Match Report UCL&UEL

မာဆေးလ်ဘက်ကို လက်နဲ့သွင်းခဲ့တဲ့ အချိုချောင်ဂိုးမယူဘဲပြန်ပေးခဲ့တဲ့ ကွာရာဘတ်နည်းပြ

ကွာရာဘတ်တိုက်စစ်မှူး အီဘရာဟီမာ ဝါဂျီဟာ အံ့အားသင့်ဖွယ် လက်ထိသွင်းဂိုးကို သွင်းယူခဲ့ပြီး ဒိုင်လူကြီးက ဂိုးအဖြစ်ခွင့်ပြုခဲ့ပေမယ့် ကွာရာဘတ်နည်းပြက ဂိုးအဖြစ် ခွင့်မပြုပေးဖို့ ပြောခဲ့တာကြောင့် ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။

ဝါဂျီဟာ မာဆေးလ် ဂိုးသမား မန်ဒန်ဒါကို အလဲထိုးနိုင်ဖို့အတွက် ၎င်းရဲ့ လက်ကို အသုံးပြုပြီး ၃၄ မိနစ်မှာ ဘတ်စ်ကက်ဘောကစားသလို ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မယုံနိုင်စရာကောင်းလောက်အောင်ပဲ ယူရိုပါကွန်းဖရင့်လိဂ် play-off ပွဲစဉ်မှာ အစပိုင်းတုန်းက အဲဒီသွင်းဂိုးကို ဂိုးအဖြစ် ခွင့်ပြုပေးခြင်းခံခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးဟာ လက်ထိဘောကို မမြင်တွေ့ခဲ့တာနဲ့ ဗိုလ်လုပွဲမှာသာ VAR ရှိတာတို့ကြောင့် ဖြစ်ပါတယ်။

မာဆေးလ် ကစားသမားတွေအနေနဲ့ ဒေါသထွက်ခဲ့ကြမယ်ဆိုတာ နားလည်နိုင်ပေမယ့် ကန့်ကွက်ဆန္ဒပြမှုတွေက ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဝါဂျီဟာ ၃ မိနစ်လောက် စကားမပြောနိုင်ဘဲ တိတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ ကွာရာဘတ်နည်းပြ ဂါဘန် ဂါဘာနော့ဗ်က ဝါဂျီနဲ့ စကားပြောဆိုခဲ့ပြီး ၎င်းရဲ့ တိုက်စစ်မှူး လိမ်လည်သွင်းယူခဲ့တဲ့ဂိုးဟာ အားကစားသမားမပီသတာကြောင့် ဂိုးကို လက်မခံဖို့အတွက် ဖျောင်းဖျခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ ဝါဂျီဟာ ၎င်းရဲ့ မလျော်မကန်တဲ့ အပြုအမူကို ဒိုင်လူကြီးဆီမှာ သွားရောက် ဝန်ခံပြောဆိုခဲ့ပုံပေါ်ခဲ့ပြီး ကွင်းလယ်ဒိုင်က ပြင်သစ်လိဂန်းအသင်းကို အလွတ်ကန်ဘော ကန်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ဧည့်သည် မာဆေးလ်အသင်းဟာ အဲဒီအချိန်မှာ ၁-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ၁၂ မိနစ်မှာ ပါပါ ဂေးယီရဲ့ အဖွင့်ဂိုးကြောင့် ၂ ကျော့ပေါင်း ၄-၁ နဲ့ အနိုင်ရရှိနေတာဖြစ်ပါတယ်။

မာဆေးလ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ၇၇ မိနစ်မှာ ဂွမ်ဒူဇီက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းပြီး ရယူပေးသွားခဲ့တာဖြစ်ပြီး တတိယမြောက်ဦးဆောင်ဂိုးကိုတော့ ၉၂ မိနစ်မှာ ဖွန်တီက ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကြာရာဘတ္တိုက္စစ္မႉး အီဘရာဟီမာ ဝါဂ်ီဟာ အံ့အားသင့္ဖြယ္ လက္ထိသြင္းဂိုးကို သြင္းယူခဲ့ၿပီး ဒိုင္လူႀကီးက ဂိုးအျဖစ္ခြင့္ျပဳခဲ့ေပမယ့္ ကြာရာဘတ္နည္းျပက ဂိုးအျဖစ္ ခြင့္မျပဳေပးဖို႔ ေျပာခဲ့တာေၾကာင့္ ပယ္ဖ်က္ျခင္းခံခဲ့ရပါတယ္။

ဝါဂ်ီဟာ မာေဆးလ္ ဂိုးသမား မန္ဒန္ဒါကို အလဲထိုးနိုင္ဖို႔အတြက္ ၎ရဲ့ လက္ကို အသုံးျပဳၿပီး ၃၄ မိနစ္မွာ ဘတ္စ္ကက္ေဘာကစားသလို ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မယုံနိုင္စရာေကာင္းေလာက္ေအာင္ပဲ ယူရိုပါကြန္းဖရင့္လိဂ္ play-off ပြဲစဥ္မွာ အစပိုင္းတုန္းက အဲဒီသြင္းဂိုးကို ဂိုးအျဖစ္ ခြင့္ျပဳေပးျခင္းခံခဲ့ရတာျဖစ္ၿပီး ဒိုင္လူႀကီးဟာ လက္ထိေဘာကို မျမင္ေတြ႕ခဲ့တာနဲ႔ ဗိုလ္လုပြဲမွာသာ VAR ရွိတာတို႔ေၾကာင့္ ျဖစ္ပါတယ္။

မာေဆးလ္ ကစားသမားေတြအေနနဲ႔ ေဒါသထြက္ခဲ့ၾကမယ္ဆိုတာ နားလည္နိုင္ေပမယ့္ ကန႔္ကြက္ဆႏၵျပမႈေတြက ဆက္လက္ျဖစ္ေပၚေနတာေၾကာင့္ ဝါဂ်ီဟာ ၃ မိနစ္ေလာက္ စကားမေျပာနိုင္ဘဲ တိတ္ဆိတ္ေနခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ကြာရာဘတ္နည္းၿပ ဂါဘန္ ဂါဘာေနာ့ဗ္က ဝါဂ်ီနဲ႔ စကားေျပာဆိုခဲ့ၿပီး ၎ရဲ့ တိုက္စစ္မႉး လိမ္လည္သြင္းယူခဲ့တဲ့ဂိုးဟာ အားကစားသမားမပီသတာေၾကာင့္ ဂိုးကို လက္မခံဖို႔အတြက္ ေဖ်ာင္းဖ်ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ဝါဂ်ီဟာ ၎ရဲ့ မေလ်ာ္မကန္တဲ့ အျပဳအမူကို ဒိုင္လူႀကီးဆီမွာ သြားေရာက္ ဝန္ခံေျပာဆိုခဲ့ပုံေပၚခဲ့ၿပီး ကြင္းလယ္ဒိုင္က ျပင္သစ္လိဂန္းအသင္းကို အလြတ္ကန္ေဘာ ကန္ခြင့္ ေပးခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ မာေဆးလ္အသင္းဟာ အဲဒီအခ်ိန္မွာ ၁-၀ နဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ၿပီး ၁၂ မိနစ္မွာ ပါပါ ေဂးယီရဲ့ အဖြင့္ဂိုးေၾကာင့္ ၂ ေက်ာ့ေပါင္း ၄-၁ နဲ႔ အနိုင္ရရွိေနတာျဖစ္ပါတယ္။

မာေဆးလ္အသင္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ၇၇ မိနစ္မွာ ဂြမ္ဒူဇီက ပင္နယ္တီဧရိယာအျပင္ဘက္ကေန အျပင္းကန္သြင္းၿပီး ရယူေပးသြားခဲ့တာျဖစ္ၿပီး တတိယေျမာက္ဦးေဆာင္ဂိုးကိုေတာ့ ၉၂ မိနစ္မွာ ဖြန္တီက ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.