Premier League

ချန်ပီယံလိဂ်ဝင်ရင် တစ်ရာသီတာအကောင်းဆုံးနည်းပြဆုကို မဖြစ်မနေ ရရှိသင့်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းကို ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်နိုင်အောင် နည်းပြပေးနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ပေးသင့်တယ်လို့ ဂျေဆင် ကန်ဒီက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့က အိမ်ကွင်း အမ်းမရိတ်စ်မှာ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ထပ် ခြေတစ်လှမ်း ဆက်လက် လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားအဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၁ မှတ်အကွာမှာ ၂ ပွဲလျော့နဲ့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး လက်ကျန်ပွဲစဉ်ကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အဆင့် ၃ နေရာက ချဲလ်ဆီးအသင်းနဲ့လည်း ၂ မှတ်သာ ကွာဟတော့မှာဖြစ်ပါတယ်။

ကန်ဒီက ပြီးခဲ့တဲ့ရာသီမှာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေ ခံခဲ့ရတဲ့ အာတီတာအနေနဲ့ ယခုရာသီမှာ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့လို နည်းပြတွေထက်ပိုပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျား အဲဒီဆုကို အာတီတာကို ပေးရမှာပါ။ သူ အဲဒီဆုရလောက်တဲ့အနေအထားတော့ မရှိသေးပါဘူး။ ကစားဖို့ ပွဲတွေ အများကြီး ကျန်ရှိနေသေးပြီး ရယူစရာ ရမှတ်တွေလည်း အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် သူသာ ထိပ်ဆုံး ၄ နေရာထဲကို ဝင်အောင် လုပ်နိုင်ခဲ့ရင် သူက တစ်နှစ်တာအကောင်းဆုံးနည်းပြဖြစ်လုနီးပါးအခြေအနေကို ရောက်သွားမှာပါ။ မင်းကို ငါ ပြောနေတာ ကိုယ့်လူ။ မင်းရော မထင်ဘူးလား”

ဂျင်မီ အိုဟားရားက “တစ်နှစ်တာအကောင်းဆုံးနည်းပြလား။ အာဆင်နယ်ကို ထိပ်ဆုံး ၄ နေရာထဲကို ဝင်အောင်လုပ်ပေးတဲ့အတွက်လား။ သူတို့တွေက ပရီးမီးယားလိဂ်မှာ အရင်တုန်းကတည်းက လွှမ်းမိုးနေကျပဲ။ သူတို့တွေ လုပ်ရမယ့်ဟာဆိုလို့ ၃၈ ပွဲ ကစားဖို့ပဲ ရှိခဲ့တာ”လို့ တုံ့ပြန်ခဲ့ပါတယ်။

ဂျေဆန် ကန်ဒီက”သူသာ အာဆင်နယ်ကို ချန်ပီယံလိဂ်ပြန်ကစားရအောင် လုပ်ပေးနိုင်ခဲ့ရင်လည်း ခင်ဗျားက ကျွန်တော့်ကို သူက တစ်ရာသီတာအကောင်းဆုံးနည်းပြဆုအတွက် ပြောစရာထဲမှာ မပါဝင်ဘူးလို့ ပြောနေတာလား”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အိုဟားရားက အငြင်းအခုံဖြစ်နေမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ “မပါဝင်နိုင်ပါဘူး။ သူတို့တွေ ပေါင်သန်း ၁၅၀ သုံးစွဲခဲ့ပြီး အဆင့် ၄ အတွင်းဝင်ရုံနဲ့တော့ အာတီတာက တစ်ရာသီတာအကောင်းဆုံးနည်းပြဆုရရမယ့်သူစာရင်းထဲမှာ ထည့်ပြောဆိုရမယ့်ထဲမှာ မပါဘူး။ လုံးဝကို မပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘန် ဝှိုက်၊ မာတင် အော်ဒီဂွါဒ်၊ အာရွန် ရမ်းစ်ဒေးလ်တို့လို ကစားသမားတွေကို ကြီးမားတဲ့ငွေကြေးသုံးစွဲပြီး ခေါ်ယူခဲ့တာကြောင့် အိုဟားရားပြောတာ မှန်ကောင်းမှန်နိုင်ပေမယ့် အာတီတာဟာ ခြေစွမ်းမတည်ငြိမ်ဘဲ ရလဒ်တွေ ကပေါက်တိကပေါက်ချာဖြစ်နေတဲ့ အာဆင်နယ်ကို ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတာက ပိုမှန်မှာဖြစ်ပါတယ်။

အာတီတာအနေနဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိဖို့ ထိုက်တန်လားဆိုတာကို အထူးသဖြင့် ယခုရာသီမှာ ကလော့ပ်အနေနဲ့ လီဗာပူးလ်နဲ့ ပြည်တွင်း ဆုဖလား ၃ လုံးအပါအဝင် ဆုဖလား ၄ လုံးထိရယူနိုင်ဖွယ်ရှိတယ်လို့ စဉ်းစားလိုက်တဲ့အချိန်ကျရင် ကွဲပြားခြားနားတဲ့ မေးခွန်းဖြစ်လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတွေမှာ ရေရှည်စီမံကိန်းနဲ့ သန်းပေါင်း ရာချီ အကုန်ကျခံတည်ဆောက်ပြီး ရရှိသင့်တဲ့ ဆုဖလားတွေကို ရယူနိုင်တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်အနေနဲ့ အဲဒီလို ဖလား ၄ လုံးချန်ပီယံအဖြစ် အမှန်တကယ်ဖြစ်မလာခဲ့ရင် ဘယ်သူက တစ်နှစ်တာအကောင်းဆုံးနည်းပြဆုနဲ့ ထိုက်တန်မှာလဲ။ နှစ်ပေါင်းများစွာ စနစ်တကျ အင်အားဖြည့်တင်းပြီး ဟဲဗီးဝိတ်အသင်းဖြစ်လာတဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာလား ? ပရီးမီးယားလိဂ်ဖလား ရနိုင်ချေ နည်းသွားပေမယ့် ပြည်တွင်းဖလား နှစ်လုံးထိ ရရယူနိုင်ဖွယ်ရှိနေသေးတဲ့ ချဲလ်ဆီး နည်းပြ တူဟယ်လား ?

အာစင်ဝင်းဂါးနှောင်းပိုင်းကာလတွေမှာကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ ကြာသပတေးဖန်လို့ အနှိမ်ခံခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် ရင်ကော့ခေါင်းမော့နိုင်အောင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးမယ့် အာတီတာလား။ အဖြေကတော့ ရာသီကုန်မှာ သူ့အလိုလို ထွက်လာမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ အသင္းကို ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာထဲ ဝင္ေရာက္ႏိုင္ေအာင္ နည္းျပေပးႏိုင္မယ္ဆိုရင္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ေပးသင့္တယ္လို႔ ေဂ်ဆင္ ကန္ဒီက အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔က အိမ္ကြင္း အမ္းမရိတ္စ္မွာ ဝုလ္ဗ္စ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနာက္ထပ္ ေျခတစ္လွမ္း ဆက္လက္ လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားအဆင့္ ၄ ေနရာက မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၁ မွတ္အကြာမွာ ၂ ပြဲေလ်ာ့နဲ႔ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လက္က်န္ပြဲစဥ္ကိုသာ အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ အဆင့္ ၃ ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔လည္း ၂ မွတ္သာ ကြာဟေတာ့မွာျဖစ္ပါတယ္။

ကန္ဒီက ၿပီးခဲ့တဲ့ရာသီမွာ ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြရဲ႕ ျပင္းထန္တဲ့ေဝဖန္မႈေတြ ခံခဲ့ရတဲ့ အာတီတာအေနနဲ႔ ယခုရာသီမွာ ကေလာ့ပ္နဲ႔ ဂြါဒီယိုလာတို႔လို နည္းျပေတြထက္ပိုၿပီး တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ရရွိသင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ား အဲဒီဆုကို အာတီတာကို ေပးရမွာပါ။ သူ အဲဒီဆုရေလာက္တဲ့အေနအထားေတာ့ မရွိေသးပါဘူး။ ကစားဖို႔ ပြဲေတြ အမ်ားႀကီး က်န္ရွိေနေသးၿပီး ရယူစရာ ရမွတ္ေတြလည္း အမ်ားႀကီး ရွိေနပါေသးတယ္။ ဒါေပမယ့္ သူသာ ထိပ္ဆုံး ၄ ေနရာထဲကို ဝင္ေအာင္ လုပ္ႏိုင္ခဲ့ရင္ သူက တစ္ႏွစ္တာအေကာင္းဆုံးနည္းျပျဖစ္လုနီးပါးအေျခအေနကို ေရာက္သြားမွာပါ။ မင္းကို ငါ ေျပာေနတာ ကိုယ့္လူ။ မင္းေရာ မထင္ဘူးလား”

ဂ်င္မီ အိုဟားရားက “တစ္ႏွစ္တာအေကာင္းဆုံးနည္းျပလား။ အာဆင္နယ္ကို ထိပ္ဆုံး ၄ ေနရာထဲကို ဝင္ေအာင္လုပ္ေပးတဲ့အတြက္လား။ သူတို႔ေတြက ပရီးမီးယားလိဂ္မွာ အရင္တုန္းကတည္းက လႊမ္းမိုးေနက်ပဲ။ သူတို႔ေတြ လုပ္ရမယ့္ဟာဆိုလို႔ ၃၈ ပြဲ ကစားဖို႔ပဲ ရွိခဲ့တာ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ေဂ်ဆန္ ကန္ဒီက”သူသာ အာဆင္နယ္ကို ခ်န္ပီယံလိဂ္ျပန္ကစားရေအာင္ လုပ္ေပးႏိုင္ခဲ့ရင္လည္း ခင္ဗ်ားက ကြၽန္ေတာ့္ကို သူက တစ္ရာသီတာအေကာင္းဆုံးနည္းျပဆုအတြက္ ေျပာစရာထဲမွာ မပါဝင္ဘူးလို႔ ေျပာေနတာလား”လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ အိုဟားရားက အျငင္းအခုံျဖစ္ေနမႈကို အဆုံးသတ္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ “မပါဝင္ႏိုင္ပါဘူး။ သူတို႔ေတြ ေပါင္သန္း ၁၅၀ သုံးစြဲခဲ့ၿပီး အဆင့္ ၄ အတြင္းဝင္႐ုံနဲ႔ေတာ့ အာတီတာက တစ္ရာသီတာအေကာင္းဆုံးနည္းျပဆုရရမယ့္သူစာရင္းထဲမွာ ထည့္ေျပာဆိုရမယ့္ထဲမွာ မပါဘူး။ လုံးဝကို မပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘန္ ဝႈိက္၊ မာတင္ ေအာ္ဒီဂြါဒ္၊ အာ႐ြန္ ရမ္းစ္ေဒးလ္တို႔လို ကစားသမားေတြကို ႀကီးမားတဲ့ေငြေၾကးသုံးစြဲၿပီး ေခၚယူခဲ့တာေၾကာင့္ အိုဟားရားေျပာတာ မွန္ေကာင္းမွန္ႏိုင္ေပမယ့္ အာတီတာဟာ ေျခစြမ္းမတည္ၿငိမ္ဘဲ ရလဒ္ေတြ ကေပါက္တိကေပါက္ခ်ာျဖစ္ေနတဲ့ အာဆင္နယ္ကို ထိပ္ဆုံး ၄ ေနရာအတြက္ ယွဥ္ၿပိဳင္ႏိုင္တဲ့အသင္းအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တယ္ဆိုတာက ပိုမွန္မွာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ရရွိဖို႔ ထိုက္တန္လားဆိုတာကို အထူးသျဖင့္ ယခုရာသီမွာ ကေလာ့ပ္အေနနဲ႔ လီဗာပူးလ္နဲ႔ ျပည္တြင္း ဆုဖလား ၃ လုံးအပါအဝင္ ဆုဖလား ၄ လုံးထိရယူႏိုင္ဖြယ္ရွိတယ္လို႔ စဥ္းစားလိုက္တဲ့အခ်ိန္က်ရင္ ကြဲျပားျခားနားတဲ့ ေမးခြန္းျဖစ္လာမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီေတြမွာ ေရရွည္စီမံကိန္းနဲ႔ သန္းေပါင္း ရာခ်ီ အကုန္က်ခံတည္ေဆာက္ၿပီး ရရွိသင့္တဲ့ ဆုဖလားေတြကို ရယူႏိုင္တဲ့ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အေနနဲ႔ အဲဒီလို ဖလား ၄ လုံးခ်န္ပီယံအျဖစ္ အမွန္တကယ္ျဖစ္မလာခဲ့ရင္ ဘယ္သူက တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုနဲ႔ ထိုက္တန္မွာလဲ။ ႏွစ္ေပါင္းမ်ားစြာ စနစ္တက် အင္အားျဖည့္တင္းၿပီး ဟဲဗီးဝိတ္အသင္းျဖစ္လာတဲ့ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာလား ? ပရီးမီးယားလိဂ္ဖလား ရႏိုင္ေခ် နည္းသြားေပမယ့္ ျပည္တြင္းဖလား ႏွစ္လုံးထိ ရရယူႏိုင္ဖြယ္ရွိေနေသးတဲ့ ခ်ဲလ္ဆီး နည္းျပ တူဟယ္လား ?

အာစင္ဝင္းဂါးေႏွာင္းပိုင္းကာလေတြမွာကတည္းက ခ်န္ပီယံလိဂ္ဝင္ခြင့္မရလို႔ ၾကာသပေတးဖန္လို႔ အႏွိမ္ခံခဲ့ရတဲ့ အာဆင္နယ္ပရိသတ္ေတြကို ေနာက္ထပ္တစ္ႀကိမ္ ရင္ေကာ့ေခါင္းေမာ့ႏိုင္ေအာင္ အသက္အငယ္ဆုံးအသင္းနဲ႔ စုဖြဲ႕ထားၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေအာင္ စြမ္းေဆာင္ေပးမယ့္ အာတီတာလား။ အေျဖကေတာ့ ရာသီကုန္မွာ သူ႔အလိုလို ထြက္လာမွာျဖစ္ေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.