UCL&UEL

နေပယ်မှာရှိတဲ့ မာရာဒိုနာရုပ်တုက မှားယွင်းနေတဲ့အရာတွေကို ထောက်ပြခဲ့တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ နာပိုလီအိမ်ကွင်းက ဒီယေဂို မာရာဒိုနာကို ဂုဏ်ပြုထွင်းထုထားတဲ့ ရုပ်တုမှာ အမှားအယွင်းတွေ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်သွားခဲ့တဲ့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ကြာသပတေးနေ့ညက ရှုံးထွက်အဆင့်တွက်ကစားခဲ့တဲ့ ယူရိုပါလိဂ် playoff ပွဲစဉ်မှာ တွေ့ဆုံခဲ့တဲ့ ၂ သင်းစလုံးနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့သူဖြစ်ပါတယ်။ ကတ်လတန် ထိပ်သီးအသင်းကြီးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ အံ့အားသင့်ဖွယ် ပြုတ်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အထိ ယူရိုပါလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

နာပိုလီဟာ လက်စတာစီးတီးအသင်းကို အနိုင်ယူနိုင်ခဲ့တာကြာင့် ယူရိုပါလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ကတ်တလန်မှာ ၂ နှစ်ကြာ ကစားခဲ့ပြီးနောက် မာရာဒိုနာက ၁၉၈၄ ခုနှစ်မှာ ဘာစီလိုနာကနေ နာပိုလီကို အထင်ကရ အပြောင်းအရွှေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာရဲ့ ဘာစီလိုနာအသင်းတုန်းက အချိန်တွေဟာ ဒဏ်ရာပြဿနာအများအပြားခံစားခဲ့ရတာကြောင့် ပျော်ရွှင်စရာအချိန်တွေတော့ မဟုတ်ခဲ့ပေမယ့် နာပိုလီကို ပြောင်းရွှေ့ခဲ့တာကတော့ ၎င်းကို တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာ နေပယ်အခြေစိုက်ကလပ်အသင်းကို ၁၉၈၇ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ သမိုင်းဝင်အောင်မြင်မှုအဖြစ် စီးရီးအေဖလား ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ နာပိုလီရဲ့ မာရာဒိုနာအပေါ် ချစ်မြတ်နိုးမှုကို ပြသမှုအဖြစ် အာဂျင်တီးနားဂန္တဝင်ကွယ်လွန်ပြီးနောက် ၎င်းတို့ရဲ့အိမ်ကွင်းကို ဒီယေဂို အာမန်ဒို မာရာဒိုနာကွင်းလို့ အမည်ပြောင်းလဲ ခေါ်တွင်ခဲ့တာဖြစ်ပြီး ကွင်းထဲမှာလည်း မာရာဒိုနာရဲ့ ရုပ်တုကို ထားရှိထားခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီရုပ်တုကို ကြာသပတေးနေ့က ယူရိုပါလိဂ် ဒုတိယကျော့ပွဲစဉ်မတိုင်ခင် ဘာစီလိုနာနည်းပြ ဇာဗီကို ပြသခဲ့တာဖြစ်ပြီး ဘာစီလိုနာဂန္တဝင်ကွင်းလယ်ကစားသမားဟာ အရင်တုန်းက ဘယ်သူကမှ မြင်တွေ့ခဲ့ပုံမရတဲ့ မာရာဒိုနာရဲ့ရုပ်တုက အလွဲတွေကို ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။

ဇာဗီက ရုပ်တုဟာ မာရာဒိုနာက ၎င်းရဲ့ ညာဘက်ပေါင်နဲ့ ဘောလုံးကို ထိန်းသိမ်းနေတာကို ပြသနေတာကို ထောက်ပြခဲ့ပြီး တကယ့်တကယ်တမ်းမှာတော့ မာရာဒိုနာဟာ ဘယ်သန်ဖြစ်ပြီး ဘယ်ခြေနဲ့ပဲ ဘောလုံးကို ထိန်းသိမ်းဖို့ ပိုအားသန်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဇာဗီရဲ့ ပြောကြားချက်ကြောင့် အနားမှာ စုဝေးနေတဲ့ ဂျာနယ်လစ်တွေ မျက်လုံးပြူးသွားခဲ့ပြီး ဘာစီလိုနာနည်းပြက ၎င်းရဲ့ အသေးစိတ်ကအစ အမြင်စူးရှမှုကို ပြသသွားခဲ့တာလည်း ဖြစ်ပါတယ်။ မာရာဒိုနာဟာ ၁၉၈၆ ခုနှစ်မှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလား ရယူပေးခဲ့ပြီး တောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပြီးနောက် တသက်တာအကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားဒေသတွင်းကလပ်ဖြစ်တဲ့ အာဂျင်တိုင်း ဂျူနီယာအသင်းမှာ အသက်အရွယ်တန်းအလိုက် အဆင့်ဆင့် ကျော်ဖြတ်လာခဲ့ပြီးနောက် မာရာဒိုနာဟာ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်မှာ ဘာစီလိုနာကို မပြောင်းရွှေ့မီ ကြယ်ပွင့်တစ်ပွင့်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာဟာ ၇ ရာသီကုန်ဆုံးခဲ့ပြီး ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူပေးခဲ့တဲ့ နာပိုလီကို မပြောင်းရွှေ့ခင် နူးကမ့်မှာ ၂ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပြီး နေပယ် ဒေသတွင်း သတင်းစာတစ်စောင်ကဆိုရင် အာဂျင်တီးနားကြယ်ပွင့်ကို နာပိုလီက ခေါ်ယူပြီးနောက် ‘မြို့တော်ဝန်၊ အိမ်တွေ၊ ကျောင်းတွေ၊ ဘတ်စ်ကားတွေ၊ အလုပ်အကိုင်နဲ့ သန့်ရှင်းရေးတွေ မရှိရင်တောင် မာရာဒိုနာရှိနေပြီမို့လို့ ဘာမှအရေးမပါတော့ဘူး’လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာဟာ နာပိုလီအသင်းကို အသင်းသမိုင်းမှာ ရွှေရောင်အတောက်ပဆုံး ခေတ်တစ်ခေတ်ဆီ ဦးဆောင်ပေးခဲ့ပြီး စီးရီးအေဖလားကို ၂ ကြိမ် ရယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ မာရာဒိုနာဟာ နိုင်ငံတကာပွဲစဉ် ၉၁ ပွဲမှာ ၃၄ ဂိုး သွင်းယူပေးခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာနည္းၿပ ဇာဗီဟာ နာပိုလီအိမ္ကြင္းက ဒီေယဂို မာရာဒိုနာကို ဂုဏ္ျပဳထြင္းထုထားတဲ့ ႐ုပ္တုမွာ အမွားအယြင္းေတြ ရွိေနခဲ့တာကို ျမင္ေတြ႕ခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္ နိုဝင္ဘာလမွာ ကြယ္လြန္သြားခဲ့တဲ့ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ၾကာသပေတးေန႔ညက ရႈံးထြက္အဆင့္တြက္ကစားခဲ့တဲ့ ယူရိုပါလိဂ္ playoff ပြဲစဥ္မွာ ေတြ႕ဆုံခဲ့တဲ့ ၂ သင္းစလုံးနဲ႔ ပတ္သက္ဆက္ႏြယ္မႈေတြ ရွိခဲ့သူျဖစ္ပါတယ္။ ကတ္လတန္ ထိပ္သီးအသင္းႀကီးဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန အံ့အားသင့္ဖြယ္ ျပဳတ္ခဲ့ၿပီးေနာက္ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အထိ ယူရိုပါလိဂ္ၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ေနရတာျဖစ္ပါတယ္။

နာပိုလီဟာ လက္စတာစီးတီးအသင္းကို အနိုင္ယူနိုင္ခဲ့တာၾကာင့္ ယူရိုပါလိဂ္အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္ တက္ေရာက္နိုင္ခဲ့တာျဖစ္ၿပီး ကတ္တလန္မွာ ၂ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ မာရာဒိုနာက ၁၉၈၄ ခုႏွစ္မွာ ဘာစီလိုနာကေန နာပိုလီကို အထင္ကရ အေျပာင္းအေရႊ႕ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

မာရာဒိုနာရဲ့ ဘာစီလိုနာအသင္းတုန္းက အခ်ိန္ေတြဟာ ဒဏ္ရာျပႆနာအမ်ားအျပားခံစားခဲ့ရတာေၾကာင့္ ေပ်ာ္ရႊင္စရာအခ်ိန္ေတြေတာ့ မဟုတ္ခဲ့ေပမယ့္ နာပိုလီကို ေျပာင္းေရႊ႕ခဲ့တာကေတာ့ ၎ကို တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာေစခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာ ေနပယ္အေျခစိုက္ကလပ္အသင္းကို ၁၉၈၇ နဲ႔ ၁၉၉၀ ျပည့္ႏွစ္ေတြမွာ သမိုင္းဝင္ေအာင္ျမင္မႈအျဖစ္ စီးရီးေအဖလား ရရွိေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။ နာပိုလီရဲ့ မာရာဒိုနာအေပၚ ခ်စ္ျမတ္နိုးမႈကို ျပသမႈအျဖစ္ အာဂ်င္တီးနားဂႏၲဝင္ကြယ္လြန္ၿပီးေနာက္ ၎တို႔ရဲ့အိမ္ကြင္းကို ဒီေယဂို အာမန္ဒို မာရာဒိုနာကြင္းလို႔ အမည္ေျပာင္းလဲ ေခၚတြင္ခဲ့တာျဖစ္ၿပီး ကြင္းထဲမွာလည္း မာရာဒိုနာရဲ့ ႐ုပ္တုကို ထားရွိထားခဲ့တာ ျဖစ္ပါတယ္။

 

အဲဒီ႐ုပ္တုကို ၾကာသပေတးေန႔က ယူရိုပါလိဂ္ ဒုတိယေက်ာ့ပြဲစဥ္မတိုင္ခင္ ဘာစီလိုနာနည္းၿပ ဇာဗီကို ျပသခဲ့တာျဖစ္ၿပီး ဘာစီလိုနာဂႏၲဝင္ကြင္းလယ္ကစားသမားဟာ အရင္တုန္းက ဘယ္သူကမွ ျမင္ေတြ႕ခဲ့ပုံမရတဲ့ မာရာဒိုနာရဲ့႐ုပ္တုက အလြဲေတြကို ေထာက္ျပသြားခဲ့တာျဖစ္ပါတယ္။

ဇာဗီက ႐ုပ္တုဟာ မာရာဒိုနာက ၎ရဲ့ ညာဘက္ေပါင္နဲ႔ ေဘာလုံးကို ထိန္းသိမ္းေနတာကို ျပသေနတာကို ေထာက္ျပခဲ့ၿပီး တကယ့္တကယ္တမ္းမွာေတာ့ မာရာဒိုနာဟာ ဘယ္သန္ျဖစ္ၿပီး ဘယ္ေျခနဲ႔ပဲ ေဘာလုံးကို ထိန္းသိမ္းဖို႔ ပိုအားသန္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဇာဗီရဲ့ ေျပာၾကားခ်က္ေၾကာင့္ အနားမွာ စုေဝးေနတဲ့ ဂ်ာနယ္လစ္ေတြ မ်က္လုံးျပဴးသြားခဲ့ၿပီး ဘာစီလိုနာနည္းျပက ၎ရဲ့ အေသးစိတ္ကအစ အျမင္စူးရွမႈကို ျပသသြားခဲ့တာလည္း ျဖစ္ပါတယ္။ မာရာဒိုနာဟာ ၁၉၈၆ ခုႏွစ္မွာ အာဂ်င္တီးနားအသင္းအတြက္ ကမၻာ့ဖလား ရယူေပးခဲ့ၿပီး ေတာက္ပတဲ့ ကစားသမားဘဝကို ပိုင္ဆိုင္နိုင္ခဲ့ၿပီးေနာက္ တသက္တာအေကာင္းဆုံး ေဘာလုံးသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာဂ်င္တီးနားေဒသတြင္းကလပ္ျဖစ္တဲ့ အာဂ်င္တိုင္း ဂ်ဴနီယာအသင္းမွာ အသက္အရြယ္တန္းအလိုက္ အဆင့္ဆင့္ ေက်ာ္ျဖတ္လာခဲ့ၿပီးေနာက္ မာရာဒိုနာဟာ ဘိုကာဂ်ဴနီယာအသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ၁၉၈၂ ခုႏွစ္မွာ ဘာစီလိုနာကို မေျပာင္းေရႊ႕မီ ၾကယ္ပြင့္တစ္ပြင့္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

မာရာဒိုနာဟာ ၇ ရာသီကုန္ဆုံးခဲ့ၿပီး ဂိုးေပါင္း ၁၀၀ ေက်ာ္သြင္းယူေပးခဲ့တဲ့ နာပိုလီကို မေျပာင္းေရႊ႕ခင္ ႏူးကမ့္မွာ ၂ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့ၿပီး ေနပယ္ ေဒသတြင္း သတင္းစာတစ္ေစာင္ကဆိုရင္ အာဂ်င္တီးနားၾကယ္ပြင့္ကို နာပိုလီက ေခၚယူၿပီးေနာက္ ‘ၿမိဳ႕ေတာ္ဝန္၊ အိမ္ေတြ၊ ေက်ာင္းေတြ၊ ဘတ္စ္ကားေတြ၊ အလုပ္အကိုင္နဲ႔ သန႔္ရွင္းေရးေတြ မရွိရင္ေတာင္ မာရာဒိုနာရွိေနၿပီမို႔လို႔ ဘာမွအေရးမပါေတာ့ဘူး’လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

မာရာဒိုနာဟာ နာပိုလီအသင္းကို အသင္းသမိုင္းမွာ ေရႊေရာင္အေတာက္ပဆုံး ေခတ္တစ္ေခတ္ဆီ ဦးေဆာင္ေပးခဲ့ၿပီး စီးရီးေအဖလားကို ၂ ႀကိမ္ ရယူေပးခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ မာရာဒိုနာဟာ နိုင္ငံတကာပြဲစဥ္ ၉၁ ပြဲမွာ ၃၄ ဂိုး သြင္းယူေပးခဲ့တဲ့ အာဂ်င္တီးနားလက္ေရြးစင္အသင္းကို ၂၀၀၈ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အထိ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.