Analysis Premier League

ချီးကျူးစရာ Come Back Win နဲ့ အာဆင်နယ် 2-1 ဝုလ်ဗ်စ် ပွဲအပြီး ပြောစရာ 7 ချက်

ပုံစံကောင်းတစ်ခုကို ပျိုးထောင်နိုင်ပြီဖြစ်တဲ့ အာတီတာ
အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ နည်းပြအဖြစ် အတွေ့အကြုံမရှိသေးတဲ့ အာတီတာ ရောက်လာခဲ့ပြီး ဆာကာရဲ့ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဝုလ်ဗ်စ်နဲ့ ပထမဆုံး တွေ့ဆုံမှုက အဖွင့်လှခဲ့သလို ၂၀၂၀ နိုဝင်ဘာမှာတော့ ဝုလ်ဗ်စ်တို့က တစ်ဖန် လက်စားပြန်ချေချိန်မှာ စပိန်သားနည်းပြအတွက် ထုတ်ပယ်ခံရဖို့ တောင်းဆိုမှုတွေတောင် ရှိခဲ့တာပါ။ ဒါကို စိတ်ရှည်သည်းခံခဲ့မှုကတော့ နှစ်ပတ်အတွင်းမှာ ပရီးမီးယားလိဂ်နှစ်ပွဲ နှစ်ကျော့ကစားခဲ့ရတဲ့ ပေါ်တူဂီကြိုက်အသင်းကို နှစ်ပွဲစလုံး အနိုင်ရခဲ့သလို ဘောလုံးကိုင်ထားပြီး ဖိကစားခဲ့ရင်း ဧည့်သည်တွေကို ဖရိုဖရဲ လဲကွဲစေခဲ့တာလည်းဖြစ်ပါတယ်။ တိုက်စစ်ကသာ ပါးနပ်ခဲ့ရင် ဒီပွဲက ရင်ခုန်စရာမလိုတဲ့ ပွဲမျိုးဖြစ်ပြီး အာတီတာရဲ့ ကစားဟန်ကလည်း တိုးတက်မှုကို ပြသနိုင်ခဲ့တာပါ။

စိတ်ဓာတ်ပိုင်းနဲ့ Come Back Win
အာဆင်နယ်တို့အနေနဲ့ ဝုလ်ဗ်စ်ကို ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့ပေမယ့် ပွဲပြီးခါနီး အချိန်တွေမှာ နှစ်ဂိုးပြန်သွင်းပြီး နောက်ဆုံးမိနစ်မှာ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်သင်းလုံးရဲ့ ကြိုးစားမှုအပေါ်မှာ အော်ဒီဂွါဒ်ရဲ့ အကွက်မြင်တဲ့ ဖန်တီးမှု၊ နကီးတီးယားရဲ့ အလိုက်သင့် ပြေးထွက်ရယူမှုနဲ့ ပေပေရဲ့ ကျွမ်းကျင်မှုအခြေခံတဲ့ ချေပဂိုးက ဂန်းနားဖန်တွေကို ပီတိဖြစ်စေခဲ့သလို အချိုပေါ် သကာလောင်းခဲ့တာကတော့ ကစားကွက်ချင်း မယှဉ်နိုင်တုန်း အချိန်ဆွဲပြီး အမျိုးမျိုးညစ်ဖို့ ကြိုးစားနေတဲ့ ဝုလ်ဗ်စ်ကို နောက်ဆုံးမိနစ်မှာ ဂိုးသွင်းပြီး နိုင်ပွဲဆင်ခဲ့တာပါပဲ။ ဒီလိုလုပ်နိုင်ဖို့က ကံ၊ ဉာဏ်၊ ဝီရိယ အားလုံး ပြည့်စုံဖို့ လိုပြီး ဒီအတွက် အခြေခံတဲ့ စိတ်ဓာတ်ပိုင်းနဲ့ Come Back Win ကို ချီးကျူးရမှာလည်းဖြစ်ပါတယ်။

လူစားဝင်ပြီး ခြေစွမ်းပြတဲ့ ပေပေ
လာကာဇက်ရဲ့ ကန်ချက်က ရိုမန် ဆိုက်စ်နဲ့ ပေါင်နဲ့ ထိပြီး ဂိုးသမား ဂျိုဆေးဆားရဲ့ လက်နဲ့ ထိပြီး Own Goal ဖြစ်တာ မဟုတ်ခဲ့ရင် ဂန်းနားတို့ရဲ့ နိုင်ပွဲနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ပိုပြီး လှပခဲ့မှာပါ။ ဒီနေ့ပွဲရဲ့ အလှည့်အပြောင်းတစ်ခုကတော့ အာဖရိကဖလားက ပြန်လာကတည်းက အရင်နဲ့ မတူတော့ဘူးလို့ နည်းပြ အာတီတာက ထုတ်ဖော်ချီးကျူးထားခဲ့ရတဲ့ တောင်ပံသမား နီကိုလာ ပေပေရဲ့ ချေပဂိုးဖြစ်ပြီး လှပတဲ့ အထိန်းအသိမ်းနဲ့ အနီးကပ် သွေးအေးတဲ့ ကန်ချက်က ထူးခြားကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံးပြောခဲ့တဲ့ လာကာဇက်ရဲ့ ချေပဂိုးကို နားလည်မှုရှိရှိနဲ့ ဝမ်းတူး ရိုက်ပေးခဲ့သေးတာဖြစ်ပြီး ဝုလ်ဗ်စ်ကစားသမားတွေကြောင့် Own Goal ဖြစ်သွားတာ မဟုတ်ခဲ့ရင် ပေပေအတွက် ဖန်တီးမှု တစ်ကြိမ်ကိုပါ ရယူနိုင်ခဲ့ဦးမှာလို့ ဆိုရပါလိမ့်မယ်။

အာဆင်နယ်ရဲ့ Trade Mark အမှားတွေလား
အာဆင်နယ်တို့အနေနဲ့ တစ်ဖက်အသင်းရဲ့ ထိုးဖောက်မှုတွေက ကောင်းလွန်းလို့ မဟုတ်ဘဲ ကိုယ့်ခံစစ်ပိုင်းရဲ့ ချို့တဲ့မှုတွေကြောင့် ပေးရတဲ့ ဂိုးတွေက မနည်းမနောရှိခဲ့ပြီး ဒီနေ့ပွဲမှာလည်း ထပ်မံမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ကစားဟန်ကို အသိ၊ သတိနဲ့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် အရင်ပွဲတွေကတည်းက ရှိနေခဲ့ပြီး ကံကောင်းနေခဲ့သေးတဲ့ ပေါ့ဆပြီး ရှေ့နောက်မကြည့်တဲ့ ပုံစံကတော့ ဒီနေ့မှာ အပြစ်ပေးခံခဲ့ရတာဖြစ်ပြီး ဘယ်သူတွေ ဘယ်နေရာမှာ ရှိနေသလဲဆိုတာ သေချာမကြည့်ဘဲ နောက်ပြန်ပေးခဲ့တဲ့ ခံစစ်မှူး ဂါဘရီယယ်လ်ရဲ့ ပေးပို့မှုက ဟွမ်းဟီးချန်းရဲ့ ဂိုးအဖြစ်နဲ့ သူတို့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် လမ်းကြောင်းပေါ်က ခြေချော်သွားနိုင်တဲ့ အန္တရာယ်မျိုး ကြုံတွေ့စေခဲ့သလို နောက်ပွဲတွေမှာတော့ ပြင်ဆင်ဖို့ လိုအပ်နေခဲ့တာပါ။

ဆဲတဲ့သူတွေ အသံပြန်တိတ်ခဲ့ရတဲ့ ညချမ်း
ပထမပိုင်းမှာ ဂါဘရီယယ်လ်ရဲ့ အမှားကြောင့် ဟွမ်းဟီးချန်းရဲ့ ဂိုးကို ခွင့်ပြုခဲ့ရပြီး တစ်ပွဲလုံး ဖိကစားနေခဲ့ပေမယ့် ပထမပိုင်းမှာ ၁၀ ကြိမ်ကန်ပြီး ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို မာတီနယ်လီ၊ လာကာဇက်တို့ရဲ့ ဖြုန်းတီးမှုနဲ့ ဆာကာရဲ့ တုံ့နှေးနေမှုတွေက ပရိသတ်တွေအဖို့ ဒေါသထွက်စရာတွေ ဖြစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ဂိုးထပ်မရခင်အချိန်အထိ အာဆင်နယ်တို့ ၂၂ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ နောက်ထပ် ၄ ကြိမ်မှာ ၂ ကြိမ် ဂိုးပေါက်တည့်မှုက ဆဲနေသူတွေကို အသံတိတ်စေခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံး လွဲချော်နေခဲ့ပြီး ပေပေဂိုးသွင်းပြခဲ့လို့များ မခံချင်စိတ်နဲ့ ရုန်းခဲ့တာလားလို့ ထင်ခဲ့ရတဲ့ လာကာဇက်ကလည်း နောက်ဆုံးမှာတော့ ပရိသတ်တွေရဲ့ ဒေါသတွေကို ပြေလျော့စေခဲ့ပါတယ်။

အဲ့ဒီလောက်နဲ့ မရသေးဘူး လာဂျီနဲ့ နာဗက်စ်
ကွင်းဘေးမှာ ရိုးသားမှု မရှိတဲ့ နည်းဗျူဟာတွေနဲ့ အာဆင်နယ်တို့ကို အမျိုးမျိုး တုံ့ဆွဲနေခဲ့တဲ့ ဘရူနို လာဂျီရဲ့ ဝုလ်ဗာဟမ့်ပ်တန်တစ်သင်းလုံး အတွက်တော့ နောက်ဆုံးမိနစ်မှာ အသည်းကွဲခဲ့ရတာဖြစ်သလို အမ်းမရိတ် ပရိသတ်တွေကတော့ တစ်ခဲနက် အောင်ပွဲခံနိုင်ခဲ့ကြတာပါ။ အာတီတာနဲ့ အငြင်းပွားခဲ့ကြတဲ့ ပေါ်တူဂီသားနည်းပြအနေနဲ့ ဒီရာသီမှာ နှစ်ကြိမ်စလုံး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရတာဖြစ်သလို ပြီးခဲ့တဲ့ မိုလီနူးပွဲစဉ်တုန်းက သူတို့ကို မကြိုက်ဘူးလို့ ပြောခဲ့တဲ့ အသင်းခေါင်းဆောင် ကွန်နာ ကိုဒီနဲ့ တစ်ယောက်လျော့နိုင်ပွဲအပေါ် အောင်ပွဲခံမှုကို ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ ကွင်းလယ်လူ ရူဘင် နာဗက်စ်တို့ကတော့ ပါးစပ်တွေ ပိတ်ဖို့ ထိုက်တန်ခဲ့တာလည်းဖြစ်ပါတယ်။

အဆင့် ၄ အတွက် အခြေအနေကောင်းဆုံးဖြစ်သွားတဲ့ ဂန်းနားတွေ
အာဆင်နယ်တို့အနေနဲ့ ဝုလ်ဗ်စ်ကို နှစ်ကျော့စလုံးမှာ နိုင်ပွဲနှစ်ပွဲနဲ့ ခြောက်မှတ်ရယူနိုင်မယ်လို့ ခန့်မှန်းသူတွေနဲ့ ပြိုင်ဘက်တွေက ထင်ကြေးမှာ ဆန့်ကျင်ဘက်ပေးခဲ့ကြပေမယ့် သူတို့တွေရဲ့ ဆန္ဒပြုမှုတွေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ လက်ထဲမှာ ရှိတဲ့ လက်ကျန်ပွဲတွေကို ဘန်လေနဲ့ပွဲကလွဲလို့ အကောင်းဆုံး အသုံးချနိုင်ခဲ့ကြသလို နောက်ဆုံး ၄ ပွဲမှာ ၁၀ မှတ်ရယူပြီး အခြေအနေကောင်း တစ်ပွဲချင်း အပေါင်းလက္ခဏာ ကြီးမားလာခဲ့ပါတယ်။ လက်ရှိမှာတော့ အဆင့် ၄ နေရာက ၂၆ ပွဲကစား ၄၆ မှတ်ရထားတဲ့ မန်ချက်စတာယူနိုက်တက်ထက် နှစ်ပွဲလျှော့ကစားပြီး တစ်မှတ်သာ နည်းနေတဲ့ အနေအထားကို ရောက်ရှိခဲ့တဲ့ အဆင့် ၅ ရောက် ဂန်းနားတွေအနေနဲ့ ချန်ပီယံလိဂ်ပြန်ကစားဖို့ တာစူနေခဲ့ပြီလို့ ဆိုရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပုံစံေကာင္းတစ္ခုကို ပ်ိဳးေထာင္ႏိုင္ၿပီျဖစ္တဲ့ အာတီတာ
အာဆင္နယ္အသင္းကို ၂၀၁၉ ခုႏွစ္မွာ နည္းျပအျဖစ္ အေတြ႕အႀကဳံမရွိေသးတဲ့ အာတီတာ ေရာက္လာခဲ့ၿပီး ဆာကာရဲ႕ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ဝုလ္ဗ္စ္နဲ႔ ပထမဆုံး ေတြ႕ဆုံမႈက အဖြင့္လွခဲ့သလို ၂၀၂၀ ႏိုဝင္ဘာမွာေတာ့ ဝုလ္ဗ္စ္တို႔က တစ္ဖန္ လက္စားျပန္ေခ်ခ်ိန္မွာ စပိန္သားနည္းျပအတြက္ ထုတ္ပယ္ခံရဖို႔ ေတာင္းဆိုမႈေတြေတာင္ ရွိခဲ့တာပါ။ ဒါကို စိတ္ရွည္သည္းခံခဲ့မႈကေတာ့ ႏွစ္ပတ္အတြင္းမွာ ပရီးမီးယားလိဂ္ႏွစ္ပြဲ ႏွစ္ေက်ာ့ကစားခဲ့ရတဲ့ ေပၚတူဂီႀကိဳက္အသင္းကို ႏွစ္ပြဲစလုံး အႏိုင္ရခဲ့သလို ေဘာလုံးကိုင္ထားၿပီး ဖိကစားခဲ့ရင္း ဧည့္သည္ေတြကို ဖ႐ိုဖရဲ လဲကြဲေစခဲ့တာလည္းျဖစ္ပါတယ္။ တိုက္စစ္ကသာ ပါးနပ္ခဲ့ရင္ ဒီပြဲက ရင္ခုန္စရာမလိုတဲ့ ပြဲမ်ိဳးျဖစ္ၿပီး အာတီတာရဲ႕ ကစားဟန္ကလည္း တိုးတက္မႈကို ျပသႏိုင္ခဲ့တာပါ။

စိတ္ဓာတ္ပိုင္းနဲ႔ Come Back Win
အာဆင္နယ္တို႔အေနနဲ႔ ဝုလ္ဗ္စ္ကို ပထမပိုင္းမွာ ရႈံးနိမ့္ေနခဲ့ေပမယ့္ ပြဲၿပီးခါနီး အခ်ိန္ေတြမွာ ႏွစ္ဂိုးျပန္သြင္းၿပီး ေနာက္ဆုံးမိနစ္မွာ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ တစ္သင္းလုံးရဲ႕ ႀကိဳးစားမႈအေပၚမွာ ေအာ္ဒီဂြါဒ္ရဲ႕ အကြက္ျမင္တဲ့ ဖန္တီးမႈ၊ နကီးတီးယားရဲ႕ အလိုက္သင့္ ေျပးထြက္ရယူမႈနဲ႔ ေပေပရဲ႕ ကြၽမ္းက်င္မႈအေျခခံတဲ့ ေခ်ပဂိုးက ဂန္းနားဖန္ေတြကို ပီတိျဖစ္ေစခဲ့သလို အခ်ိဳေပၚ သကာေလာင္းခဲ့တာကေတာ့ ကစားကြက္ခ်င္း မယွဥ္ႏိုင္တုန္း အခ်ိန္ဆြဲၿပီး အမ်ိဳးမ်ိဳးညစ္ဖို႔ ႀကိဳးစားေနတဲ့ ဝုလ္ဗ္စ္ကို ေနာက္ဆုံးမိနစ္မွာ ဂိုးသြင္းၿပီး ႏိုင္ပြဲဆင္ခဲ့တာပါပဲ။ ဒီလိုလုပ္ႏိုင္ဖို႔က ကံ၊ ဉာဏ္၊ ဝီရိယ အားလုံး ျပည့္စုံဖို႔ လိုၿပီး ဒီအတြက္ အေျခခံတဲ့ စိတ္ဓာတ္ပိုင္းနဲ႔ Come Back Win ကို ခ်ီးက်ဴးရမွာလည္းျဖစ္ပါတယ္။

လူစားဝင္ၿပီး ေျခစြမ္းျပတဲ့ ေပေပ
လာကာဇက္ရဲ႕ ကန္ခ်က္က ႐ိုမန္ ဆိုက္စ္နဲ႔ ေပါင္နဲ႔ ထိၿပီး ဂိုးသမား ဂ်ိဳေဆးဆားရဲ႕ လက္နဲ႔ ထိၿပီး Own Goal ျဖစ္တာ မဟုတ္ခဲ့ရင္ ဂန္းနားတို႔ရဲ႕ ႏိုင္ပြဲနဲ႔ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္က ပိုၿပီး လွပခဲ့မွာပါ။ ဒီေန႔ပြဲရဲ႕ အလွည့္အေျပာင္းတစ္ခုကေတာ့ အာဖရိကဖလားက ျပန္လာကတည္းက အရင္နဲ႔ မတူေတာ့ဘူးလို႔ နည္းျပ အာတီတာက ထုတ္ေဖာ္ခ်ီးက်ဴးထားခဲ့ရတဲ့ ေတာင္ပံသမား နီကိုလာ ေပေပရဲ႕ ေခ်ပဂိုးျဖစ္ၿပီး လွပတဲ့ အထိန္းအသိမ္းနဲ႔ အနီးကပ္ ေသြးေအးတဲ့ ကန္ခ်က္က ထူးျခားေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ပထမဆုံးေျပာခဲ့တဲ့ လာကာဇက္ရဲ႕ ေခ်ပဂိုးကို နားလည္မႈရွိရွိနဲ႔ ဝမ္းတူး ႐ိုက္ေပးခဲ့ေသးတာျဖစ္ၿပီး ဝုလ္ဗ္စ္ကစားသမားေတြေၾကာင့္ Own Goal ျဖစ္သြားတာ မဟုတ္ခဲ့ရင္ ေပေပအတြက္ ဖန္တီးမႈ တစ္ႀကိမ္ကိုပါ ရယူႏိုင္ခဲ့ဦးမွာလို႔ ဆိုရပါလိမ့္မယ္။

အာဆင္နယ္ရဲ႕ Trade Mark အမွားေတြလား
အာဆင္နယ္တို႔အေနနဲ႔ တစ္ဖက္အသင္းရဲ႕ ထိုးေဖာက္မႈေတြက ေကာင္းလြန္းလို႔ မဟုတ္ဘဲ ကိုယ့္ခံစစ္ပိုင္းရဲ႕ ခ်ိဳ႕တဲ့မႈေတြေၾကာင့္ ေပးရတဲ့ ဂိုးေတြက မနည္းမေနာရွိခဲ့ၿပီး ဒီေန႔ပြဲမွာလည္း ထပ္မံျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ၾကမ္းတမ္းတဲ့ ကစားဟန္ကို အသိ၊ သတိနဲ႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ အရင္ပြဲေတြကတည္းက ရွိေနခဲ့ၿပီး ကံေကာင္းေနခဲ့ေသးတဲ့ ေပါ့ဆၿပီး ေရွ႕ေနာက္မၾကည့္တဲ့ ပုံစံကေတာ့ ဒီေန႔မွာ အျပစ္ေပးခံခဲ့ရတာျဖစ္ၿပီး ဘယ္သူေတြ ဘယ္ေနရာမွာ ရွိေနသလဲဆိုတာ ေသခ်ာမၾကည့္ဘဲ ေနာက္ျပန္ေပးခဲ့တဲ့ ခံစစ္မႉး ဂါဘရီယယ္လ္ရဲ႕ ေပးပို႔မႈက ဟြမ္းဟီးခ်န္းရဲ႕ ဂိုးအျဖစ္နဲ႔ သူတို႔အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ လမ္းေၾကာင္းေပၚက ေျခေခ်ာ္သြားႏိုင္တဲ့ အႏၲရာယ္မ်ိဳး ႀကဳံေတြ႕ေစခဲ့သလို ေနာက္ပြဲေတြမွာေတာ့ ျပင္ဆင္ဖို႔ လိုအပ္ေနခဲ့တာပါ။

ဆဲတဲ့သူေတြ အသံျပန္တိတ္ခဲ့ရတဲ့ ညခ်မ္း
ပထမပိုင္းမွာ ဂါဘရီယယ္လ္ရဲ႕ အမွားေၾကာင့္ ဟြမ္းဟီးခ်န္းရဲ႕ ဂိုးကို ခြင့္ျပဳခဲ့ရၿပီး တစ္ပြဲလုံး ဖိကစားေနခဲ့ေပမယ့္ ပထမပိုင္းမွာ ၁၀ ႀကိမ္ကန္ၿပီး ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့သလို မာတီနယ္လီ၊ လာကာဇက္တို႔ရဲ႕ ျဖဳန္းတီးမႈနဲ႔ ဆာကာရဲ႕ တုံ႔ေႏွးေနမႈေတြက ပရိသတ္ေတြအဖို႔ ေဒါသထြက္စရာေတြ ျဖစ္ခဲ့တာပါ။ ဒုတိယပိုင္းမွာ ဂိုးထပ္မရခင္အခ်ိန္အထိ အာဆင္နယ္တို႔ ၂၂ ႀကိမ္မွာ ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ေနာက္ထပ္ ၄ ႀကိမ္မွာ ၂ ႀကိမ္ ဂိုးေပါက္တည့္မႈက ဆဲေနသူေတြကို အသံတိတ္ေစခဲ့တာျဖစ္ပါတယ္။ တစ္ပြဲလုံး လြဲေခ်ာ္ေနခဲ့ၿပီး ေပေပဂိုးသြင္းျပခဲ့လို႔မ်ား မခံခ်င္စိတ္နဲ႔ ႐ုန္းခဲ့တာလားလို႔ ထင္ခဲ့ရတဲ့ လာကာဇက္ကလည္း ေနာက္ဆုံးမွာေတာ့ ပရိသတ္ေတြရဲ႕ ေဒါသေတြကို ေျပေလ်ာ့ေစခဲ့ပါတယ္။

အဲ့ဒီေလာက္နဲ႔ မရေသးဘူး လာဂ်ီနဲ႔ နာဗက္စ္
ကြင္းေဘးမွာ ႐ိုးသားမႈ မရွိတဲ့ နည္းဗ်ဴဟာေတြနဲ႔ အာဆင္နယ္တို႔ကို အမ်ိဳးမ်ိဳး တုံ႔ဆြဲေနခဲ့တဲ့ ဘ႐ူႏို လာဂ်ီရဲ႕ ဝုလ္ဗာဟမ့္ပ္တန္တစ္သင္းလုံး အတြက္ေတာ့ ေနာက္ဆုံးမိနစ္မွာ အသည္းကြဲခဲ့ရတာျဖစ္သလို အမ္းမရိတ္ ပရိသတ္ေတြကေတာ့ တစ္ခဲနက္ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။ အာတီတာနဲ႔ အျငင္းပြားခဲ့ၾကတဲ့ ေပၚတူဂီသားနည္းျပအေနနဲ႔ ဒီရာသီမွာ ႏွစ္ႀကိမ္စလုံး အာဆင္နယ္ကို ရႈံးနိမ့္ခဲ့ရတာျဖစ္သလို ၿပီးခဲ့တဲ့ မိုလီႏူးပြဲစဥ္တုန္းက သူတို႔ကို မႀကိဳက္ဘူးလို႔ ေျပာခဲ့တဲ့ အသင္းေခါင္းေဆာင္ ကြန္နာ ကိုဒီနဲ႔ တစ္ေယာက္ေလ်ာ့ႏိုင္ပြဲအေပၚ ေအာင္ပြဲခံမႈကို ကဲ့ရဲ႕ရႈတ္ခ်ခဲ့တဲ့ ကြင္းလယ္လူ ႐ူဘင္ နာဗက္စ္တို႔ကေတာ့ ပါးစပ္ေတြ ပိတ္ဖို႔ ထိုက္တန္ခဲ့တာလည္းျဖစ္ပါတယ္။

အဆင့္ ၄ အတြက္ အေျခအေနေကာင္းဆုံးျဖစ္သြားတဲ့ ဂန္းနားေတြ
အာဆင္နယ္တို႔အေနနဲ႔ ဝုလ္ဗ္စ္ကို ႏွစ္ေက်ာ့စလုံးမွာ ႏိုင္ပြဲႏွစ္ပြဲနဲ႔ ေျခာက္မွတ္ရယူႏိုင္မယ္လို႔ ခန႔္မွန္းသူေတြနဲ႔ ၿပိဳင္ဘက္ေတြက ထင္ေၾကးမွာ ဆန႔္က်င္ဘက္ေပးခဲ့ၾကေပမယ့္ သူတို႔ေတြရဲ႕ ဆႏၵျပဳမႈေတြက ေျပာင္းျပန္ျဖစ္သြားခဲ့ပါတယ္။ လက္ထဲမွာ ရွိတဲ့ လက္က်န္ပြဲေတြကို ဘန္ေလနဲ႔ပြဲကလြဲလို႔ အေကာင္းဆုံး အသုံးခ်ႏိုင္ခဲ့ၾကသလို ေနာက္ဆုံး ၄ ပြဲမွာ ၁၀ မွတ္ရယူၿပီး အေျခအေနေကာင္း တစ္ပြဲခ်င္း အေပါင္းလကၡဏာ ႀကီးမားလာခဲ့ပါတယ္။ လက္ရွိမွာေတာ့ အဆင့္ ၄ ေနရာက ၂၆ ပြဲကစား ၄၆ မွတ္ရထားတဲ့ မန္ခ်က္စတာယူႏိုက္တက္ထက္ ႏွစ္ပြဲေလွ်ာ့ကစားၿပီး တစ္မွတ္သာ နည္းေနတဲ့ အေနအထားကို ေရာက္ရွိခဲ့တဲ့ အဆင့္ ၅ ေရာက္ ဂန္းနားေတြအေနနဲ႔ ခ်န္ပီယံလိဂ္ျပန္ကစားဖို႔ တာစူေနခဲ့ၿပီလို႔ ဆိုရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.