International

တိုက်ကြီးတစ်ခုချင်းစီက လက်ရှိ အကောင်းဆုံးကစားသမား ၅ ဦး

ဘောလုံးအားကစားဟာ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြား လူကြိုက်အများဆုံး အားကစားတစ်ခုဖြစ်ပြီး ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို လှပတဲ့ပြိုင်ပွဲရဲ့ ပရိသတ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် ဥရောပထိပ်တန်းလိဂ်တွေဟာ ကမ္ဘာတလွှားက လူတွေရဲ့ အားပေးမှုကို များစွာ ရရှိထားပြီး ၂၀၂၁ ခုနှစ်မှာ အဓိက တိုက်ကြီး ၂ ခုရဲ့ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေ ရှိခဲ့ပါတယ်။ ယူရို ၂၀၂၀ နဲ့ ၂၀၂၁ ကိုပါအမေရိပြိုင်ပွဲတို့ဟာ နွေရာသီကာလအတွင်း ပရိသတ်တွေကို စိတ်လှုပ်ရှားမှုနဲ့ ဖျော်ဖြေမှုတွေ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားကလည်း ယခုနှစ်ထဲမှာ ကျင်းပသွားတော့မှာဖြစ်ပြီး ဘောလုံးပရိသတ်တွေအတွက်တော့ တော်တော်လေးကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က တိုက်ကြီး တစ်ခုချင်းစီကနေ အံ့အားသင့်ဖွယ် အသင်းတွေ၊ ကစားသမားတွေ ပေါ်ထွက်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းကဖြစ်ပြီး လက်ရှိမှာ တိုက် တစ်ခုချင်းစီကနေ အကောင်းဆုံးကစားသမား ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ အာရှတိုက်- ဆွန်ဟောင်မင်
ဆွန်ဟောင်မင်ဟာ အာရှတိုက်ကနေ ထွက်ပေါ်လာဖူးသမျှ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားကြယ်ပွင့်ဟာ အခုဆိုရင် ဥရောပမှာ ကစားနေတာ တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဟမ်းဘာ့ဂ်အသင်းမှာ တစ်ဆင့်ချင်းစီ ခြေစွမ်းမြင့်တက်လာခဲ့ပြီးနောက် ဆွန်ဟောင်မင်ဟာ ၂၀၁၃ ခုနှစ်မှာ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟာ ဘွန်ဒက်စ်လီဂါအသင်းအတွက် အချိန်တိုအတွင်း အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပေမယ့် စပါးစ်က ခေါ်ယူပြီးနောက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ စပါးစ်ကို ၂၀၁၅ ခုနှစ်မှာ ပြောင်းရွှေ့လာပြီးကတည်းက ပြိုင်ပွဲစုံ ၃၀၈ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၉ ကြိမ် ပြုလုပ်ပေးထားခဲ့သူဖြစ်ပါတယ်။ ယခုရာသီမှာလည်း ပြိုင်ပွဲစုံ ၂၈ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားတဲ့ ဆွန်ဟာ လက်ရှိမှာ အာရှတိုက်ရဲ့ အကောင်းဆုံးကစားသမားဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

၄။ မြောက်အမေရိကတိုက်- အယ်လ်ဖွန်ဆို ဒေးဗီးစ်
အယ်လ်ဖွန်ဆို ဒေးဗီစ်ဟာ ၂၀၁၉-၂၀၂၀ ရာသီအတွင်း တကမ္ဘာလုံးက သတိထားမိတဲ့ ကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ၂၀၁၈-၂၀၁၉ ရာသီမှာ ဘိုင်ယန်မြူးနစ် စီနီယာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပေမယ့် နောက်ရာသီမှာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒေးဗီးစ်ဟာ ၎င်းရဲ့ လျင်မြန်လွန်းတဲ့ မြန်နှုန်း၊ အလိမ်အခေါက်ကောင်းမွန်မှုကြောင့် ချက်ချင်းပဲ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အသက်အရွယ်ထက်ကျော်လွန်တဲ့ ရင့်ကျက်မှုမျိုးလည်း ပြသခဲ့တာဖြစ်ပါတယ်။

အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ ၂၀၁၉-၂၀၂၀ ရာသီ ဥရောပဖလား ၃ လုံးရခဲ့တဲ့ ဘိုင်ယန်မြူးနစ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မကြာသေးမီ အချိန်တွေမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့် ယခုရာသီမှာလည်း အလွန်ကောင်းမွန်တဲ့ခြေစွမ်းပြသနေဆဲဖြစ်ပါတယ်။ ဒေးဗီးစ်ဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၆ ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့တာဖြစ်ပြီး ကနေဒါလက်ရွေးစင်ကြယ်ပွင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

၃။ အာဖရိကတိုက်- မိုဟာမက် ဆာလား
ဆာလားဟာ လက်ရှိကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုရာသီမှာ လီဗာပူးလ်အတွက် အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ခြေစွမ်း ပြသနေသူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ၂၀၂၁ အာဖရိကဖလားပြိုင်ပွဲမှာလည်း အီဂျစ်အသင်းကို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ ကံမကောင်းစွာနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆာလားရဲ့ မြန်နှုန်း၊ လျင်မြန်တဲ့ ခြေထောက်၊ မယုံနိုင်ဖွယ် ဂိုးကန်သွင်းမှုစွမ်းရည်က ၎င်းကို ဥရောပတလွှားက ကြောက်မက်ဖွယ်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းမှာ တောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ပေမယ့် ယခုရာသီမှာ သွင်းဂိုးတွေ အများအပြား သွင်းယူပေးနေဦးမှာ သေချာပါတယ်။ ဆာလားဟာ ယခုရာသီ လီဗာပူးလ်အတွက် ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပါတယ်။

၂။ တောင်အမေရိကတိုက်- ဗင်နစ်ရှပ် ဂျူနီယာ
ဒီနေရာမှာတော့ နေမာနဲ့ လီယွန်နယ် မက်ဆီတို့လို ကစားသမားတွေ မဟုတ်လို့ သဘောမတူတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အာဂျင်တီးနားကြယ်ပွင့်ဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံမှာ ရှိမနေတာကတော့ ငြင်းလို့မရပါဘူး။ နေမာကလည်း ဒဏ်ရာပြဿနာတွေကြောင့် ယခုရာသီမှာ ပြီးခဲ့တဲ့ရာသီတွေတုန်းကလို တောက်ပတဲ့ ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်နေရပြီး ဒီလိုအခြေအနေမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ တောက်ပနေတဲ့ ဗင်နစ်ရှပ် ဂျူနီယာက တောင်အမေရိကရဲ့အကောင်းဆုံးကစားသမားအဖြစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ယခုရာသီမှာ ကမ္ဘာပေါ်က အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး ပြိုင်ပွဲစုံ ၃၃ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၁။ ဥရောပတိုက်- ခီလီယန် အမ်ဘာပေ
ခီလီယန် အမ်ဘာပေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်တီတို့လို ကစားသမားတွေရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခြင်းခံခဲ့ရသူဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ပြိုင်ပွဲမှာ ၎င်းရဲ့ အမှတ်အသားကို ချန်ရစ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အမ်ဘာပေဟာ ပြင်းထန်ပြီး ပေါက်ကွဲနေတဲ့ မြန်နှုန်းနဲ့အတူ အဆုံးသတ်ကောင်းမွန်မှုကြောင့် ကမ္ဘာပေါ်က အသင်းတိုင်း အလိုချင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေသူဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းကို အကြိမ်ပေါင်းများစွာ ရမှတ်တွေ ရရှိဖို့အတွက် ကယ်တင်ပေးနေသူဖြစ်ပြီး လက်ရွေးစင်အသင်းအတွက်လည်း ကွဲပြားခြားနားမှုတွေကို လုပ်ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အမ်ဘာပေဟာ ပြင်သစ်အသင်းရဲ့ နေးရှင်းလိဂ်အောင်ပွဲ ခရီးလမ်းဖြစ်တဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေမှာ အရေးကြီးတဲ့သွင်းဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ယခုရာသီပြိုင်ပွဲစုံ ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ထားပြီး ဒီတိုင်းသာ ဆက်လက်စွမ်းဆောင်နိုင်မယ်ဆိုရင် ၂၀၂၂ ခုနှစ်ရဲ့ ဘလွန်ဒေါဆုကိုတောင် ရရှိဖို့ စောစောစီးစီး ရေပန်းစားလာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးအားကစားဟာ ကမၻာေပၚမွာ ထင္ေပၚေက်ာ္ၾကား လူႀကိဳက္အမ်ားဆုံး အားကစားတစ္ခုျဖစ္ၿပီး ကမၻာႀကီးရဲ့ ဘယ္ေနရာမွာမဆို လွပတဲ့ၿပိဳင္ပြဲရဲ့ ပရိသတ္ေတြကို ျမင္ေတြ႕နိုင္မွာျဖစ္ပါတယ္။

ဥပမာအားျဖင့္ ဥေရာပထိပ္တန္းလိဂ္ေတြဟာ ကမၻာတလႊားက လူေတြရဲ့ အားေပးမႈကို မ်ားစြာ ရရွိထားၿပီး ၂၀၂၁ ခုႏွစ္မွာ အဓိက တိုက္ႀကီး ၂ ခုရဲ့ နိုင္ငံတကာေဘာလုံးၿပိဳင္ပြဲေတြ ရွိခဲ့ပါတယ္။ ယူရို ၂၀၂၀ နဲ႔ ၂၀၂၁ ကိုပါအေမရိၿပိဳင္ပြဲတို႔ဟာ ေႏြရာသီကာလအတြင္း ပရိသတ္ေတြကို စိတ္လႈပ္ရွားမႈနဲ႔ ေဖ်ာ္ေျဖမႈေတြ အျပည့္အဝ ေပးစြမ္းနိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကမၻာ့ဖလားကလည္း ယခုႏွစ္ထဲမွာ က်င္းပသြားေတာ့မွာျဖစ္ၿပီး ေဘာလုံးပရိသတ္ေတြအတြက္ေတာ့ ေတာ္ေတာ္ေလးကို စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခ်ိန္ေတြ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။ ကမၻာေပၚက တိုက္ႀကီး တစ္ခုခ်င္းစီကေန အံ့အားသင့္ဖြယ္ အသင္းေတြ၊ ကစားသမားေတြ ေပၚထြက္ခဲ့တာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းကျဖစ္ၿပီး လက္ရွိမွာ တိုက္ တစ္ခုခ်င္းစီကေန အေကာင္းဆုံးကစားသမား ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ အာရွတိုက္- ဆြန္ေဟာင္မင္
ဆြန္ေဟာင္မင္ဟာ အာရွတိုက္ကေန ထြက္ေပၚလာဖူးသမၽွ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ေတာင္ကိုရီးယားၾကယ္ပြင့္ဟာ အခုဆိုရင္ ဥေရာပမွာ ကစားေနတာ ေတာ္ေတာ္ၾကာခဲ့ၿပီျဖစ္ပါတယ္။ ဟမ္းဘာ့ဂ္အသင္းမွာ တစ္ဆင့္ခ်င္းစီ ေျခစြမ္းျမင့္တက္လာခဲ့ၿပီးေနာက္ ဆြန္ေဟာင္မင္ဟာ ၂၀၁၃ ခုႏွစ္မွာ ေလဗာကူဆင္အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

ဆြန္ဟာ ဘြန္ဒက္စ္လီဂါအသင္းအတြက္ အခ်ိန္တိုအတြင္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ေပမယ့္ စပါးစ္က ေခၚယူၿပီးေနာက္မွာ ကမၻာ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ စပါးစ္ကို ၂၀၁၅ ခုႏွစ္မွာ ေျပာင္းေရႊ႕လာၿပီးကတည္းက ၿပိဳင္ပြဲစုံ ၃၀၈ ပြဲ ပါဝင္ကစားေပးထားၿပီး သြင္းဂိုး ၁၁၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆၉ ႀကိမ္ ျပဳလုပ္ေပးထားခဲ့သူျဖစ္ပါတယ္။ ယခုရာသီမွာလည္း ၿပိဳင္ပြဲစုံ ၂၈ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ထားတဲ့ ဆြန္ဟာ လက္ရွိမွာ အာရွတိုက္ရဲ့ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းလို႔မရနိုင္ပါဘူး။

၄။ ေျမာက္အေမရိကတိုက္- အယ္လ္ဖြန္ဆို ေဒးဗီးစ္
အယ္လ္ဖြန္ဆို ေဒးဗီစ္ဟာ ၂၀၁၉-၂၀၂၀ ရာသီအတြင္း တကမၻာလုံးက သတိထားမိတဲ့ ကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး ၂၀၁၈-၂၀၁၉ ရာသီမွာ ဘိုင္ယန္ျမဴးနစ္ စီနီယာအသင္းအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ေပမယ့္ ေနာက္ရာသီမွာ အသင္းရဲ့ပြဲထြက္လူစာရင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ ေဒးဗီးစ္ဟာ ၎ရဲ့ လ်င္ျမန္လြန္းတဲ့ ျမန္ႏႈန္း၊ အလိမ္အေခါက္ေကာင္းမြန္မႈေၾကာင့္ ခ်က္ခ်င္းပဲ ပရိသတ္ေတြရဲ့ အာ႐ုံကို ဖမ္းစားနိုင္ခဲ့တာျဖစ္ၿပီး ၎ရဲ့အသက္အရြယ္ထက္ေက်ာ္လြန္တဲ့ ရင့္က်က္မႈမ်ိဳးလည္း ျပသခဲ့တာျဖစ္ပါတယ္။

အယ္လ္ဖြန္ဆို ေဒးဗီးစ္ဟာ ၂၀၁၉-၂၀၂၀ ရာသီ ဥေရာပဖလား ၃ လုံးရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အတြက္ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး မၾကာေသးမီ အခ်ိန္ေတြမွာ ဒဏ္ရာအနည္းငယ္ ရရွိခဲ့ေပမယ့္ ယခုရာသီမွာလည္း အလြန္ေကာင္းမြန္တဲ့ေျခစြမ္းျပသေနဆဲျဖစ္ပါတယ္။ ေဒးဗီးစ္ဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၆ ဂိုးအထိ ဖန္တီးေပးထားနိုင္ခဲ့တာျဖစ္ၿပီး ကေနဒါလက္ေရြးစင္ၾကယ္ပြင့္ဟာ ကမၻာေပၚက အေကာင္းဆုံးေနာက္ခံေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

၃။ အာဖရိကတိုက္- မိုဟာမက္ ဆာလား
ဆာလားဟာ လက္ရွိကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယခုရာသီမွာ လီဗာပူးလ္အတြက္ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ေျခစြမ္း ျပသေနသူျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၁ အာဖရိကဖလားၿပိဳင္ပြဲမွာလည္း အီဂ်စ္အသင္းကို ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ေအာင္ ကူညီေပးနိုင္ခဲ့ေပမယ့္ ပင္နယ္တီအဆုံးအျဖတ္မွာ ကံမေကာင္းစြာနဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဆာလားရဲ့ ျမန္ႏႈန္း၊ လ်င္ျမန္တဲ့ ေျခေထာက္၊ မယုံနိုင္ဖြယ္ ဂိုးကန္သြင္းမႈစြမ္းရည္က ၎ကို ဥေရာပတလႊားက ေၾကာက္မက္ဖြယ္တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္လာေစခဲ့တာျဖစ္ပါတယ္။ အီဂ်စ္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းမွာ ေတာက္ပတဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ထားခဲ့ၿပီးျဖစ္ေပမယ့္ ယခုရာသီမွာ သြင္းဂိုးေတြ အမ်ားအျပား သြင္းယူေပးေနဦးမွာ ေသခ်ာပါတယ္။ ဆာလားဟာ ယခုရာသီ လီဗာပူးလ္အတြက္ ၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ပါတယ္။

၂။ ေတာင္အေမရိကတိုက္- ဗင္နစ္ရွပ္ ဂ်ဴနီယာ
ဒီေနရာမွာေတာ့ ေနမာနဲ႔ လီယြန္နယ္ မက္ဆီတို႔လို ကစားသမားေတြ မဟုတ္လို႔ သေဘာမတူတာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ယခုရာသီမွာ အေကာင္းဆုံးပုံစံမွာ ရွိမေနတာကေတာ့ ျငင္းလို႔မရပါဘူး။ ေနမာကလည္း ဒဏ္ရာျပႆနာေတြေၾကာင့္ ယခုရာသီမွာ ၿပီးခဲ့တဲ့ရာသီေတြတုန္းကလို ေတာက္ပတဲ့ ေျခစြမ္းမ်ိဳး ျပသဖို႔ ႐ုန္းကန္ေနရၿပီး ဒီလိုအေျခအေနမွာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ေတာက္ပေနတဲ့ ဗင္နစ္ရွပ္ ဂ်ဴနီယာက ေတာင္အေမရိကရဲ့အေကာင္းဆုံးကစားသမားအျဖစ္ ထြက္ေပၚလာတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ယခုရာသီမွာ ကမၻာေပၚက အေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့တာကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရၿပီး ၿပိဳင္ပြဲစုံ ၃၃ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ေပးထားနိုင္ခဲ့တာ ျဖစ္ပါတယ္။

၁။ ဥေရာပတိုက္- ခီလီယန္ အမ္ဘာေပ
ခီလီယန္ အမ္ဘာေပဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္တီတို႔လို ကစားသမားေတြရဲ့ အရိုက္အရာကို ဆက္ခံမယ့္သူအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ျခင္းခံခဲ့ရသူျဖစ္ၿပီး အသက္ ၂၃ ႏွစ္အရြယ္သာ ရွိေသးတဲ့ ျပင္သစ္တိုက္စစ္မႉးဟာ ၿပိဳင္ပြဲမွာ ၎ရဲ့ အမွတ္အသားကို ခ်န္ရစ္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ အမ္ဘာေပဟာ ျပင္းထန္ၿပီး ေပါက္ကြဲေနတဲ့ ျမန္ႏႈန္းနဲ႔အတူ အဆုံးသတ္ေကာင္းမြန္မႈေၾကာင့္ ကမၻာေပၚက အသင္းတိုင္း အလိုခ်င္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနသူျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းကို အႀကိမ္ေပါင္းမ်ားစြာ ရမွတ္ေတြ ရရွိဖို႔အတြက္ ကယ္တင္ေပးေနသူျဖစ္ၿပီး လက္ေရြးစင္အသင္းအတြက္လည္း ကြဲျပားျခားနားမႈေတြကို လုပ္ေဆာင္ေပးနိုင္ခဲ့သူျဖစ္ပါတယ္။ အမ္ဘာေပဟာ ျပင္သစ္အသင္းရဲ့ ေနးရွင္းလိဂ္ေအာင္ပြဲ ခရီးလမ္းျဖစ္တဲ့ ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္ပြဲစဥ္ေတြမွာ အေရးႀကီးတဲ့သြင္းဂိုးေတြကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပဟာ ယခုရာသီၿပိဳင္ပြဲစုံ ၃၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၆ ႀကိမ္အထိ ျပဳလုပ္ထားၿပီး ဒီတိုင္းသာ ဆက္လက္စြမ္းေဆာင္နိုင္မယ္ဆိုရင္ ၂၀၂၂ ခုႏွစ္ရဲ့ ဘလြန္ေဒါဆုကိုေတာင္ ရရွိဖို႔ ေစာေစာစီးစီး ေရပန္းစားလာနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.