Article Premier League

ရန်းနစ်ခ်လက်ထက် မန်ချက်စတာယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမား ၅ ဦး

ယာယီနည်းပြဆိုပြီး ကာလတို တာဝန်ယူဖို့ အားကိုးတကြီးနဲ့ ခန့်အပ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြကြီး ရာ့လ်ဖ် ရန်းနစ်ခ်ကတော့ သရဲနီတွေအတွက် ပရိသတ်တွေ စိတ်တိုင်းကျစေမယ့် ပုံစံမျိုးကို မကစားနိုင်သေးပေမယ့် ရလဒ်ကောင်းတွေကိုတော့ ရသင့်ရထိုက်တဲ့ ပွဲတစ်ချို့မှာ ယူဆောင်ထားနိုင်ခဲ့ပြီး အသင်းရဲ့ လူငယ်တွေ တိုးတက်မှုနဲ့ စိတ်ဓာတ်ပိုင်းတွေကတော့ ကျေနပ်စရာတွေ ရှိနေခဲ့ပါတယ်။

ကစားသမားတွေအကြောင်း ကောင်းကောင်းမသိသေးပေမယ့် သူယုံလို့ရတဲ့သူတချို့ကို အမာခံထားခဲ့တဲ့ ယူနိုက်တက်တို့ရဲ့ သွားနေတဲ့ လမ်းကြောင်းနဲ့ ကစားချင်တဲ့ ဟန်ပန်က တဖြည်းဖြည်း ပုံပေါ်လာခဲ့သလို ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေအနေနဲ့ ခြေစွမ်းပုံမှန် မပြနိုင်သေးချိန်မှာ အသက် ၆၃ နှစ်အရွယ် ဂျာမန်သားကြီးလက်အောက်မှာ ထကြွနေခဲ့တဲ့သူ ၅ ဦးကို ကြည့်ကြရအောင်ပါ။

၅။ ပေါလ် ပေါ့ဘာ
ဆိုးလ်ရှားလက်ထက်မှာ ဒဏ်ရာနဲ့ နပမ်းလုံးနေခဲ့ရတဲ့ ပြင်သစ်သားကတော့ ရန်းနစ်ခ်လက်ထက်မှာ ပြန်ကစားနိုင်ခဲ့သလို ကွင်းလယ်ကနေ ဖန်တီးမှုပိုင်းမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ပါးစေဖို့ ခွဲဝေယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်တော်မီနေးနဲ့အတူ ပွဲထွက်ခဲ့ပြီး နောက်ဆုံး ၆ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရရှိထားခဲ့သလို အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကလွဲလို့ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ ပေါ့ဘာအနေနဲ့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားမှာ စတင်ကစားခဲ့ချိန်ကနေ အသင်းအတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့သလို တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ စာချုပ်သက်တမ်း ဆက်လက်တိုးသွားဖို့ကိုလည်း ၂၈ နှစ်သားအနေနဲ့ စဉ်းစားနေပြီဖြစ်သလို အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ခရီးမှာ အထာကျနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

၄။ အန်ထော်နီ အီလန်ဂါ
အီလန်ဂါကတော့ ရန်းနစ်ခ်ရဲ့ မွေးစားသားလေးလို့ နည်းပြတစ်ယောက်ရဲ့ ကြိုက်နှစ်သက်သမျှ ဖေဘာပေးသမျှကို စောင့်ကြည့်နေကြသူတွေရဲ့ အထူးရွေးချယ်ရာအဖြစ် နာမည်တပ်ခံထားရသူဖြစ်ပါတယ်။ ကင်းမရွန်းနွယ်ဖွား ဆွီဒင်သားလေးဟာ အသင်းရဲ့ ပဲများသူတွေဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာစီယယ်လ်တို့ရဲ့ ကျဆုံးခန်းတွေမှာ “သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ”ဖြစ်ခဲ့ပြီး တောင်ပံတွေမှာ အနည်းဆုံး တစ်ပွဲကို ၁၅ မိနစ်လောက် အာမခံချက်ရထားခဲ့သူပါ။

သူ့ရဲ့ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်တတ်ပြီး ပဲမများတဲ့ ပုံစံက အသက်အရွယ်လည်း ၁၉ နှစ် ကျော်လို့ ၂၀ ထဲ ရောက်လာချိန်မှာ တောက်ပရဖို့ ဇာတာဖြစ်လာခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲက အဖွင့်ဂိုး၊ လိဒ်စ်နဲ့ပွဲက ပထမအနိုင်ဂိုး၊ အက်သလက်တီကိုနဲ့ပွဲက ချေပဂိုးတွေက အရေးပါလွန်းနေခဲ့သလို ရှေ့ကနေ ပွဲထွက်ခွင့်ရနေတဲ့ စီနီယာကစားသမားတွေကို နေရာပျောက်အောင် ခြိမ်းခြောက်ဖို့ အလားအလာရှိနေခဲ့တာလည်းဖြစ်ပါတယ်။

၃။ ဖရက်ဒ်
ဒီကွင်းလယ်လူရဲ့ အားသာချက်က လုပ်အားနှုန်းနဲ့ ပေါက်ကွဲအားဖြစ်ပြီး ဒါကို မြင်ခဲ့တဲ့ နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက ရှက်ခ်တာ ဒိုးနက်ခ်စ်ကနေ သူ့ရဲ့ အသင်းနဲ့ လမ်းမခွဲခင် နွေရာသီမှာ ခေါ်ယူခဲ့တာဖြစ်ပြီး ဆိုးလ်ရှားလက်ထက်မှာတော့ နာမည်ပျက်ခဲ့ရပေမယ့် သူ့ရဲ့ ပေးဆပ်မှုနဲ့ တက်တက်ကြွကြွရှိမှုကတော့ ဘယ်တုန်းကမှ အစွန်းအထင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ ရန်းနစ်ခ်ရဲ့ လက်အောက်မှာ ၁၂ ပွဲ ကစားခွင့် ရရှိထားခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်အရ ပွဲထွက်၊ လူစားဝင် အမျိုးမျိုး ကစားနေသလို သူ့ရဲ့ ဖန်တီးပေးပို့မှုကတွေကလည်း အထူးသဖြင့် တိုးတက်လာခဲ့တာပါ။ ဂျာမန်သားကြီးအနေနဲ့ အသင်းမှာ မျက်နှာမပျက်ရဖို့ လိဒ်စ်နဲ့ပွဲမှာလည်း အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သေးတာဖြစ်ပါတယ်။

၂။ ဂျေဒန် ဆန်ချို
ဂျာမန်သားကြီးလက်ထက်မှာ ခြေစွမ်းအရ ထူးထူးခြားခြား မြင့်တက်လာခဲ့သူတွေထဲက တစ်ဦးကတော့ ဆန်ချိုပဲဖြစ်ပြီး သူ့ကို ဂျာမနီမှာ သေသေချာချာ သိရှိထားခဲ့တဲ့ RB လိုက်ပ်ဇစ် အားကစားဒါရိုက်တာတစ်ဖြစ်လဲ ရန်းနစ်ခ်က ဒေါ့မွန်က ခြေစွမ်းမျိုး ပြန်လည်ရရှိအောင် ထုတ်ဖော်ပေးနိုင်ခဲ့သလို အသင်းရဲ့ အဓိက ဖန်တီးမှု အင်အားတစ်ခုအဖြစ် အရင်က ဘရူနို ဖာနန်ဒက်စ်ကို မှီခိုနေရသမျှကို ကူညီနိုင်ခဲ့တာပါ။

အသင်းနဲ့အတူ အသားကျသွားခဲ့တဲ့ ဆန်ချိုအနေနဲ့ တစ်ဖက်ဂိုးဧရိယာနားက တိုက်စစ်ဆင်ရာတွေမှာ အိုင်ကျူမြင့်မားတဲ့ ပုံစံနဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့သလို ဂိုးသွင်းဖို့ထက် ဖန်တီးမှုကို ပိုမိုအာရုံစူးစိုက်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ဖာနန်ဒက်စ် ခေါင်းတိုက်ဖို့ ဖန်တီးပေးခဲ့တာနဲ့ ဖရက်ဒ်သွင်းယူဖို့ ကန်မလိုလိုနဲ့ ထိုးပေးခဲ့တာတွေက ဆရာကျခဲ့ချိန်မှာ ရန်းနစ်ခ်လက်ထက် သူ့ရဲ့ မှတ်တမ်းကတော့ နှစ်ဂိုးသွင်း နှစ်ဂိုးဖန်တီးမှုပဲဖြစ်ပါတယ်။

၁။ ဘရူနို ဖာနန်ဒက်စ်
ရန်းနစ်ခ်တစ်ယောက် နောက်ခံလူ ဟာရီ မက်ဂွိုင်းယားဆီက ကပ္ပတိန်လက်ပတ်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုဆီ လွှဲပြောင်းပေးဖို့ ဆွေးနွေးတော့မယ်လို့ သတင်းထွက်လာခဲ့တုန်းက ယူနိုက်တက်ပရိသတ်တွေကြား မခံချိ မခံသာဖြစ်ပြီး ထွက်လာခဲ့တဲ့ စကားက ဘရူနို ဖာနန်ဒက်စ်က ဘယ်သွားနေရမှာလဲဆိုပြီးဖြစ်ခဲ့သလို အမှားများတဲ့ ကစားသမားနဲ့ အရွယ်လွန်ကစားသမားအစား သူ့ကို ဝန်းရံပြီး အသင်းကို တည်ဆောက်ဖို့ ပြောခဲ့ကြတာပါ။

ဖာနန်ဒက်စ်ရဲ့ အားသာချက်ကတော့ ရော်နယ်လ်ဒို ခြေစွမ်းမကျခင်တုန်းကလိုပဲ ဘယ်လောက် ကစားပုံဆိုးနေပါစေ၊ ပွဲထဲမှာ အသင်းအတွက် အကျိုးရှိစေမယ့် တစ်ခုခုကိုတော့ အမြဲတမ်း မှတ်တမ်းဝင်အောင် လုပ်ပြနိုင်တာပဲဖြစ်ပါတယ်။ ဒီရာသီမှာ စုစုပေါင်း ၃၄ ပွဲ ကစားထားပြီးချိန်မှာ ၉ ဂိုးသွင်း၊ ၁၄ ဂိုး ဖန်တီးပေးထားတဲ့ ပေါ်တူဂီကွင်းလယ်လူဟာ ရန်းနစ်ခ်လက်ထက်မှာတော့ ပိုမိုအရေးပါလာခဲ့ပြီး သူမကစားနိုင်ချိန်မှာ ဟာတာတာဖြစ်နေတယ်လို့ ဆိုရလောက်အောင်ကို ထူးခြားကွဲပြားမှုကို မြင်တွေ့ရစေတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာယီနည္းျပဆိုၿပီး ကာလတို တာဝန္ယူဖို႔ အားကိုးတႀကီးနဲ႔ ခန႔္အပ္လိုက္တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပႀကီး ရာ့လ္ဖ္ ရန္းနစ္ခ္ကေတာ့ သရဲနီေတြအတြက္ ပရိသတ္ေတြ စိတ္တိုင္းက်ေစမယ့္ ပုံစံမ်ိဳးကို မကစားႏိုင္ေသးေပမယ့္ ရလဒ္ေကာင္းေတြကိုေတာ့ ရသင့္ရထိုက္တဲ့ ပြဲတစ္ခ်ိဳ႕မွာ ယူေဆာင္ထားႏိုင္ခဲ့ၿပီး အသင္းရဲ႕ လူငယ္ေတြ တိုးတက္မႈနဲ႔ စိတ္ဓာတ္ပိုင္းေတြကေတာ့ ေက်နပ္စရာေတြ ရွိေနခဲ့ပါတယ္။

ကစားသမားေတြအေၾကာင္း ေကာင္းေကာင္းမသိေသးေပမယ့္ သူယုံလို႔ရတဲ့သူတခ်ိဳ႕ကို အမာခံထားခဲ့တဲ့ ယူႏိုက္တက္တို႔ရဲ႕ သြားေနတဲ့ လမ္းေၾကာင္းနဲ႔ ကစားခ်င္တဲ့ ဟန္ပန္က တျဖည္းျဖည္း ပုံေပၚလာခဲ့သလို ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔လို ကစားသမားေတြအေနနဲ႔ ေျခစြမ္းပုံမွန္ မျပႏိုင္ေသးခ်ိန္မွာ အသက္ ၆၃ ႏွစ္အ႐ြယ္ ဂ်ာမန္သားႀကီးလက္ေအာက္မွာ ထႂကြေနခဲ့တဲ့သူ ၅ ဦးကို ၾကည့္ၾကရေအာင္ပါ။

၅။ ေပါလ္ ေပါ့ဘာ
ဆိုးလ္ရွားလက္ထက္မွာ ဒဏ္ရာနဲ႔ နပမ္းလုံးေနခဲ့ရတဲ့ ျပင္သစ္သားကေတာ့ ရန္းနစ္ခ္လက္ထက္မွာ ျပန္ကစားႏိုင္ခဲ့သလို ကြင္းလယ္ကေန ဖန္တီးမႈပိုင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဝန္ထုပ္ဝန္ပိုးေတြ ေလ်ာ့ပါးေစဖို႔ ခြဲေဝယူေပးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ မက္ေတာ္မီေနးနဲ႔အတူ ပြဲထြက္ခဲ့ၿပီး ေနာက္ဆုံး ၆ ပြဲဆက္တိုက္ ပြဲထြက္ခြင့္ရရွိထားခဲ့သလို အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကလြဲလို႔ ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာကေန ျပန္လာခဲ့တဲ့ ေပါ့ဘာအေနနဲ႔ မစ္ဒယ္ဘေရာ့နဲ႔ အက္ဖ္ေအဖလားမွာ စတင္ကစားခဲ့ခ်ိန္ကေန အသင္းအတြက္ အခြင့္အေရးေတြ ဖန္တီးေပးႏိုင္ခဲ့သလို တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးေပးထားႏိုင္ခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ စာခ်ဳပ္သက္တမ္း ဆက္လက္တိုးသြားဖို႔ကိုလည္း ၂၈ ႏွစ္သားအေနနဲ႔ စဥ္းစားေနၿပီျဖစ္သလို အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ခရီးမွာ အထာက်ႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

၄။ အန္ေထာ္နီ အီလန္ဂါ
အီလန္ဂါကေတာ့ ရန္းနစ္ခ္ရဲ႕ ေမြးစားသားေလးလို႔ နည္းျပတစ္ေယာက္ရဲ႕ ႀကိဳက္ႏွစ္သက္သမွ် ေဖဘာေပးသမွ်ကို ေစာင့္ၾကည့္ေနၾကသူေတြရဲ႕ အထူးေ႐ြးခ်ယ္ရာအျဖစ္ နာမည္တပ္ခံထားရသူျဖစ္ပါတယ္။ ကင္းမ႐ြန္းႏြယ္ဖြား ဆြီဒင္သားေလးဟာ အသင္းရဲ႕ ပဲမ်ားသူေတြျဖစ္ၾကတဲ့ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္၊ မာစီယယ္လ္တို႔ရဲ႕ က်ဆုံးခန္းေတြမွာ “သူတည္းတစ္ေယာက္ ေကာင္းဖို႔ေရာက္မူ”ျဖစ္ခဲ့ၿပီး ေတာင္ပံေတြမွာ အနည္းဆုံး တစ္ပြဲကို ၁၅ မိနစ္ေလာက္ အာမခံခ်က္ရထားခဲ့သူပါ။

သူ႔ရဲ႕ ခိုင္းရင္ ခိုင္းတဲ့အတိုင္း လုပ္တတ္ၿပီး ပဲမမ်ားတဲ့ ပုံစံက အသက္အ႐ြယ္လည္း ၁၉ ႏွစ္ ေက်ာ္လို႔ ၂၀ ထဲ ေရာက္လာခ်ိန္မွာ ေတာက္ပရဖို႔ ဇာတာျဖစ္လာခဲ့ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ပြဲက အဖြင့္ဂိုး၊ လိဒ္စ္နဲ႔ပြဲက ပထမအႏိုင္ဂိုး၊ အက္သလက္တီကိုနဲ႔ပြဲက ေခ်ပဂိုးေတြက အေရးပါလြန္းေနခဲ့သလို ေရွ႕ကေန ပြဲထြက္ခြင့္ရေနတဲ့ စီနီယာကစားသမားေတြကို ေနရာေပ်ာက္ေအာင္ ၿခိမ္းေျခာက္ဖို႔ အလားအလာရွိေနခဲ့တာလည္းျဖစ္ပါတယ္။

၃။ ဖရက္ဒ္
ဒီကြင္းလယ္လူရဲ႕ အားသာခ်က္က လုပ္အားႏႈန္းနဲ႔ ေပါက္ကြဲအားျဖစ္ၿပီး ဒါကို ျမင္ခဲ့တဲ့ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳက ရွက္ခ္တာ ဒိုးနက္ခ္စ္ကေန သူ႔ရဲ႕ အသင္းနဲ႔ လမ္းမခြဲခင္ ေႏြရာသီမွာ ေခၚယူခဲ့တာျဖစ္ၿပီး ဆိုးလ္ရွားလက္ထက္မွာေတာ့ နာမည္ပ်က္ခဲ့ရေပမယ့္ သူ႔ရဲ႕ ေပးဆပ္မႈနဲ႔ တက္တက္ႂကြႂကြရွိမႈကေတာ့ ဘယ္တုန္းကမွ အစြန္းအထင္းမရွိခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားအေနနဲ႔ ရန္းနစ္ခ္ရဲ႕ လက္ေအာက္မွာ ၁၂ ပြဲ ကစားခြင့္ ရရွိထားခဲ့ရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ကြင္းလယ္ပိုင္းမွာ လိုအပ္ခ်က္အရ ပြဲထြက္၊ လူစားဝင္ အမ်ိဳးမ်ိဳး ကစားေနသလို သူ႔ရဲ႕ ဖန္တီးေပးပို႔မႈကေတြကလည္း အထူးသျဖင့္ တိုးတက္လာခဲ့တာပါ။ ဂ်ာမန္သားႀကီးအေနနဲ႔ အသင္းမွာ မ်က္ႏွာမပ်က္ရဖို႔ လိဒ္စ္နဲ႔ပြဲမွာလည္း အႏိုင္ဂိုးကို လွလွပပ သြင္းယူေပးခဲ့ေသးတာျဖစ္ပါတယ္။

၂။ ေဂ်ဒန္ ဆန္ခ်ိဳ
ဂ်ာမန္သားႀကီးလက္ထက္မွာ ေျခစြမ္းအရ ထူးထူးျခားျခား ျမင့္တက္လာခဲ့သူေတြထဲက တစ္ဦးကေတာ့ ဆန္ခ်ိဳပဲျဖစ္ၿပီး သူ႔ကို ဂ်ာမနီမွာ ေသေသခ်ာခ်ာ သိရွိထားခဲ့တဲ့ RB လိုက္ပ္ဇစ္ အားကစားဒါ႐ိုက္တာတစ္ျဖစ္လဲ ရန္းနစ္ခ္က ေဒါ့မြန္က ေျခစြမ္းမ်ိဳး ျပန္လည္ရရွိေအာင္ ထုတ္ေဖာ္ေပးႏိုင္ခဲ့သလို အသင္းရဲ႕ အဓိက ဖန္တီးမႈ အင္အားတစ္ခုအျဖစ္ အရင္က ဘ႐ူႏို ဖာနန္ဒက္စ္ကို မွီခိုေနရသမွ်ကို ကူညီႏိုင္ခဲ့တာပါ။

အသင္းနဲ႔အတူ အသားက်သြားခဲ့တဲ့ ဆန္ခ်ိဳအေနနဲ႔ တစ္ဖက္ဂိုးဧရိယာနားက တိုက္စစ္ဆင္ရာေတြမွာ အိုင္က်ဴျမင့္မားတဲ့ ပုံစံနဲ႔ ဆုံးျဖတ္ခ်က္ေတြ မွန္ကန္ခဲ့သလို ဂိုးသြင္းဖို႔ထက္ ဖန္တီးမႈကို ပိုမိုအာ႐ုံစူးစိုက္ခဲ့ၿပီး လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ဖာနန္ဒက္စ္ ေခါင္းတိုက္ဖို႔ ဖန္တီးေပးခဲ့တာနဲ႔ ဖရက္ဒ္သြင္းယူဖို႔ ကန္မလိုလိုနဲ႔ ထိုးေပးခဲ့တာေတြက ဆရာက်ခဲ့ခ်ိန္မွာ ရန္းနစ္ခ္လက္ထက္ သူ႔ရဲ႕ မွတ္တမ္းကေတာ့ ႏွစ္ဂိုးသြင္း ႏွစ္ဂိုးဖန္တီးမႈပဲျဖစ္ပါတယ္။

၁။ ဘ႐ူႏို ဖာနန္ဒက္စ္
ရန္းနစ္ခ္တစ္ေယာက္ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားဆီက ကပၸတိန္လက္ပတ္ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆီ လႊဲေျပာင္းေပးဖို႔ ေဆြးေႏြးေတာ့မယ္လို႔ သတင္းထြက္လာခဲ့တုန္းက ယူႏိုက္တက္ပရိသတ္ေတြၾကား မခံခ်ိ မခံသာျဖစ္ၿပီး ထြက္လာခဲ့တဲ့ စကားက ဘ႐ူႏို ဖာနန္ဒက္စ္က ဘယ္သြားေနရမွာလဲဆိုၿပီးျဖစ္ခဲ့သလို အမွားမ်ားတဲ့ ကစားသမားနဲ႔ အ႐ြယ္လြန္ကစားသမားအစား သူ႔ကို ဝန္းရံၿပီး အသင္းကို တည္ေဆာက္ဖို႔ ေျပာခဲ့ၾကတာပါ။

ဖာနန္ဒက္စ္ရဲ႕ အားသာခ်က္ကေတာ့ ေရာ္နယ္လ္ဒို ေျခစြမ္းမက်ခင္တုန္းကလိုပဲ ဘယ္ေလာက္ ကစားပုံဆိုးေနပါေစ၊ ပြဲထဲမွာ အသင္းအတြက္ အက်ိဳးရွိေစမယ့္ တစ္ခုခုကိုေတာ့ အၿမဲတမ္း မွတ္တမ္းဝင္ေအာင္ လုပ္ျပႏိုင္တာပဲျဖစ္ပါတယ္။ ဒီရာသီမွာ စုစုေပါင္း ၃၄ ပြဲ ကစားထားၿပီးခ်ိန္မွာ ၉ ဂိုးသြင္း၊ ၁၄ ဂိုး ဖန္တီးေပးထားတဲ့ ေပၚတူဂီကြင္းလယ္လူဟာ ရန္းနစ္ခ္လက္ထက္မွာေတာ့ ပိုမိုအေရးပါလာခဲ့ၿပီး သူမကစားႏိုင္ခ်ိန္မွာ ဟာတာတာျဖစ္ေနတယ္လို႔ ဆိုရေလာက္ေအာင္ကို ထူးျခားကြဲျပားမႈကို ျမင္ေတြ႕ရေစတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.