Premier League

အေကာင္းဆုံးဂိုးဆုကိုပါ ဇြန္လအတြက္ ထပ္မံသိမ္းပုိက္ျပလုိက္ျပန္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္

မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ စုတ္ေရာ လာဘ္ပါ ဝင္ေနမွဳေတြကေတာ့ တစ္လတာအေကာင္းဆုံးကစားသမားဆုေလာက္နဲ႔ မရပ္တန္႔ေသးဘဲ ဝင္လာမစဲ တသဲသဲျဖစ္ေနၿပီး ဇြန္လအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးဆုကိုပါ ဆက္လက္ဆြတ္ခူးႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

ဖာနန္ဒက္စ္အေနနဲ႔ ဒီဆုအတြက္ ဘန္ ေခ်းလ္ဝဲလ္ (လက္စတာ)၊ နီကိုလတ္စ္ ေပေပ (အာဆင္နယ္)၊ ပက္ဒ႐ို နီတို (ဝုလ္ဗ္စ္)၊ လူကာ မီလီဗိုေယဗစ္ခ်္ (ပဲေလ့စ္)၊ အန္တိုနီ မာစီယယ္လ္ (မန္ယူ)၊ ဖာဘင္ညဳိ (လီဗာပူးလ္)၊ ကီဗင္ ဒီဘ႐ိုင္းနား (မန္စီးတီး)တို႔နဲ႔ ယွဥ္ၿပဳိင္ခဲ့ရၿပီး ဒီဆုကို မဲေပးမွဳအမ်ားဆုံးနဲ႔ ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ ဂိုးကေတာ့ ဇြန္လ ၃၀ ရက္ေန႔က ဘ႐ိုက္တန္ကို အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူႏုိင္ခဲ့တဲ့ သူ႕ရဲ႕ ဒုတိယေျမာက္ဂိုးနဲ႔ အသင္းရဲ႕ တတိယေျမာက္ဂိုးျဖစ္ၿပီး တန္ျပန္တုိက္စစ္ကေန လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ရဲ႕ ျဖတ္တင္ေဘာကို လွလွပပ Volley ကန္ခ်က္နဲ႔ တစ္ဖက္ဂိုးသမား မက္သယူး ႐ိုင္ယန္ကို အႏုိင္ယူခဲ့တာလည္းျဖစ္ပါတယ္။

ဒီတစ္လတာ အေကာင္းဆုံးဂိုးဆုကိုပါ ရယူႏုိင္ခဲ့တဲ့ ဖာနန္ဒက္စ္အေနနဲ႔ အေကာင္းဆုံးကစားသမားဆုနဲ႔ ဂိုးဆုကို တစ္ၿပဳိင္တည္း ႏွစ္ဆုစလုံး ရယူႏုိင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္လည္း စံခ်ိန္တင္ႏုိင္ခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြအတြက္ေတာ့ သူတုိ႔ရဲ႕ ဇန္နဝါရီ ေခၚယူမွဳအတြက္ ဂုဏ္ယူႏိုင္ၾကမွာလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏုိက္တက္ကို ေရာက္လာခဲ့ကတည္းက ပရီးမီးယားလိဂ္ ၁၀ ပြဲ ကစားၿပီးခ်ိန္မွာ ၇ ဂိုး သြင္းယူထားခဲ့ၿပီး သြင္းဂိုးနဲ႔ ကစားခ်ိန္ အခ်ဳိးအရ မိနစ္ ၁၂၀ တုိင္းကို တစ္ဂိုးသြင္းယူထားႏုိင္ေၾကာင္းလည္း စာရင္းအင္းျပဳစုေရးအဖြဲ႕ေတြက ေဖာ္ျပထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: PREMIER LEAGUE
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ စုတ်ရော လာဘ်ပါ ဝင်နေမှုတွေကတော့ တစ်လတာအကောင်းဆုံးကစားသမားဆုလောက်နဲ့ မရပ်တန့်သေးဘဲ ဝင်လာမစဲ တသဲသဲဖြစ်နေပြီး ဇွန်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုကိုပါ ဆက်လက်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ဒီဆုအတွက် ဘန် ချေးလ်ဝဲလ် (လက်စတာ)၊ နီကိုလတ်စ် ပေပေ (အာဆင်နယ်)၊ ပက်ဒရို နီတို (ဝုလ်ဗ်စ်)၊ လူကာ မီလီဗိုယေဗစ်ချ် (ပဲလေ့စ်)၊ အန်တိုနီ မာစီယယ်လ် (မန်ယူ)၊ ဖာဘင်ညို (လီဗာပူးလ်)၊ ကီဗင် ဒီဘရိုင်းနား (မန်စီးတီး)တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ဒီဆုကို မဲပေးမှုအများဆုံးနဲ့ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ဂိုးကတော့ ဇွန်လ ၃၀ ရက်နေ့က ဘရိုက်တန်ကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့ ဒုတိယမြောက်ဂိုးနဲ့ အသင်းရဲ့ တတိယမြောက်ဂိုးဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ရဲ့ ဖြတ်တင်ဘောကို လှလှပပ Volley ကန်ချက်နဲ့ တစ်ဖက်ဂိုးသမား မက်သယူး ရိုင်ယန်ကို အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဒီတစ်လတာ အကောင်းဆုံးဂိုးဆုကိုပါ ရယူနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်အနေနဲ့ အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးဆုကို တစ်ပြိုင်တည်း နှစ်ဆုစလုံး ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ သူတို့ရဲ့ ဇန်နဝါရီ ခေါ်ယူမှုအတွက် ဂုဏ်ယူနိုင်ကြမှာလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာခဲ့ကတည်းက ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး သွင်းယူထားခဲ့ပြီး သွင်းဂိုးနဲ့ ကစားချိန် အချိုးအရ မိနစ် ၁၂၀ တိုင်းကို တစ်ဂိုးသွင်းယူထားနိုင်ကြောင်းလည်း စာရင်းအင်းပြုစုရေးအဖွဲ့တွေက ဖော်ပြထားခဲ့ကြောင်း သိရှိရပါတယ်။

REF: PREMIER LEAGUE
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.