Premier League

ယူကရိန်းအရေးကြောင့် ဝေဖန်ခံနေရတဲ့ အေဘရာမိုဗစ်ချ်နဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တဲ့ တူဟယ်

ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားလူမျိုး ဘီလျံနာဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အကြပ်အတည်းတွေ မြင့်တက်လာချိန်မှာ ကြီးမားတဲ့မေးခွန်းထုတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က အသင်းနဲ့အသင်းပိုင်ရှင် ရုရှားလူမျိုး ရိုမန် အေဘရာမိုဗစ်ချ်ကို ယူကရိန်းမှာ အကြပ်အတည်းမြင့်တက်လာချိန်မှာ ဝေဖန်ပြစ်တင်မှုတွေ ရှိနေတာကို နားလည်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပူတင်ရဲ့ရုရှားဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဝင်ရောက်ဆင်နွှဲနေတာဖြစ်ပြီး တစ်ကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ရုရှားမှာ မကျင်းပတော့ဘဲ ပြင်သစ်ကို ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်တယ်လို့ စွပ်စွဲခံထားရမှုကြောင့် ယူကေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ခံရနိုင်ခြေရှိတဲ့သူအဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။ “ဒါက ပြဿနာမဟုတ်သလို ကျွန်တော်တို့ ဟန်ဆောင်မနေသင့်ပါဘူး။ ယေဘုယျအားဖြင့် အခြေအနေတွေက ကျွန်တော်နဲ့ ကျွန်တော့်နည်းပြအဖွဲ့တွေ၊ ကော့ဘ်ဟမ်မှာရှိနေတဲ့သူအားလုံး၊ ကစားသမားတွေအတွက် ဆိုးရွားတဲ့အခြေအနေပါ”

“ဘယ်သူကမှ ဒီဟာကို မမျှော်လင့်ထားခဲ့ပါဘူး။ အဲဒါက တော်တော်လေးကို အမှန်တကယ်မဖြစ်နိုင်ပါဘူး။ အဲဒါက ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ တအုံ့တနွေးနွေးဖြစ်စေတယ်။ အဲဒါက ကာရာဘောင်းဗိုလ်လုပွဲအတွက် စိတ်လှုပ်ရှားမှုကို လေးလံထိုင်းမှိုင်းစေပြီး ကြီးမားတဲ့ မရေရာမသေချာမှုတွေကို သယ်ဆောင်လာပါတယ်။ အတိုင်းအတာတစ်ခုအထိ အသင်းကိုနဲ့ အဲဒီအသင်းကို ကိုယ်စားပြုတဲ့ကျွန်တော်တို့ဆီကို ထင်မြင်ချက်တွေနဲ့ ဝေဖန်ပိုင်ခြားတဲ့အမြင်တွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်”

“လူတွေကလည်း ကျွန်တော့်ကို နည်းပြတစ်ယောက်အနေနဲ့ ဒါမှမဟုတ် ကစားသမားတွေကို နားလည်ကောင်း နားလည်မှာပါ။ ကျွန်တော်တို့ ဘာတွေ ဖြစ်နေလဲဆိုတာကို အတွင်းကျကျ သိထားတာမရှိပါဘူး။ အခုအချိန်မှာ ကျွန်တော် ဒီဟာတွေအားလုံးအတွက် တာဝန်ရှိတယ်လို့ မခံစားရပါဘူး။ အဲဒါက ဆိုးရွားတဲ့ဟာဆိုတာတော့ ကျွန်တော်တို့ ခံစားရပြီး အဲဒါနဲ့ပတ်သက်ပြီး ဘာမှ သံသယဖြစ်စရာလည်း မရှိပါဘူး။ ဥရောပမှာ စစ်ပွဲတွေ ဖြစ်ဖို့ဆိုတာက ကျွန်တော့်အတွက် တွေးလို့မရနိုင်ခဲ့တာတောင် အချိန်အတော်ကြီး ကြာခဲ့ပါပြီ”

“အကျိုးသက်ရောက်မှုက ရှင်းပါတယ်။ ဆွေးနွေးပြောဆိုမှုတွေမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ နည်းနည်းပိုပြီး စိတ်ရှည်ရှည်ထားပြီး အကဲဖြတ်သုံးသပ်မှုတွေက ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရအောင်။ ပြီးရင်တော့ ကျွန်တော်တို့ အဲဒီပြဿနာကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ အေဘရာမိုဗစ်ချ်နဲ့ နီးစပ်တဲ့သူတွေကလည်း ယူကရိန်းမှာ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက တိတ်ဆိတ်နေခဲ့တာဖြစ်ပြီး လေဘာပါတီအမတ် ခရစ္စ ဘရိုင်းယန့်တ်က ယခုအပတ်အစောပိုင်းမှာ အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ဒဏ်ခတ်ပြီး ချဲလ်ဆီးအသင်းကို ပိုင်ဆိုင်ထားမှုကိုလည်း ဖယ်ရှားပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ရဲ့ သမီးဖြစ်သူကတော့ ယူကရိန်းနိုင်ငံအပေါ် ပူတင်ရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဖခင်ရဲ့ အသင်းပိုင်ဆိုင်မှုကို ဖယ်ရှားပစ်ဖို့ တောင်းဆိုခံရပြီးနောက် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုဖီယာဘရာမိုဗစ်ချ်က ရုရှားနိုင်ငံက စစ်ကို လိုလားတာမဟုတ်ဘဲ ပူတင်ကသာ စစ်ကို လိုလားတာဖြစ်တယ်လို့ ကရင်မလင်ရဲ့ ဝါဒဖြန့်ချိရေး စာတစ်စောင်ကို မျှဝေပြီး ဝေဖန်ပြစ်တင်မှုတွေ အင်စတာဂရမ်မှာ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“ပူတင်က ယူကရိန်းနဲ့ စစ်ဖြစ်ချင်နေတာပါ။ ကရင်မလင်ရဲ့ ဝါဒဖြန့်ချိရေးအတွက် အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးလိမ်ညာမှုက ရုရှားလူမျိုးအများစုက ပူတင်နဲ့အတူ ရပ်တည်နေတယ်ဆိုတာပါပဲ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ုရွားလူမ်ိဳး ဘီလ်ံနာဟာ ယူကရိန္းမွာ ျဖစ္ပြားေနတဲ့ အၾကပ္အတည္းေတြ ျမင့္တက္လာခ်ိန္မွာ ႀကီးမားတဲ့ေမးခြန္းထုတ္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္က အသင္းနဲ႔အသင္းပိုင္ရွင္ ႐ုရွားလူမ်ိဳး ရိုမန္ ေအဘရာမိုဗစ္ခ်္ကို ယူကရိန္းမွာ အၾကပ္အတည္းျမင့္တက္လာခ်ိန္မွာ ေဝဖန္ျပစ္တင္မႈေတြ ရွိေနတာကို နားလည္ေပးနိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ပူတင္ရဲ့႐ုရွားဟာ ယူကရိန္းနိုင္ငံကို က်ဴးေက်ာ္စစ္ ဝင္ေရာက္ဆင္ႏႊဲေနတာျဖစ္ၿပီး တစ္ကမၻာလုံးက က်ယ္က်ယ္ျပန႔္ျပန႔္ ျပစ္တင္ရႈတ္ခ်ခဲ့သလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္း ႐ုရွားမွာ မက်င္းပေတာ့ဘဲ ျပင္သစ္ကို ေျပာင္းေရႊ႕လိုက္ၿပီျဖစ္ပါတယ္။

ေအဘရာမိုဗစ္ခ်္ဟာ ႐ုရွားသမၼတ ပူတင္နဲ႔ နီးစပ္တဲ့ ဆက္ဆံေရးရွိသူျဖစ္တယ္လို႔ စြပ္စြဲခံထားရမႈေၾကာင့္ ယူေကရဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈကို ခံရနိုင္ေျခရွိတဲ့သူအျဖစ္ သတ္မွတ္ျခင္း ခံထားရတာျဖစ္ပါတယ္။ “ဒါက ျပႆနာမဟုတ္သလို ကၽြန္ေတာ္တို႔ ဟန္ေဆာင္မေနသင့္ပါဘူး။ ေယဘုယ်အားျဖင့္ အေျခအေနေတြက ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္နည္းျပအဖြဲ႕ေတြ၊ ေကာ့ဘ္ဟမ္မွာရွိေနတဲ့သူအားလုံး၊ ကစားသမားေတြအတြက္ ဆိုးရြားတဲ့အေျခအေနပါ”

“ဘယ္သူကမွ ဒီဟာကို မေမၽွာ္လင့္ထားခဲ့ပါဘူး။ အဲဒါက ေတာ္ေတာ္ေလးကို အမွန္တကယ္မျဖစ္နိုင္ပါဘူး။ အဲဒါက ကၽြန္ေတာ္တို႔ရဲ့ စိတ္ထဲမွာ တအုံ႔တေႏြးေႏြးျဖစ္ေစတယ္။ အဲဒါက ကာရာေဘာင္းဗိုလ္လုပြဲအတြက္ စိတ္လႈပ္ရွားမႈကို ေလးလံထိုင္းမွိုင္းေစၿပီး ႀကီးမားတဲ့ မေရရာမေသခ်ာမႈေတြကို သယ္ေဆာင္လာပါတယ္။ အတိုင္းအတာတစ္ခုအထိ အသင္းကိုနဲ႔ အဲဒီအသင္းကို ကိုယ္စားျပဳတဲ့ကၽြန္ေတာ္တို႔ဆီကို ထင္ျမင္ခ်က္ေတြနဲ႔ ေဝဖန္ပိုင္ျခားတဲ့အျမင္ေတြကို ကၽြန္ေတာ္ နားလည္ေပးနိုင္ပါတယ္”

“လူေတြကလည္း ကၽြန္ေတာ့္ကို နည္းျပတစ္ေယာက္အေနနဲ႔ ဒါမွမဟုတ္ ကစားသမားေတြကို နားလည္ေကာင္း နားလည္မွာပါ။ ကၽြန္ေတာ္တို႔ ဘာေတြ ျဖစ္ေနလဲဆိုတာကို အတြင္းက်က် သိထားတာမရွိပါဘူး။ အခုအခ်ိန္မွာ ကၽြန္ေတာ္ ဒီဟာေတြအားလုံးအတြက္ တာဝန္ရွိတယ္လို႔ မခံစားရပါဘူး။ အဲဒါက ဆိုးရြားတဲ့ဟာဆိုတာေတာ့ ကၽြန္ေတာ္တို႔ ခံစားရၿပီး အဲဒါနဲ႔ပတ္သက္ၿပီး ဘာမွ သံသယျဖစ္စရာလည္း မရွိပါဘူး။ ဥေရာပမွာ စစ္ပြဲေတြ ျဖစ္ဖို႔ဆိုတာက ကၽြန္ေတာ့္အတြက္ ေတြးလို႔မရနိုင္ခဲ့တာေတာင္ အခ်ိန္အေတာ္ႀကီး ၾကာခဲ့ပါၿပီ”

“အက်ိဳးသက္ေရာက္မႈက ရွင္းပါတယ္။ ေဆြးေႏြးေျပာဆိုမႈေတြမွာ အက်ိဳးသက္ေရာက္မႈရွိပါတယ္။ နည္းနည္းပိုၿပီး စိတ္ရွည္ရွည္ထားၿပီး အကဲျဖတ္သုံးသပ္မႈေတြက ဘာေတြျဖစ္လာမလဲဆိုတာ ၾကည့္ရေအာင္။ ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ အဲဒီျပႆနာကို ေျဖရွင္းေကာင္း ေျဖရွင္းနိုင္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းမွာ ေအဘရာမိုဗစ္ခ်္နဲ႔ နီးစပ္တဲ့သူေတြကလည္း ယူကရိန္းမွာ တိုက္ခိုက္မႈေတြ စတင္ျဖစ္ပြားခဲ့ခ်ိန္ကတည္းက တိတ္ဆိတ္ေနခဲ့တာျဖစ္ၿပီး ေလဘာပါတီအမတ္ ခရစၥ ဘရိုင္းယန႔္တ္က ယခုအပတ္အေစာပိုင္းမွာ ေအဘရာမိုဗစ္ခ်္ကို ပိတ္ဆို႔ဒဏ္ခတ္ၿပီး ခ်ဲလ္ဆီးအသင္းကို ပိုင္ဆိုင္ထားမႈကိုလည္း ဖယ္ရွားပစ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေအဘရာမိုဗစ္ခ်္ရဲ့ သမီးျဖစ္သူကေတာ့ ယူကရိန္းနိုင္ငံအေပၚ ပူတင္ရဲ့ က်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ဖခင္ရဲ့ အသင္းပိုင္ဆိုင္မႈကို ဖယ္ရွားပစ္ဖို႔ ေတာင္းဆိုခံရၿပီးေနာက္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဆိုဖီယာဘရာမိုဗစ္ခ်္က ႐ုရွားနိုင္ငံက စစ္ကို လိုလားတာမဟုတ္ဘဲ ပူတင္ကသာ စစ္ကို လိုလားတာျဖစ္တယ္လို႔ ကရင္မလင္ရဲ့ ဝါဒျဖန႔္ခ်ိေရး စာတစ္ေစာင္ကို မၽွေဝၿပီး ေဝဖန္ျပစ္တင္မႈေတြ အင္စတာဂရမ္မွာ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

“ပူတင္က ယူကရိန္းနဲ႔ စစ္ျဖစ္ခ်င္ေနတာပါ။ ကရင္မလင္ရဲ့ ဝါဒျဖန႔္ခ်ိေရးအတြက္ အႀကီးမားဆုံးနဲ႔ အေအာင္ျမင္ဆုံးလိမ္ညာမႈက ႐ုရွားလူမ်ိဳးအမ်ားစုက ပူတင္နဲ႔အတူ ရပ္တည္ေနတယ္ဆိုတာပါပဲ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.