Premier League UCL&UEL

ခ်န္ပီယံလိဂ္ပြဲပယ္ျပစ္ဒဏ္ကေန လြတ္ေျမာက္ဖို႔ ယုံၾကည္မွဳရွိေနတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္(ဂ်ဳိးဆက္) ဂြါဒီယိုလာအေနနဲ႔ သူတုိ႔ရဲ႕ အသင္းဟာ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲကို ဝင္ေရာက္ယွဥ္ၿပဳိင္ခြင့္ရမယ္လို႔ ယုံၾကည္ေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ဒီသတင္းကေတာ့ အဆင့္ ၅ ေနရာကို ရရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္ခ်ရမယ္လို႔ ယူဆေနတဲ့ အသင္းေတြအတြက္ေတာ့ မ်က္ခုံးလွဳပ္စရာလည္းျဖစ္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၃ ကေန ၅ အထိ တစ္မွတ္စီအကြာနဲ႔ ခ်ဲလ္ဆီး၊ လက္စတာနဲ႔ မန္ခ်က္စတာယူႏုိက္တက္တို႔က အစဥ္လုိက္ ရပ္တည္ေနၾကၿပီး မန္စီးတီးအေနနဲ႔သာ လာမယ့္ တနလၤာေန႔မွာ အေျဖေပၚမယ့္ အားကစားခုံ႐ုံး CAS အယူခံမွာ အႏုိင္ရရခဲ့ရင္ေတာ့ သုံးသင္းထဲက တစ္သင္းက ယူ႐ိုပါလိဂ္ဆီ ထြက္ရမယ့္ တုိက္ပြဲက ပုိမိုျပင္းထန္လာဖို႔လည္း ရွိပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA ကေန ႀကီးမွဴးက်င္းပတဲ့ ၿပဳိင္ပြဲအားလုံးက ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြ ယူ႐ို သန္း ၃၀ ခ်မွတ္ျခင္းခံခဲ့ရတဲ့ မန္စီးတီးအသင္းအေနနဲ႔ အားကစားခုံ႐ုံးမွာ အယူခံတင္သြင္းထားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္ကေန ၁၀ ရက္ေန႔အထိ ဆြစ္ဇာလန္ႏုိင္ငံ၊ လိုဇန္ၿမဳိ႕မွာ ၾကားနာခဲ့ၿပီး တနလၤာေန႔မွာ ရလဒ္ကို သိရမွာျဖစ္ပါတယ္။

“ကၽြန္ေတာ္ကေတာ့ အသင္းအေနနဲ႔ တင္သြင္းထားတဲ့ ထုေခ်လႊာေတြအရ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္မွာ ဆက္လက္ကစားခြင့္ရမယ္လို႔ ယုံၾကည္ေနပါတယ္”လို႔ ဂြါဒီယိုလာက စေနေန႔မွာ ကစားရမယ့္ မန္စီးတီးနဲ႔ ဘ႐ိုက္တန္တုိ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မတုိင္မီ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့သလို အသင္းရဲ႕ အမွဳေဆာင္ခ်ဳပ္ ဖယ္ရန္ ဆုိရီယာႏုိကလည္း သူတုိ႔မွာ ျပစ္ဒဏ္ကေန လြတ္ေျမာက္ဖို႔ လုံေလာက္တဲ့ သက္ေသေတြ ရွိတယ္လို႔ ဆုိထားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ ဆက္လက္ကစားခြင့္ဟာ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြကို ဆက္လက္ထိန္းသိမ္းထားႏုိင္ဖို႔ အေရးပါတဲ့ အခ်က္လည္းျဖစ္ေနၿပီး ဒီရာသီမွာေတာ့ မန္စီးတီးအသင္းအေနနဲ႔ ရွဳံးထြက္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ကို အိမ္ကြင္း အစ္တီဟတ္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားရဦးမွာျဖစ္သလုိ ဒီပြဲကို အႏုိင္ရရွိရင္ေတာ့ ဂ်ဴဗင္တပ္စ္နဲ႔ လီယြန္တုိ႔ ႏွစ္သင္းထဲက အႏုိင္ရရွိတဲ့အသင္းနဲ႔ ကြာတားဖိုင္နယ္ ဆက္လက္ကစားရဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ်(ဂျိုးဆက်) ဂွါဒီယိုလာအနေနဲ့ သူတို့ရဲ့ အသင်းဟာ နောက်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ်လို့ ယုံကြည်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ဒီသတင်းကတော့ အဆင့် ၅ နေရာကို ရရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရမယ်လို့ ယူဆနေတဲ့ အသင်းတွေအတွက်တော့ မျက်ခုံးလှုပ်စရာလည်းဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃ ကနေ ၅ အထိ တစ်မှတ်စီအကွာနဲ့ ချဲလ်ဆီး၊ လက်စတာနဲ့ မန်ချက်စတာယူနိုက်တက်တို့က အစဉ်လိုက် ရပ်တည်နေကြပြီး မန်စီးတီးအနေနဲ့သာ လာမယ့် တနင်္လာနေ့မှာ အဖြေပေါ်မယ့် အားကစားခုံရုံး CAS အယူခံမှာ အနိုင်ရရခဲ့ရင်တော့ သုံးသင်းထဲက တစ်သင်းက ယူရိုပါလိဂ်ဆီ ထွက်ရမယ့် တိုက်ပွဲက ပိုမိုပြင်းထန်လာဖို့လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေ ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲအားလုံးက နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ယူရို သန်း ၃၀ ချမှတ်ခြင်းခံခဲ့ရတဲ့ မန်စီးတီးအသင်းအနေနဲ့ အားကစားခုံရုံးမှာ အယူခံတင်သွင်းထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ လိုဇန်မြို့မှာ ကြားနာခဲ့ပြီး တနင်္လာနေ့မှာ ရလဒ်ကို သိရမှာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ အသင်းအနေနဲ့ တင်သွင်းထားတဲ့ ထုချေလွှာတွေအရ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်မှာ ဆက်လက်ကစားခွင့်ရမယ်လို့ ယုံကြည်နေပါတယ်”လို့ ဂွါဒီယိုလာက စနေနေ့မှာ ကစားရမယ့် မန်စီးတီးနဲ့ ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို အသင်းရဲ့ အမှုဆောင်ချုပ် ဖယ်ရန် ဆိုရီယာနိုကလည်း သူတို့မှာ ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ လုံလောက်တဲ့ သက်သေတွေ ရှိတယ်လို့ ဆိုထားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ဆက်လက်ကစားခွင့်ဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အရေးပါတဲ့ အချက်လည်း ဖြစ်နေပြီး ဒီရာသီမှာတော့ မန်စီးတီးအသင်းအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း အစ်တီဟတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရဦးမှာဖြစ်သလို ဒီပွဲကို အနိုင်ရရှိရင်တော့ ဂျူဗင်တပ်စ်နဲ့ လီယွန်တို့ နှစ်သင်းထဲက အနိုင်ရရှိတဲ့အသင်းနဲ့ ကွာတားဖိုင်နယ် ဆက်လက်ကစားရဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.