့ အခုမှ စတင်မှာဖြစ်ပြီး မက်ဆီက ရော်နယ်လ်ဒင်ညိုအနားမှာ ရှိနေတဲ့ ပက်စီ ၃ ခွက်တင်ထားတဲ့ စင်ကို အစောက ဆယ်ယူထားတဲ့ ပင်ပေါင်ဘောလုံးနဲ့ ကန်ခဲ့ရာမှာ စင်ပေါ်မှာ တင်ထားတဲ့ ပင်ပေါင်ဘောလုံး ၃ လုံးက ခွက် ၃ ခွက်ထဲကို တပြိုင်နက်တည်း လှလှပပ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒင်ညိုက အဲဒီပက်စီ ကြော်ငြာဗီဒီယိုကို ၎င်းရဲ့ တွစ်တာအကောင့်ကနေ ပြန်လည် မျှဝေပေးခဲ့ပြီး “လီယို မက်ဆီနဲ့အတူ မှော်ဆန်ဆန် ဖန်တီးခြင်းနဲ့ ကျွန်တော် အနှစ်သက်ဆုံး ဂိမ်းအသစ်ပါ”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးၿပိဳင္ပြဲမွာ ကစားဖူးသမၽွထဲ အေကာင္းဆုံးကစားသမားေတြထဲက ၂ ဦးျဖစ္တဲ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒင္ညိဳတို႔ဟာ ၎တို႔ရဲ့ သူမတူတဲ့ ပါရမီစြမ္းရည္ေတြနဲ႔ ဘာစီလိုနာပရိသတ္ေတြကို ႏွစ္ေပါင္းမ်ားစြာ ရင္ခုန္စိတ္လႈပ္ရွားေစခဲ့သူေတြျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းမွာ ကစားခဲ့တဲ့ ၁၆ ႏွစ္ၾကာ ကာလအတြင္း အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာၿပီးေနာက္ ႏူးကမ့္မွာ ၎ရဲ့ အေမြအႏွစ္ေတြကို အခိုင္အမာ မခ်န္ရစ္မီ ဘရာဇီးလ္ ေမွာ္ဆရာ ေရာ္နယ္လ္ဒင္ညိဳဟာ ကတ္တလန္ထိပ္သီးအသင္းႀကီးရဲ့ သရဖူက ရတနာတစ္ပါးျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒီကစားသမား ၂ ဦးဟာ ကြင္းထဲမွာ ဘာစီလိုနာအတြက္ ပူးေပါင္းကစားေပးခဲ့တဲ့ခ်ိန္မွာ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ ျပည့္ႏွက္ေနခဲ့ၿပီး အေစာပိုင္းကာလကတည္းက အျပန္အလွန္နားလည္မႈေတြရွိခဲ့ၾကတယ္ဆိုတာ ၂၀၀၅ ခုႏွစ္တုန္းက အယ္ဘာစီတီနဲ႔ ပြဲမွာ မက္ဆီရဲ့ပထမဆုံးသြင္းဂိုးကို ေရာ္နယ္လ္ဒင္ညိဳက ဖန္တီးေပးခဲ့ၿပီး သက္ေသျပခဲ့တာျဖစ္ပါတယ္။

စိတ္မေကာင္းစရာေကာင္းတာက ေရာ္နယ္လ္ဒင္ညိဳဟာ ၂၀၀၈ ခုႏွစ္ ဇူလိုင္လမွာ ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တာေၾကာင့္ ၎တို႔ရဲ့ တိုက္စစ္အတြဲကို ျမင္ေတြ႕ရတဲ့ကာလဟာ ထင္ထားတာထက္ တိုေတာင္းခဲ့တာျဖစ္ေပမယ့္ ၎တို႔ ၂ ဦးဟာ ထူးျခားဆန္းၾကယ္တဲ့ဘာစီလိုနာအသင္းအတြက္ တစ္စိတ္တပိုင္းအျဖစ္ အတူတူ ကစားေနခ်ိန္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့တာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ဒီ ကစားသမား ၂ ဦး အတူတူ ဓာတ္ပုံတြဲရိုက္တဲ့အခါတိုင္း ကမၻာတလႊားမွာ ရွိတဲ့ ပရိသတ္သန္းေပါင္းမ်ားစြာရဲ့ ရင္ထဲမွာ အမည္မေဖာ္နိုင္တဲ့ ေဝဒနာတစ္ခုကို ခံစားခဲ့ၾကရတာျဖစ္ၿပီး ေတာင္အေမရိကၾကယ္ပြင့္ ၂ ဦးဟာ ေနာက္ထပ္တစ္ႀကိမ္ ပက္စီအတြက္ ေၾကာ္ျငာအသစ္မွာ ပူးတြဲရိုက္ကူးခဲ့ၾကျပန္တာျဖစ္ပါတယ္။

 

မက္ဆီဟာ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ပက္စီအခ်ိဳရည္ကုမၸဏီအတြက္ ေၾကာ္ျငာေပါင္းမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ေပးခဲ့သူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ ရိုက္ကူးခဲ့တဲ့ Pepsi Max ေၾကာ္ျငာမွာဆိုရင္ မို ဆာလား၊ စတားလင္း၊ ေပါ့ဂ္ဘာတို႔နဲ႔အတူ သ႐ုပ္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ လအနည္းငယ္အၾကာမွာ မက္ဆီက ပက္စီသံဗူးေတြကို အသုံးျပဳၿပီး လွည့္ကြက္ပါတဲ့ အထင္ႀကီးဖြယ္ ကန္သြင္းခ်က္ေတြနဲ႔အတူ ကမၻာတလႊားက ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

ပက္စီသံဗူး ၂ ဗူးကို ထပ္ထားတာကို မက္ဆီက တင္းနစ္ေဘာလုံးကို ေတာ့ရင္းနဲ႔ ေအာက္ေျခက သံဗူးကို ေျမမက်ကန္ခဲ့တာျဖစ္ၿပီး အေပၚက သံဗူးဟာ ေျမႀကီးအေပၚမွာ ပုံစံမပ်က္ အတည့္ ျပန္က်လာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းအတြက္ ေနာက္ဆုံး အတူတူတြဲကစားခဲ့တာ ၁၄ ႏွစ္နီးပါး ၾကာျမင့္ေနခ်ိန္မွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒင္ညိဳတို႔ ၂ ဦးဟာ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ဆုံဆည္းခဲ့ၾကၿပီျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ‘Pepsi Pong’ ၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ေတြအျဖစ္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဂႏၲဝင္ ၂ ဦးဆီကေန ပရိသတ္ေတြ ေမၽွာ္မွန္းထားတဲ့အတိုင္းပဲ ၂ ဦးစလုံးဟာ ၎တို႔ရဲ့ ကန္ခ်က္ေတြကို အလြန္ထူးျခားတဲ့ပုံစံနဲ႔ ကန္သြင္းခဲ့ၾကတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒင္ညိဳက ပင္ေပါင္ေဘာလုံးကို ေတာ့ရင္း ပက္စီခြက္ထဲကို အေဝးကန္ခ်က္နဲ႔ လွမ္းသြင္းခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီကေတာ့ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉး ကန္သြင္းခဲ့တဲ့ ပင္ေပါင္ေဘာလုံးကို ပက္စီခြက္ထဲက ျပန္ဆယ္ယူၿပီးေနာက္ ပက္စီခြက္ကို အားျဖည့္တဲ့အေနနဲ႔ ေမာ့ေသာက္ျပခဲ့တာျဖစ္ပါတယ္။

အံ့အားသင့္စရာကေတာ့ အခုမွ စတင္မွာျဖစ္ၿပီး မက္ဆီက ေရာ္နယ္လ္ဒင္ညိဳအနားမွာ ရွိေနတဲ့ ပက္စီ ၃ ခြက္တင္ထားတဲ့ စင္ကို အေစာက ဆယ္ယူထားတဲ့ ပင္ေပါင္ေဘာလုံးနဲ႔ ကန္ခဲ့ရာမွာ စင္ေပၚမွာ တင္ထားတဲ့ ပင္ေပါင္ေဘာလုံး ၃ လုံးက ခြက္ ၃ ခြက္ထဲကို တၿပိဳင္နက္တည္း လွလွပပ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒင္ညိဳက အဲဒီပက္စီ ေၾကာ္ျငာဗီဒီယိုကို ၎ရဲ့ တြစ္တာအေကာင့္ကေန ျပန္လည္ မၽွေဝေပးခဲ့ၿပီး “လီယို မက္ဆီနဲ႔အတူ ေမွာ္ဆန္ဆန္ ဖန္တီးျခင္းနဲ႔ ကၽြန္ေတာ္ အႏွစ္သက္ဆုံး ဂိမ္းအသစ္ပါ”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.