Premier League

လက်ရှိယူကေရဲ့ အကျော်ကြားဆုံး ထိပ်ဆုံးအသင်း ၅သင်း ရပ်တည်မှုမှာ မပါဝင်ခဲ့တဲ့ ယူနိုက်တက်

စာရင်းအသစ်ဟာ ယူကေနိုင်ငံက အကျော်ကြားဆုံးဘောလုံးအသင်းတွေကို ထုတ်ဖော်ခဲ့ပြီး အဲဒီစာရင်းထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အငြင်းပွားဖွယ် ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ကြီးမားတဲ့ အမာခံပရိသတ်တွေ ပိုင်ဆိုင်ထားပေမယ့်လည်း ရာ့လ်ဖ် ရန်းနစ်ခ်ရဲ့အသင်းဟာ Sports Direct က သတ်မှတ်ခဲ့တဲ့ ထိပ်ဆုံး ၅ သင်းထဲမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ အားကစားပစ္စည်းရောင်းချသူဖြစ်တဲ့ Sports Direct က ယူကေနိုင်ငံက အသင်းတွေကို အပေါ်ကနေ အောက်ထိ အစဉ်လိုက်ကြည့်ပြီး လူမှုကွန်ရက်ပေါ်က မန်းရှင်း၊ ပရိသတ်အရေအတွက်၊ ပရိသတ်တွေနဲ့ ထိတွေ့မှုအပါအဝင် မတူညီတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံပြီး စစ်တမ်းကောက်ယူကာ ဒီစာရင်းကို ပြုစုခဲ့တာဖြစ်ပါတယ်။

“အားကစားအသင်းတွေဟာ အားကစားကမ္ဘာရဲ့ ပေါင်မုန့်နဲ့ ထောပတ်ပါပဲ။ သူတို့တွေက ပရိသတ်တွေနဲ့ တစ်ဦးချင်းစီတိုင်းအတွက် အလွန် အရေးပါပါတယ်။ ဒါပေမယ့် ယူအေနိုင်ငံတလွှားမှာ နှစ်သက်ခြင်းအခံရဆုံးအသင်းက ဘယ်အသင်းဖြစ်မလဲ”လို့ Sports Direct ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ထိပ်ဆုံးကနေ ရပ်တည်နေပြီး အဲဒါက လက်ရှိ အသင်းမှာ အင်္ဂလန်လူငယ်ကစားသမားတွေဖြစ်တဲ့ အာရွန် ရမ်းစ်ဒေးလ်၊ ဘန် ဝှိုက်၊ စမစ် ရိုး၊ ဆာကာတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။

ဒုတိယနေရာမှာတော့ လီဗာပူးလ်၊ တတိယနေရာမှာ ချဲလ်ဆီင်္း၊ စတုတ္ထနေရာမှာ မန်ချက်စတာစီးတီးအသင်းက ရပ်တည်နေပြီး ဝက်စ်ဟမ်းက ပဥ္စမနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်ယူနိုက်တက်ဟာ ဒီစာရင်းထဲမှာ မပါဝင်ခဲ့ပေမယ့် မနှစ်သက်ဆုံးအသင်းတွေ စာရင်းလုပ်မယ်ဆိုရင်တော့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မယ်ဆိုတာ သံသယ ဖြစ်စရာ မရှိတာဖြစ်ပါတယ်။

Sports Direct က ယူကေမှာ လူကြိုက်များအကျော်ကြားဆုံး အားကစားအသင်း ၁၅ သင်းစာရင်းကို ပြုစုခဲ့ရာမှာ ဘောလုံးအသင်း ၅ သင်းက ယူကေမှာ လူကြိုက်များအကျော်ကြားဆုံးထိပ်ဆုံး ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တာတော့ သိပ်တော့ အံ့သြစရာမဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ယခုနှစ် အဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်နေတဲ့ အခြားအားကစား အသင်းတွေကိုလည်း တွေ့ရှိရမှာဖြစ်ပြီး ရေခဲပြင် ဟော်ကီ၊ ရပ်ဘီ၊ Netball နဲ့ ပြေးခုန်ပစ်အားကစားတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ယူကေနိုင်ငံရဲ့ လူကြိုက်များအကျော်ကြားဆုံးအားကစားအသင်း ၁၅ သင်း

အာဆင်နယ်-ဘောလုံး

လီဗာပူးလ်-ဘောလုံး

ချဲလ်ဆီး-ဘောလုံး

မန်စီးတီး-ဘောလုံး

ဝက်စ်ဟမ်း-ဘောလုံး

ကာဒစ် ဒီဗဲလ်-ရေခဲပြင် ဟော်ကီ

ဂလူဆက်စတာ-ရပ်ဘီယူနီယံ

ရှတ်ဖ်တ်ဘူရီ ဘားနတ် ဟာရီရာစ်-ပြေးခုန်ပစ်

ဂေးလ်ဖို့ဒ် ဖလိမ်းစ်-ရေခဲပြင် ဟော်ကီ

ဟာလေကွင်စ်-ရပ်ဘီယူနီယံ

နော်သမ်တန် စိန့်တ်စ်-ရပ်ဘီယူနီယံ

ဆာရာစန်စ်-ရပ်ဘီယူနီယံ

Team Bath Netball – Netball

လက်စတာ တိုက်ဂါးစ်-ရပ်ဘီယူနီယံ

ဝုဒ်ဖို့ဒ် ဂရင်းနှင့် အက်ဆက်စ်အမျိုးသမီးများ-ပြေးခုန်ပစ်

Sports Direct က လူမှုကွန်ရက်မှာ စစ်တမ်းကောက်ယူခဲ့တဲ့ လူကြိုက်များ အကျော်ကြားဆုံးအားကစားအသင်းတွေထဲမှာ ဘောလုံးက ပျမ်းမျှ ပရိသတ် ၁၀၇၀၈၆၃ က နှစ်သက်ကြောင်း အဖြေပေးခဲ့တာကြောင့် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်ဘီလိဂ်နဲ့ ယူနီယံတွေက အသီးသီး ရပ်တည်နေပြီး အဆင့်သတ်မှတ်ချက်ထဲမှာ အနည်းဆုံးကတော့ ပြေးခုန်ပစ်ပဲ ဖြစ်ပါတယ်။

၁။ ဘောလုံး

၂။ ရပ်ဘီလိဂ်

၃။ ရပ်ဘီယူနီယံ

၄။ ရေခဲပြင် ဟော်ကီ

၅။ ခရစ်ကတ်

၆။ Netball

၇။ လှေလှော်

၈။ ပြေးခုန်ပစ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စာရင္းအသစ္ဟာ ယူေကနိုင္ငံက အေက်ာ္ၾကားဆုံးေဘာလုံးအသင္းေတြကို ထုတ္ေဖာ္ခဲ့ၿပီး အဲဒီစာရင္းထဲမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ အျငင္းပြားဖြယ္ ပါဝင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

တစ္နိုင္ငံလုံးမွာ ႀကီးမားတဲ့ အမာခံပရိသတ္ေတြ ပိုင္ဆိုင္ထားေပမယ့္လည္း ရာ့လ္ဖ္ ရန္းနစ္ခ္ရဲ့အသင္းဟာ Sports Direct က သတ္မွတ္ခဲ့တဲ့ ထိပ္ဆုံး ၅ သင္းထဲမွာ ပါဝင္ခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။ အားကစားပစၥည္းေရာင္းခ်သူျဖစ္တဲ့ Sports Direct က ယူေကနိုင္ငံက အသင္းေတြကို အေပၚကေန ေအာက္ထိ အစဥ္လိုက္ၾကည့္ၿပီး လူမႈကြန္ရက္ေပၚက မန္းရွင္း၊ ပရိသတ္အေရအတြက္၊ ပရိသတ္ေတြနဲ႔ ထိေတြ႕မႈအပါအဝင္ မတူညီတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြကို အေျခခံၿပီး စစ္တမ္းေကာက္ယူကာ ဒီစာရင္းကို ျပဳစုခဲ့တာျဖစ္ပါတယ္။

“အားကစားအသင္းေတြဟာ အားကစားကမၻာရဲ့ ေပါင္မုန႔္နဲ႔ ေထာပတ္ပါပဲ။ သူတို႔ေတြက ပရိသတ္ေတြနဲ႔ တစ္ဦးခ်င္းစီတိုင္းအတြက္ အလြန္ အေရးပါပါတယ္။ ဒါေပမယ့္ ယူေအနိုင္ငံတလႊားမွာ ႏွစ္သက္ျခင္းအခံရဆုံးအသင္းက ဘယ္အသင္းျဖစ္မလဲ”လို႔ Sports Direct ရဲ့ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ့ အာဆင္နယ္အသင္းဟာ ထိပ္ဆုံးကေန ရပ္တည္ေနၿပီး အဲဒါက လက္ရွိ အသင္းမွာ အဂၤလန္လူငယ္ကစားသမားေတြျဖစ္တဲ့ အာရြန္ ရမ္းစ္ေဒးလ္၊ ဘန္ ဝွိုက္၊ စမစ္ ရိုး၊ ဆာကာတို႔လို ကစားသမားေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ျဖစ္နိုင္ပါတယ္။

ဒုတိယေနရာမွာေတာ့ လီဗာပူးလ္၊ တတိယေနရာမွာ ခ်ဲလ္ဆီၤး၊ စတုတၳေနရာမွာ မန္ခ်က္စတာစီးတီးအသင္းက ရပ္တည္ေနၿပီး ဝက္စ္ဟမ္းက ပဥၥမေနရာမွာ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ယူနိုက္တက္ဟာ ဒီစာရင္းထဲမွာ မပါဝင္ခဲ့ေပမယ့္ မႏွစ္သက္ဆုံးအသင္းေတြ စာရင္းလုပ္မယ္ဆိုရင္ေတာ့ ထိပ္ဆုံးမွာ ရပ္တည္နိုင္မယ္ဆိုတာ သံသယ ျဖစ္စရာ မရွိတာျဖစ္ပါတယ္။

Sports Direct က ယူေကမွာ လူႀကိဳက္မ်ားအေက်ာ္ၾကားဆုံး အားကစားအသင္း ၁၅ သင္းစာရင္းကို ျပဳစုခဲ့ရာမွာ ေဘာလုံးအသင္း ၅ သင္းက ယူေကမွာ လူႀကိဳက္မ်ားအေက်ာ္ၾကားဆုံးထိပ္ဆုံး ၅ ေနရာမွာ ရပ္တည္နိုင္ခဲ့တာေတာ့ သိပ္ေတာ့ အံ့ၾသစရာမဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လည္း ယခုႏွစ္ အဆင့္သတ္မွတ္ခ်က္ထဲမွာ ပါဝင္ေနတဲ့ အျခားအားကစား အသင္းေတြကိုလည္း ေတြ႕ရွိရမွာျဖစ္ၿပီး ေရခဲျပင္ ေဟာ္ကီ၊ ရပ္ဘီ၊ Netball နဲ႔ ေျပးခုန္ပစ္အားကစားေတြလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။

ယူေကနိုင္ငံရဲ့ လူႀကိဳက္မ်ားအေက်ာ္ၾကားဆုံးအားကစားအသင္း ၁၅ သင္း

အာဆင္နယ္-ေဘာလုံး

လီဗာပူးလ္-ေဘာလုံး

ခ်ဲလ္ဆီး-ေဘာလုံး

မန္စီးတီး-ေဘာလုံး

ဝက္စ္ဟမ္း-ေဘာလုံး

ကာဒစ္ ဒီဗဲလ္-ေရခဲျပင္ ေဟာ္ကီ

ဂလူဆက္စတာ-ရပ္ဘီယူနီယံ

ရွတ္ဖ္တ္ဘူရီ ဘားနတ္ ဟာရီရာစ္-ေျပးခုန္ပစ္

ေဂးလ္ဖို႔ဒ္ ဖလိမ္းစ္-ေရခဲျပင္ ေဟာ္ကီ

ဟာေလကြင္စ္-ရပ္ဘီယူနီယံ

ေနာ္သမ္တန္ စိန႔္တ္စ္-ရပ္ဘီယူနီယံ

ဆာရာစန္စ္-ရပ္ဘီယူနီယံ

Team Bath Netball – Netball

လက္စတာ တိုက္ဂါးစ္-ရပ္ဘီယူနီယံ

ဝုဒ္ဖို႔ဒ္ ဂရင္းႏွင့္ အက္ဆက္စ္အမ်ိဳးသမီးမ်ား-ေျပးခုန္ပစ္

Sports Direct က လူမႈကြန္ရက္မွာ စစ္တမ္းေကာက္ယူခဲ့တဲ့ လူႀကိဳက္မ်ား အေက်ာ္ၾကားဆုံးအားကစားအသင္းေတြထဲမွာ ေဘာလုံးက ပ်မ္းမၽွ ပရိသတ္ ၁၀၇၀၈၆၃ က ႏွစ္သက္ေၾကာင္း အေျဖေပးခဲ့တာေၾကာင့္ ထိပ္ဆုံးမွာ ရပ္တည္ခဲ့တာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဒုတိယနဲ႔ တတိယေနရာေတြမွာ ရပ္ဘီလိဂ္နဲ႔ ယူနီယံေတြက အသီးသီး ရပ္တည္ေနၿပီး အဆင့္သတ္မွတ္ခ်က္ထဲမွာ အနည္းဆုံးကေတာ့ ေျပးခုန္ပစ္ပဲ ျဖစ္ပါတယ္။

၁။ ေဘာလုံး

၂။ ရပ္ဘီလိဂ္

၃။ ရပ္ဘီယူနီယံ

၄။ ေရခဲျပင္ ေဟာ္ကီ

၅။ ခရစ္ကတ္

၆။ Netball

၇။ ေလွေလွာ္

၈။ ေျပးခုန္ပစ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.