Bundesliga Premier League Transfer News

လာမယ့် ဧပြီလမှာ အနာဂတ်အတွက် ဆုံးဖြတ်တော့မယ့် ဟာလန်း

အာလင်း ဟာလန်းဟာ လာမယ့် ဧပြီလမှာ ၎င်းရဲ့ အနာဂတ်ဟာ ဘယ်မှာ ရှိနေမလဲဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ဒေါ့မွန်အသင်းရဲ့ ပြောကြားချက်အရ သိရပြီး နော်ဝေကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ထိပ်သီးအသင်းတွေအတွက် အချက်ပေးသံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

နော်ဝေကြယ်ပွင့်ရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက ဖြစ်ပျက်ခဲ့တဲ့အတိုင်း အကြီးမားဆုံးအပြောင်းအရွှေ့ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်လာမှာဖြစ်ပြီး မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်ဂ်ဂျီနဲ့ အခြားထိပ်တန်းအသင်းတွေဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဟာလန်းဟာ ၎င်းရဲ့ အံ့အားသင့်ဖွယ်ကစားသမားဘဝ စတင်မှုကို ယခုရာသီ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲသာ ကစားရသေးချိန်မှာ ၁၆ ဂိုးအထိ သွင်းယူပြီး ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို လျှို့ဝှက်နေခြင်းမရှိဘဲ အသင်းအလုပ်အမှုဆောင်ချုပ် ဟန်စ်-ယိုအာဟင်း ဗာ့စ်ကဲက “အဲဒီကိစ္စက လာမယ့်ရက်သတ္တပတ်အနည်းငယ်၊ တစ်လလည်းဖြစ်ကောင်းဖြစ်နိုင်သလို ၆ ပတ်လည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့အချိန်အတွင်း ဖြေရှင်းသွားမှာ ကျိန်းသေပေါက် ဖြစ်ပါလိမ့်မယ်။ သူသာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့တဲ့နည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ ကျွန်တော်တို့မှာ အရင်တုန်းက ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ပျဲ-အီးမရစ် အူဘာမီယန်းတို့လိုမျိုး ဂိုးသွင်းရှင်တွေကို ဆုံးရှုံးခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဂိုးသွင်းရှင်တစ်စုံတယောက်ကို ရှာဖွေသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ စာချုပ်မှာ ပါဝင်တဲ့ စာချုပ်လျော်ကြေးက ၎င်းကို ယခုလာမယ့် နွေရာသီမှာ ပေါင် ၆၈ သန်းနဲ့ ထွက်ခွာခွင့် ရရှိစေမှာဖြစ်ပေမယ့် ဒေါ့မွန်က နော်ဝေတိုက်စစ်မှူးကို နောက်ထပ်တစ်ရာသီ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုပ်နိုင်သမျှ အရာအားလုံး ကြိုးပမ်းနေတာဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ ယခုနွေရာသီမှာ ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ အာရုံစိုက်သွားမှာဖြစ်တာကြောင့် ဟာလန်းကို ဒေါ့မွန်မှာ နောက်ထပ်တစ်နှစ်လောက် ဒေါ့မွန်မှာ ဆက်နေဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာကြောင့် ဒေါ့မွန်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ မဟာမိတ် ဖြစ်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

ဟာလန်းဟာ စပိန်ကို အပြောင်းရွှေ့ချင်ဆုံးဖြစ်နေတယ်လို့ သိရတာကြောင့် ရီးရဲလ်အနေနဲ့ ခေါ်မယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရှိနေပေမယ့်လည်း ယခုနွေရာသီမှာသာ ဟာလန်းအနေနဲ့ ဒေ့ါမွန်ကို စွန့်ခွာခဲ့မယ်ဆိုရင်တော့ ၎င်းရဲ့ဖခင် ၃ နှစ်ကြာကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းက ပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်းဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာလင္း ဟာလန္းဟာ လာမယ့္ ဧၿပီလမွာ ၎ရဲ့ အနာဂတ္ဟာ ဘယ္မွာ ရွိေနမလဲဆိုတာကို ဆုံးျဖတ္သြားမယ္လို႔ ေဒါ့မြန္အသင္းရဲ့ ေျပာၾကားခ်က္အရ သိရၿပီး ေနာ္ေဝၾကယ္ပြင့္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ ထိပ္သီးအသင္းေတြအတြက္ အခ်က္ေပးသံျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေနာ္ေဝၾကယ္ပြင့္ရဲ့ ေနာက္ထပ္ ေျပာင္းေရႊ႕မယ့္အသင္းဟာ ၿပီးခဲ့တဲ့ကာလေတြတုန္းက ျဖစ္ပ်က္ခဲ့တဲ့အတိုင္း အႀကီးမားဆုံးအေျပာင္းအေရႊ႕ဇာတ္လမ္းေတြထဲက တစ္ခုျဖစ္လာမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာ ယူနိုက္တက္၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ပီအက္ဂ္ဂ်ီနဲ႔ အျခားထိပ္တန္းအသင္းေတြဟာ ဟာလန္းကို ေခၚယူဖို႔အတြက္ အျပင္းအထန္ ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။

ဟာလန္းဟာ ၎ရဲ့ အံ့အားသင့္ဖြယ္ကစားသမားဘဝ စတင္မႈကို ယခုရာသီ ဘြန္ဒက္စ္လီဂါ ၁၄ ပြဲသာ ကစားရေသးခ်ိန္မွာ ၁၆ ဂိုးအထိ သြင္းယူၿပီး ထိန္းသိမ္းထားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ၎တို႔ရဲ့ ၾကယ္ပြင့္ကစားသမားအေနနဲ႔ အသင္းကေန ထြက္ခြာေတာ့မယ္ဆိုတာကို လၽွို႔ဝွက္ေနျခင္းမရွိဘဲ အသင္းအလုပ္အမႈေဆာင္ခ်ဳပ္ ဟန္စ္-ယိုအာဟင္း ဗာ့စ္ကဲက “အဲဒီကိစၥက လာမယ့္ရက္သတၱပတ္အနည္းငယ္၊ တစ္လလည္းျဖစ္ေကာင္းျဖစ္နိုင္သလို ၆ ပတ္လည္း ျဖစ္ေကာင္းျဖစ္နိုင္တဲ့အခ်ိန္အတြင္း ေျဖရွင္းသြားမွာ က်ိန္းေသေပါက္ ျဖစ္ပါလိမ့္မယ္။ သူသာ အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔ အျမဲတမ္းလုပ္ခဲ့တဲ့နည္းလမ္းအတိုင္း ကိုင္တြယ္ေျဖရွင္းသြားမွာပါ။ ကၽြန္ေတာ္တို႔မွာ အရင္တုန္းက ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ ပ်ဲ-အီးမရစ္ အူဘာမီယန္းတို႔လိုမ်ိဳး ဂိုးသြင္းရွင္ေတြကို ဆုံးရႈံးခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းရွင္တစ္စုံတေယာက္ကို ရွာေဖြသြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဟာလန္းရဲ့ စာခ်ဳပ္မွာ ပါဝင္တဲ့ စာခ်ဳပ္ေလ်ာ္ေၾကးက ၎ကို ယခုလာမယ့္ ေႏြရာသီမွာ ေပါင္ ၆၈ သန္းနဲ႔ ထြက္ခြာခြင့္ ရရွိေစမွာျဖစ္ေပမယ့္ ေဒါ့မြန္က ေနာ္ေဝတိုက္စစ္မႉးကို ေနာက္ထပ္တစ္ရာသီ အသင္းမွာ ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔ လုပ္နိုင္သမၽွ အရာအားလုံး ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ ယခုေႏြရာသီမွာ ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ အာ႐ုံစိုက္သြားမွာျဖစ္တာေၾကာင့္ ဟာလန္းကို ေဒါ့မြန္မွာ ေနာက္ထပ္တစ္ႏွစ္ေလာက္ ေဒါ့မြန္မွာ ဆက္ေနဖို႔အတြက္ ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာေၾကာင့္ ေဒါ့မြန္အသင္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔ မဟာမိတ္ ျဖစ္နိုင္ဖြယ္မရွိတာျဖစ္ပါတယ္။

ဟာလန္းဟာ စပိန္ကို အေျပာင္းေရႊ႕ခ်င္ဆုံးျဖစ္ေနတယ္လို႔ သိရတာေၾကာင့္ ရီးရဲလ္အေနနဲ႔ ေခၚမယ္ဆိုရင္ ေခၚယူနိုင္ဖြယ္ရွိေနေပမယ့္လည္း ယခုေႏြရာသီမွာသာ ဟာလန္းအေနနဲ႔ ေဒ့ါမြန္ကို စြန႔္ခြာခဲ့မယ္ဆိုရင္ေတာ့ ၎ရဲ့ဖခင္ ၃ ႏွစ္ၾကာကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းက ေျပာင္းေရႊ႕နိုင္ေျခရွိတဲ့အသင္းျဖစ္လာဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.