Premier League

ဇြန္လတစ္လတာ အေကာင္းဆုံးနည္းျပအျဖစ္ ဝုလ္ဗ္စ္နည္းျပ ႏူႏို ဆန္တုိကို ေရြးခ်ယ္

ဇြန္လရဲ႕ အေကာင္းဆုံးနည္းျပအျဖစ္ ပရီးမီးယားလိဂ္က ေရြးခ်ယ္တဲ့ ဆုကိုေတာ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ နည္းျပ ႏူႏို အက္စ္ပရီဆီတို ဆန္တိုက ဆြတ္ခူးရယူသြားႏုိင္ခဲ့ၿပီး တစ္လအတြင္း အသင္းရဲ႕ ရလဒ္ေတြ ေကာင္းမြန္ေအာင္ ကိုင္တြယ္ႏုိင္ခဲ့လို႔ ေရြးခ်ယ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒီဆုအတြက္ ႏူႏို ဆန္တိုအေနနဲ႔ အသင္းကို မတ္လအတြင္းနဲ႔ ပရီးမီးယားလိဂ္ ျပန္လည္စတင္တဲ့ ဇြန္လအတြင္းမွာ ၅ ပြဲဆက္တုိက္ ရွဳံးပြဲမရွိခဲ့ဘဲ အဆင့္ ၆ ေနရာကို ပုိ႔ေဆာင္ေပးႏုိင္တဲ့အတြက္ ေရြးခ်ယ္ခံခဲ့ရတာလည္းျဖစ္ၿပီး သူ႕ရဲ႕ ခံစစ္ပုိင္းေကာင္းမြန္မွဳကလည္း ခ်ီးက်ဴးစရာ ျဖစ္ခဲ့ပါတယ္။

၂၀၁၈ စက္တင္ဘာလက ဒီဆုကို တစ္ႀကိမ္ရရွိခဲ့ဖူးတဲ့ ေပၚတူဂီသားနည္းျပအေနနဲ႔ ဒီဆုကို ဒုတိယအႀကိမ္ ဆြတ္ခူးရယူႏုိင္ခဲ့တာျဖစ္ၿပီး ဇြန္လအတြက္မွာေတာ့ ၿပဳိင္ဘက္ေတြအျဖစ္ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္၊ နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတို႔ကို ေက်ာ္ျဖတ္ၿပီး ရယူႏုိင္ခဲ့တာပါ။

ဝုလ္ဗ္စ္အသင္းဟာ ႏူႏို ဆန္တုိရဲ႕ လက္ထဲမွာ ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာလည္း ဇြန္လအတြင္း ကစားခဲ့တဲ့ ပြဲေတြမွာ ဝက္စ္ဟမ္းကို အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိ၊ ဘုန္းေမာက္ကို အိမ္ကြင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အက္စတန္ဗီလာကို အေဝးကြင္းမွာ တစ္ဂိုး-ဂိုးမရွိ ကစားႏုိင္ခဲ့ၿပီး ဇူလုိင္လအတြင္းမွာေတာ့ ရွဳံးပြဲႏွစ္ပြဲ ေတြ႕ႀကဳံထားခဲ့တာျဖစ္ပါတယ္။

ႏူႏို ဆန္တုိဟာ ဒီဆုကို တစ္ဦးတည္း လက္ခံဖို႔ထက္ သူ႕ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ေရွာင္ မီးလား၊ တြမ္ ေမးလ္၊ မတ္ ဝစ္ဂ္နဲလ္၊ မတ္ ပယ္ရီနဲ႔ ေပါလ္ ဘင္းနဲလ္တုိ႔နဲ႔အတူ လက္ခံယူခဲ့ၾကၿပီး ကိုဗစ္-၁၉ ကာလမွာ အသင္းရဲ႕ ပုံစံကို ဆက္လက္ထိန္းသိမ္းေပးထားႏုိင္ခဲ့တဲ့ သူတုိ႔ရဲ႕ ႀကဳိးစားအားထုတ္မွဳကို ဂုဏ္ျပဳခ်င္ခဲ့တာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: PREMIER LEAGUE
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဇွန်လရဲ့ အကောင်းဆုံးနည်းပြအဖြစ် ပရီးမီးယားလိဂ်က ရွေးချယ်တဲ့ ဆုကိုတော့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ နည်းပြ နူနို အက်စ်ပရီဆီတို ဆန်တိုက ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီး တစ်လအတွင်း အသင်းရဲ့ ရလဒ်တွေ ကောင်းမွန်အောင် ကိုင်တွယ်နိုင်ခဲ့လို့ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီဆုအတွက် နူနို ဆန်တိုအနေနဲ့ အသင်းကို မတ်လအတွင်းနဲ့ ပရီးမီးယားလိဂ် ပြန်လည်စတင်တဲ့ ဇွန်လအတွင်းမှာ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ အဆင့် ၆ နေရာကို ပို့ဆောင်ပေးနိုင်တဲ့အတွက် ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပြီး သူ့ရဲ့ ခံစစ်ပိုင်းကောင်းမွန်မှုကလည်း ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

၂၀၁၈ စက်တင်ဘာလက ဒီဆုကို တစ်ကြိမ်ရရှိခဲ့ဖူးတဲ့ ပေါ်တူဂီသားနည်းပြအနေနဲ့ ဒီဆုကို ဒုတိယအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့တာဖြစ်ပြီး ဇွန်လအတွက်မှာတော့ ပြိုင်ဘက်တွေအဖြစ် ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်၊ နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်နဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။

ဝုလ်ဗ်စ်အသင်းဟာ နူနို ဆန်တိုရဲ့ လက်ထဲမှာ ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာလည်း ဇွန်လအတွင်း ကစားခဲ့တဲ့ ပွဲတွေမှာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိ၊ ဘုန်းမောက်ကို အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အက်စတန်ဗီလာကို အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိ ကစားနိုင်ခဲ့ပြီး ဇူလိုင်လအတွင်းမှာတော့ ရှုံးပွဲနှစ်ပွဲ တွေ့ကြုံထားခဲ့တာဖြစ်ပါတယ်။

နူနို ဆန်တိုဟာ ဒီဆုကို တစ်ဦးတည်း လက်ခံဖို့ထက် သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရှောင် မီးလား၊ တွမ် မေးလ်၊ မတ် ဝစ်ဂ်နဲလ်၊ မတ် ပယ်ရီနဲ့ ပေါလ် ဘင်းနဲလ်တို့နဲ့အတူ လက်ခံယူခဲ့ကြပြီး ကိုဗစ်-၁၉ ကာလမှာ အသင်းရဲ့ ပုံစံကို ဆက်လက်ထိန်းသိမ်းပေးထားနိုင်ခဲ့တဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချင်ခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: PREMIER LEAGUE
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.