Ligue1

မက်ဆီ ရထားတဲ့ ဘလွန်ဒေါအရေအတွက်ကို လစ်လျူရှုသလို ပြောဆိုခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေက အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းမှာ အသားကျဖို့အတွက် ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တာကြောင့် မက်ဆီရဲ့ ဘလွန်ဒေါဆုအရေအတွက်ဟာ ပဲရစ်မှာ ဘာမှမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြဿနာအများအပြားရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ တသက်တာအကောင်းဆုံးကစားသမားဆိုတာ အငြင်းပွားစရာမရှိဘဲ စပိန်မှာ စံချိန်ပေါင်းမြောက်မြားစွာကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ၎င်းရဲ့ စွမ်းဆောင်ရည်ကို ပြင်သစ်မှာ တထပ်တည်း ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ စန်အီတျန်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပေမယ့် ယခုရာသီ ပွဲပေါင်း ၂၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးသာ သွင်းယူထားနိုင်သေးတာ ဖြစ်ပါတယ်။ မက်ဆီဟာ ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ၎င်းရဲ့ ဂိုးအရေအတွက် အနည်းဆုံးရာသီနဲ့ ရင်ဆိုင်ရတော့မယ့် အနေအထားမှာရှိနေချိန်မှာ အမ်ဘာပေက မကြာသေးမီက အာဂျင်တီးနားကြယ်ပွင့် ရရှိခဲ့တဲ့ တစ်ဦးချင်းဆုတွေက ဘာမှမဟုတ်ဘူးလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့အသင်းဖော်အနေနဲ့ စွမ်းဆောင်ရည် အခိုင်အမာ မြင့်တက်လာနေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “သူက အရမ်းကောင်းတဲ့ကစားသမားပါ။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘဝအသစ်၊ မြို့အသစ်၊ ကလပ်အသစ်နဲ့ အသားကျအောင် လုပ်နေရတယ်ဆိုတာကို သိနေလို့ပါ။ ခင်ဗျား ဘလွန်ဒေါ ၇ ဆုရထားတယ်ဆိုရင်တောင်မှ ခင်ဗျား အသားကျအောင် လုပ်ရဦးမှာပဲ”

“ဒါပေမယ့် သူက ပိုကောင်းသည်ထက် ကောင်းလာနေပါတယ်။ သူက ပျော်ရွှင်နေပြီး ကျွန်တော် ရာသီရဲ့ ပထမပိုင်းတုန်းက အမြဲပြောခဲ့သလိုပဲ ကျွန်တော်တို့ အရမ်းကောင်းတဲ့မက်ဆီကိုသာ ရမယ်ဆိုရင် ပိုလို့တောင် ကောင်းဦးမယ်ဆိုတာပါ။ သူနဲ့ဆိုရင် အကုန်လုံးက လွယ်ကူသွားပါတယ်။ ကျွန်တော် အမြဲတမ်း အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ ကစားချင်ခဲ့ပြီး အရမ်းကောင်းတဲ့ကစားသမားတွေက အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ပဲ ကစားတာပါ။ ကျွန်တော်တို့ ကွင်းထဲမှာ အထစ်အငေါ့လေးတွေ ရှိပါတယ်။ ကျွန်တော့် တစ်ဦးတည်းအမြင်အရပြောရရင် အဲဒါကို ကျွန်တော် တကယ် ပျော်ရွှင်ပါတယ်”

မက်ဆီနဲ့ ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ အသင်းဖော်ဖြစ်တဲ့ အိန်ဂျယ် ဒီမာရီယာက ၎င်းရဲ့ အသင်းဖော်အတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့အတွက် ကြိုးပမ်းနေပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ၂၀၁၄ ခုနှစ်မှာ ပဲရစ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

“လီယိုက သိပ်မကြာခင်ကမှ ရောက်လာခဲ့တာဆိုတော့ ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးပမ်းရမယ့်အလှည့်ပါ။ သူ့ကို အကြံပေးရမယ့်အလှည့်ဖြစ်ပြီး သူ့အနေနဲ့ တတ်နိုင်သမျှ မြန်မြန်အသားကျအောင်လုပ်ပေးရမှာပါ။ အဲဒါက လူတွေကို ပထမဆုံးနေ့ကနေစပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရအောင်လုပ်ဖို့အတွက် အရေးအကြီးဆုံးအရာလို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေရဲ့ စနေနေ့ညက သွင်းဂိုး ၂ ဂိုးကြောင့် ဇလာတန် အီဘရာဟီမိုဗစ် သွင်းယူပေးခဲ့တဲ့ ၁၅၆ ဂိုးနဲ့ တူညီသွားခဲ့ပြီဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ပီအက်စ်ဂျီအတွက် ဂိုး ၂၀၀ သွင်းယူပေးခဲ့တဲ့ စံချိန်တင်ဂိုးသွင်းရှင် ကာဗာနီကို လိုက်မီဖို့အတွက် သွင်းဂိုးအချို့ လိုအပ်နေသေးတာဖြစ်ပါတယ်။ အမ်ဘာပေဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဥရုဂွေးတိုက်စစ်မှူးရဲ့ စံချိန်ကို အမီလိုက်ဖို့ ရည်ရွယ်ကောင်း ရည်ရွယ်နိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ဇလာတန် ဒီမှာ ဘာလုပ်ခဲ့လဲဆိုတာကို သိတဲ့အခါကျရင် အဲဒါက အထိမ်းအမှတ်တစ်ခုပါပဲ။ ဒီဟာတွေက မြင့်မားတဲ့စံတွေဖြစ်ပြီး ကျွန်တော်တို့က အထူးသီးသန့် စက်ဝိုင်းထဲမှာ ရှိနေတာပါ။ ကျွန်တော် သူနဲ့ သွင်းဂိုးတူညီအောင် လုပ်နိုင်ခဲ့ပြီး ဘာပြဿနာမှ မရှိဘူးဆိုရင် ကျွန်တော် သူ့ကိုတောင် ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ရှေ့မှာ အီဒီရှိနေပါသေးတယ်။ ကျွန်တော်တို့ ဘာတွေဘယ်လိုဖြစ်မလဲ ကြည့်ကြတာပေါ့။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာက ကဲ့ရဲ့ခံရစရာဘာမှမရှိတာ သိသာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေါ့”လို့ အမ်ဘာပေက ထပ်လောင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခီလီယန္ အမ္ဘာေပက အာဂ်င္တီးနားၾကယ္ပြင့္ဟာ အသင္းမွာ အသားက်ဖို႔အတြက္ ဆက္လက္လုပ္ေဆာင္ေနရဆဲျဖစ္တာေၾကာင့္ မက္ဆီရဲ့ ဘလြန္ေဒါဆုအေရအတြက္ဟာ ပဲရစ္မွာ ဘာမွမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ျပႆနာအမ်ားအျပားရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ တသက္တာအေကာင္းဆုံးကစားသမားဆိုတာ အျငင္းပြားစရာမရွိဘဲ စပိန္မွာ စံခ်ိန္ေပါင္းေျမာက္ျမားစြာကို ခ်ိဳးဖ်က္နိုင္ခဲ့ေပမယ့္ ၎ရဲ့ စြမ္းေဆာင္ရည္ကို ျပင္သစ္မွာ တထပ္တည္း ျပသနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ စန္အီတ်န္ကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ စေနေန႔ညပြဲစဥ္မွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးခဲ့ေပမယ့္ ယခုရာသီ ပြဲေပါင္း ၂၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၇ ဂိုးသာ သြင္းယူထားနိုင္ေသးတာ ျဖစ္ပါတယ္။ မက္ဆီဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အၾကာမွာ ၎ရဲ့ ဂိုးအေရအတြက္ အနည္းဆုံးရာသီနဲ႔ ရင္ဆိုင္ရေတာ့မယ့္ အေနအထားမွာရွိေနခ်ိန္မွာ အမ္ဘာေပက မၾကာေသးမီက အာဂ်င္တီးနားၾကယ္ပြင့္ ရရွိခဲ့တဲ့ တစ္ဦးခ်င္းဆုေတြက ဘာမွမဟုတ္ဘူးလို႔ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ျပင္သစ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂ ဂိုးအထိ သြင္းယူနိုင္ခဲ့သူျဖစ္ၿပီး ၎ရဲ့အသင္းေဖာ္အေနနဲ႔ စြမ္းေဆာင္ရည္ အခိုင္အမာ ျမင့္တက္လာေနတယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။ “သူက အရမ္းေကာင္းတဲ့ကစားသမားပါ။ သူ႔အတြက္ ကၽြန္ေတာ္ ေပ်ာ္ရႊင္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ဘဝအသစ္၊ ၿမိဳ႕အသစ္၊ ကလပ္အသစ္နဲ႔ အသားက်ေအာင္ လုပ္ေနရတယ္ဆိုတာကို သိေနလို႔ပါ။ ခင္ဗ်ား ဘလြန္ေဒါ ၇ ဆုရထားတယ္ဆိုရင္ေတာင္မွ ခင္ဗ်ား အသားက်ေအာင္ လုပ္ရဦးမွာပဲ”

“ဒါေပမယ့္ သူက ပိုေကာင္းသည္ထက္ ေကာင္းလာေနပါတယ္။ သူက ေပ်ာ္ရႊင္ေနၿပီး ကၽြန္ေတာ္ ရာသီရဲ့ ပထမပိုင္းတုန္းက အျမဲေျပာခဲ့သလိုပဲ ကၽြန္ေတာ္တို႔ အရမ္းေကာင္းတဲ့မက္ဆီကိုသာ ရမယ္ဆိုရင္ ပိုလို႔ေတာင္ ေကာင္းဦးမယ္ဆိုတာပါ။ သူနဲ႔ဆိုရင္ အကုန္လုံးက လြယ္ကူသြားပါတယ္။ ကၽြန္ေတာ္ အျမဲတမ္း အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔ ကစားခ်င္ခဲ့ၿပီး အရမ္းေကာင္းတဲ့ကစားသမားေတြက အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔ပဲ ကစားတာပါ။ ကၽြန္ေတာ္တို႔ ကြင္းထဲမွာ အထစ္အေငါ့ေလးေတြ ရွိပါတယ္။ ကၽြန္ေတာ့္ တစ္ဦးတည္းအျမင္အရေျပာရရင္ အဲဒါကို ကၽြန္ေတာ္ တကယ္ ေပ်ာ္ရႊင္ပါတယ္”

မက္ဆီနဲ႔ ကလပ္အသင္းမွာေရာ လက္ေရြးစင္အသင္းမွာပါ အသင္းေဖာ္ျဖစ္တဲ့ အိန္ဂ်ယ္ ဒီမာရီယာက ၎ရဲ့ အသင္းေဖာ္အတြက္ လုပ္ေပးနိုင္သမၽွ လုပ္ေပးဖို႔အတြက္ ႀကိဳးပမ္းေနၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၂၀၁၄ ခုႏွစ္မွာ ပဲရစ္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

“လီယိုက သိပ္မၾကာခင္ကမွ ေရာက္လာခဲ့တာဆိုေတာ့ ကၽြန္ေတာ္တို႔ သူ႔ကို ကူညီဖို႔ ႀကိဳးပမ္းရမယ့္အလွည့္ပါ။ သူ႔ကို အႀကံေပးရမယ့္အလွည့္ျဖစ္ၿပီး သူ႔အေနနဲ႔ တတ္နိုင္သမၽွ ျမန္ျမန္အသားက်ေအာင္လုပ္ေပးရမွာပါ။ အဲဒါက လူေတြကို ပထမဆုံးေန႔ကေနစၿပီး သက္ေတာင့္သက္သာရွိတယ္လို႔ ခံစားရေအာင္လုပ္ဖို႔အတြက္ အေရးအႀကီးဆုံးအရာလို႔ ကၽြန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အမ္ဘာေပရဲ့ စေနေန႔ညက သြင္းဂိုး ၂ ဂိုးေၾကာင့္ ဇလာတန္ အီဘရာဟီမိုဗစ္ သြင္းယူေပးခဲ့တဲ့ ၁၅၆ ဂိုးနဲ႔ တူညီသြားခဲ့ၿပီျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ပီအက္စ္ဂ်ီအတြက္ ဂိုး ၂၀၀ သြင္းယူေပးခဲ့တဲ့ စံခ်ိန္တင္ဂိုးသြင္းရွင္ ကာဗာနီကို လိုက္မီဖို႔အတြက္ သြင္းဂိုးအခ်ိဳ႕ လိုအပ္ေနေသးတာျဖစ္ပါတယ္။ အမ္ဘာေပဟာ ယခုရာသီကုန္မွာ အသင္းကေန ထြက္ခြာၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း ဥ႐ုေဂြးတိုက္စစ္မႉးရဲ့ စံခ်ိန္ကို အမီလိုက္ဖို႔ ရည္ရြယ္ေကာင္း ရည္ရြယ္နိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ဇလာတန္ ဒီမွာ ဘာလုပ္ခဲ့လဲဆိုတာကို သိတဲ့အခါက်ရင္ အဲဒါက အထိမ္းအမွတ္တစ္ခုပါပဲ။ ဒီဟာေတြက ျမင့္မားတဲ့စံေတြျဖစ္ၿပီး ကၽြန္ေတာ္တို႔က အထူးသီးသန႔္ စက္ဝိုင္းထဲမွာ ရွိေနတာပါ။ ကၽြန္ေတာ္ သူနဲ႔ သြင္းဂိုးတူညီေအာင္ လုပ္နိုင္ခဲ့ၿပီး ဘာျပႆနာမွ မရွိဘူးဆိုရင္ ကၽြန္ေတာ္ သူ႔ကိုေတာင္ ေက်ာ္ျဖတ္နိုင္မယ္လို႔ ထင္ပါတယ္။ ေရွ႕မွာ အီဒီရွိေနပါေသးတယ္။ ကၽြန္ေတာ္တို႔ ဘာေတြဘယ္လိုျဖစ္မလဲ ၾကည့္ၾကတာေပါ့။ ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္ရတာက ကဲ့ရဲ့ခံရစရာဘာမွမရွိတာ သိသာပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ဘာေတြျဖစ္လာမလဲ ၾကည့္ၾကတာေပါ့”လို႔ အမ္ဘာေပက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.